← Chapters

အပိုင်း(၁၀၀)

Vol. 10 Ch. 100

အပိုင်း(၁၀၀)

Vol. 10 Ch. 100

ပရိသတ်အားလုံး နှုတ်ဆိတ်သွားကြသည်။ ဒါရိုက်တာနှင့် ထုတ်လုပ်သူပင်လျှင် အံ့သြသွားခဲ့သည်။ ထိုမြင် ကွင်းသည် လူသားအဖြစ်ဆိုးများစုစည်းမှုတစ်ခုလိုပင်။

ဇာတ်ပို့သရုပ်ဆောင်များအားလုံးသည် ကျွမ်းကျင်သောသရုပ်ဆောင်များဖြစ်သောကြောင့် ကျီဖေးပင်လျှင် သူ့အခန်းသည် အလေးသာမှုမရှိသဖြင့် အလုံးစုံအကျိုးသက်ရောက်မှုသည် ထိပ်တန်းသရုပ်ဆောင်များနှင့် ရင် ဆိုင်ခဲ့ရသည့်အချိန်ထက် ရင်ခုန်စရာကောင်းလှသည်။

အမျိုးသား Idol အဖွဲ့၏ယခင်ဖျော်ဖြေမှုသည် စင်မြင့်ကန့်သတ်ချက်များကြောင့် ပရိသတ်၏နှစ်မြှုပ်မှုကို မကြာခဏပျက်ပြားစေခဲ့သည်။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ လူများသည် ဇာတ်ခုံကို လုံးဝမေ့သွားခဲ့ပြီး ဇာတ်လမ်းထဲကဇာတ်ကောင်တွေရဲ့ ကံကြမ္မာထဲမှာပဲ သူတို့ကိုယ် သူတို့နှစ်မြှုပ်ထားခဲ့သည်။

ပရိသတ်ထဲ ချင်ရန်နှင့် မားမားချင်၏မျက်လုံးများချက် ချင်းနီရဲသွားသည်။ သူတို့ရဲ့မျက်ရည်တံခါးက နိမ့်နေပြီလို့ထင်ခဲ့ကြပေမယ့် မမျှော်လင့်ဘဲ ပါးပါးချင်ထံမှ ရုတ် တရက် သူတို့ဘေးမှာ ရှိုက်သံထွက်လာသည်။

သူသည် ဧကရာဇ်မင်းမြတ်၏အစွမ်းမဲ့သည့် ဝမ်းနည်းမှုကိုစာနာနားလည်သလို ဧကရာဇ်မင်း၏ကျောကိုစေ့စေ့ ကြည့်နေခဲ့သည်။

ထိုအချိန် ချင်ရန်နှင့် မားမားချင်သည် သူတို့ပတ်ဝန်း ကျင်ရှိလူများစွာမှာ တစ်ချို့စိတ်လှုပ်ရှားပြီး တစ်ချို့က ငိုကြွေးနေကာ အချို့ကဒေါသထွက်နေကြသည်ကို သိရှိလိုက်ရသည်။

စင်အောက်မှ ချင်ရုန်သည် ရှောင်းထောင်အားတိုက်ရိုက်ပွေ့ဖက်ပြီးငိုလိုက်သည်။

ရှောင်းထောင် "နင် သူတို့အစမ်းလေ့ကျင့်တာကို မကြည့်လိုက်ရဘူးလား?"

"ဒါပေမယ့်... ဒါပေမယ့်..."

တစ်ဖက်တွင် ကောင်းဟောင်သည် တိုက်ရိုက်ထုတ်လွှင့်မှုနှင့် Weibo အပ်ဒိတ်များအတွက် ၎င်း၏ဖုန်းကိုဆက် လက်စစ်ဆေးနေခဲ့သည်။

ဖေးမင်ရွမ်က "ကြည့်စရာမလိုဘူး၊ သူတို့ သေချာပေါက် အနိုင်ရသွားပြီ"

ကောင်းဟောင် အံ့သြသွားသည်။ ဖေးမင်ရွမ်က တောက် ပစွာ ပြုံးပြီး "ရှင်တို့ အကောင်းဆုံးအကြောင်းအရာကို ရွေးချယ်ခဲ့တယ် ကျေးဇူးတင်ပါတယ်..."

