အပိုင်း(၉၆)
Vol. 10 Ch. 96
"ငါ နင့်ကို နင့်ပရိသတ်တွေအတွက် နို့လက်ဖက်ရည်ပြင်ထားပေးဖို့ပြောထားတယ်လေ။ အပြင်မှာ အရမ်းအေးတယ်၊ နင့်ကို အားပေးဖို့အတွက် ဟိုမှာအကြာကြီးရပ်နေရတာ၊ နင့်ပရိတ်သတ်တွေကို နင်လုံးဝဂရုမစိုက်ဘူးလား"
ဖေးမင်ရွမ်ရောက်လာတော့ တခြားနာမည်ကြီး အနုပညာရှင်တွေရဲ့ ဂရုစိုက်မှုအမျိုးမျိုးကိုခံနေရတာကို မြင်လိုက်ရပေမယ့် စွင်းမို၏ပရိသတ်တွေကတော့ လေအေးထဲမှာ တုန်တုန်ယင်ယင်ဖြစ်နေကြရသည်။ သူ့မန်နေဂျာအနေနဲ့ ဒါကိုကြည့်ဖို့ရာ သူ သည်းမခံနိုင်ချေ။
စွင်းမိုသည် လူသိရှင်ကြားအပြစ်တင်ခံရခြင်းကို မကျေမနပ်ဖြစ်နေပုံရသည်။
"အဲ့ဒါ မင်း လုပ်ရမယ့် မန်နေဂျာအလုပ်မဟုတ်ဘူးလား"
"နင့်ရဲ့ တခြားကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ နင့်ကို စီစဉ်ခိုင်းခဲ့တာ။ ဒီနေ့တစ်နေ့လုံး သူတို့ရဲ့ပံ့ပိုးကူညီမှုနဲ့ နင့်တို့ကြား နားလည်မှုလိုတယ်... နောက်ပြီး ငါ နင့်ကို ခုလိုအကြိမ်ကြိမ်ပြောခဲ့ဖူးတယ်၊ နင်ဘယ်တော့မှ မမှတ်မိဘူး!"
"အဲ့တော့ တခါလောက်တော့ မေ့သွားမှာပဲ၊ ဒါက ကိစ္စ ကြီးမို့လို့လား" စွင်းမို စိတ်မရှည်ဖြစ်လာသည်။
"ကိစ္စကြီးမို့လို့လား ?" ဖေးမင်ရွမ် မယုံကြည်နိုင်စွာ ထပ်ခါထပ်ခါပြောလိုက်သည်။ ထွက်ရန်စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း သူမ ဒေါသဖြစ်နေဆဲပင်။
"ငါ လက်ထောက်ကိုချက်ချင်းဝယ်ခိုင်းလိုက်မယ် ဟုတ်ပြီလား မင်း ဘာလို့ဒီလောက်လာပွားနေတာလဲ"
"နင် နားမထောင်လို့ ငါ စိတ်ညစ်နေရတယ်..."
