← Chapters

အပိုင်း(၉၇)

Vol. 10 Ch. 97

အပိုင်း(၉၇)

Vol. 10 Ch. 97

ကျီဖေးနှင့် ချင်ကျောက်အပါအဝင် စောင့်ဆိုင်းဧရိယာတွင် နောက်ထပ်ဧည့်သည်အဖွဲ့ နှစ်ဖွဲ့ကျန်သေးသည်။ လူတိုင်းသည် ရှေ့ရှိကြီးမားသောဖန်သားပြင်ကြီးအားငြီးငွေ့စွာကြည့်နေကြသည်။ ၎င်းတို့သည် ညံ့ဖျင်းစွာ စွမ်းဆောင်ခဲ့ခြင်းကြောင့် မဟုတ်ဘဲ လွန်စွာမှရိုးစင်းလွန်းလှသည်။ ၎င်းတို့သရုပ်မဆောင်လျှင်ပင် နောက်ဇာတ်ကွက်ကဘာဖြစ်မည်ဆိုသည်ကို လူတိုင်းသိကြသည်။

...

ကောင်းကင်ဧကရာဇ်အဖြစ် စွင်းမိုမှသရုပ်ဆောင်ထား သည်။ သေမျိုးမိန်းမအဖြစ် ရှုမုန့် ကသရုပ်ဆောင် ပြီးနှင့် သေမျိုးကမ္ဘာတွင် သူ၏စမ်းသပ်မှုအတွင်းချစ်မိသွားပြီးနောက် သေမျိုးမိန်းမသည် ဒဏ်ရာရထားသော မကောင်းဆိုးဝါးဘုရင်အဖြစ်သရုပ်ဆောင်သည့် ယန်ဟုန်အားကယ်တင်ခဲ့သည်။

၎င်းတို့သုံးယောက်သည် သေမျိုးလောကတွင်အမျိုးမျိုးသော စမ်းသပ်မှုများကိုဖြတ်သန်းခဲ့ကြသည်။ စမ်းသပ်မှုများပြီးဆုံးပါက ဧကရာဇ်၏ဝိသေသဘလက္ခဏာကို ထုတ်ဖော်ပြသပြီး ကောင်းကင်ဘုံသို့ပြန်သွားရမည်ဖြစ် သည်။

...

တိုက်ရိုက်ထုတ်လွှင့်သည့် ပရိသတ်များက ၎င်းအားငြီး ငွေ့ဖွယ်ရုံသာမက တိုက်ရိုက်ထုတ်လွှင့်မှု၌အွန်လိုင်းကြည့်ရှုသူအရေအတွက်မှာ တဖြည်းဖြည်းလျော့နည်းလာသည်။

ထုတ်လွှင့်မှုအစတွင် မှတ်ချက်များရှိမလာဘဲ စင်မြင့်အားစတင်တင်ပြသည့်အချိန်မှသာ မေးခွန်းအမှတ်အ သားများနှင့်အတူ မှတ်ချက်များထွက်လာခဲ့သည်။

အဘယ့်ကြောင်ဆိုသော် ၎င်းတို့နှစ်ယောက်သည် အခုချိန်ထိလိုက်လျောညီထွေရှိနေကြပေမယ့် အပြိုင်အဆိုင် ဆက်ဆံရေးတွေရှိနေဆဲပင်။

မင်းတို့ idol ကကောင်းကင်ဘုံဒရာမာမှာထူးချွန်တယ်၊ ငါ့ idol ကကျောင်းတွင်းဇာတ်လမ်းတွေမှာ ထူးချွန်တယ်။ သူတို့တွေပူးပေါင်းဆောင်ရွက်နေတာဆိုတော့ ငါတို့ နှစ်ဖက်စလုံးကိုမျက်နှာသာမပေးသင့်ဘူး။

ထို့အပြင် ၎င်းတို့သည် အပြောင်းအလဲတစ်ခုအတွက် ရောက်ရှိလာပြီး ပရော်ဖက်ရှင်နယ်ပံ့ပိုးမှုအမျိုးမျိုးကို ပံ့ပိုးပေးသည့် ယခုလိုကောင်းမွန်သော Show တစ်ခုနှင့်အတူ ပရိသတ်များက ၎င်းတို့၏ idol များသည် ကွဲပြားသည့်ဇာတ်‌ကောင်များကိုသရုပ်ဆောင်နိုင်ပြီး ၎င်းတို့၏ အရည်အချင်းများကို ပြသမည်ဟုထင်မြင်ခဲ့ကြသည်။

သို့သော် ဒါဟာ ကောင်းကင်ဘုံဇာတ်လမ်းဖြစ်နေဆဲပင်။ ယန်ဟုန်၏ ပရိသတ်များ မပျော်ရွှင်ခဲ့ကြချေ။

"ဒါ ငါတို့ရဲ့ idol က ဇာတ်ပို့သက်သက်ကြီး မဟုတ်ဘူးလား ?"

