← Chapters

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ

Vol. 10 Ch. 139

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ

Vol. 10 Ch. 139

ငါးကင်ကို ယူပြီးနောက် ရှောင်းချောင်သည် ရွှီဖန်းအား ကျေးဇူးစကား ဆိုလေသည်။ 

ဘာရယ်မဟုတ်သော်ငြား ရှောင်းချောင်သည် အတွေးတစ်ခု တွေးမိသည်။ ရွှီဖန်းသာ သူမ၏ ရန်သူမဟုတ်လျှင် ဘယ်လောက်တောင် ကောင်းလိမ့်မည်နည်း။

လက်ထဲမှာရှိသည့် ငါးကို ချက်ချင်းစားမိလောက်အောင် သူမ ဆာလောင်နေခဲ့သော်ငြား ထိုအကြောင်းတွေးမိသည့်အခါ ရုတ်တရက်ပင် စားချင်စိတ် ပျောက်ဆုံးသွားတော့သည်။

"ရွှီဖန်း မနက်ဖြန်နေ့လည် ငါတို့ ဒီကျွန်းက ထွက်သွားလို့ရပြီ"

မနက်ဖြန်နေ့လည်က ရှယန်ယွိတစ်ယောက် စစ်တပ်နှင့် စာချုပ်ဆွေးနွေးရမည့်အချိန်ဖြစ်သည်။ ထိုအချိန်၌ စစ်တပ်က လိုချင်သည့် ကုသဆေးမျိုးကို ရှယန်ယွိဘက်မှ မထုတ်လုပ်နိုင်ခဲ့ပါက စစ်တပ်နှင့် ရှ ကြားမှ စာချုပ်က ပြီးဆုံးသွားပေလိမ့်မည်။

ထိုအချိန် သူမအစ်ကိုကြီး၏ လက်အောက်ငယ်သားများက အခွင့်ကောင်းယူ၍ စစ်တပ်ထံသို့ ကုသဆေးများကို ပို့ဆောင်ကာ စာချုပ်ချုပ်နိုင်လိမ့်မည်။

ဘာပဲဖြစ်ဖြစ် နေ့လည်ခင်းဆိုရင်ပဲ ဒီအစီအစဥ်က အောင်မြင်ပြီးနေလေပြီ။ ထိုအချိန် သူမ၏လူများက ရွက်လှေဖြင့် သူတို့နှစ်ယောက်ကို ချန်ဟိုင်းသို့ ပြန်ပို့ပေးလိမ့်မည်။ 

ရုတ်တရက်ပင် ရှောင်းချောင်မှာ စိတ်ရှုပ်ထွေးသွားရသည်။ ငါးကင်စားနေသည့် ရွှီဖန်းကို မြင်တော့ သူမ မေးလိုက်သည်။

"ရွှီဖန်း ဘာလို့ အလျင်မလိုသလို ဖြစ်နေတာလဲ"

ရွှီဖန်းက ပုခုံးတွန့်၍ အပြစ်ကင်းစင်စွာ ပြန်ဖြေလာသည်။

"မင်းက ငါ့လမ်းကြောင်းတွေ အကုန်လုံးကို ပိတ်ထားပြီးပြီပဲ၊ ငါ အလျင်လိုလို၊ မလိုလို ဘာမှပြောင်းလဲနိုင်တာ မရှိဘူး ဟုတ်တယ်မလား"

"ဒါ့အပြင် ဒီကျွန်းမှာ နေရတဲ့အချိန်တွေမှာလည်း ငါ ပျော်ပျော်ကြီး နေခဲ့ရတယ်လေ၊ ဟုတ်တယ်မလား"

ရွှီဖန်း၏ သဘောထားက လွတ်လပ်ပြီး ပေါ့ပေါ့ပါးပါးရှိလှသည်။ ရှောင်းချောင်ကတော့ မျက်လုံးလှိမ့်လေသည်။ သူမ၏ အကြံအစည်များက စေ့စပ်တာကြောင့် မည်သည့်လှည့်ကွက်ကိုမှ ခန့်မှန်းနိုင်မည်မဟုတ်ဟု သူမ တွေးထားခဲ့သည်။