ကောင်းဟောင် မျက်ခုံးပင့်လိုက်သည်။ အမှန်တော့ ဒါဟာထက်မြက်တဲ့ ထိုးထွင်းသိမြင်မှုတစ်ခုပင်။ ဖေးမင် ရွမ်သည် သူတို့သရုပ်ဆောင်မှုထဲ လျှို့ဝှက်ထားသော ရည်ရွယ်ချက်များကိုမျက်မြင်တွေ့ခဲ့ရသည်။

စောင့်ဆိုင်းဧရိယာ၌ ကျန်အုပ်စုနှစ်စုသည် စွင်းမိုနှင့် ယန်ဟုန်တို့အားစတင်ကြည့်ရှုကြသည်။ အထူးသဖြင့် သူတို့နှစ်ဦးသည် ထိပ်တန်းအဖွဲ့ကိုအားပေးနေပုံတို့ကို သတိရကာ လှောင်ပြောင်သရော်မှုများဖြင့် ပြည့်နှက်နေသော မျက်လုံးများဖြင့်ကြည့်လာကြခြင်းပင်။

ဒါကောင်းတဲ့ရည်ရွယ်ချက်နဲ့ မဟုတ်ဘူးဆိုပေမယ့်... ထိပ်တန်းက တကယ့်မတရားတာပဲ။

ယန်ဟုန်၏မျက်နှာသည် မည်းမှောင်သွားပြီး စွင်းမိုအား သတိထားပြီးကြည့်လိုက်သည်။

စွင်းမို၏မျက်နှာမှာနီမြန်းနေပြီဖြစ်ပြီး သူ့လက်သီးများကိုတင်းတင်းကြပ်ကြပ်ဆုပ်ထားကာ ဒေါသနှင့် ရှက်ရွံ့မှုများ‌ကြောင့် သွားများကိုအံကြိတ်လုနီးပါးဖြစ်နေသည်။

ဖန်သားပြင်နှင့် စင်မြင့်ထက်ခြားနားမှုသည် ၎င်းတို့၏ ယခင်ဖျော်ဖြေမှုကို တိတ်တဆိတ် ယလှောင်ပြောင်နေပြီး သူသရုပ်ဆောင်ခဲ့သည့် လက်ရာများစွာကိုလည်း ငြင်းပယ်ထားသည်။

သူတို့မျက်နှာအား တိုက်ရိုက်ဖြတ်ရိုက်လိုက်သလိုပင်။

စောင့်ဆိုင်းနေသည့် အခြားနေရာတစ်ခုတွင် ဇာတ်ပို့မင်း သမီး ရှုမုန့်မှာစတင်ငိုနေပြီဖြစ်သည်။ ထိပ်တန်းအဖွဲ့၏ စွမ်းဆောင်မှုကြောင့် တစ်ချို့လူများက သူမအားစာနာပြီး သနားစရာကောင်းသည်ဟု းခံစားမိကြသည်။

၎င်းတို့၏သရုပ်ဆောင်မှု ဖိနှိပ်ခံရသည်ဟုပြောလို့မရပေ၊ ဒါ ဇာတ်လမ်းကသာ ဖိနှိပ်ခံရသည်ဟုဆိုရမည်။

ထိုအခိုက်အတန့်တွင် တိုက်ရိုက်ထုတ်လွှင့်မှုတွင် သို့ မှတ်ချက်များအတားအဆီးဖြစ်စေသည်ဖြစ်စေ Weibo တွင် ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် ပေါက်ကွဲထွက်လာခဲ့သည်။

"နတ်ဘုရား စစ်ပွဲ၊ လူသားတို့ ဒုက္ခ"

"နတ်ဘုရားတွေရဲ့တိုက်ပွဲဆိုရင် သေမျိုးတွေကတော့ အကျိုးဆက်ကိုခံစားရမှာပဲ!"

"အရင်တုန်းကတော့ ဇာတ်လိုက်တွေဘက်ကပဲတွေးမိတယ်၊ ဒါပေမယ့် တကယ်တမ်း အဲ့လိုဖြစ်ရင် ဒုက္ခရောက်ရတာက ငါတို့တွေပဲ"

"အေးလေ၊ ချစ်တာက သူတို့ ဘာကိစ္စ ငါတို့က ဘာကြောင့် ဒုက္ခခံရမှာလဲ ? ငါ ကန့်ကွက်တယ်... တောင်းပန်ပါတယ် ငါ အရင်က အရမ်းစွဲလမ်းသွားခဲ့မိတယ်"

