← Chapters

အပိုင်း(၉၈)

Vol. 10 Ch. 98

အပိုင်း(၉၈)

Vol. 10 Ch. 98

.....ကောင်းကင်မင်းကြီးနှင့် သေမျိုးလူသားမိန်းကလေးတို့သည် တူညီသည့်နေရာတွင် သဘာဝအတိုင်းပင် တစ်ယောက်နှင့်တစ်ယောက်ပြန်လည်စုံတွေ့ ကြပြီး၊ သေမျိုးမိန်းကလေးမှ အခြားသူ၏ချဉ်းကပ်မှုအားခုခံခဲ့သော် လည်း၊ သူ့အားအတင်းအကြပ် ချစ်ခြင်းမေတ္တာပြုရန် အတွက်ကောင်းကင်မင်းကြီးထံမှ အတင်းအကြပ်ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။

ထိုအချိန်မှာပင် နတ်သမီးမှ သူတို့နှစ်ယောက်၏အချစ်ရေးအား နည်းမျိုးစုံဖြင့်တားဆီးရန်ကြိုးစားခဲ့သည်။ သူ့စွမ်းဆောင်ရည်က မိုက်မဲပြီးရယ်စရာကောင်းသည်။

သူတို့ နမ်းနေကြသည်ကို နတ်ဆိုးဘုရင်မမြင်သွားခင်အထိပင်။ နတ်ဆိုးဘုရင်သည် ဒေါသတကြီးဖြင့် မသေမျိုးများနှင့် နတ်ဆိုးများကြားတွင် ကြီးမားသောတိုက်ပွဲတစ်ခုဖြစ်ပွားစေခဲ့ပြီး ကောင်းကင်နှင့် မြေကြီးအားတုန် လှုပ်စေခဲ့သည်။

သေမျိုးမိန်းကလေးသည် ၎င်းတို့နှစ်ဦးကြားတွင် တစ်ဖန်ပြန်ရပ်တည်နေရပြီး လေးလံသည့် ထိုးနှက်မှုကိုခံစားရကာမသေဆုံးမီ အမှန်တရားကိုဖော်ထုတ်ခဲ့သည်။

သေမျိုးမိန်းကလေးသည် တကယ်တော့ သေလုမျောပါးဖြစ်နေပြီဖြစ်ပြီး ကောင်းကင်မင်းကြီးကို နောက်ဆုံးတစ်ကြိမ်တွေ့ ခွင့်ပေးဖို့ နတ်ဆိုးဘုရင်အားတောင်းဆိုရန်အ တွက် သူဟာ နတ်ဆိုးဘုရင်၏အနားတွင် နေရန်ရွေးချယ် ခဲ့သည်။ အမှန်တော့ အစမှအဆုံးအထိ သူ၏ချစ်ရသူ မှာ ကောင်းကင်မင်းကြီးသာဖြစ်သည်။

အမှန်တရားအား သိလိုက်ရသောအခါ။ နတ်ဆိုးဘုရင်သည် အသည်းကွဲကာ ပျောက်ကွယ်သွားခဲ့သည်။

ကောင်းကင်မင်းကြီးသည် သေမျိုးမိန်းကလေးအား ရင်ခွင်ထဲတွင် ပွေ့ဖက်ထားကာ သေဆုံးသွားတော့မည်ကို ကူကယ်ရာမဲ့စွာ ကြည့်န ရင်း နှလုံးကွဲကြေမတတ် ငိုကြွေးလိုက်ပြီး တည်ငြိမ်မှုများပျောက်ဆုံးကာအမှောင်ဘက်သို့ ကူးပြောင်းသွားသည်။

တဖြည်းဖြည်းနှင့် ကျည်ဆံကဲ့သို့ commentများတွင် ကြည့်ရှုသူများ ပိုများလာကာ စိတ်လှုပ်ရှားမှုများ ပြည့်လာခဲ့သည်။ သုံးပွင့်ဆိုင်အချစ်ရေးအကြောင်း ဆွေးနွေးသူများ သိပ်မရှိတော့ပေ။

ထို့အပြင် သူတို့သုံးယောက်၏သရုပ်ဆောင်မှုသည် အတော်လေးကို ထိထိမိမိဖြစ်သည်။ ဇာတ်ညွှန်းသည် ဖန်တရာထေနေသော်လည်း ကောင်းမွန်သည့် စိတ်ပိုင်းဆိုင် ရာအကျိုးသက်ရောက်မှုကို လုပ်ဆောင်ပေးခဲ့သည်။