နှစ်ယောက်လုံးစားပြီးသည်နှင့် မြက်ခြောက်ပေါ်တွင် အနားယူရန် ပြင်လိုက်ကြသည်။ နှစ်ယောက်စလုံးက ဘာစကားမှမပြောဘဲ ကျောခိုင်းကာ နေ၊နေကြသည်။ လေထုကတော့ သိပ်အဆင်မပြေလှချေ။ 

ရှောင်းချောင်သည် ဘာကြောင့်မှန်း မသိသော်ငြား မနက်ဖြန် ကျွန်းမှ ထွက်ခွာရတော့မည့်အကြောင်း တွေးမိတိုင်း သူမ အနည်းငယ် တွန့်ဆုတ်နေခဲ့သည်။ တစ်ကယ်တော့ ဤကျွန်း၌ သူမ၏ နှမြောမှုနှင့် ထိုက်တန်သည့်အရာမရှိသေးပေ။ ဆိုလိုသည်မှာ သူမ၏စိတ်ထဲ၌ တွန့်ဆုတ်နေခြင်းသည် အနောက်မှ လူကြောင့်ပင်။

မီးပုံ၏ အလင်းရောင်အောက်၌ ရှောင်းချောင်သည် မထိန်းနိုင်ဘဲ မျက်နှာနီရဲနေခဲ့၏။ အရင်က ရွှီဖန်း သူမကို ပြောခဲ့သည့် 'အရှက်မရှိ ဤကျွန်းမှာပဲ အတူနေသွားကြမယ်'ဟူသည့် စကားကို ပြန်တွေးရင်း သူမမျက်နှာက ပိုနီရဲလာသည်။ ထို့နောက် သူမ မှိန်းနေရင်း အိပ်ပျော်သွားခဲ့သည်။ 

မကြာလိုက်ပေ၊ နောက်တစ်နေ့သို့ ရောက်ရှိလာခဲ့သည်။ နေ့လည်ခင်းရောက်သည့်အခါ သူတို့နှစ်

ယောက်စလုံး ကမ်းနားက သင်္ဘောကျင်းကို သွားလိုက်သည်။ ရွက်လှေရောက်လာသည်နှင့် ဤကိစ္စများအားလုံး ပြီးဆုံးသွားတော့မည်။ ထိုအချိန်ကျ သူမနှင့် ရွှီဖန်းကြား နောက်ထပ်ဆက်ဆံရေးရှိလာတော့မည် မဟုတ်ချေ။

ရှောင်းချောင် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ သူမ၏ခံစားချက်တွေကပဲ လေးလံနေလို့လား ဒါမှမဟုတ် ထွက်ခွာရန် တွန့်ဆုတ်နေသည်လားရမသိပေ။ သူမ ရွှီဖန်းကို တစ်ချက်ကြည့်လိုက်မိသော်လည်း အဆုံးတွင် သူမဘက်မှ ဘာမှမပြောနိုင်ခဲ့ချေ။

ဝူး!

ထိုအချိန် ပင်လယ်ရေမျက်နှာပြင်ပေါ်၌ ရွက်လှေ တစ်စင်းပေါ်လာသည်။ ကြည့်လိုက်သည်နှင့် သူတို့နှစ်ယောက်အား ဤကျွန်းသို့ ပို့ပေးခဲ့သည့် ရွက်လှေနှင့် တူပေသည်။

ရှောင်းချောင် ပြုံးလိုက်မိသည်။ နောက်ဆုံးတော့ ပြီးသွားတော့မည်။ လွန်ခဲ့သည့် ရက်တွေ၌ သူမ ရွှီဖန်းနှင့်အတူ ကျွန်းမှာ ပိတ်နေခဲ့သည်။ ရွှီဖန်း၏ အကူအညီမပါဘဲ သူမ ဘယ်လိုမှ တောတွင်းကိစ္စကို ကိုင်တွယ်လို့မရပေ။

အဆုံးမှာ ရွှီဖန်းလည်း အချိန်တိုတိုလေးဖြင့် ကုသဆေး ဖော်စပ်နိုင်မည် မဟုတ်ချေ။

ခဏကြာတော့ ရွက်လှေက ဆိပ်ကမ်းမှာ ရပ်သွားလေသည်။ နှစ်ယောက်စလုံး လှေပေါ်သို့ အမြန်ပြေးတက်လိုက်ကြသည်။ ဤနေရာမှာ အချိန်အတော်ကြာ နေထိုင်ခဲ့ရတာကြောင့် သူတို့ နှစ်ယောက်စလုံး အသက်ဆက်မရှူနိုင်အောင် ဖြစ်စေသည်။