ထို့နောက် စွင်းမို၏ပရိသတ်များကို ပစ်မှတ်ထားလာကြသည်။

စွင်းမို၏ပရိသတ်များလည်း စိတ်ပျက်ခဲ့ကြသည်။ စွင်းမိုသည် အလားတူကာရိုက်တာ ဆက်တင်များဖြင့် ကောင်း ကင်ဘုံစိတ်ကူးယဉ်ဒရာမာဇာတ်ကား ငါးကားထက် မနည်းသရုပ်ဆောင်ခဲ့သည်။ ၎င်းတို့သည် ထပ်တူထပ်မျှ မလိုလားခဲ့ကြပေ။ သူတို့ idol အတွက် အခြားသောဇာတ်ရုပ်များနှင့် ပိုမြင်ချင်ကြသည်။

စွင်းမို ကောင်းကင်ဘုံစိတ်ကူးယဉ်ဇာတ်လမ်းကို ထပ်မံရွေးချယ်ခြင်းနှင့်ပတ်သက်၍ အလွန်စိတ်ရှုပ်ခဲ့ရသော် လည်း ၎င်းတို့ idol ကိုစောင့်ကြပ်ကြည့်ရှုကာ ကြည့်ရှုသူ များကြား လူအများ၏အမြင်ကိုလမ်းညွှန်နေရဆဲဖြစ် သည်။

"ဒါ တိုက်ရိုက်ထုတ်လွှင့်မှုပြိုင်ပွဲရဲ့ ပထမအကျော့ပဲရှိသေးတယ်၊ ဘာတွေလောနေတာလဲ ? သူတို့ရဲ့ ဓာတုဗေဒ မိတာကိုမြင်နိုင်အောင်ပြတာဖြစ်နိုင်တယ်။"

"မင်းတို့ idol သူ့မိသားစုတစ်ခုလုံးကိုခေါ်လာတာကို ငါတို့တောင် ဘာမှမပြောဘူး။"

"ဒါ့အပြင် မင်းတို့ idol က အရင်က ကောင်းကင်ဘုံဒရာမာတွေမှာသရုပ်မဆောင်ဖူးဘူးလေ၊ ဒါ သူ့အတွက် အခွင့်ကောင်းပဲ။ ဒါ မင်းတို့ idol အတွက်ကောင်းတယ်၊ ကျေးဇူးကန်းမနေနဲ့!"

တိုတိုပြောရရင်၊ ဇာတ်ညွှန်းနဲ့ ပတ်သက်ပြီး ဆွေးနွေးသည့်မှတ်ချက် အနည်းငယ်သာရှိခဲ့သည်။

ဒါရိုက်တာနှင့် ထုတ်လုပ်သူများပင် စိတ်ပျက်လက်ပျက်နဲ့ ခေါင်းယမ်းလိုက်ကြသည်။

"သူတို့က ဒီလိုဇာတ်ညွှန်းကို ဘာလို့ရွေးချယ်ခဲ့ကြလဲ မသိဘူး"

"ဘာမှ အလေးပေးထားမတွေ့ရဘူး၊ ဒီအပိုင်းကတော့ Rating ကျပြီပဲ"

ထိုသို့ပြောနေရင်း ရုတ်တရက် ပရိသတ်ဆီကအာမေဋိတ် သံတစ်ခုထွက်လာသည်။ နှစ်ယောက်သား ချက်ချင်းကြည့်ကာ အံသြသွားကြသည်။

စောင့်ဆိုင်းနေသည့် ဧည့်သည်များလည်း မျက်လုံးပြူးကာစိုက်ကြည့်နေကြသည်။

"WTF" သည် စခရင်တစ်ခုလုံးကိုပြည့်နှက်စေသဖြင့် မှတ်ချက်များ ကန့်သတ်မှုမြင့်မားလာရပြန်သည်။

...