“သူတို့က ဘာလို့ ဒီလိုမျိုး တစ်ယောက်ကိုတစ်ယောက် ဆုံးရှုံးနေရတာ လဲ၊ ငါ ငိုချင်လာပြီ။"

"အခြားနည်းလမ်းမရှိဘူး၊ သေမျိုးမိန်းကလေးက ကောင်းကင်မင်းကြီးအတွက် အရာအားလုံးလုပ်ပေးခဲ့ပြီးပြီ။"

"ဒါပေမယ့် ကောင်းကင်မင်းကြီးက သူမရှိဘဲ ဘယ်လိုလုပ်နေနိုင်မှာလဲ ?"

"နတ်ဆိုးဘုရင်ကြီးရောပဲ အရမ်းသနားဖို့ကောင်းတယ်၊ သူက သေမျိုးမိန်းကလေးကို တကယ်ချစ်ခဲ့တာ၊ ဘာလို့ သူ့ကို အခွင့်အရေးမပေးရတာလဲ?"

"အေးပါကွာ၊ ကောင်းကင်မင်းကြီးကနေ နတ်ဆိုးအဖြစ်ကိုပြောင်းလဲပြီး ရင် ပထမဆုံးလုပ်မဲ့အရာက အဲ့ဒီ ရွံစရာကောင်းတဲ့ နတ်သမီးကိုသတ်ပစ်ပြီး သေမျိုးမိန်းကလေးအတွက် လက်စားချေပေးဖို့လို့ မျှော်လင့်တယ်။

အောက်ထပ်ရှိ ပရိသတ်များကလည်း အလားတူတုံ့ပြန်မှုများရှိခဲ့သည်။

အနက်ရောင်ကိုဝတ်ဆင်ထားကာ မျက်လုံးနီမိတ်ကပ်များချယ်သထားသော ရူးသွပ်နေသည့် ကောင်းကင်မင်းကြီးသည် သေမျိုးမိန်းကလေး၏ လူဝင်စားခြင်းကို ရှာဖွေရန် မြေအောက်ကမ္ဘာအား ဖျက်ဆီးကာဗြောင်းဆန် အောင်လုပ်ခဲ့သော်လည်း ရှာမတွေ့ ခဲ့ချေ။ သူ၏ဝိညာဉ်သည်ပြန့်ကျဲသွားသည်ဟု ထင်မှတ်ကာ သူနှင့်အတူ သေဆုံးရန်ပင် စီစဉ်ခဲ့သည်။

သို့သော် ထိုမတိုင်မီ သူသည် သူတို့၏အချစ်အတွက် ကလဲ့စားချေရန် ကောင်းကင်ဘုံအား သူနှင့်အတူဆွဲချသွားမည်ဟု ကတိပြုခဲ့သည်။

ထို့ကြောင့် ကောင်းကင်မင်းကြီးသည် လုံးဝကိုမိစ္စာဘုရင် အသစ်ဖြစ်လာခဲ့သည်။ အမှန်ပင်၊ သူသတ်ခဲ့သည့် ပထမဆုံးသူသည် သူ့အား ဆွဲဆောင်ရန်ထွက်လာခဲ့သည့် နတ်သမီးပင်ဖြစ်သည်။

နောက်ထပ် ကပ်ဆိုးကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပြီး ဤအခိုက်အတန့်တွင် သေမျိုးမိန်းကလေးပြန်လည်ထွက်ပေါ်လာခဲ့သည်။

ဤတစ်ကြိမ်တွင်တော့ သူသည်နတ်ဘုရားမတစ်ပါး အဖြစ်ထွက်ပေါ်လာခဲ့ သည်။

သေမျိုးမိန်းမလေးသည် မူလက ကောင်းကင်တာအိုမှ မွေးဖွားလာသော နတ်ဘုရားမတစ်ပါးဖြစ်ပြီး လောကကြီးအားကာကွယ်ရန်နှင့် ဘုံ သုံးရပ်၌ ငြိမ်းချမ်းမှုအား ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် ပေါ်ပေါက်လာခဲ့သည်။ သေမျိုးလူသားတစ်ယောက်ဖြစ်ရခြင်းသည် သူ့ ဖွံ့ဖြိုး တိုးတက်မှု၏တစ်စိတ်တစ်ပိုင်းမျှသာဖြစ်ပြီး သေဆုံးပြီးနောက်တွင် သူ သည် သူ့ပုံစံအစစ်အမှန်သို့ ပြန်လည်ရောက်ရှိသွားနိုင်ခဲ့သည်။

