ရွှီဖန်း၏ စမ်းသပ်မှု
Vol. 10 Ch. 150
ချိုးဆုအာသည်လည်း စာရင်းစစ်နေတာ ပြီးနေလေပြီ။ ရွှီဖန်းက သူ့နောက်လိုက်လာဖို့ ပြောသည့်အခါ သူမလည်း သိချင်တာကြောင့် လိုက်သွားခဲ့သည်။
မကြာခင်မှာပင် ရွှီဖန်းသည် Bidens bipinnataများကို ယူ၍ ကြက်ခြံသို့ ပြန်ရောက်လာသည်။ ထို့နောက် ထာဝရရှင်သန်ခြင်းမြက်များကို စားသုံးနေသည့် ကြက်များဆီသို့ ရွှီဖန်း လျှောက်သွားလိုက်သည်။
"ရွှီဖန်း ကြက်တွေကိုအစာကျွေးဖို့ ပြင်နေတာလား"
ချိုးဆုအာသည် Bidens bipinnataများ၏ ဈေးကွက်ကို သိထားပေသည်။ ကြက်များကို ထိုအရာများ ကျွေးခြင်းက အလွန်ဖြုန်းတီးရာကျ၏။ ရွှီဖန်းကတော့ ခေါင်းညိတ်ကာ သူမ၏မေးခွန်းကို အတည်ပြုပေးလာသည်။
ဤကြက်များက Bidens bipinnataကို စားပြီးနောက် တစ်ခုခု ပြောင်းလဲမလားဆိုတာကို ရွှီဖန်း သိချင်
နေ၏။ ထို့နောက် Bidens bipinnata လက်တစ်ဆုပ်စာကို ကြက်များရှေ့တွင် ကျဲချလိုက်သည်။
သို့သော် ထိုကြက်များသည် ထာဝရရှင်သန်ခြင်းမြက်အပေါ်မှာသာ အာရုံစိုက်ထားပြီး Bidens bipinnataအပင်များကို လုံးလုံး လျစ်လျူရှုထားကြသည်။ ချိုးဆုအာသည် မရယ်ဘဲ မနေနိုင်ခဲ့ပေ။
"ရွှီဖန်း အလုပ်မဖြစ်တာ မြင်ပြီမလား၊ လျှောက်မလုပ်နဲ့တော့"
ချိုးဆုအာ၏ အမြင်မှာတော့ ရွှီဖန်းက ကြက်တွေကိုပါ လိုက်ရှုပ်နေသည့်အလားပင်။ Bidens bipinnataကို အစားအသောက်ဖြင့် ရောင်းနိုင်သည်ကပင် လွန်စွာ အကျိုးရှိနေလေပြီ။
"မျှော်လင့်ထားတဲ့အတိုင်း အဆင်မပြေဘူးပဲ"
ချိုးဆုအာ မသိသော အရာမှာ ရွှီဖန်းသည် ထိုရလဒ်ကို ကြိုတင် ခန့်မှန်းထားခဲ့ပြီးပြီဖြစ်သည်။ နောက်ဆုံးမှာ Bidens bipinnataက သာမန်အပင်ပဲ ဖြစ်ရာ ကောင်းကင်ဘုံမှ လာသည့် မြက်များနှင့်ယှဥ်ပါက ကြက်တွေ စိတ်မဝင်စားကြတာ ပုံမှန်ပင်။
သာမန် Bidens bipinnataက ကြက်တွေကို စိတ်မဝင်စားစေသော်ငြား ကောင်းကင်ဘုံ မြေသြဇာနှင့် စိုက်ပျိုးထားသည့် Bidens bipinnataသာဆို
လျှင်တော့ တစ်ခုခု ပြောင်းလဲနိုင်လိမ့်မည်ပင်။
ဒါဆို တွေးရင်းဖြင့် Bidens bipinnata ကိုပိုက်ကာ ကြက်ခြံမှ သူပြေးထွက်လာခဲ့သည်။ ချိုးဆုအာသည် အနောက်မှ လိုက်ချင်သော်ငြား ရွှီဖန်းက လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။