ကိုယ်လက်သန့်စင်ပြီးနောက် ရှောင်းချောင်သည် သူ့လက်အောက်ငယ်သားများကို ဖုန်းခေါ်လိုက်သည်။ စစ်တပ်နှင့် သဘောတူညီချက် လုပ်ပြီးပြီလားဆိုတာ သူမ မေးချင်နေသည်။ အလွန်လျင်မြန်စွာပင် ဖုန်းခေါ်ဆိုမှုက ချိတ်ဆက်သွားသည်။ 

"ဟယ်လို ဘယ်လိုလဲ၊ အစ်ကိုကြီးတို့ဘက်က ပြေလည်သွားပြီလား"

"အာ...မစ္စ"

တစ်ဖက်၏ အသံက အနည်းငယ် စိတ်ပျက်နေသည့်ပုံပင်။ ရှောင်းချောင်သည်လည်း တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသည်။ သူမမျက်နှာက မည်းမှောင်သွားရကာ...

"တိကျတဲ့အဖြေ ငါလိုချင်တယ်၊ ဖုံးကွယ်ဖို့ မကြိုးစားနဲ့"

"ဟုတ်ကဲ့ မစ္စ"

ရှောင်းချောင်၏ ကိုယ်ရည်ကိုယ်သွေးကို အလွန်ရင်းနှီးတာကြောင့် ဖုံးကွယ်ထားရန် မဝံ့ရဲပေ။ ဒါကြောင့် အမြန် ရှင်းပြလာသည်။

"မစ္စ ဒီလိုပါ၊ အကြီးဆုံး သခင်လေးက ရှယန်ယွိတို့ ဆေးမပေးနိုင်လို့ ထွက်လာတာနဲ့ နောက်ကနေ စာချုပ်ချုပ်နိုင်ဖို့ စီစဥ်ထားခဲ့တယ်"

"အဆင်ပြေနေတာပဲမလား၊ မင်းက ဘာလို့ ပြောဖို့ တုံ့ဆိုင်းနေတာလဲ"

ရှောင်းချောင်က မကျေမနပ်ဖြစ်နေသည့် အသံဖြင့်မေးလာသည်။ သူပြောနေသည့်အစီအစဥ်က သူတို့လုပ်ရန် သူမပြောထားခဲ့သည့် အစီအစဥ်ပင်။ ယုတ္တိရှိရှိဆိုရလျှင် သူတို့၏အစီအစဥ်က အောင်မြင်သင့်ပေသည်။ 

"ဟုတ်ပါတယ် မစ္စ၊ ဒါပေမယ့် ပြဿနာက ကျွန်တော်တို့ဘက်က အကြာကြီးစောင့်နေပေမယ့် ရှယန်ယွိတို့ဘက်က ပြန်မထွက်လာဘူး"

ဖုန်းတစ်ဖက်မှ သူမ လက်အောက်ငယ်သား၏ ညည်းညူးသံကိုကြားသည့်အခါ ရှောင်းချောင်၏ မျက်နှာပေါ်၌ အံ့သြမှုများပေါ်လာသည်။

"ဘာ! မဖြစ်နိုင်တာ!"

"မစ္စ ကျွန်တော်တို့လည်း မဖြစ်နိုင်ဘူး ထင်ခဲ့တာပဲ၊ ယုတ္တိရှိရှိပြောရရင် စစ်တပ်က ရှယန်ယွိကို အချိန်

အများကြီးပေးထားခဲ့တာ၊ သူမသာ သူတို့ရဲ့လိုအပ်

ချက်အတိုင်း ကုသဆေးမပေးနိုင်ဘူးဆိုရင် စစ်တပ်က သူတို့ကို သုံးတော့မှာ မဟုတ်ဘူး"

"နောက်တော့ စစ်တပ်က ရှယန်ယွိနဲ့အတူ ထွက်လာကြတယ်၊ ဒါ့အပြင် စစ်ဗိုလ်ချုပ်ရဲ့ အမူအရာကို ကြည့်လိုက်တော့ သူက ရှယန်ယွိရဲ့ဆေးဝါးနဲ့ပတ်သက်ပြီး စိတ်ကျေနပ်နေတဲ့ပုံပဲ"

"မဖြစ်နိုင်ဘူး!"