"လုံလောက်ပြီ၊ ငါ အခုချက်ချင်းပို့ဖို့မှာလိုက်မယ်၊ မြန်မြန်လိမ့်မယ်။ အဆင်ပြေတယ်မှတ်လား"
ဖေးမင်ရွမ် ဒေါသတကြီးနဲ့ အေးစက်စက်ပြောပြီး "ကိုယ့်ကိုကိုယ် ဒုက္ခမပေးနဲ့"
"ငါ လုပ်မယ်ဆိုတော့လည်း၊ အခု မင်းက ငါ့ကို ခွင့်မပြုပြန်ဘူး။ ရန်ဖြစ်ဖို့ကြိုးစားနေတာလား။" စွင်းမို ဒေါသတကြီး လှမ်းပြောသည်။
ရန်ဖြစ်ဖို့ကြိုးစားခြင်းမဟုတ်ပေ။ ဖေးမင်ရွမ် သူ မလုပ်ခဲ့တာကိုသိသွားတဲ့အခါ အခြေအနေကိုချက်ချင်းဖြေရှင်းကာ စွင်းမိုကိုယ်စားပရိသတ်တွေကိုတောင်တောင်း ပန်ခဲ့ပြီး သူ့အတွက်အကြောင်းပြချက်တွေပေးခဲ့သည်။
ထွက်ရန်စီစဉ်နေသော်လည်း မန်နေဂျာတစ်ဦး၏တာဝန်များကိုစွန့်လွှတ်မည်မဟုတ်ချေ။
သို့သော် ထိုအချိန်တွင် စွင်းမို၏လက်ထောက်ပြန် ရောက်လာခဲ့သည်။
ဖေးမင်ရွမ်က ချက်ချင်းဆိုသလို "မင်းဘယ်သွားတာလဲ"
လက်ထောက်ကလန့်သွားပြီး "မစ်ရှုအတွက် နို့လက်ဖက် ရည်သွားယူပေးတာပါ" ဟုဆိုပြီး အလိုလိုပြန်ဖြေလိုက်သည်။
တခဏလောက်တော့ အားလုံးငြိမ်ကျသွားပြီး စွင်းမိုကို ထိတ်လန့်စွာ ကြည့်နေကြသည်။ သူတို့သုံးယောက်မကြာသေးမီက အတူလေ့ကျင့်နေကြသော်လည်း စွင်းမိုနှင့် ရှုမုန့် တို့သည် တစ်ကြိမ်ထက်ပိုရင်းနှီးလာကြသည်ကိုတွေ့ခဲ့ရသည်။ သူတို့နှစ်ယောက်တွဲနေတယ်ဆိုတဲ့ ကောလ ဟာလမှာလည်းထွက်ပေါ်နေသည်။
သို့သော် ယန်ဟုန်၏တည်ငြိမ်သောအမူအရာကိုမြင်လိုက်ရသဖြင့် ထိုသို့ဖြစ်ဟန်မတူပေ။ မကြာသေးမီက ဖေးမင်ရွမ်၏အေးစက်စက် သဘောထားကိုကြည့်လိုက်ပါက အမှန်ဖြစ်ပုံရသည်...
လူတိုင်း အတင်းအဖျင်းများကြောင့်ရှုပ်ထွေးနေကြသည်။ သို့သော် သိသာထင်ရှားသည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်နေဆဲပင်။
စွင်းမို၏မျက်နှာတင်းမာသွားသော်လည်း စကားမပြောပေ။ ယင်းအစား သူ ဖေးမင်ရွမ်အားကြည့်နေခဲ့သည်။ အခြေအနေအားမည်သို့ကိုင်တွယ်ရမှန်းမသိဘဲ ဖေးမင် ရွမ်က သူ့အားလွတ်မြောက်ရာတွင်ကူညီပေးရန်စောင့် ဆိုင်းနေခဲ့သည်။
အထူးသဖြင့် သူ အမှားလုပ်မိတဲ့အခါ ဖေးမင်ရွမ်ကဟာ သူ တောင်းပန်ဖို့အတွက် ကူညီပေးတဲ့ သူပင်။
ထို့အပြင် ဤအဖြစ်အပျက်ကို ဖေးမင်ရွမ်မှအစပြုခဲ့သည်။
သို့သော် မထင်မှတ်ပဲဖေးမင်ရွမ်သည် အေးစက်စက် နေပြီး စကားတစ်ခွန်းမှမပြောသဖြင့် စွင်းမိုသည် အဆင်မပြေသောအခြေအနေအောက်ရောက်နေခဲ့သည်။
စွင်းမိုရုတ်တရက်ထရပ်ပြီး ဖေးမင်ရွမ်အားအပြင်သို့ဆွဲထုတ်လိုက်သည်။
"ငါနဲ့လိုက်ခဲ့၊ ငါ မင်းနဲ့စကားပြောရမယ်"
နှစ်ယောက်သားထွက်သွားသည်နှင့် တပြိုင်နက် စင်နောက်တွင် တိုးတိုးတိတ်တိတ်အတင်းပြောသံများထွက်ပေါ်လာသည်။
[Tsk tsk၊ စွင်းမိုက အရှက်မရှိလိုက်တာ သူ တော်တော် အသားထူတာပဲ၊ အရေပြားပါးတဲ့အခါကျ သူ အရှက်ရစရာမရှိသလိုလာလုပ်နေတယ်။]
လက်ထောက်အဖြစ်ရောက်လာသော ချင်ရုန်နှင့် ချင်ကျောက်တို့ ချက်ချင်းချောင်းဆိုးလာကြသည်။
သေချာစဉ်းစားကြည့်သောအခါ ကျီဖေး၏ဖော်ပြချက် သည် အလွန်တိကျသည်ဟုခံစားမိသည်။
ချင်ရုန်သည် ပရိသတ်ထဲရှိ ချင်မိဘများနှင့် ချင်ရန်ထံသို့ နောက်ဆုံးရ အတင်းအဖျင်းကိုအမြန်ပေးပို့ခဲ့သည်။
၎င်းတို့သည် ပရိသတ်ထိုင်ခုံတွင်သာထိုင်နေနိုင်ပြီး ကျီဖေး၏အတွင်းစိတ်အတွေးများကိုမကြားနိုင်သော်လည်း၊ သူတို့ထံ ၎င်းတို့၏သံတမန်လေးရှိနေသည်မဟုတ်ပါလား ??
