← Chapters

အပိုင်း(၉၉)

Vol. 10 Ch. 99

အပိုင်း(၉၉)

Vol. 10 Ch. 99

ဖန်သားပြင်ပေါ်ရှိ ဗီဒီယိုသည် ဇာတ်ကောင်သုံးဦး၏ ချစ်ခြင်းမေတ္တာနှင့် မုန်းတီးမှုတွင် နှစ်မြှုပ်ကာ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို လုံး၀ဂရုမစိုက်ဘဲ ဆက်လက်လုပ်ဆောင်ခဲ့သည်။ ထိုအချိန်တွင် ကူကယ်ရာမဲ့သေဆုံးသူများသည် တုန်လှုပ်ချောက်ချားကာ အော်ဟစ်ငိုယိုအော်ဟစ်နေကြသော်လည်း စခရင်ပေါ်ရှိ သုံးဦးတို့သည် ၎င်းတို့၏အသံများကိုမကြားနိုင်ပေ။ သူတို့သည် အပြန် ပြန်အလှန်လှန်လှုပ်ရှားမှုပြုကြပြီး လူများကိုပုရွက်ဆိတ်ကဲ့သို့ပျောက်ကွယ်သွားစေသည်။ မျိုးဆက်ပေါင်းများစွာကြိုးစားတည်ဆောက်ခဲ့သော ရွာငယ်လေးသည် အပျက်အစီးများကျန်ရစ်ခဲ့ပြီး လုံးဝပျက်စီးခြင်း၏မြင် ကွင်းတစ်ခုဖြစ်လာသည်။

စခရင်ပေါ်ရှိသုံးယောက်သည် နောက်ဆုံးတွင် အမျိုးသ မီးတစ်ဦးကိုတိုက်ခိုက်နေသည့် အမျိုးသားနှစ်ဦး၏ ဒရာမာကိုအဆုံးသတ်ခဲ့သည်။ သူတို့က ပျက်ဆီးသွားတဲ့ဟာကိုတောင်လှည့်မကြည့်ခဲ့ဘူး။ ဝတ်စုံဖြူက ပြေးထွက်သွားပြီး အနက်ရောင်ဝတ်စုံနှင့်လူကအမျိုးသမီးနှင့်အတူကျန်ခဲ့သည်။

...

ဖျော်ဖြေပွဲပြီးဆုံးသည်နှင့်အမျှ မီးများမှိန်သွားသည်။

ခန်းမသည် တိတ်ဆိတ်သွားပြီး danmu (တိုက်ရိုက် မှတ် ချက်များ) သည် စက္ကန့်အတော်ကြာအောင်ဗလာဖြစ်နေ သည်။ သို့သော် သတင်းကြားသည်နှင့် လူများအပြေးအ လွှားရောက်လာသကဲ့သို့ မိနစ်အနည်းငယ်အတွင်း အွန်လိုင်းကြည့်ရှုသူအရေအတွက် မြင့်တက်လာခဲ့သည်။

ဒါရိုက်တာနဲ့ ထုတ်လုပ်သူတို့ ချွေးသီးချွေးပေါက်ထွက်နေလေပြီ။

ဘာ့ကြောင့် ဒီလိုထပ်ဖြစ်ရတာလဲ !

ဒီ Show က ငါတို့ရဲ့သေခြင်းတရားပဲဖြစ်လိမ့်မယ်။

ဒီလောက်ထိ တွန်းအားပေးမယ်ဆိုရင် "နတ်ဘုရားအဖွဲ့" ရဲ့ Show ကိုပဲ နောက်ခံအဖြစ်ထားလို့ ဘာလို့မသုံးလိုက်လဲ ?

ဒါ ကိုင်တွယ်ရအရမ်းခက်တယ်။ သူတို့က မင်းစော်ကားလို့ ရတဲ့သူတွေမဟုတ်ဘူး။

နောက်ကွယ်မှဝန်ထမ်းများပင်လျှင် ယခင်အဖွဲ့ကဲ့သို့ တူညီသော Effect များကိုအသုံးပြုပေးရသဖြင့် စင်မြင့်အကျိုးသက်ရောက်မှုများကို တာဝန်ယူရသောကြောင့် စိုးရိမ်ပူပန်နေခဲ့ကြသည်။

သူတို့သည် "Male God Group" ကိုပစ်မှတ်ထားရန်ကူ ညီနေမိပုံရသည်။ "Male God Group" ရဲ့ပရိသတ်တွေ သူတို့ကိုများ သတ်ချင်ကြမလားမသိ ?