နတ်ဘုရားမသည် ကောင်းကင်မင်းကြီးအား သူ့ စွဲလမ်း မှုကို စွန့်လွှတ်ကာ လက်နက်ချရန်သွေးဆောင်ဖို့ ကြိုးစားခဲ့သည်။

သို့သော် ကောင်းကင်မင်းကြီးသည် နတ်ဘုရားမကိုသာ သူနှင့်အတူရှိနေစေချင်သည်။

သို့သော် နတ်ဘုရားမသည် ကောင်းကင်ဘုံတာအိုမှ ဆင်း သက်လာသူ ဖြစ်ပြီး စိတ်ခံစားမှု သို့မဟုတ် ဆန္ဒများကင်းစင်ကာ သက်ရှိသတ္တဝါအားလုံးအတွက် မိမိကိုယ်ကိုစတေးရန် အမြဲအသင့်ဖြစ်နေသည်။

ကောင်းကင်မင်းကြီးနှင့်အတူရှိနေခြင်းသည်ကောင်းကင် ဘုံတာအိုအား ဆန့်ကျင်နေသောကြောင့် ပြတ်ပြတ်သားသားငြင်းဆိုခဲ့သည်။

သူက သူ့ခံစားချက်များဆုံးရှုံးသွားပြီး ကောင်းကင်မင်းကြီးအားမချစ်တော့ဟုပင် လိမ်ညာခဲ့သည်။

ထို့ကြောင့် ပုန်းအောင်းစရာနေရာမရှိဘဲ နောက်တကြိမ် လိုက်တမ်းပြေးတမ်းစတင်လာခဲ့သည်။

ကျည်ဆံကဲ့သို့ commentများ အားလုံးတွင် အော်ဟစ်နေကြသည်။

“သူနဲ့ အတူနေဖို့ သဘောတူလိုက်စမ်းပါ၊ သူ အရမ်းသနားဖို့ကောင်းတယ်၊ အရမ်း နှိမ့်ချတတ်တယ်၊ သူက နင့်ကို အရမ်းချစ်တယ်၊

“သူက နင့်အတွက် ဒီလို ရူးသွပ်သွားတာ၊ နင့်ကိုယ်နင် ချုပ်တည်းမထား ဘဲ နင်ရဲ့ ခံစားချက်အစစ်အမှန်ကို ရင်ဆိုင်လိုက်စမ်းပါ၊"

“သူ နင့်ကို ကြည့်နေတဲ့ပုံစံက ငါတို့ကိုတောင် ကြည့်နေရင်း အသဲကွဲစေတယ်။"

“နေပါဦး... ငါ့ နတ်ဆိုးဘုရင်ကြီး ဘယ်မှာလဲ၊ ငါ့ကော ဘယ်မှာလဲ ? သူ ဒီ အပိုင်းမှာ ပေါ်မလာဘူးလား? ဒါက မမျှတလွန်းဘူးမဟုတ်လား?၊"

သိပ်မကြာခင်မှာပင် ယန်ဟုန်ဟာဖန်တစ်ရာထေနေသည့် ဇာတ်လမ်း များအတိုင်းပင် ဇာတ်ခုံကြီး၏နောက်ဆုံးဖိုင်နယ်အတွက်စင်ပေါ်တွင် ပြန်ပေါ်လာခဲ့သည်။

နတ်ဆိုးဘုရင်သည် တစ်ဖန်ပြန်ပေါ်လာပြီး ထိန်းချုပ်မရသော စွမ်းအားများဖြင့် ထွက်ပေါ်လာကာ ဘုံသုံးရပ်လုံးအား ဖျက်စီးတော့မည်ဟူသော သတင်းကိုသယ်ဆောင်လာခဲ့သည်။

နတ်ဘုရားမသည် ကောင်းကင်ဘုံ၏အလိုတော်အား ရုတ်တရက် ခံစားသိရှိကာ မိမိကိုယ်မိမိ စတေးရမည့်အချိန်ရောက်ပြီဟု သိလိုက်သည်။