အရည်ရွှမ်းသော အတင်းအဖျင်းတစ်ပိုင်းတစ်စကိုမှ လက်လွတ်မခံရန်ကြိုးစားလိုက်ကြသည်။
ဤ group chat ထဲမတက်ရောက်နိုင်သည့် တစ်ဦးတည်းသောသူမှာ ချင်ရှန့်ဖြစ်ပြီး ရုံးတွင်အလုပ်လုပ်ဆဲဖြစ် သည်။
ချင်ရှန့် အဖွဲ့ချတ်အားစိုက်ကြည့်ရင်း စာရွက်စာတမ်းများကိုကိုင်တွယ်နေကာ သူ့ဘေးနားရှိကွန်ပြူတာတွင် ယခုပြသနေသည့်တိုက်ရိုက်ထုတ်လွှင့်မှုအားပြသလျက်ရှိသည်။
[Tsk tsk၊ အရှက်မရှိချက်၊ တကယ်အရှက်မရှိဘူး၊ ဖေးကျဲ သူ့ကိုသဘောကျတယ်လို့ သူ တကယ်ထင်နေတာ။]
ချင်မိသားစု- သူဘာလို့ ဒီလောက်ထိယုံကြည်မှုရှိနေရတာလဲ ?
တခြားအခန်းမှာ
"နင် နားမကြားဘူးလား ဒါမှမဟုတ် နင့် မှတ်ဥာဏ်တွေမကောင်းတော့လို့လား၊ ငါ နောက်တစ်ခေါက် ထပ်ပြောမယ်၊ ငါ နင့်ကို လုံးဝမကြိုက်ဘူး"
ဒါပေမယ့် စွင်းမိုကတော့ ဖေးမင်ရွမ်အား 'ဟန်ဆောင်တာကိုရပ်လိုက်ပါ' ဆိုသည့်အကြည့်နှင့် ကြည့်နေတုန်းပင်။
စွင်းမိုက "ဟင်း၊ ရန်ဖြစ်နေတာ ရပ်လိုက်ကြရအောင်၊ မင်ရွမ်၊ ငါ... မင်းကို ငါတကယ်ပဲ အမှားလုပ်မိသွားတယ်။ ရှုမုန့်ခံစားရတာကို ငါ သိပြီးပြီ၊ သူ့ကို နောက်ထပ်စိတ် ပျက်အောင်လုပ်မှာမဟုတ်ဘူး။ ငါ သူ့ကို လက်ထပ်ချင်တယ်"
ဖေးမင်ရွမ် အံ့ဩသင့်သွားပြီး ရယ်စရာကောင်းသော နားလည်မှုလွဲမှားခြင်းကိုပင် ငြင်းဆိုရန်မေ့သွားသည်။
"ယန်ဟုန်... အဲ့ဒါကို သဘောတူလား ? သူ့ပရိသတ်တွေက နင့်ကို ဘာမှမလုပ်ဘဲကြည့်နေမှာလား ? ဒါ တစ်စုံ တစ်ယောက်ရဲ့ ချစ်သူကိုခိုးယူနေတာပဲ။ နင့်ရဲ့ ပရိသတ်တွေက နင်လက်ထပ်တာကိုဂရုမစိုက်ဘူးဆိုရင်တောင် ဒီလိုအပြုအမူမျိုးကို သည်းခံမှာမဟုတ်ဘူး။ နင့် ကိုယ် နင်ဖျက်ဆီးချင်နေတာလား ?"