ဝန်ထမ်းတွေ တုန်တုန်ယင်ယင်ဖြစ်နေပေမယ့် ပရိသတ်များသည် တုန်လှုပ်ချောက်ချားပြီးရင်ခုန်နေကြသည်။

ဘယ်လိုလုပ်ရမလဲ ? သူတို့ရဲ့ရှုထောင့်က 180 ဒီဂရီ လှည့်သွားသလိုပဲ!!

လှုပ်လှုပ်ရွရွဖြစ်နေပုံရသော အချစ်ဇာတ်လမ်းသည် ရုတ်တရက် အဓိပ္ပါယ်မဲ့သော အရည်အသွေးအဖြစ် ရောက်ရှိသွားခဲ့သည်။

ပရိသတ်ပဲဖြစ်ဖြ် စင်နောက်မှာပဲဖြစ်ဖြစ်၊ စောင့်ဆိုင်းဧရိယာမှာပဲဖြစ်ဖြစ် လူတိုင်းထိတ်လန့်တုန်လှုပ်သွားကြသည်။

ထိုအချိန်တွင် စွင်းမို၊ ယန်ဟုန်နှင့် ရှုမုန့် တို့အလွန်အမင်း စိတ်မသက်မသာဖြစ်နေကြသည်။ သူတို့ ဖန်သားပြင်ကြီးအားစိုက်ကြည့်ရင်း မျက်လုံးများမီးလောင်လုမတတ်ပင်။

ရူးသွားကြပြီလား ? ဒါ သူတို့ကို ဒီလိုပစ်မှတ်ထားလား ? ဒီလို နင်းချေပြီး အပေါ်တတ်ဖို့ ကြိုးစားနေတာလား ? ဒါ စက်ဆုပ်ဖွယ်ကောင်းလွန်းတယ်။

သူတို့သည် လှည့်စားခံလိုက်ရပြီး၊ အခြားသူများအတွက်မရည်ရွယ်ဘဲလမ်းခင်းပေးမိသလိုမျိုးခံစားလိုက်ရသည်။

နောက်ဆုံးတွင် မှတ်ချက်များတုံ့ပြန်လာကြပြီး အငြင်း ပွားမှုစတင်ခဲ့သည်။

"ဒါ ဘာကိုဆိုလိုတာလဲ။ ငါတို့ရဲ့ Idol တွေရဲ့စွမ်းဆောင်မှုကိုဖျက်လိုဖျက်ဆီးလုပ်ပြီး သူ့တို့ကိုယ် သူတို့မြင့်တင်‌ေိမှန်း အသိသာကြ၊ ဒီလောက် မကောင်းတဲ့နည်းလမ်းကို ဘယ်သူကများသုံးမှာလဲ"

"အရင်တော့ ထိပ်တန်း Idol အဖွဲ့ကိုပံ့ပိုးပေးချင်ခဲ့တာ၊ အရင်က သူတို့သဘောကျခဲ့သေးတယ်။ နင်တို့အနိုင်ရဖို့ ဒီလိုနည်းလမ်းတွေ အသုံးချလာမယ်လို့ ဘယ်တုန်းကမှမထင်ခဲ့မိဘူး။"

"ထိပ်တန်း Idol အဖွဲ့က အခြားသူတွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကိုလှောင်ဖို့ တမင်လုပ်နေတာပဲ၊ ဒါ အခြားအဖွဲ့ရဲ့စွမ်းဆောင်ရည်ကို မလေးစားရာရောက်တယ်။ နင်တို့က အနုပညာကျင့်ဝတ်မရှိတဲ့ အမှိုက်တွေပဲ။"

"Male God Group ပရိသတ်တွေက အရမ်းအကဲမဆတ်လွန်းဘူးလား ? ဒါ xianxia မျာအသုံးအများဆုံး ဇာတ် ညွှန်းတွေကိုသာသုံးတာပဲလေ။သူတို့က သုံးနိုင်ပြီး ၊ ငါတို့ က ဘာလို့မသုံးနိုင်ရမှာလဲ"

"အတိအကျပဲ၊ နင်တို့မှာ အရည်အချင်းရှိတယ်ဆိုရင် ဒီလိုပျင်းစရာကောင်းတဲ့ ဇာတ်ညွှန်းတွေကိုမပြဖို့ နင့် Idol ကိုပြောလိုက်လေ၊ ဒီလိုဇာတ်ကွက်မျိုးက တူညီမှုရှိတယ်ဆိုရင်တောင် ဒါ တိုက်ဆိုင်မှုသက်သက်ပဲ။"