အစပိုင်းတွင် ကောင်းကင်မင်းကြီးနှင့် နတ်ဆိုးဘုရင် နှစ်ယောက်စလုံး သည် ၎င်းအား ငြင်းဆိုခဲ့ကြသော်လည်း နောက်ပိုင်းတွင် အခြား ရွေးချယ်စရာမရှိတော့ကြောင်း နတ်ဆိုးဘုရင်မှ သဘောပေါက်ခဲ့ပြီး ကောင်းကင်မင်း ကြီးကတော့ နတ်ဘုရားမအား ထပ်မံဆုံးရှုံးလိုသည့် ဆန္ဒ မရှိခဲ့ပေ။ သူ့ကိုယ်သူ ယဇ်ပူဇော်ခြင်းကို ခွင့်မပြုဘဲ နတ်ဘုရားမအားအကျဉ်းချထားခဲ့သည်။

နောက်ဆုံးတွင် နတ်ဘုရားမအား လွတ်မြောက်ရန် ကူညီပေးခဲ့သည့် နတ်ဆိုးဘုရင်သည် သူ့အားပြင်ဆင်ခွင့်ပေးခဲ့သည်။

နတ်ဘုရားမအား ပြန်လာဖို့ဖိအားပေးရန်၊ ကောင်းကင်မင်းကြီးသည် ဒေါသတကြီးနှင့် နတ်ဆိုးဘုရင်အား ဖမ်း ဆီးလိုက်ပြီး ဘုံသုံးဘုံလုံးမှာရှိသည့် သတ္တဝါအားလုံး၏ အသက်နှင့် ခြိမ်းခြောက်ခဲ့သည်။ နတ်ဘုရားမမှ သူ့ကိုယ်သူ စတေးရဲလျှင် ဘုံသုံးဘုံအားဖျက်ဆီးပစ်မည်ဖြစ် သည်။

သို့သော် နတ်ဆိုးဘုရင်အသတ်ခံရတော့မည့် အချိန်အထိ နတ်ဘုရားမမှာ ပေါ်မလာခဲ့ချေ။ ထိုအချိန်တွင်၊ များစွာသောမသေမျိုးများနှင့် နတ်ဆိုးများသည် ပူးပေါင်းကာ နတ်လက်နက်များဖြင့် ရောက်ရှိလာကြပြီး ရူးသွပ်နေသည့်ကောင်းကင်မင်းကြီးသည် နတ်ဘုရားမ၏လောက ကြီးအားကယ်တင်ရာတွင် အကြီးမားဆုံး အတားအဆီးဖြစ်သည်ကို သိသောကြောင့် နတ်ဘုရားမမှ ကောင်းကင်မင်းကြီးအား နှိမ်နင်းမည်ဟုမျှော်လင့်ခဲ့ကြသည်။

သို့သော်ကောင်းကင်မင်းကြီးမှ သူ့အားပွေ့ဖက်ထားသဖြင့် နတ်ဘုရားမအတွက်အကောင်းဆုံးအခွင့်အရေးရလာသည့်အခါတွင်မူ သူကိုယ်တိုင် ဒါကိုမလုပ်နိုင်ခဲ့ဘဲ အရှုံးပေးခဲ့သည်။

ထိုအခိုက်အတန့်တွင် အကြပ်အတည်းလည်းရောက်ရှိလာပြီး နတ်ဘုရားမသည် ကောင်းကင်မင်းကြီးမှ သူ့အား လက်လွှတ်ရန်အတွက် သူ့ ကိုယ်သူ အသက်စွန့်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

သည်းထန်စွာငိုနေသည့် နတ်ဘုရားမအား မြင်သောအခါ ကောင်းကင် မင်းကြီး၏နှလုံးသားမှာနာကျင်သွားသည်။

"နတ်ဘုရားမတစ်ပါးအနေနဲ့ သုံးဘုံလုံးမှာရှိတဲ့ သတ္တဝါအားလုံးရဲ့ယုံကြည်ကိုးကွယ်မှုတွေကို လက်ခံရရှိခဲ့တဲ့ ကိုယ် မင်းကို ငိုအောင်လုပ်ခဲ့မိတယ်။ ကိုယ့်အမှားပါ။ ဒါပေမဲ့ မင်းအပေါ်ထားတဲ့ ကိုယ့်ရဲ့အချစ်က သက်ရှိအားလုံးရဲ့ပေါင်းစည်းထားတဲ့ ထာဝရယုံကြည်မှုထက် ပိုပြီး သန်မာတယ်ဆိုတာကိုသတိရပေးပါ။"