"ဒါက ဘာလဲ ? သူတို့ အချစ်တွေဆုံးရှုံးနေချိန်မှာ ငါတို့က အသက်တွေဆုံးရှုံးနေရတာမှတ်လား"

"နှိုင်းယှဉ်ကြည့်လိုက်ရင်၊ သရော်ထားတာမှ အပြည့်ပဲ။ မျှော်လင့်ထားသလိုပဲ ချင်ကျောက်နဲ့ကျီဖေးတို့က ငါတို့မျက်နှာအပေါ် ကြီးမားတဲ့လှုပ်ရှားမှုတွေပေးချင်နေတုန်းပဲ။"

"အဲ့ဒါကိုကြည့်ရတာ စိတ်တိုလိုက်တာ။ အရင်ကကြည့်ဖူးခဲ့တဲ့ ဇာတ်လမ်းတွဲတွေက အရမ်းစက်ဆုပ်ရွံရှာဖို့ကောင်းသလိုခံစားလိုက်ရတယ်။ အချစ်အတွက်နဲ့ အပြန်ပြန်အ လှန်လှန်ရောထွေးနေကြတယ်။ မသေနိုင်တဲ့ဟာတွေဆို တြော သူတို့ရဲ့စိတ်တွေက အချစ်ဇာတ်လမ်းတွေနဲ့ပဲပြည့်နေတာလား ? နင်တို့ အချစ်ရှိတယ်ဆိုရင် ဘာလို့မမြတ် နိုးတတ်ရတာလဲ၊ နင်တို့ပတ်ဝန်းကျင်က လူတိုင်းကို ဘာလို့နှိပ်စက်ရမှာလဲ"

အင်တာနက်အသုံးပြုသူအများစုသည် ထို Comment အား သဘောတူကြသည်။ အချိန်ကြာမြင့်စွာ ထုတိဖော်ပြေယချင်သည့် ဆန္ဒရှိသော်ငြား အာရုံစူးစိုက်မှုမရှိခဲ့ကြချေ။

ယခုအခါ ထိပ်တန်း Idol အဖွဲ့သည် ၎င်းတို့အားအခွင့် အရေးပေးလာခဲ့ပြီး ၎င်းတို့သည်လက်ရှိမသေမျိုးအချစ်ဒရာမာဇာတ်လမ်းတွဲများကို အရူးအမူးဝေဖန်ကာ ပျားအုံကဲ့သို့ပေါက်ကွဲခဲ့ကြသည်။

သို့သော် ကန့်ကွက်သည့်လူနည်းစုလည်း ရှိခဲ့သည်။

"ဒါ တီဗီဒရာမာဇာတ်လမ်းတစ်ခုပဲ‌လေ၊ အရမ်းအလေးအနက်ထားစရာမလိုပါဘူး။ အဲဒါကိုကြည့်ရတာ ကြိုက်တဲ့သူတွေရှိတယ်။ မသေမဖိုးအချစ်ကားတွေကြည့်ရတာကြိုက်တယ်။ နင်တို့က မတူဘူးဆိုတာကိုပြချင်လို့ ဝေဖန်‌ နေကြတာလား ??"

"ဘဝက ခက်ခဲတာလုံလောက်နေပြီ၊ ချိုမြိန်တဲ့ မသေမျိုး အချစ်ဇာတ်လမ်းတောင် မကြည့်ရတော့ဘူးလား ? လူတွေကိုတိုက်ခိုက်ဖို့ အငြင်းပွားမှုတွေဖန်တီးတာက တကယ်အဓိပ္ပါယ်မရှိဘူး"

"ထိပ်တန်း Idol အဖွဲ့က ရက်စက်တယ်၊ သူတို့က တခြားသူတွေကို တမင်တကာပစ်မှတ်ထားနေတာ၊ ထိပ်တန်း Idol အဖွဲ့က ဒီ Show မှာအနိုင်ကျင့်နေတာပဲ !"