ဧကရာဇ်သခင် မထွက်ခွာမီနောက်ဆုံးတွင် သူသည် သူ့အတွင်းစိတ်မေတ္တာကိုရင်ဆိုင်ခဲ့ရသော်လည်း သေမျိုးမိန်းမသည် ဧကရာဇ်သခင်နှင့် မထိုက်တန်ကြောင်းသိသောကြောင့် နတ်ဆိုးသခင်နှင့်အတူရှိဟန် ဟန်ဆောင်ခဲ့သည်။

ရှုမုန့် အား ယန်ဟုန်သည် ရင်ခွင်ထဲဆုပ်ကိုင်ထားပြီး သူမအားပိုင်ဆိုင်ကြောင်းပြကာ စွင်းမိုရှေ့မှာနမ်းလိုက်သည်။ ထို့ကြောင့် စွင်းမိုသည် ရှုမုန့် အားအတင်းဆွဲ ထုတ်ကာ သူ့ရင်ခွင်ထဲသို့ပွေ့ဖက်ကာ လွှမ်းမိုးနိုင်သောအာဏာရှင်ကြီးသဖွယ် နမ်းလိုက်သည်။

...

ရှုထောင့်ကြောင့် လူတိုင်းသည် အနမ်းအတုမဟုတ်ဘဲ တကယ့်အနမ်းတစ်ခုဖြစ်ကြောင်းသိနိုင်သည်။

တကယ့်အနမ်း !

သရုပ်ဆောင်မှုနဲ့အနမ်းပြကွက်များသည် အဆန်းမဟုတ်သော်လည်း Show အတွက် လိုအပ်လို့လား ?

ပြီးတော့လည်း သူ့ရည်းစားရှေ့မှာ ပြင်းပြင်းထန်ထန်နမ်းလိုက်တာကြီး

ဒါတကယ်ကို သူတို့မြင်နိုင်တဲ့ ဆိုးရွားတဲ့အခြေအနေပဲလား ??

ပြဇာတ်ထက် ပရိသတ်သည် နောက်ကွယ်ကဒရာမာအ ကြောင်း ပိုသိချင်လာခဲ့သည်။

နောက်တစ်ခုက၊ ဘယ်သူက အတင်းအဖျင်းတွေကိုမကြိုက်လို့လဲ ??

စောင့်ဆိုင်းနေသည့်ဧရိယာရှိ အခြားသရုပ်ဆောင်အုပ်စုနှစ်စုသည် ၎င်းတို့မှာ အကြောင်းအရာများကိုဖန်တီးရန်နှင့် အာရုံစူးစိုက်မှုပြုလုပ်ရန်ကြိုးစားနေသည်ဟု ယူဆကာ ၎င်းတို့၏မျက်နှာများကို မထီမဲ့မြင်ဟန်ပြုခဲ့ကြသည်။

သို့သော် ထိုကဲ့သို့အရှက်မဲ့သော အပြုအမူကို D-list Nobody မှ ထိတွေ့ခွင့်ရရန်သာလုပ်ဆောင်ကြသည်။ သူတို့ရဲ့အဆင့်အတန်းရှိတဲ့ အနုပညာရှင်တွေအတွက်၊ ဒါဟာ ဉာဏ်ကောင်းတဲ့လှုပ်ရှားမှုတစ်ခု မဟုတ်သလို ပရိ သတ်တွေရဲ့တုံ့ပြန်မှုကို အလွယ်တကူနှိုးဆော်နိုင်သည်။

[သူတို့ ဒီလိုဇာတ်ကွက်တွေကိုဖျက်လိုက်ပြီလို့ ထင်ခဲ့တာ ဖေးကျဲ တာဝန်မယူတာနဲ့ ချက်ချင်းလွှင့်ပစ်လိုက်တာပဲ။]

ချင်ကျောက်သည် ၎င်းတို့နောက်ပိုင်းတွင် ချစ်သူများ အဖြစ်ပြောင်းလဲခြင်းသည် ပရိတ်သတ်များအတွက် စိတ်ပိုင်းဆိုင်ရာ မျှော်လင့်ချက်များရနိုင်လိမ့်မည်ဟုထင်ခဲ့သည်။

ကျီဖေးသည် ၎င်းတို့သုံးယောက်၏အမူအရာတွေကို ကြည့်ရင်း ယန်ဟုန်သည် ဇာတ်ကောင်အား ကြေကွဲလုမ တတ်သရုပ်‌ဆောင်နေသည်ဟု ခံစားရသည်။