ထို့နောက် ကောင်းကင်မင်းကြီးသည် လှည့်ထွက်သွားပြီး လောကကြီးအား ကယ်တင်ရန် မိမိကိုယ်ကိုစတေးလိုက်သည်။

အဆုံးတွင် သူသည် နတ်ဘုရားမ၏လက်ပေါ်သို့လဲကျသွားခဲ့သည်။ နတ်ဘုရားမသည် ပြိုလဲကာငိုကြွေးခဲ့ပြီး နောက်ဆုံးတွင် သူ့ခံစားချက်အစစ်အမှန်ကိုဝန်ခံခဲ့သည်။

"ကျွန်မ မှားသွားပြီ။ ကျွန်မ ရှင့်ကိုချစ်တယ်။ ရှင်က ကျွန်မရဲ့ တစ်ယောက်တည်းသော ချစ်ရသူပဲ။ ရှင်က သာကျွန်မရဲ့ ထာဝရယုံကြည်မှု "

နောက်ဆုံးတွင် သုံးဘုံလုံးလည်း ပြန်လည်ငြိမ်းချမ်းသွားခဲ့သည်။

နတ်ဘုရားမသည်လည်း ဝိညာဉ်အမျှင်လေးများအဖြစ် ဘုံသုံးဘုံအားလှည့်ပတ်ကာ သူ့ ချစ်ရသူပြန်လည်ရောက်ရှိလာရန် အနှစ်တစ်သောင်းခန့်စောင့်ခဲ့ရသည်။

............

"Ahhh ငါ မျက်ရည်တောင် ကျနေပြီ!"

"ကျေးဇူးပဲ နတ်ဘုရားမရေ၊ ပျော်ရွှင်စရာအဆုံးသတ်တစ်ခုပါပဲ၊”

"ငါ့မှာ ပြောစရာရှိတယ်၊ ဒါက ခန့်မှန်းလို့ရနေပေမဲ့ ငါ ဖန်သားပြင်ရှေ့မှာ တကယ်ငိုမိခဲ့တုန်းပဲ“

"မင်းအတွက် ကိုယ့်အချစ်ကအကြွင်းမဲ့ယုံကြည်ခြင်းပါ ၊ အရမ်းရိုမန်တစ်ဆန်တယ်၊ အရမ်းအံ့ဩဖို့ကောင်းတာပဲ“

ကျည်ဆန်ကဲ့သို့ comment များသည် နောက်ဆုံးတွင် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

လက်ခုပ်သြဘာပေးသံများကလည်း အောက်နားရှိ ပရိတ်သတ်များထံ ဆီမှထွက်ပေါ်လာသည်။ ပရိသတ်များထဲရှိ ချင်မိသားစုဝင်သုံးယောက်သာ လက်ခုပ်တီးရမည့်အစား တစ်ယောက်ကိုတစ်ယောက်စိုးရိမ်တကြီး ကြည့်နေခဲ့ကြသည်။

“သူတို့ အဆင်ပြေလောက်တယ် မဟုတ်လား ?" ပါးပါးချင်မှပြောလညသည်။

"ဒါက လူတိုင်းကြားမှာအရမ်းရေပန်းစားနေပုံရတယ်" ဟု မားမားချင် မထိန်းနိုင်ဘဲပြောလိုက်သည်။

ချင်ရန်က သူ့မိဘများအား "သမီးတို့ ဖေးဖေးနဲ့ အားကျောက်ကိုယုံကြည်ရမယ်၊ အရင်တစ်ခေါက်က သူတို့ အံ့ဩးရာတစ်ခုကိုဖန်တီးခဲ့ တယ် မဟုတ်လား?"