အင်တာနက်တခွင် တုံ့ပြန်မှုအမျိုးမျိုးရောနှောနေသော် လည်း ၎င်းကိုဘေးဖယ်ပြီး စွမ်းဆောင်ရည်ကိုဆက်ကြည့်ကြပါစို့။

မူလကလူတိုင်းသည် ၎င်းတို့နှစ်ဦးကြားက ဆန့်ကျင် ဘက်အသွင်အပြင်ကို ဆက်လက်ပြသပြီး မသေမျိုးများကိုချစ်မြတ်နိုးပြီး ဘုံသုံးဘုံအားနှောင့်ယှက်ခြင်း၏ အဓိပ္ပါယ်ကို ပရိသတ်ကိုမြင်ခွင့်ရစေမည်ဟုထင်ခဲ့သည်။ သို့သော် မြင်ကွင်းက ရုတ်တရက်ပြောင်းလဲသွားတယ်။

ကျီဖေးသည် လူသားငရဲခန်းမှထွက်လာပြီး နတ်ဘုရားအဆင့်တတ်လျမ်းကာ နတ်ပြည်ရောက်သွားသည်။ အခုစင်မြင့်သည် ကောင်းကင်ဘုံမြင်ကွင်းအား ပုံဖော်ထား သည်။ ချင်ကျောက်သည် ဧကရာဇ်သခင်အဖြစ် သရုပ် ဆောင်ခဲ့ပြီး အရင်ဇာတ်ပို့မင်းသမီးသည် နတ်သမီး အဖြစ်သရုပ်ဆောင်ခဲ့သည်။

...

ယခင်အဖွဲ့သရုပ်ဖော်ပုံနှင့် နီးပါးတူညီသည်။ အမျိုးသမီးဇာတ်ဆောင်၏အသွင်သဏ္ဍာန်ပြောင်းလဲကာ သူမ ပြန် လည်ရှင်သန်လာကာ ၎င်းတို့နှစ်ဦး၏ဒရာမာကိုပြန် လည်စတင်နိုင်ပြီဖြစ်သည်။ ထို့နောက် သူမလွတ်မြောက်လာပြီးလိုက်ရှာတော့သည်။

နတ်ဘုရားမသည် တောထဲသို့ပြေးသွားသဖြင့် ကောင်း ကင်ဧကရာဇ်သည် တောင်ကိုမီးတင်ရှို့ပြီး နတ်သမီးအားနှင်ထုတ်ခဲ့သည်။ နှစ်ယောက်သား ရုန်းကန်တွန်းလှန်ပြီး ပရောပရီပရောပလုပ်ကြသော်လည်း တောင်ပေါ်မီးဒဏ်ကြောင့် အနီးနားရှိ ရွာသူရွာသားများမရေမတွက်နိုင်အောင် သေကြေဒဏ်ရာရသူများကိုမူ ပြန်လှည့်မကြည့်ခဲ့ချေ။

နတ်ဘုရားမသည် ပင်လယ်ထဲသို့လွတ်မြောက်သွားသည်။ ကောင်းကင်မင်းကြီးသည် လှိုင်းလုံးကြီးများကို မြှောက်လိုက်သည်၊ နှစ်ယောက်သား တယောက်ကိုတယောက် နာကျင်စေသော ခံစားချက်များကို ထုတ်ဖော်ပြောကာ ပင်လယ်ထဲအော်ကြသော်လည်း မရေမတွက်နိုင်သော တံငါလှေများ ပင်လယ်ထဲမျိုချလိုက်သည်ကို မတွေ့လိုက်ကြပေ။ ကမ်းရိုးတန်း တံငါရွာများ ခြွင်းချက်မရှိပျက်စီးသွားကြသည်၊ ပင်လယ်သတ္တဝါများပင် ၎င်းတို့၏အားနည်းမှုကြောင့် အကြီးအကျယ်ခံစားခဲ့ရသည်။

နတ်သမီးသည် ဆက်လက်ထွက်ပြေးသွားသည်။ကောင်း ကင်မင်းကြီးသည် ဆက်လက်လိုက်လံနေပြီး ဘုံသုံးဘုံလုံး ဆက်လက်ဒဏ်ခတ်ခံရကာ အချိန်မရွေးနေရာတိုင်းတွင် သေဆုံးမှုများဖြစ်ပေါ်နေသည်။

ဘုံသုံးဘုံအား အမှန်တကယ် ဖျက်ဆီးနိုင်သည့်စွမ်းအားတစ်ခုပေါ်လာတဲ့အထိပင်။

သို့သော်၊ ကောင်းကင်မင်းကြီးသည် ကမ္ဘာမြေကို ကယ် တင်ရန် နတ်ဘုရားမကိုအရှုံးမပေးစေရန် အတင်းအကြပ် အသေသတ်ပစ်ရန်စတင်သောအခါ၊ ၎င်းတို့သည် ကောင်းကင်မင်းကြီး၏လက်၌ အဆက်မပြတ်သေဆုံးနေသော လူတို့၏မြင်ကွင်းများကို လက်တွေ့တွင်ထုတ် ပြလာခဲ့သည်။

"မင်း သေရဲရင် ဒီကမ္ဘာကြီးကို မင်းနဲ့အတူပျက်သုဉ်းစေမယ်" လို့ပင် အော်ပြောလိုက်သေးသည်။

...