ချိုးဆုအာသည် သူမ၏ ခေါင်းကို ကူကယ်ရာမဲ့စွာ ခါယမ်းမိသည်။
"အဓိပ္ပာယ်မရှိတာကို"
ရွှီဖန်းသည် အရူးတစ်ယောက်လို ပြေးလွှားလာကာ ရွာအစွန်ဘက်ရှိ လွင်တီးခေါင်သို့ ရောက်လာသည်။ ဤမြေကွက်နှင့် သူစာချုပ်ချုပ်ထားပြီးလေပြီ။ လွန်ခဲ့သော ရက်အနည်းငယ်က ကောက်ပဲသီးနှံများကို သူစိုက်ပျိုးခဲ့ရာမှ ကျန်သည့်ပေါက်ပြားကို ယူ၍ Bidens bipinnataများကို ကောင်းကင်ဘုံမြေသြဇာဖြင့် စိုက်ပျိုးခဲ့သည်။ မကြာခင်မှာပင် အားလုံး စိုက်ပျိုး၍ ပြီးသွားခဲ့သည်။
ယုတ္တိရှိရှိပြောရလျှင်တော့ ဤ Bidens bipinnata အပင်များသည် အချိန်အတော်ကြာ မြေဆီလွှာနှင့် ကင်းကွာပြီးနောက်မှာ ပြန်လည် ရှင်သန်နိုင်မည် မဟုတ်ချေ။
သို့သော် ကောင်းကင်ဘုံမြေသြဇာကြောင့် ညွတ်ကျနေသည့် Bidens bipinnataအပင်များသည် ပြန်လည်ထောင်မတ်လာကြသည်။ ဖြည်းညှင်းစွာ ကြီးထွားလာနေသည့် Bidens bipinnataအပင်များကို ကြည့်ရင်း ရွှီဖန်း မပြုံးဘဲ မနေနိုင်တော့ချေ။ Bidens bipinnataအပင်များသည် မျိုးပွားရန် လွယ်ကူသော မျိုးစိတ်ဖြစ်ပြီး ကြီးထွားရန်လည်း အချိန်သိပ်မယူပေ။ ရက်အနည်းငယ်အတွင်း Bidens bipinnataအပင်များကို ရိတ်သိမ်းနိုင်မည်ဖြစ်ရာ ထပ်စမ်းသပ်နိုင်မည် ဖြစ်သည်။
ထာဝရရှင်သန်ခြင်းမြက်များက ကြက်များ၏ အသားအရည်အသွေးကို တိုးမြှင့်ပေးနိုင်သည့် အကြောင်းအရင်းမှာ အထဲတွင်ရှိသော မသေမျိုးစွမ်းအင်များကြောင့် ဖြစ်သည်။ တစ်ကယ်တော့ ထိုမြက်များသည် စိုက်ပျိုးရာ၌ မအောင်မြင်သော အပင်များဖြစ်ရာ အကျိုးသက်ရောက်မှု အနည်းငယ်ပဲ ရှိသည်ဟု ဆိုရပေမည်။ မသေမျိုးစွမ်းအင်များပါဝင်သည့် Bidens bipinnataအပင်များကိုသာ အစားထိုးကျွေးနိုင်ခဲ့ပါလျှင် ကြက်များအပေါ် အကျိုးသက်ရောက်မှုက ပိုပြင်းထန်လောက်သည်။
ကြက်များ၏ အရည်အသွေးကို ပြောင်းလဲပေးနိုင်ရုံသာမကဘဲ တခြားမွေးမြူရေးတိရိစ္ဆာန်များကိုပါ စတင်မွေးနိုင်လိမ့်မည်"
ငါးမွေးမြူခြင်းက အဆင်အပြေဆုံးဖြစ်မည်ဟု ရွှီဖန်း ခံစားရသည်။ ရေကန်ထဲသို့ Bidens bipinnataများကို နေ့တိုင်း ကျဲချကျွေးနေသ၍ ငါးစာပြဿနာလည်း ကင်းဝေးသွားလိမ့်မည်။
သူ၏ Bidens bipinnata စမ်းသပ်မှုသာ အောင်မြင်ပါက ထိုအရာအားလုံး ဖြစ်နိုင်ပေသည်။ ထိုအချိန် ဟွားမန်ရှင်းဟိုတယ်၌ ပရောဂျက်များစွာ လုပ်ဆောင်နိုင်လိမ့်မည်။