စင်မြင့်နောက်ဘက်တွင် ဖေးမင်ရွမ်သည် ထိုအချိန်မှစ၍ အွန်လိုင်းတခွင်ကိုစောင့်ကြည့်နေခဲ့သည်။ သူသည် နောက်ကျောဓားထိုးခံရမည်ကိုတကယ်စိုးရိမ်နေခဲ့သည်။

သူအေးအေးဆေးဆေးထိုင်နေရမည့် သူမျိုးမဟုတ်ပေမယ့် နှစ်ပေါင်းများစွာ စွင်းမိုအတွက် အရာအားလုံး အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးခဲ့သဖြင့် ကြိုတင်ကာကွယ်မှုအဖြစ် သူသုံးနိုင်သည့် အညစ်အကြေးများ တကယ်မရှိခဲ့ချေ။

“နောက်ဆုံးတော့ ငါတို့ အလှည့်ရောက်ပြီ၊” ချင်ရုန်က စိတ်လှုပ်ရှားစွာပြောလိုက်သည်။

“အရာအားလုံးက စိတ်ဝင်စားစရာကောင်းတော့မယ်" ဟု ရှောင်ထောင် ပြောလိုက်သည်။

ကောင်းဟောင်သည် ရှုပ်ထွေးနေသော အမူအရာရှိပြီး အနည်းငယ် စိတ်လှုပ်ရှားနေသည့်အပြင် စိုးရိမ်နေပုံရပြီး သူသည် အခါအားလျော်စွာသက်ပြင်းချနေသည်။

၎င်းက ဖေးမင်ရွမ်အား စပ်စုစေချင်လာခဲ့ပြီး "မင်းတို့အဖွဲ့ မှာ ဘယ်လိုဇာတ်ညွှန်းမျိုး အတိအကျရှိနေတာလဲ?"

ဒီအချိန်မှာ ကောင်းဟောင်မှ ဒါကိုလျှို့ဝှက်ထားရန်မလို အပ်တော့ဘဲ "ဒါ ကျင့်ကြံရေးလောကလို့ ငါ ထင်တာပဲ”

ဖေးမင်ရွမ် : ?!

ဖေးမင်ရွမ် မယုံတာက အံ့သွစရာမဟုတ်ပေ။နောက်ဆုံးမှာတော့ သူတို့၏ မိတ်ကပ်နှင့် ဝတ်စုံများအားပြင်ဆင်ထားပြီးသားဖြစ်ပြီး သာမန်သေမျိုးအသွင်အပြင်သာ ဖြစ်သည်။ ယခင်အဖွဲ့ ၏သေမျိုးကာလအတွက် အဝတ် အစားများပင်လျှင် ၎င်းတို့အတွက် သာလွန်သောခံစား ချက်ရှိသည်။

သူတို့သည် သမိုင်းဝင်ဘဝဇာတ်ကြောင်း အမျိုးအစားတစ်ခုအားလုပ်နေသည်ဟု သူမ ထင်ခဲ့သည်။

ထိုအချိန်တွင် စွင်းမိုနှင့် ယန်ဟုန်သည် စောင့်ဆိုင်းသည့်နေရာသို့ပြန်ရောက်လာခဲ့ပြီး အားလုံး၏ဂုဏ်ပြုစကားများအားလက်ခံကာ ထိပ်တန်း Idol အဖွဲ့ဝင်နှစ်ဦးက ကျော်ဖြတ်သွားကြသည်။

စွင်းမို စိတ်အခြေအနေကောင်းနေပြီး သူ့ဘက်ကအစပြုကာ "အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်" ဟုပင် နှုတ်ဆက်ခဲ့သေးသည်။

သို့သော်လည်း ကျီဖေးနှင့် ချင်ကျောက်တို့သည် စွင်းမိုအား ပုံမှန်မဟုတ်သောအမူအရာဖြင့်ကြည့်ကာနှုတ် ခမ်းများတပြိုင်နက်တွန့်သွားကြသည်။

[ဆုမွန်ကောင်းတောင်းပေးလို့ ကျေးဇူးပါကောရေ၊ ငါတို့ အစွမ်းကုန်လုပ်ပါ့မယ်!]