စောင့်ဆိုင်းဧရိယာရှိ စွင်းမိုသည်းမခံနိုင်တော့ပေ။ သူရုတ်တရက်မတ်တတ်ထရပ်ပြီး "ဒါရိုက်တာ ဘာမှမလုပ်တော့ဘူးလား။ ဒါ ကျနော်တို့ရဲ့အရငါတင်ဆက်မှုကို ဆိုးဆိုးရွားရွားပုံဖျက်နေတာပဲ"

ယန်ဟုန်သည် စွင်းမို ရှေ့မထွက်သင့်ဟု ခံစားမိသော် လည်း ယခုအချိန်ဆန္ဒပြပွဲတွင် သူ ပါဝင်ရုံသာတတ်နိုင်ခဲ့သည်။

သူတို့နောက်ကွယ်မှာ တစ်ယောက်ယောက်ကထေ့ငေါ့တဲ့ မှတ်ချက်တွေပေးရုံမှတစ်ပါးမနေနိုင်ခဲ့ချေ။

"ဒါပေမယ့် အခုလေးတင် မင်းတို့ဖျော်ဖြေတင်ဆက်မှုမှာ မင်း နတ်ဘုရားမပေါ်လာအောင် လူတွေ အတင်းအကြပ်သတ်ပစ်ဖို့အဆက်မပြတ်ပြောနေခဲ့တာလေ၊ မင်း ဒီဇာတ်ဝင်ခန်းတွေကို သရုပ်ဖော်ဖို့ရှောင်ခဲ့တယ်"

"ဟေး၊ အခု သူတို့ရဲ့ဇာတ်ကြောင်းကို သိပ်ပြီးဂရုမစိုက်ဖို့ အကြံပေးတယ်၊ မဟုတ်ရင် မင်းဇာတ်ကြောင်းက ယုတ္တိမတန်တဲ့ အားနည်းချက်တစ်ခုနဲ့အဆုံးသတ်သွားနိုင်တယ်"

"ဒီမှာ တိုက်ရိုက်ထုတ်လွှင့်မှုကို မမြင်ရပေမယ့် ပရိသတ် တွေက မင်းရဲ့တုံ့ပြန်မှုကိုစောင့်ကြည့်နေကြတယ်။ မင်းလူကြီးလူကောင်းလိုနေ၊ မဟုတ်ရင် မင်းက လူဆိုးဖြစ်သွားလိမ့်မယ်။"

ထိုစကားကို ဝါရင့်သက်ကြီးရွယ်အိုနှစ်ဦးက ပြောလာသဖြင့် စွင်းမိုသည် ချက်ချင်းဒေါသနှင့် နီမြန်းသွားကာ လည်ပင်းများပင်နီရဲလာသည်။ အဆုံးမှာ ယန်ဟုန်သည် သူ့အားထိုင်ခိုင်းလိုက်သည်။

"မိုကော စိတ်မဆိုးနဲ့၊ ခါတိုင်းလုပ်ရိုးလုပ်စဉ်အတိုင်း ပွင့်ပွင့်လင်းလင်းဖျော်ဖြေခဲ့တာပဲလေ၊ နှိုင်းယှဉ်လိုက်ရင် ကျွန်တော်တို့ကို လူကြိုက်နည်းသွားရင်တောင် ကျနော်တို့အပေါ် ထိခိုက်မှုရှိမှာမဟုတ်ဘူး။"

တကယ်တော့...