"ငါက ကြားနေပါတီပဲ... ပစ်မှတ်နည်းနည်းတော့ရှိတယ်ထင်တယ်၊ ဒါပေမယ့် ဇာတ်ညွှန်းအရတော့ ငါက ထိပ် တန်း Idol အဖွဲ့ဘက်က။း"

"သူတို့လုပ်ခဲ့တာ မှန်တယ်။ မင်း အဲဒီမှာ ချစ်ခြင်းမေတ္တာအကြောင်းပြောနေချိန်မှာ မင်းရဲ့လုပ်ရပ်ကြောင့် အောက်ကလူတွေသေကုန်ကြပြီ။"

"မှန်တယ်! ဒါကို စောစောကတည်းက ပြောချင်‌နေတာ။ ထိပ်တန်း Idol အဖွဲ့က သူတို့ရဲ့ 'မသေမျိုးကမ္ဘာရဲ့တွေး တောခြင်း' လမ်းစဉ်ကို သတ်ပစ်လိုက်တာပဲ"

Weibo တွင် အမျိုးမျိုးသောခေါင်းစဉ်များဖြင့် ဆွေးနွေးမှုများစတင်ခဲ့ပြီး ဆက်စပ်၍ Hot Search ထက် ရှာဖွေမှုများတဖြည်းဖြည်းမြင့်တက်လာသော်လည်း ယခုအချိန်တွင် အုပ်စုနှစ်ခုအပေါ် သဘောထားများ တဝက်နှင့်တဝက်အမြင်ကွဲနေဆဲဖြစ်သည်။

ထိုအချိန်တွင် စင်မြင့်ပေါ်မှ ဖျော်ဖြေပွဲများ ဆက်လက်ပြုလုပ်ခဲ့သည်။

...

မီးများပြန်လင်းလာချိန် ရွာသားများအား ခရီးဝေးမှပြန် လာသည့်အလား မြင်တွေ့ရသည်။ ၎င်းတို့ ၏ဆွေမျိုးများ၊ ချစ်သူများနှင့် သူငယ်ချင်းများကိုမူမတွေ့နိုင်တော့ပေ။ သူတို့၏အိမ်တွေပျက်စီးသွားပြီး သူတို့ရှာတွေ့သည့်လူများသည် ဒဏ်ရာအပြင်းအထန်ရထားကြသလို မသန်မစွမ်းဖြစ်ကာ အသက်ရှင်ရန်မျှော်လင့်ချက်မရှိကြတော့ချေ။

အလောင်းတွေ၊ ခေါင်းတလားများ၊ အသုဘအခမ်းအနားများ၊ ငိုကြွေးသံတွေနဲ့ - ကမ္ဘာတစ်ခုလုံး အဆုံးမဲ့နာကျင်မှုများဖြင့်ပြည့်နှက်နေပုံရသည်။

နတ်ဘုရားတွေရဲ့မှော်အတတ်နှင့် နတ်ဆိုးများ၏အင် အားကြောင့် မြစ်ချောင်းများခန်းခြောက်လာကာ မြေကြီးများပြိုကျပြိး လယ်မြေများပျက်စီးကာ အစာငတ်မွတ် ခေါင်းပါးလာစေသည်။ သေဆုံးမှုများစွာဖြင့် ပလိပ်ရော ဂါများဆက်လက်ဖြစ်ပွားလာခဲ့သည်။

နောက်ဆုံးတွင် မရေမတွက်နိုင်သော ဒုက္ခသည်များသည် ဘုရားကျောင်းတစ်ခုအနီးတွင် စုရုံးခဲ့ကြသည်။

"အစ်ကို၊ ငါဘအရမ်းချမ်းပြီး ဗိုက်ဆာတယ်၊ ငါတို့ဘာလို့ ဒီလိုလုပ်နေရတာလဲ ?"