ချင်ကျောက် : မင်း နောက်မှ ငါတို့ကို မကျိန်ဆဲဖို့မျှော် လင့်ပါတယ်ကွာ

ဇာတ်စင်ပေါ်မှ မီးများမှိန်သွားကာ ဖျော်ဖြေသူများစင် မြင့်ထက်သို့ တဖြည်းဖြည်းတက်လာကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအတွက် အွန်လိုင်းမှကြည့်ရှုသူဦးရေမြင့်တက်လာသည်ကို တွေ့ မြင်လိုက်ရသဖြင့် ဒါရိုက်တာနှင့် ထုတ်လုပ်သူသည် နောက်ဆုံးတွင်ကျေနပ် စွာပြုံးခဲ့ကြသည်။ ထိပ်တန်း Idol အဖွဲ့ ၏နောက်ဆုံးတင်ဆက်မှု၏ လွှမ်းမိုးမှုမှာဆက်လက်တည်ရှိနေပုံရပြီး ဤဇာတ်လမ်းတွဲအတွက် အဆင့်သတ်မှတ်ချက်များအား လုံးကိုသေချာစေသည်။

သူတို့လည်း လောဘမကြီးပေ၊ နာမည်ကြီးမှုအားထိန်း နိုင်ပြီး ဒီ Show အား ဘေးကင်းစွာကျော်ဖြတ်နိုင်လျှင်လုံလောက်သည်။ အဆုံးတွင်၊ ယခင်တစ်ခေါက်ကဲ့သို့ ကြီးမားသည့် အငြင်းပွားမှုအား မည်သူမျှမကြုံချင်ကြပေ။

သူတို့နှစ်ဦးသည် နှလုံးသားထဲမှ တစ်ချိန်တည်းမှာပင် တိတ်တဆိတ်ဆုတောင်းခဲ့ကြပြီး အရာအားလုံးချောမွေ့ သွားလိမ့်မည်ဟု မျှော်လင့်ကြသည်။

သို့သော် နောက်တစ်စက္ကန့်မှာပင် ဇာတ်ကြောင်းပြောပြသည့် စာကြောင်းက သူတို့၏အိပ်မက်အားဖြိုခွဲပစ်လိုက်သည်။

အနက်ရောင်စင်မြင့်ပေါ်၌ စူးရှသောဓားသွားကဲ့သို့ ကြီး ကျယ်ခမ်းနား သည့်အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။

"မသေမျိုးတွေ ချစ်မိသွားတဲ့အခါ ဘုံသုံးဘုံးလုံးမငြိမ်း ချမ်းတော့ဘူး။ မသေမျိုးတွေ ချစ်ကျွမ်းဝင်ကျတဲ့အခါ သက်ရှိအားလုံးဘေးဒုက္ခတွေသက်ရောက်စေတယ်!"

ဒါရိုက်တာနှင့် ထုတ်လုပ်သူ - ? ငါ ဘာလို့ ယမ်းနံ့တွေရနေရတာလဲ ?

ပရိသတ်များ၊ စောင့်ဆိုင်းဧရိယာနှင့် ဇာတ်စင်အနောက်ဘက်ရှိလူများအားလုံး အံ့အားသင့်သွားကြသည်။

တူညီသည့် အပြင်အဆင်နဲ့ နောက်တစ်ကြိမ် ခေါင်းချင်းဆိုင်ပြန်ပြီလားဟ ?

ကျည်ဆံကဲ့သို့ comment များထဲ ?????? မေးခွန်းအ မှတ်အသားများဖြင့် ပြည့်နှက်သွားသည်။

“ဒါက ကျင့်ကြံရေးလောကရဲ့ဆောင်ပုဒ်ပဲလား? ဒါက လိုက်နာဖို့ခက်တဲ့လုပ်ရပ်ကို ဆန့်ကျင်တာမဟုတ်ဘူးလား...”

"ပြီးခဲ့တဲ့ ဖျော်ဖြေမှုမှာ ဗီလိန်နတ်သမီးက ဒီလိုမျိုးပြောခဲ့တာမဟုတ်လား? ဒါ ရည်ရွယ်ချက်ရှိရှိနဲ့လား?"

“တကယ်တော့ မဟုတ်ပါဘူး၊ ဒါ အရမ်းအသုံးများတဲ့ စာသားပါ"

"စောင့်ကြည့်ရအောင်။ ငါတို့ရဲ့ Idol နှစ်ယောက်က သူတို့ကိုမစော်ကားဖူးတဲ့အပြင် မလျော်ကန်တဲ့ လုပ်ရပ်တစ်ခုမှလည်း မရှိခဲ့ဖူးဘူး။ သူတို့ တရားမျှတမှုရှိသင့်တယ်မဟုတ်လား ? သူတို့ တမင်တကာ ရန်မစလောက်ဘူး ဟုတ်တယ်မလား?"