ယခင်အဖွဲ့၏ဇာတ်ကွက်ကို အခြားရှုထောင့်မှမြင်တွေ့လိုက်ရသကဲ့သို့ ပရိသတ်များအားလုံးအံ့အားသင့်သွားကြသည်။ ၎င်းတို့သည် ဖျော်ဖြေသူများကို ပစ်မှတ်ထားခြင်းမဟုတ်သော်လည်း မသေမျိုးအချစ်ဒရာမာဇာတ် လမ်းတွဲများ၏ တစ်သမတ်တည်းဖြစ်သော အရှိန်အဟုန်ကြောင့် ထိတ်လန့်သွားကြသည်။

ထိုလွှမ်းမိုးချုပ်ကိုင်မှုနှင့် အစွဲအလမ်းကြီးသော ချစ်ခြင်း ၏နောက်ကွယ်တွင် သွေးထွက်သံယိုမှုများစွာထွက်ပေါ်နေသည်။

အွန်လိုင်းထက် ဝေဖန်သံတွေပိုကျယ်လာကြသည်။

"မင်းတို့ အတူတူနေချင်ရင် အတူတူနေလိုက်‌လေ။ ကွဲချင်ရင် လမ်းခွဲလိုက်။ မင်းတို့နှစ်ယောက်က အပြစ်ကင်းတဲ့လူတွေကို ဘယ်လိုဆက်ဆံရမလဲဆိုတာပဲသိတယ်။ ကမ္ဘာကြီးမှာရှိတဲ့လူတွေက နင်တို့ဇာတ်လမ်းရဲ့တစ်စိတ်တစ်ပိုင်းပဲလား ?"

"မင်းတို့ကိုစော်ကားဖို့ လူသားတွေကဘာလုပ်ခဲ့လို့လဲ ? ငါတို့က မင်းတို့ကို သိနေလို့လား။ မင်းတို့ရဲ့ အချစ်အ တွက် ငါတို့က ဘာလို့သေပေးရမှာလဲ"

"ကံမကောင်းလိုက်တာ၊ အရမ်း ကံဆိုးတာပဲ၊ နင်တို့နဲ့အတူတူ ငါတို့ကိုပါ ‌သေစေချင်နေသေးတယ်၊ ဘယ်သူက နင့်ကို အာဏာပေးထားလို့လဲ။ အဲဒီ အရူးနှစ်ယောက်ကို ဘယ်သူကလာထိန်းမှာလဲ"

အင်တာနက်အသုံးပြုသူအများစုသည် ထိုနှိုးဆွသောအချစ်အား မမြင်နိုင်တော့ဘဲ ဒေါသများသာကျန်ရှိတော့သည်။

စင်မြင့်ပေါ်ထက် ဆင်လက်ဖျော်ဖြေနေတဲပင်

...

ကောင်းကင်ဧကရာဇ်သည် နတ်ဆိုးသခင်အားသတ်ခါနီးအချိန်တွင် နတ်ဘုရားမသည် သူ့ကိုတားရန်ပေါ်လာသည်။ လူတိုင်း၏ဆွဲဆောင်မှုအောက်တွင် သူမသည် ကောင်းကင်မင်းကြီးအား သတ်ရန်ပြင်ဆင်ခဲ့သော်လည်း ၎င်းကိုမပြုလုပ်နိုင်ခဲ့ပေ။ ကောင်းကင်ဧကရာဇ်အား ပွေ့ဖက်ပြီးငိုကြွေးလိုက်သည်။။

ကြည့်ရှုသူတိုင်းသည် ဒေါသထပ်ထွက်လာကြသည်။ နောက်ထပ်စိတ်လှုပ်ရှားစရာ အချစ်ဇာတ်လမ်းထပ်မြင်ရတော့မည်ဟုတွေးထားကြသည်။

ထိုအချိန် စင်မြင့်အစွန်းတွင်ငြိမ်သက်နေသော ကျီဖေး သည် ရုတ်တရက်ပြေးထွက်ကာ ကောင်းကင်ဧကရာဇ်အား ဓားနှင့်ထိုးလိုက်သည်။

အားလုံးက ကျီဖေးအား ထိတ်လန့်စွာကြည့်လိုက်ကြသည်။

နတ်ဘုရားမသည် ပြိုလဲကျလာသော ကောင်းကင်ဧကရာဇ်အား အံ့အားသင့်စွာပွေ့ဖက်ထားလိုက်သည်။

"ဘယ်သူလဲ...မင်းက ဘယ်သူလဲ ?"

"ငါက နင်တို့ရဲ့လုပ်ရက်‌ကြောင့် မ‌ေရမတွက်နိုင်အောင်အသက်ဆုံးရှုံးခဲ့ရတဲ့ အပြစ်မဲ့တဲ့ဝိညာဉ်ပဲ!"

...

ကြည့်ရှုနေကြသည့် ပရိသတ်များငေးငိုင်သွားကြသည်။

All Chapters