ဒါပေမယ့် စွင်းမိုက ဖေးမင်ရွမ်အား လေးနက်သည့်မျက် လုံးတွေနဲ့ ကြည့်ပြီး သက်ပြင်းချရင်း "ယန်ဟုန်က ငါတို့ကို ကောင်းချီးပေးချင်နေတာ၊ ပြီးတော့ သူက ငါတို့ကို လူထုရဲ့အမြင်ကိုလမ်းညွှန်ပြီး ပရိတ်သတ်တုံ့ပြန်မှုကိုစီမံခန့်ခွဲကူညီပေးမယ်ပြောတယ်။ ငါတို့သုံးယောက်က ကန့် ကွက်စရာမရှိဘူး၊ ဒီတော့ ပရိသတ်တွေက ဘယ်လိုထင် မြင်ချက်မျိုးပေးနိုင်မှာလဲ ?"
ဖေးမင်ရွမ် လုံးဝအံသြသွားသည်။ သူ တစ်ခုခုပြောချင်သော်လည်း ဆက်ပြောရန်မလိုတော့ဟုတွေးလိုက်သည်။
စွင်းမိုက "အဲ့တာကြောင့် ပရိသတ်တွေအေးအေးချမ်းချမ်းဖြစ်အောင်လို့ နည်းလမ်းတစ်ခုခုစဉ်းစားပေးဦး"
ဒါပေမယ့် ဖေးမင်ရွမ်၏ပါးစပ်သည် တုန်လှုပ်သွားပြီး
"ဒီ Show ပြီးမှ ငါ ဒါကိုပြောဖို့စီစဉ်ထားတာ ဒါပေမယ့် နင် အရမ်းရူးနေပြီဆိုတော့ အခုပဲပြောလိုက်မယ်၊ နင့်ရဲ့မန်နေဂျာအသစ်နဲ့ နည်းလမ်းစဉ်းစားကြည့်လိုက်၊ ငါတို့ရဲ့လုပ်ငန်းခွင်ဆက်ဆံရေးကို ရပ်လိုက်ချင်တယ်၊ နောက် မှ နင့်ကို စာချုပ်ဖြတ်သိမ်းရေးစာတမ်းပေးမယ်။"
စွင်းမို အံ့အားသင့်သွားပြီး ချက်ချင်းဆိုသလိုဒေါသတွေထွက်ကာ "မင်းကြောင့်မို့ အကောင်းဆုံးဖြေရှင်းနည်းကို ငါ ပယ်ချခဲ့တာ မင်း သိလား။ အခု ငါတို့စာချုပ်ကိုဖျက် သိမ်းချင်နေတယ်ပေါ့"
ဖေးမင်ရွမ် ရှုပ်ထွေးနေပြီး "ဘာ ?"
စွင်းမို သူ့အများကိုရိပ်မိပြီး မျက်လုံးတွေလှည့်ကာအမြန် ပြောလိုက်သည်။
"ရှုမုန့်နဲ့ ငါ လက်ထပ်တော့မှာမို့လို့လား ? မင်းအရင်တုန်းကလည်း ကြားဖူးပါတယ်၊ ရှုမုန့် ငါ့အတွက်အများကြီးလုပ်ပေးခဲ့တာ၊၊ ငါ သူ့ကို စိတ်မပျက်စေချင်ဘူး၊ ဒါပေမယ့် မင်းအတွက်လည်း ငါ ခံစားချက်ရှိတယ်။ မင်း ငါ့ရဲ့မန်နေဂျာဆက်လုပ်ပါ ဒါမှ ငါတို့..."