ရှောင်းချောင်သည် ထပ်ပြီး နားမထောင်နိုင်တော့ချေ။ သူမ ဖုန်းကိုချကာ ခေါင်းကိုခါယမ်းရင်း အမှန်တရားကို လက်မခံနိုင်ခဲ့ပေ။

ရွှီဖန်းက သူမအနားမှာသာ ရှိနေခဲ့တာဖြစ်သည်။ ဘယ်လိုလုပ် ရှယန်ယွိက စစ်တပ်အတွက် ကုသဆေးကို ပေးနိုင်စွမ်း ရှိမည်နည်း။

"သူပဲ ဖြစ်ရမယ်!"

ရှောင်းချောင် ဘယ်လောက်ပဲတွေးတွေး ရှယန်ယွိအတွက် ကစားပွဲကို ပြောင်းပြန်လှန်ပေးနိုင်မည့်လူဆိုလို့ တစ်ယောက်တည်းသာ ရှိသည်။

ရွှီဖန်းပင်။

"ခွေးကောင်"

ရွက်လှေပေါ်မှ ထိုလူ့ဆီ မသွားခင် ရှောင်းချောင်သည် အံကြိတ်၍ ဆဲဆိုနေခဲ့သည်။

ရွှီဖန်း၏ အခန်းထဲဝင်လိုက်ပြီးနောက် ရေချိုးသန့်စင်ခန်းမှ ရေကျသံကိုပင် ဂရုမစိုက်ဘဲ တံခါးကို ကန်ဖွင့်လိုက်သည်။

"လူယုတ်မာ!"

ရှောင်းချောင် အမြန်ဝင်လာသည့်အချိန် ရွှီဖန်းက ပျော်ရွှင်စွာဖြင့် ရေချိုးနေခဲ့တာဖြစ်သည်။ ရွှီဖန်းထိတ်လန့်သွားကာ မျက်နှာသုတ်ပုဝါကိုယူ၍ သူ့ရဲ့ အရေးအကြီးဆုံးအရာအား ဖုံးထားလိုက်ရသည်။

"ရှောင်းချောင် ငါ မင်းကို သတိပေးထားမယ်၊ ကမ်းနားကို ရောက်တော့မှာဖြစ်လို့ ငါ့ကို အခွင့်ကောင်းယူဖို့ မစဥ်းစားနဲ့  ငါ ရဲခေါ်လိုက်မှာ!"

"..............."

ရွှီဖန်းက သူ့ခန္ဓာကိုယ်ကို လက်ဖြင့် အုပ်ထားသည့်ပုံမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမည်ကို သတိထားနေသည့်အလားပင်။ ဒါကို မြင်သည့်အခါ ရှောင်းချောင်၏ နဖူးက တွန့်သွားတော့သည်။

ဒီကောင့် စိတ်ကူးတွေက မများလွန်းဘူးလား။

"ရွှီဖန်း မင်း ဘာလုပ်လိုက်တာလဲ"

ရှောင်းချောင်က ရွှီဖန်းကို ပြင်းထန်စွာ စိုက်ကြည့်

နေသည်။ ရွှီဖန်း၏ဝင်ပါကြောင့် သူမကြံစည်ထားခဲ့သော ထောင်ချောက်သည် ကျရှုံးသွားခဲ့သည်။ ရွှီဖန်းကိုသာ သူမအနိုင်ယူပြီး မရိုက်ချနိုင်လျှင် သူမအတွက် သေချင်စော်နံရပေလိမ့်မည်။

ရွှီဖန်း၏ ခေါင်းကတော့ မြူများပြည့်နေသလို ဘာမှနားမလည်ပေ။ ဒီမိန်းမက ကျွန်းမှာ အဖျားတက်ပြီး ဘေးထွက်ဆိုးကျိုးကျန်နေတာလား။

သူရေချိုးနေတုန်း ရုတ်တရက်ရောက်ချလာပြီး 'ဘာလုပ်လိုက်တာလဲ' ဟု လာမေးနေသည်။ 

သူ အခု ဘာလုပ်နေတာလဲဆိုတာ မမြင်ဘူးလား။

"ရှောင်းချောင် ဘာတွေပြောနေတာလဲ၊ ငါ နားမလည်ဘူး"

"ဟားဟား"

ရှောင်းချောင်က လှောင်ပြောင်လာသည်။

"ရွှီဖန်း မင်းက နားမလည်ဘူးလို့ ပြောရဲသေးတာလား! ရှယန်ယွိက စစ်တပ်နဲ့ ပူးပေါင်းနိုင်တာ မင်းကြောင့် မဟုတ်ဘူးလား!"