မီးများ ရုတ်တရက်လင်းလာသည်။ လူတိုင်း၏ နှလုံး သားများသည် ချက်ချင်းပင် လည်ချောင်းထဲသို့ခုန်တက်သွားကြသည်။

စင်ပေါ်တွင် အလုပ်ကြိုးစားနေကြသည့် သာမန်လူများ ၏မြင်ကွင်းတစ်ခုဖြစ်သည် - ချင်ကျောက်သည် စိုက် ပျိုးရေးလုပ်နေပြီး၊ ကျီဖေးသည် ရက်ကန်းရက်နေကာ၊ အဖိုးအဖွားများက ကလေးထိန်းနေကြသည်။ ရွာငယ်လေးသည် ငြိမ်းချမ်းပြီးသဟဇာတဖြစ်နေပုံရသည်။ နေ ဝင်လာ သည်နှင့်အမျှ လက်ချင်းချိတ်ကာအိမ်ပြန်ရန် ပြင်ဆင်ရင်း လူတိုင်း၏မျက်နှာပေါ်အသန့်စင်ဆုံးအပြုံးများပေါ်လွင်နေခဲ့သည်။

သို့သော် ရုတ်တရက် မြူမှုန်ဖြူများသည် စင်မြင့်၏ နောက်ကွယ်မှ ပေါ်လာသည်။

လူတိုင်း ထိတ်လန့်သွားကြသည်။ တစ်ခုခု ပေါ်လာတော့မှာလား ?

ရုတ်တရက်ပင် သူတို့နောက်ဘက်ရှိဖန်သားပြင်အကြီးကြီးမှာတောက်ပလာကာ မထင်မှတ်ပဲ ဗီဒီယိုတစ်ခုကို ဖွင့်လိုက်သည်။ ဗီဒီယိုထဲတွင် လူသုံးဦးသည် သာမာန်ရှေးဟောင်းဝတ်စုံများနှင့် မျက်နှာဖုံးများအား ဝတ်ဆင်ထားပြီး အချို့သောဇာတ်ကောင်အမျိုးအစားများအဖြစ် ဖော်ပြနေပုံရသည်။

မြင်ကွင်းက ရင်းနှီးပြီးသားပင်

အဖြူရောင်ဝတ်အမျိုးသားတစ်ဦးနှင့် အနက်ရောင်ဝတ် အမျိုးသားတစ်ဦးတို့သည် မျက်နှာချင်းဆိုင်ကာ ခိုကိုးရာမဲ့အမျိုးသမီးတစ်ဦးက ၎င်းတို့ကြားရပ်နေခဲ့သည်။

"ကျေးဇူးပြုပြီး တိုက်ပွဲတွေရပ်လိုက်ပါတော့၊ ကျွန်မအတွက်နဲ့ မတိုက်ခိုက်ကြပါနဲ့တော့။"

ထို့နောက်တွင်၊ အထူးပြုလုပ်ချက်များဖြင့် ပြင်းထန်သည့် မိုးကြိုးမုန်တိုင်းများ ပေါ်လာကာ စခရင်နှင့်အတူ အပြင်ဘက်ဇာတ်စင်ကပါ လှုပ်ခါမြည်ဟိန်းလာခဲ့ပြီး ပြင်းထန်သည့် မုန်တိုင်းအသွင်ကိုဆောင်နေသည်။

သေမျိုးလူသားများ၏သဘောပေါက်နားလည်နိုင်စွမ်းထက် ကျော်လွန် နေသည့် စွမ်းအားတစ်ခုရုတ်တရက် ထွက်ပေါ်လာကာ မျက်စိရှေ့တွင်ပင် အရာအားလုံးအား ဝါးမြိုနေသည့် ဧရာမသားရဲကြီးကဲ့သို့ဖြစ်လာသည်။

စင်ပေါ်ရှိလူများသည် တခဏချင်းအေးခဲသွားပုံရပြီး သူတို့၏ချစ်ရသူများထံသို့ အသဲအသန်ပြေးလာကြကာ တစ်ယောက်ကိုတစ်ယောက် ကြောက်ရွံ့စွာပွေ့ဖက်ထားပြီး ဖန်သားပြင်ကြီးပေါ်ရှိပြန့်ကားနေသော မငြိမ်မသက်မှုများအား ထိတ်လန့်စွာစောင့်ကြည့်နေကြသည်။

All Chapters