ကျီဖေးသည် ချင်ကျောက်နံဘေးမှာ ဒူးထောက်ကာ မေးလိုက်ရာ သူ့မျက်နှာထက်ရှုပ်ထွေးမှုများပြည့်နှက်နေ သည်။

ချင်ကျောက်သည် သူ့နှုတ်ခမ်းတွေတုန်ခါပြီး "ငါတို့ နတ်ဘုရားတွေကို ဆုတောင်းနေတာ။ ဒါ ငါတို့ရဲ့ယုံကြည်ခြင်းပဲ။ ငါတို့ရဲ့နှလုံးသားတွေက ရိုးသားနေသရွေ့ သနားကြင်နာတတ်တဲ့နတ်ဘုရားတွေက ငါတို့ကို ကယ်တင်လာကြမှာ သေချာတယ်"

"အဖေနဲ့အမေကို အရမ်းလွမ်းတယ်၊ ညီမလေး အားဟွာ နဲ့အဝါရောင်ခွေးလေးကိုလည်းလွမ်းတယ်။ အရှေ့လမ်းကထန်းဟုလူနဲ့ အနောက်လမ်းက တို့ဟူးပျော့ပျော့လေး..."

ကျီဖေး ဒီအကြောင်းတွေကိုတွေးရင်း သူမအားအအေးဓာတ်နည်းကာ ဗိုက်ဆာလာသလိုမျိုးငိုရှိုက်ရင်း ငိုယိုပြောလိုက်သည်။ ဒါတွေအားလုံးမကြာသေးမီကအလွယ် တကူ လက်လှမ်းမှီနိုင်ခဲ့သည့်ပျော်ရွှင်မှုများသာ။

"အစ်ကို၊ ငါတို့မှာ အပြစ်ရှိလို့လား ? ကောင်းကင်ဘုံက ငါတို့ကို ဒီလိုပြစ်ဒဏ်ခတ်နေတာက "

"ငါတို့... အပြစ်ရှိလို့နေမှာပေါ့။ အဲဒါကြောင့် ငါတို့က ပိုပြီးတော့တောင် သစ္စာစောင့်သိရိုသေဖို့လိုတယ်။"

ချင်ကျောက်သည် ကျီဖေးအား လူအုပ်နှင့်အတူလေးနက် စွာဦးညွှတ်ဖို့ ဆွဲခေါ်လိုက်သည်။

ထိုအချိန် Screen ကြီးလင်းလာသည်။ အင်မော်တယ်ကမ္ဘာနှင့်တူသောနေရာတစ်ခုတွင်၊ အောက်ဖော်ပြပါအ ခြေအနေကို မည်သည့်နတ်ဘုရားမှကြည့်ရှုခဲ့ခြင်းမရှိပေ။ ၎င်းတို့အားလုံး အချစ်ဇာတ်လမ်းတွဲအသစ်ကို စောင့်ကြည့်နေကြသည်။

"ငါ့ကို လွှတ်။"

"မင်း သူနဲ့ မလိုက်သွားရဘူး။"

"ငါ့ကို ချစ်တယ်လို့ပြောပါ!"

"ငါ နင့်ကိုမချစ်ဘူး!"

"ငါ့ကို မေ့ပစ်လိုက်"

"သူကို ထွက်သွားခွင့်ပြုလိုက်ပါ!"

အသံအနည်းငယ်ကသာ-

"ဧကရာဇ်အရှင်၊ အရှင့်အနေနဲ့ ကိုယ်ပိုင်ခံစားချက်တွေ ကို အစွဲအလမ်းမရှိသင့်ပါဘူး။ သေမျိုးကမ္ဘာမှ ဆု တောင်းသံတွေတိုးလာပါပြီ အရှင့်ရဲ့အကာအကွယ်လို အပ်နေပါတယ်။ ဧကရာဇ်အရှင်၊ အရှင့်အနေနဲ့ သူတို့ရဲ့ယုံကြည်မှုကို ပြန်တုံ့ပြန်ဖို့လိုအပ်ပါတယ်။"

ဒါပေမယ့် ဒီအသံသည်တိုးနေပြီး ပဋိပက္ခဖြစ်နေသည့် လူနှစ်ယောက်အား မတားနိုင်သေးပေ။

ဖန်သားပြင်ထက် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ခံစားချက်ဒရာမာတစ်ကားဖြစ်ခဲ့သည်။

သို့သော်မြင်ကွင်းအပြင်ဘက်ရှိ စင်ပေါ်တွင် လူများသည် ဝိဉာဥ်ကင်းမဲ့စွာဦးချနေပြီး ပြိုလဲနေကြသည်မှာ ဝမ်း နည်းဖွယ်ရာ ကြေကွဲစရာမြင်ကွင်းပင်။