"ဘာ!"

ရွှီဖန်းသည် မျက်မှောင်ကြုတ်ရင်း သူ့ကိုယ်သူ တီးတိုး ပြောမိသည်။ ရှောင်းချောင် ဒေါသထွက်နေတာ မအံ့သြတော့ပေ။ သူမ ဒီတစ်ကြိမ်မှာ အလုံးစုံ ရှုံးခဲ့ရတာကြောင့် အလွန်အမင်းဒေါသထွက်တာက ပုံမှန်ပင်။

သို့သော်ငြား..

ရွှီဖန်း ပြုံး၍ ပြောလိုက်သည်။ 

"ရှောင်းချောင် ငါလုပ်တော့ရော ဘာဖြစ်လဲ၊ ရှယန်ယွိနဲ့ ငါက ပူးပေါင်းပြီး အလုပ်လုပ်နေတာ၊ အဲ့ဒါကြောင့် ရှရှီရဲ့ကိစ္စတွေက ငါနဲ့လည်း သက်ဆိုင်တာ ပုံမှန်ပဲ၊ မင်းက ငါ့ကို သစ္စာဖောက်တစ်ယောက်လို လာကြည့်နေတယ်လို့ ငါ ဘာလို့များ ခံစားနေရတာလဲ"

"မင်း!"

ရှောင်းချောင်သည် ရွှီဖန်းကို ပြင်းထန်စွာ စိုက်ကြည့်နေခဲ့သည်။ ထိုအခါမှသာ ရွှီဖန်းနှင့် သူမက ရန်သူတွေမှန်း ပြန်သတိရသွားခဲ့သည်။ 

လွန်ခဲ့သောရက်များက ရွှီဖန်းသည် ကျွန်းပေါ်၌ သူမကို ဂရုတစိုက် စောင့်ရှောက်ပေးခဲ့တာကြောင့် သူမ သတိလွတ်သွားခဲ့သည်။

"ရွှီဖန်း ဒီတစ်ကြိမ် နိုင်သွားတာ အရမ်းကောင်းနေပြီလို့ မထင်လိုက်နဲ့၊ နောက်တစ်ကြိမ်ကျ ငါ မင်းကို အနိုင်ယူပြမယ်"

ရှောင်းချောင်သည် လျင်မြန်စွာပင် ပြန်၍ စိတ်

တည်ငြိမ်လာသည်။ သူမ  ရွှီဖန်းကို အေးစက်စွာကြည့်၍ အခန်းထဲမှ ထွက်သွားလေသည်။

ရွှီဖန်းမှာဖြင့် မျက်လုံး မလှိမ့်ဘဲ မနေနိုင်တော့ချေ။ ဒီမိန်းမ ဘာတွေလုပ်နေလဲ သူ နားမလည်နိုင်ပေ။ ရုတ်တရက်ကြီး အခန်းထဲပြေးဝင်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး ကြည့်သွားတာကြောင့် သူပင် ချော်ကျလုနီးပါးပင်။ သူက သာမန်ကာလျှံကာဖြင့် သူမကို ပြနေသည်ဟုပင် ထင်နေတာလား မသိပေ။ 

"နောက်တစ်ကြိမ် တွေ့ကြသေးတာပေါ့"

တီးတိုးရေရွတ်ကာဖြင့် ရွှီဖန်းသည် သူ့ခန္ဓာကိုယ်ကို သုတ်ကာ အဝတ်အစားလဲ၍ ကုန်းပတ်ကို ထွက်လာခဲ့သည်။ 