လက်ရှိအချိန်တွင် Bidens bipinnataအပင်များ စိုက်ပြီးပြီဖြစ်၍ သူတို့ ကြီးထွားပြီးသည်ကိုသာ စောင့်ရန် လိုအပ်ပေသည်။
ရက်အနည်းငယ်ကြာပြီးနောက်မှာ Bidens bipinnataအပင်များသည် ကောင်းကင်ဘုံမြေသြဇာ၏ အကူအညီဖြင့် ကောင်းစွာ ကြီးထွားလာကြသည်။
စမ်းသပ်မှု ချောမွေ့စေရန်အတွက် ရွှီဖန်းသည် တချို့သော အရာများကို ကြိုတင်ပြင်ဆင်ထားခဲ့သည်။ ကြက်အနည်းငယ်၊ ဘဲအနည်းငယ်နှင့် ငါးတချို့ပင်။ ထိုအမျိုးအစားသုံးမျိုးကို အစားကျွေးရန်အတွက် လက်ရှိ Bidens bipinnataကို အသုံးပြုမည်ဖြစ်သည်။ အကယ်၍ ထိုသုံးမျိုး၏ အရသာများ ပြောင်းလဲသွားပါက ကောင်းကင်ဘုံမြေသြဇာဖြင့် စိုက်ပျိုးထားသော Bidens bipinnataများသည် တိရိစ္ဆာန်များ၏ အသားအရည်အသွေးကို ပြောင်းလဲစေနိုင်ကြောင်း အတည်ပြုပြီးသား ဖြစ်ပေလိမ့်မည်။
လာမည့်ရက်အတွင်း၌ ရွှီဖန်းသည် သူမွေးမြူထားသည့် ငါးများကို သေချာအာရုံစိုက်၍ ကျွေးမွေးခဲ့သည်။ ပေါက်ရောက်သည့် မြေအနေအထားချင်း ကွာခြားတာကြောင့် Bidens bipinnata၏ အကျိုးသက်ရောက်မှုက ပြင်းထန်ပေသည်။ ရွှီဖန်းက Bidens bipinnataအပင်များကို အမှုန့်ကျိတ်ပြီး ဖြန့်ကျဲလိုက်သည်နှင့် ငါးများက လုစားကုန်ကြသည်မှာ Bidens bipinnataက သူတို့အတွက် ဘယ်လောက်ထိ ဆွဲဆောင်မှုအား ပြင်းလဲဆိုတာ သိနိုင်ပေသည်။
ဒါ့အပြင် ခုနစ်လေးတို့ကပါ Bidens bipinnata ကို စိတ်ဝင်စားနေသည့်ပုံပင်။ ဘဲများဆီက လုစားရန် ပြင်ခဲ့သော်လည်း ရွှီဖန်းဆီမှ ကန်ထုတ်တာ ခံခဲ့ရသည်။ သူတို့၏ သနားစရာကောင်းသော အူသံကြောင့် ရွှီဖန်း မျက်လုံးလှိမ့်လိုက်မိသည်။
"မင်းတို့ စားရင် အသားအဖြစ်စားခံရမှာနော်၊ စမ်းစားချင်သေးလား"
"ဝူး ဝူး"
သူတို့သည် ကောင်းကင်နတ်ခွေး၏ မျိုးဆက်များဖြစ်တာကြောင့် ရွှီဖန်း၏ ပြောစကားကို နားလည်ပေသည်။ သူတို့က Bidens bipinnataများကို ကြည့်တောင် မကြည့်ရဲကြတော့ပေ။
ဟာသပဲ! စားရင် သေရမှာလေ...ငါတို့က ဉာဏ်ကောင်းတဲ့ခွေးတွေပါနော်။
ရွှီဖန်းသည် လေးငါးရက်လောက်အထိ တိရိစ္ဆာန်များကိုအစာကျွေးနေခဲ့သည်။
ထာဝရရှင်သန်ခြင်းမြက်များကို ကြက်များအား ကျွေးခဲ့ဖူးသည့် အတွေ့အကြုံအရ သူ ဒီရက်ပိုင်း Bidens bipinnataများကို ကျွေးထားခဲ့သည့် တိရိစ္ဆာန်များ၏ အသားအရည်အသွေးမှာလည်း ပြောင်းလဲနေလောက်ပြီ ဖြစ်သည်။