အဆုံးမှာ သူ ဒေါသဖြစ်သင့်ပေမယ့် စိတ်လှုပ်ရှားနေတဲ့ အကြည့်တစ်ချက် သူ့မျက်နှာထက်ဖြတ်သွားသည်။ တကယ်တော့ သူက အရူးယန်ပဲ။

အမျိုးမျိုးသော မှတ်ချက်များဖြင့် ပရမ်းပတာဖြစ်နေသော်လည်း မိမိကိုယ်ကိုနှစ်သိမ့်သူနှင့် မိမိကိုယ်ကိုတရားမျှတသောပရိသတ်များအဖြစ်ထင်မြင်သူမှာ အများစုဖြစ်သည်။

ဖျော်ဖြေတင်ဆက်မှုအား ဆက်လက်ပြုလုပ်ခဲ့သည်။

...

သူတို့နှစ်ဦးသည် ၎င်းတို့၏အထောက်အထားများပြန် လည်ရရှိပြီးနောက် သေမျိုးမိန်းမအပေါ် ပြင်းထန်ပြိုင်ဆိုင်ရင်းရန်ဖြစ်ခဲ့ကြသည်။ ခမ်းနားသောတိုက်ပွဲအသွင်အပြင်ကိုဖန်တီးရန် စတိတ်အထူးပြုလုပ်ချက်အားလုံးကိုအသုံးပြုခဲ့သည်။

ပတ်ဝန်းကျင်ရှိ အဆောက်အအုံများပြိုကျကာ မြေကြီးလှုပ်ကာ တောင်များတုန်ဟီးသွားသည်။

အဆုံးတွင် သေမျိုးမိန်းမအား နတ်ဆိုးသခင်က ခေါ်ဆောင်သွားခဲ့ပြီး ဧကရာဇ်သခင်သည် ပြင်းထန်စွာဒဏ် ရာရရှိကာ ကောင်းကင်ဘုံသို့စံမြန်းပြန်သွားခဲ့သည်။

ပြန်ကောင်းလာပြီးနောက် ဧကရာဇ်သခင်သည် သေမျိုးမိန်းမကိုရှာတွေ့ရန် အလိုရှိသော်လည်း ကောင်းကင်ရှိ နတ်တို့မှတားမြစ်ခဲ့ကြသည်။ ၎င်းတို့ဧကရာဇ်သခင်သည် နတ်ဆိုးသခင်နှင့်လုံးထွေးနေသော အမျိုးသမီးအားမလိုက်သင့်ဟုယုံကြည်ကြသည်။ ဧကရာဇ်ဧကရာဇ်သခင်သည် မိမိ၏စိတ်ပိုင်းဆိုင်ရာ နှောင်ကြိုးများကို ဖယ်ရှားရန်၊ သေမျိုးမိန်းမအားမေ့လျော့ကာ သက်ရှိသတ္တဝါအားလုံးအတွက် ကောင်းမှုဆိုင်ရာအကြောင်းပြချက်များစွာကိုပေးဆောင်ရန် ကောင်းကင်ဘုံရှိမိန်းမပျိုတစ်ဦးရောက်ရှိလာခဲ့သည်။

ဤအခိုက်အတန့်တွင်၊ ကောင်းကင်နှင့် နတ်ဆိုးဘုံသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပပြီး နတ်ဆိုးသခင်သည် သေမျိုးမိန်းမအား ကောင်းကင်ဘုံသို့ရဲရင့်စွာခေါ်ဆောင်လာခဲ့သည်။

ဧကရာဇ်သခင်နှင့် သေမျိုးမိန်းမသည် စကားလုံးထောင် ပေါင်းများစွာဖြင့် အဝေးမှငေးကြည့်နေသကဲ့သို့ လူတိုင်းကစောင့်ကြည့်နေကြသည်။

...

ထိုအချိန်တွင်၊ မှတ်ချက်ထဲ ဇာတ်ကွက်နှင့်ပတ်သက်၍ ခန့်မှန်းချက်အချို့ရှိခဲ့သည်။

"ဒီသေမျိုးမိန်းမက နတ်ဆိုးသခင်နဲ့အတူရှိနိုင်ရင် ငါတို့ဧကရာဇ်သခင်နဲ့ ဘာလို့အတူမရှိနိုင်ရမှာလဲ ? ငါ တစ် ယောက်တည်း အဲ့လိုထင်နေတာလား ?"