ချင်ကျောက် လဲကျသွားပြီး နောက်ဆုံးကျီဖေးက " ငါတို့ကိုကာကွယ်ဖို့က သူတို့ရဲ့တာဝန်မဟုတ်ဘူးလား ? သူတို့က တကယ်ရှိလို့လား ၊ တကယ်ရှိတယ်ဆိုရင် ဘာလို့မလာသေးတာလဲ ? ငါတို့ရဲ့ယုံကြည်မှုက တကယ်မဟုတ်ဘူးလား ? ဒါဆို ငါတို့က သူတို့ကို ဘာလို့ယုံရမှာာလဲ "

ကျီဖေး လဲကျသွားသည်။

ဒါပေမယ့် ဒါ မလုံလောက်သေးဘူး။

အမျိုးသမီးတစ်ဦးအပေါ် ရန်ပွဲကြောင့် မသေမျိုးများနှင့် နတ်ဆိုးများကြား ကြီးမားသောတိုက်ပွဲတစ်ခုစတင်ခဲ့သည်။ စင်ပေါ်မှာ မီးခိုးတွေထပ်ထွက်လာပြန်သည်။

ဇာတ်ခုံပြကွက်များ အစီအရီလျင်မြန်စွာထွက်ပေါ်လာသည်။

လက်ထပ်ပွဲများ၊ စာသင်ခန်းများ၊ မိခင်များ ကလေးနို့တိုက်နေပုံ၊ မိုးလင်းကနေ ညအထိ ဆိုင်ဖွင့်ဖို့ပြင်ဆင်ထားတဲ့ ဈေးဆိုင်ရှင်တွေ၊ အနာဂတ်အမျိုးသားရေးမူဝါဒတွေ၊ တိုင်းပြည်တည်ငြိမ်အောင် ဘယ်လိုလုပ်မလဲ၊ ပြည်သူတွေရဲ့ဘဝတွေ ပိုကောင်းအောင် ဘယ်လိုငြိမ်းချမ်းအောင်လုပ်မလဲဆိုတာကို တော်ဝင်တရားရုံးတော်မှာ အပြင်းအထန်ဆွေးနွေးနေခဲ့ကြသည်။

တခဏအတွင်းမှာပင် မိုးကြိုးနှင့် မိုးခြိမ်းသံ၊ ကောင်း ကင်နှင့် မြေကြီးကမောက်ကမဖြစ်ခဲ့ရသည်။

ကောင်းကင်သည် စစ်မြေပြင်၊ မြေပြင်သည် ငရဲအလား..

နတ်ဘုရားတွေ အချစ်ကြောင့်ရန်ဖြစ်ရင်း စစ်ခင်းနေချိန်မိသားစုများ တစစီပြိုကွဲကုန်ပြီး တိုင်းပြည်လည်းပျက် စီးကိန်းဆိုက်ရောက်ရသည်။ နတ်ဘုရားများ၏တန်ခိုးကို မခုခံနိုင်တော့သဖြင့် သူတို့ဆန္ဒအရဒဏ်ခတ်ခံခဲ့ရပြီး သူတို့ရဲ့ဘဝတွေသည် တခဏချင်းဇောက်ထိုးဖြစ်သွားရသည်။

သေမျိုးဧကရာဇ်ပင်လျှင် "ငါတို့ ယုံကြည်ရတဲ့ဘုရားတွေ ဘယ်မှာလဲ ? ငါတို့အတွက် တရားမျှတမှုကို ဘယ်သူရှာ ပေးနိုင်မှာလဲ၊ မင်း ငါတို့ကိုမကာကွယ်နိုင်ရင် ငါတို့ကို ဖျက်ဆီးနိုင်တဲ့အစွမ်းက ဘယ်အခွင့်အရေးနဲ့မှ မထိုက် တန်ဘူး၊ ငါတို့ရဲ့ယုံကြည်ခြင်းနဲ့မထိုက်တန်ဘူး၊ မင်းတို့နဲ့ မထိုက်တန်ဘူး၊ ကောင်းကင်က မတရားဘူး!!!"

စင်မြင့်ထက် မီးများမှိန်သွားသော်လည်း ဖန်သားပြင်သည်တောက်ပနေကာ ဝတ်ရုံဖြူအမျိုးသားသည် အမျိုး သမီးအားကိုင်ဆောင်ကာ ကမ္ဘာကြီးတစ်ခုလုံးဆုံးရှုံးသွားသကဲ့သို့နာကျင်စွာထွက်ခွာသွားသည့် ၀တ်ရုံဖြူအမျိုး သား၏ ကြေကွဲဖွယ်ရုပ်သွင်ကိုပြသထားသည်။

All Chapters