စင်္ကြန်တွင်ဖြတ်သွားသော ဝန်ထမ်းများသည် ရုတ်တ ရက် ကျယ်လောင်သောပါးရိုက်သံကို ကြားလိုက်ရသဖြင့် လန့်ဖျပ်သွားကြသည်။ ထို့နောက်တွင် ဖေးမင်ရွမ်ထံ အနက်ရောင်ရောင်ဝါများထွက်ပေါ်နေပုံပေါ်ကာ ထွက်လာသည်ကိုတွေ့လိုက်ရသည်။ သူ့မျက်နှာသည် ကြောက်စရာကောင်းလောက်အောင် အေးစက်နေခဲ့သည်။
[အို၊ သူ အရိုက်ခံလိုက်ရတယ်။]
ချင်ကျောက်နှင့် ချင်ရုန်တို့သည် ချက်ချင်းပင် နားရွက်များထောင်သွားကြသည်။
[ ဟား ဟား ၊ ဖြစ်သင့်တယ်၊ ဒါ ဘယ်ခေတ်ရောက်နေပြီ လဲ ? သူ့ကိုယ် သူ ဘာထင်နေလဲ ဇနီးတစ်ယောက်နဲ့ မယားငယ်တစ်ယောက်လား ? နှစ်ဖက်စလုံးတည်ရှိမှုကို လက်ခံပြီး သူ့ရဲ့အသက်မွေးဝမ်းကြောင်းနဲ့ မိသားစုကို စီမံခန့်ခွဲဖို့ အတူတူလုပ်ဆောင်ကြလိမ့်မယ်လို့ သူမျှော် လင့်နေတာလား ? ဇနီးသည်က အိမ်မှာအိပ်ယာနွေးပေး ပြီး မန်နေဂျာက အပြင်ကအိပ်ယာကိုနွေးပေးရမယ်ပေါ့၊ သူက ဖေးကျဲရဲ့နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးမှုကိုနင်းချေပြီး သူ့ကိုစော်ကားလိုက်တာပဲ]
[ဖေးကျဲ ကြည့်ရတာ အတိတ်ကိုသာ ပြန်သွားနိုင်ရင် အဲ့ လိုအရူးကိုခေါ်ပြီးစာချုပ်ချုပ်မိလို့ သူ့ကိုယ်သူ ရိုက်နှက်ချင်နေမှာပဲ၊ အဲ့လိုလူနဲ့ လက်မှတ်ထိုးဖို့ သူဘယ်လောက် တောင်ကန်းနေခဲ့လဲဆိုပြီး ?]
ချင်ရုန်သည် ဒေါသတကြီးဖြင့် သူ့ဖုန်းအားပြင်းပြင်းထန် ထန်ကြည့်ကာ ပုတ်ခတ်ပြောဆိုနေသည်ကိုနားထောင်နေခဲ့သည်။ Gp chat ထဲ ပြစ်တင်ရှုတ်ချသံများထွက်ပေါ် လာသည်။
ချင်ကျောက်သည် ဖျော်ဖြေရေးနယ်ပယ်မထဲ ယခုလိုအခြေအနေမျိုးသည် အဆန်းမဟုတ်သောကြောင့် အထူးတလည်မအံ့သြမိပေ။
မန်နေဂျာအချို့သည် ခင်ပွန်းနှင့်ဇနီးကိုပင် ကိုယ်စားပြုပြီး ၎င်းတို့ထဲမှတစ်ဦးနှင့် ပါဝင်ပတ်သက်ခဲ့သည်။ ၎င်းတို့၏အကျိုးစီးပွားများရောယှက်နေပြီး လူတိုင်းသည် ၎င်းကိုသဟဇာတဖြစ်အောင် တိတ်တဆိတ်လက်ခံလိုက်ကြရသည်။
ဖေးမင်ရွမ် ပြန်ရောက်ပြီးသိပ်မကြာခင်မှာပင် စွင်းမိုက
သည် ညိုးငယ်နေသည့်မျက်နှာနှင့်ပြန်လာခဲ့သည်။ သူ့ပါးပြင်က နည်းနည်းနီနေပေမယ့် သိပ်မသိသာချေ။