မကြာမီပင် ရွက်လှေ အနောက်ဘက် ဆိပ်ခံတံတားရှိရာသို့ ဆိုက်ကပ်ခဲ့သည်။ ရွှီဖန်းက ကုန်းပတ်တွင် ရှိနေသော်လည်း ရှောင်းချောင်ကို မတွေ့ရပေ။ သူ မကျေမနပ် ဖြစ်သွားတော့သည်။

ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်က ကျွန်းပေါ်မှာ သုံးရက်နေထိုင်ခဲ့ကြသည်။ အချင်းချင်း ရန်လိုနေကြသော်လည်း မိတ်ဆွေအဖြစ် သတ်မှတ်လို့ရနေဆဲပင်။

"ဟူး! ဘယ်လို အကျင့်ယုတ်မလေးလဲ"

ရွှီဖန်း ခေါင်းခါယမ်းလိုက်သည်။ ရှောင်းချောင်က သူ့ကိုတွေ့ရန် ထွက်လာမည် မဟုတ်ချေ။ သူတစ်ယောက်တည်းပင် လှေပေါ်မှ ခုန်ချခဲ့ကာ သူ့ကားထဲ ဝင်လိုက်သည်။ ထို့နောက် ဖုန်းကိုထုတ်ကာ 

ရှယန်ယွိကို ခေါ်လိုက်သည်။

"ရွှီဖန်း အောင်မြင်သွားပြီ! ကျွန်မတို့ လုပ်နိုင်ခဲ့ပြီ"

ရှယန်ယွိ၏ အသံက အလွန်စိတ်လှုပ်ရှားနေပြီး တစ်ဖက်တွင်လည်း ဆူညံနေကြ၏။ ရှရှီက လူတွေ အောင်ပွဲခံနေလိမ့်မည်ဟု တွေးကာ ရွှီဖန်း ပြုံးလိုက်သည်။ 

"ရွှီဖန်း ဒီကို လိုက်ခဲ့ပါလား၊ ရှင်က ဒီအချိန်မှာ ကျွန်မတို့ရဲ့ ကျေးဇူးရှင်ပဲ၊  ရှင်မရှိရင် ကျွန်မ အရာအားလုံးကို ဆုံးရှုံးသွားတော့မှာ"

"မလိုပါဘူး၊ ခင်ဗျားတို့ ပျော်ရွှင်နေရင် ရပါပြီ"

ရှယန်ယွိအား ကုသဆေးထုတ်လုပ်ရန် သူ တစ်ကြိမ် ကူညီပေးခဲ့သော်လည်း ရှရှီမှ ဝန်ထမ်းများနှင့် သူမရင်းနှီးခဲ့ပေ။ သူတို့နှင့်အတူ ပါတီကျင်းပရတာက သူ့အတွက် တစ်ကယ် အဆင်မပြေချေ။

ကံကောင်းထောက်မစွာဖြင့် ရှယန်ယွိသည် ကျိုးကြောင်းဆီလျော်သူ တစ်ဦးဖြစ်တာကြောင့် ခေါင်းညိတ်၍ ရွှီဖန်းကို အတင်းအကြပ် မလုပ်စေခဲ့ချေ။

"ရွှီဖန်း အခု စာချုပ်ချုပ်ခဲ့ပြီးပြီ၊ ရက်အနည်းငယ်ကြာရင် ရှင်နဲ့ထိုက်တန်တဲ့ အကျိုးအမြတ်ကို ကျွန်မ ပေးမယ်၊ အနာဂါတ်ခွဲဝေရေးအတွက်တော့ ကျွန်မတို့ နောက်မှ ပြောကြမယ်နော်"

"ကောင်းပြီ၊ ခင်ဗျား ကိုင်တွယ်နေသ၍ ကျွန်တော် စိတ်မပူပါဘူး"

ဤလုပ်ငန်း၏ အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ရှယန်ယွိသည် အမြတ်ခွဲဝေပေးမည်ဟု ပြောထားခဲ့ပြီးသားပင်။ ထိုအမြတ်ကလည်း ငွေပမာဏများပေလိမ့်မည်။

ပိုပြီးအရေးကြီးသည်က အနာဂါတ်မှာပါ ဒီဆေးဝါးထုတ်လုပ်ရေးကနေ အမြတ်ခွဲဝေရရှိနေပါက အချိန်အကြာကြီး ငွေရေးကြေးရေး သိပ်စိတ်ပူစရာမလိုလောက်ပေ။

************************

All Chapters