"သူ့ကြည့်ရတာ နတ်ဆိုးသခင်အနားမှာဖိအားပေးခံရပြီးနေနေတာဖြစ်နိုင်တယ်။"

"အဲဒီလို ပတ်ရှုတ်နေတဲ့ဇာတ်လမ်း..."

"အဲဒီ ကောင်းကင်ကမိန်ကလေးအကြောင်း တစ်ခုခုကို သတိထားမိတဲ့သူက ငါ တစ်ယောက်တည်းလား ? စိတ်ပိုင်းဆိုင်ရာခံစားချက်တွေဖယ်ဖို့ပြောနေတာက ဧကရာဇ် သခင်ကို သေမျိုးမိန်းမကို မချစ်စေချင်တာလား ? သူ့ ကြည့်ရတာ ဧကရာဇ်သခင်ရဲ့ရာထူးကိုမက်နေတာပဲဖြစ်ရမယ်။"

"အင်း၊ သေချာတယ်။ ဧကရာဇ်သခင်ကို ဖိအားပေးဖို့ တရားမျှတမှုကိုသုံးပြီး၊ ဒါပေမယ့် တကယ်တမ်းကျတော့ သူ ရာထူးရချင်တာ။ သူက ရက်စက်တဲ့ဇာတ်ပို့ဇာတ်ကောင်ဖြစ်ရမယ်။"

ပရိသတ်သိပ်ပြီး တုံ့ပြန်မှုမရှိခဲ့ပေ၊ ဒါ သာမာန်ဇာတ် ကွက်တစ်ခုမျှသာ..

သို့သော် ၎င်းတို့ရဲ့ အစမ်းလေ့ကျင့်မှုတွေကို မြင်ဖူးတဲ့ Idol အဖွဲ့ရဲ့အဖွဲ့ဝင်တွေက အရင်က ဒီကောင်းကင်ဘုံ ကောင်မလေးနဲ့ ပတ်သက်တဲ့ဇာတ်ဝင်ခန်ူ မရှိဘူးဆိုတာ သိကြသည်။

သေသေချာချာတွေးကြည့်လိုက်ရင် အဖြေကရှင်းနေတဲ့ပုံပဲ။

[ဘယ်လောက်ရှက်စရာကောင်းလိုက်လဲ၊ သူတို့က ဖေးကျဲကို မသုံးဘူးလို့စောစောကပြောပေမယ့် တကယ် တမ်းကျတော့ မိုင်းတွေတောင်ထောင်ပြီးပြီ။ အ‌ပေါ်ယံ မှာ သာမန်လို့ထင်ရပေမယ့် ဖေးကျဲက သူတို့ရဲ့ဆက်ဆံရေးမှာ ဤကောင်းကင်တမန်အပျိုနဲ့ တူတယ်လို့အရိပ် အမြွက်ပြနေတာပဲ]

[မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား ? ဒီလိုချဉ်းကပ်မှုမျိုးကို သူ့နာမည်ကိုရှင်းလင်းဖို့ ဖေးကျဲကိုအသုံးပြုတာလို့ သူကမယူဆဘူးပေါ့၊ အဲ့ဖြေရှင်းချက်တွေကို ကူညီစဉ်း စားပေးဖို့ဖေးကျဲကို တောင်းဆိုဖို့ သူ့မှာသတ္တိရှိခဲ့တာပဲ ? သူရဲ့ အရှက်မရှိမှုကိုတော့ ငါ တကယ်အထင်ကြီးသွားပြီ လေးစားရတဲ့အထိပဲ။]

ချင်ကျောက် လှောင်ပြောင်လိုက်သည် - ဒီကိစ္စပေါက်ကွဲပြီးတာနဲ့ လူတွေက ဘယ်နေရာမှာမှန်းဆရမယ်ဆိုတာ သိနေတဲ့ အင်တာနက်သုံးစွဲသူတွေရဲ့ စိတ်ကူးကိုနားလည်ကြတယ်။ ဒီဇာတ်လမ်းကို တွေးမိနေသရွေ့တော့ သူတို့ရဲ့ စိတ်ကူးစိတ်သန်းကမှန်ကန်တယ်လို့ သက်သေပြဖို့ 'အထောက်အထား' ရှိလာလိမ့်မယ်။ အဲ့နောက် နောက် ဆက်တွဲပဋိပက္ခတွေကို ဖေးမင်ရွမ်ဆီလက်လွှဲပေးလိုက်လိမ့်မယ်။