[သူကြည့်ရတာ အသားထူလိုက်တာ၊ ပါးရိုက်ခံရတာတောင် အရောင်မှန်မထွက်ဘူး။]
မကြာခင်မှာပင် တခြားနှစ်ယောက်သည် ၎င်းတို့၏၀တ်စုံတွေလဲကာရောက်ရှိလာကြသည်။ ရှုမုန့် သည် သူမ၏နို့လက်ဖက်ရည်အား ပျော်ရွှင်စွာကိုင်ဆောင်ထားဆဲဖြစ် သည်။
ကြည့်ရှုရန်စိတ်ဝင်စားစရာ ဘာမှမကျန်တော့သည်ကို မြင်လိုက်ရသဖြင့် ကျီဖေးသည် နောက်ထပ်အတင်းအ ဖျင်းများကိုဆက်လက်ရှာဖွေနေလိုက်သည်။
[ဒါဆို... ချင်ရှန့်မှန်းတာ မှန်တယ်၊ စွင်းမိုနှင့်သဘော တူ ညီမှုရပြီးနောက်၊ ယန်ဟုန်က ဖေးကျဲကိုအသုံးချပြီး လူထုအမြင်ကိုကိုင်တွယ်ဖို့အဆိုပြုခဲ့တယ်။]
[လွန်ခဲ့တဲ့နှစ်တွေက သူတို့လမ်းခွဲခဲ့ရခြင်းက ဖေးကျဲ သူတို့ကို အထင်လွဲမှားအောင်လုပ်ခဲ့လို့ဆိုပြီးဟန်ဆောင်ကြမှာ၊ အခု သူတို့ပြန်တွေ့ပြီး နားလည်မှုလွဲနေတာကိုရှင်းပြီးသွားတော့ ယန်ဟုန်က သူ့တို့ကိုကောင်းချီးပေးဖို့ စိတ်လိုလက်ရဘေးဖယ်ပေးလိုက်တယ်ပေါ့၊ သူတို့ သုံးယောက်ကတော့ အံ့ဩစရာဖြစ်ရပ်ဖြစ်ပြီး ဖေးကျဲက ဗီလိန်ပေါ့။]
[ဒါပေမယ့် စွင်းမိုမှာ ကိုယ်ကျင့်တရားမဆိုသလောက်ရှိ သေးတယ်ပြောရမယ်၊ သူ သဘောမတူလို့ နောက်မှ တခြားနည်းလမ်းစဉ်းစားဖို့စီစဉ်ခဲ့တာ။ ဒါပေမယ့် ဒါက ဖေးကျဲ နင့်ကိုကျေးဇူးတင်ပြီး နောက်ဆုတ်သင့်တယ်လို့ တွေးရမှာမဟုတ်ဘူး။]
ချင်ရုန် ဒေါသတကြီးစာရိုက်လိုက်သည်။အရမ်းကြောက်ဖို့ကောင်းတယ်၊ လုံးဝမတရားဘူး၊ ရှက်လည်းမရှက်ကြဘူး...
ချင်ကျောက်- ဒါက ပြစ်မှုကျူးလွန်ဖို့ကြိုးစားပြီးသား ကောင်ဆီကနေ ကျေးဇူးတင်စေချင်နေတဲ့ ရာဇ၀တ်ကောင်နဲ့ ဘယ်လိုကွာခြားလို့လဲ ??
[ဒီလောက်ကြီးကျယ်နေတယ်၊ နင်တို့သုံးယောက် ဒုတိယသခင်လေးလင်းကို ဗီလိန်နေရာဘာလို့မထားလိုက်လဲ ?
အဲ့တုန်းက အဲ့ကောင်ကြောင့် မဟုတ်လို့လား ? သူကျ မလုပ်ချင်ဘူးပေါ့ ?]
ချင်မိသားစု- သူတို့ ဘယ်လုပ်ရဲမလဲ၊ မထိရဲဘူးလေ ကြောက်တယ်။ သူတို့အားလုံး အမှိုက်တွေချည်းပဲ။
သူတို့ဒေါသထွက်နေကြစဉ် တိုက်ရိုက်ထုတ်လွှင့်မှုအားစတင်လာသည်။
အမှိုက်သုံးစသည် စင်ပေါ်တက်လာပြီး ၎င်းတို့၏လှပသော Xianxia idol ဒရာမာကို စတင်ဖျော်ဖြေခဲ့ကြသည်။