ထိုစမ်းသပ်ထားသည့်အရာများကို ယူဆောင်ကာ ဟွားမန်ရှင်းဟိုတယ်သို့ သူမောင်းလာခဲ့သည်။ ထို့ကြောင့် ရွှီဖန်းသည် လူအများ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။
ကြက်၊ ဘဲနှင့် ငါးတွေကို သယ်ဆောင်လာသော လယ်သမားက Land Roverပေါ်မှာ ဆင်းလာသည့် မြင်ကွင်းက မလှည့်ကြည့်ဘဲ မနေနိုင်အောင် ထူးဆန်းလှပေသည်။ ပိုပြီးအရေးကြီးသည်က ရွှီဖန်းသည် ထိုကြက်ဘဲငါးတွေကို ပိုက်ကာ စားသောက်ဆိုင်ထဲ ဝင်သွားခြင်းပင်။
"ဖာခ့်! ကိုယ်ပိုင်ဝိုင်လေးပါ သယ်လာရင် ပိုကောင်းကွာ၊ ဒီကောင်လေး အံ့သြစရာပဲ"
ရက်အနည်းငယ်ကြာပြီဖြစ်ရာ ဟွားမန်ရှင်း၏ လုပ်ငန်းများလည်း ယခင်လို ရေပန်းစားလာခဲ့သည်။ ဖောက်
သည့်များက သူ့အား ထူးဆန်းသည့်အကြည့်များဖြင့် ကြည့်နေသည်ကို သူစိတ်မဝင်စားချေ။ ဧည့်မန်နေဂျာကို လက်ပြပြီးနောက် ဧည့်မန်နေဂျာသည် ရွှီဖန်းအနားကို ရောက်လာလေသည်။
ကြက်ဘဲငါးတွေကို ပိုက်ထားသည့် ရွှီဖန်းကို မြင်သည့်အခါ ဧည့်မန်နေဂျာမှာ ရယ်ရခက် ငိုရခက်ပင်။
"သူဌေးရွှီ ဆိုင်မှာ ဒါတွေ ရှိပြီသားလေ"
ရွှီဖန်း ပြုံးလိုက်ကာ
"ဒါက မတူဘူး၊ အခု ယူလာပေးတာက ပိုစားကောင်းတယ်၊ အစ်မလန်ရော ဘယ်မှာလဲ"
"သူဌေးဖေးက ဒီမှာ ညစာစားဖို့ ရောက်နေပါတယ်၊ သူက သူဌေးချင်းနဲ့ ညစာအတူစားပြီး ဟွားမန်ရှင်းဆိုင်ခွဲအကြောင်း ဆွေးနွေးနေပါတယ်"
ရွှီဖန်းထောက်ပံ့ထားသော ပါဝင်ပစ္စည်းများကြောင့် ဟွားမန်ရှင်း၏ စီးပွားရေးက ပို၍ တိုးတက်လာခဲ့သည်။ ဒါကြောင့် သူတို့ဆွေးနွေးကာ ဆိုင်ခွဲဖွင့်ရန် ပြင်ဆင်နေကြသည်။ ဧည့်မန်နေဂျာက အခန်းကို ညွှန်ပြလာတာကြောင့် ရွှီဖန်းခေါင်းညိတ်လိုက်ကာ ကြက်ဘဲငါးတို့ကို သူမလက်ထဲ ပြောင်းထည့်
ပေးလိုက်သည်။
"ကောင်းပြီ၊ ဒါဆို စားဖိုဆောင်က မာစတာဝမ်ဆီပို့ပြီး ဟင်းပွဲလုပ်ပေးဖို့ သွားပြောပေးပါဦး"
"ဟုတ်ပါပြီ သူဌေးရွှီ၊ အထဲဝင်ပြီး သူဌေးချင်းနဲ့ သွားတွေ့လိုက်ပါ"
ရွှီဖန်း ခေါင်းညိတ်လိုက်ကာ သီးသန့်ခန်းသို့ လျှောက်သွားလိုက်သည်။ တံခါးခေါက်ပြီး၍ အထဲက ဝင်ခဲ့ရန် အသံပြုတော့မှ ရွှီဖန်း ဝင်သွားခဲ့သည်။ ထိုအချိန်မှသာ အထဲမှာ ရှိနေသော လူများသည် ချင်းလန်နှင့် ဟုန်ဖေးသာ မဟုတ်မှန်း သူ သိလိုက်ရသည်။
*******************