ပရိသတ်ကြားရှိချင်မိသားစုမှ အဖွဲ့ဝင်သုံးဦးတို့သည် အတင်းအဖျင်းပြောသံများကိုကြားခဲ့ကြပြီး ရက်စက်ကြမ်းကြုတ်သော ဇာတ်ပို့ဇာတ်ဆောင်ဖြစ်လာနိုင်သည့် ကောင်းကင်မိန်းမပျိုနှင့် ပတ်၀န်းကျင်ရှိလူတိုင်းကိုပြော ဆိုနေကြသည်ကိုကြားလိုက်သောအခါတွင် သူတို့လည်း သဘောပေါက်သွားကြသည်။

ပတ်ဝန်းကျင်ရှိလူတိုင်း၏ရောင့်တက်သော တွေးခေါ်မှုပုံစံကိုခံစားရပြီး ရုတ်တရက်အေးစက်သွားသလိုခံစားလိုက်ရသည်။

စင်မြင့်နောက်ဘက်မှာတော့ ဖေးမင်ရွမ်သည် ဖန်သားပြင်ကြီးကို ကြည့်ပြီး သူမမျက်နှာဟာလုံးဝမည်းမှောင်နေပြီး သူ့မျက်လုံးတွေထဲ မယုံကြည်နိုင်မှုတွေတဖျပ် ဖျပ်တောက်နေခဲ့သည်။ ရှင်းနေသည် သူမကဲ့သို့ဉာဏ်ရည်ထက်မြက်သော သူသည် ဤအခိုက်အတန့်တွင် အချို့အရာများကိုနားလည်ခဲ့ပြီး သူ့နှလုံးသည် သံကဲ့သို့ ချက်ချင်းအေးခဲသွားသည်။

ချင်ရုန်၊ ကောင်းကောနှင့် ရှောင်းထောင်တို့ ခဏတာတီးတိုးပြောလိုက်ကြသည်။

ကောင်းဟောင်သည် ရှေ့သို့ တိုက်ရိုက်လျှောက်လာပြီး ဖေးမင်ရွမ်၏ပခုံးကိုပုတ်လိုက်သည်။

ဖေးမင်ရွမ် လန့်သွားပြီး ကောင်းဟောင်ဘာမှပြန်မပြောတာကိုမြင်လိုက်ရပြီး လုပ်ငန်းကတ်ပေးလာသည်။

၎င်းသည် စတူဒီယိုပိုင်ရှင်ဖြစ်သည့် ချင်ကျောက်၏ Business Card တစ်ခုဖြစ်သည်။

"ဒါ ဘာကိုဆိုလိုတာလဲ ?" ဖေးမင်ရွမ် အံ့အြသင့်သွားသည်။

ကောင်းဟောင်က "မင်း ကောင်းကောင်းသိပါတယ်၊ ချင်ကျောက်နဲ့ ငါ နိုင်ငံခြားကိုသွားဖို့ Plan ရှိတာကို မင်းလည်းကြားဖူးမှာပါ၊ ဒါကြောင့် ငါတို့ရဲ့စတူဒီယိုမှာ ပရော်ဖက်ရှင်နယ် မန်နေဂျာတစ်ယောက်လိုအပ်နေတယ်။"

ဖေးမင်ရွမ်၏အမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။ သူမသည် သူ့ကိုယ်ပိုင်အနာဂတ်ကိုပင် မစဉ်းစားရသေးဘဲ သံလွင်ခက်ပေးလာရန် တစ်စုံတစ်ဦးကိုမျှမမျှော်လင့်ခဲ့ပေ။

ဖေးမင်ရွမ်သည် စေ့စေ့စပ်စပ်တွေးကြည့်ရုံဖြင့် အလွယ် တကူ သဘောမတူနိုင်ပေ။

ကောင်းဟောင်ကပြုံးပြီး "အလျင်မလိုဘူး၊ ငါတို့မှာ ဒီလိုရည်ရွယ်ချက်ရှိတယ်ဆိုတာကို ပြောပြတာ၊ နောက်မှ ငါတို့ မင်းကို ဆက်သွယ်လိုက်မယ်"

ထိုသို့ပြောပြီးသည်နှင့် Show ကို ဆက်ကြည့်လိုက်သည်။

All Chapters