စီးပွားရေးလုပ်ငန်းအကြောင်းဆွေးနွေးခြင်း
Vol. 10 Ch. 140
ရှယန်ယွိနှင့် ဖုန်းချပြီးနောက် ရွှီဖန်းသည် မြစ်
အောက်ပိုင်းရွာသို့ ပြန်လာခဲ့သည်။ ဤရက်ပိုင်းအတွင်း ရှောင်းချောင်နှင့်အတူ ကျွန်းပေါ်မှာ နေထိုင်ခဲ့ရသည်က နူးနူးညံ့ညံ့နှင့် မွှေးပျံ့သောလေထုရှိခဲ့သော်ငြား ဘယ်သူ့ကိုမှ အဆက်အသွယ်မရခဲ့ပေ။ မြစ်အောက်ပိုင်းရွာ၏ အခြေအနေအတွက် သူ စိုးရိမ်နေမိသည်။
ကြက်ခြံ ဘယ်လောက်ထိ တိုးတက်နေပြီလဲ သူ မသိသော်ငြား ပြန်လာရန် ဆုံးဖြတ်ခဲ့သည်။ တစ်လမ်းလုံး သူ အရှိန်ဖြင့် မောင်းနှင်းလာတာကြောင့် ညမိုးမချုပ်ခင်မှာ မြစ်အောက်ပိုင်းရွာသို့ ရောက်ရှိလာခဲ့သည်။
ရက်အနည်းငယ်ကြာ ပျောက်ဆုံးနေပြီး အခုမှ အိမ်
ပြန်ရောက်လာတာကြောင့် လူတချို့က စိုးရိမ်နေမည်မှာ အသေအချာပင်။ သူ့ညီမလေးနှင့် မိဘများဆိုလျှင် ရွှီဖန်းတစ်ယောက် ကျော်ကြားလွန်၍ ပြန်ပေးဆွဲခံလိုက်ရပြီဟု ထင်လုနီးပါးပင်။
ဤဖြစ်ရပ် နောက်ကွယ်မှ အကြောင်းအရာက လူတိုင်းကို ရှင်းပြရန် မလွယ်ကူချေ။ ရယ်ရခက်ငိုရခက်စွာပင် သူတို့၏စိတ်နှလုံး သက်သောင့်သက်သာဖြစ်စေရန်
အတွက် စကားတချို့ကိုသာ ပေါ့ပေါ့ပါးပါးပြောခဲ့ရသည်။ ရွာတဝိုက် လမ်းလျှောက်ရင်းဖြင့် အားလုံးကို နှုတ်ဆက်ပြီးနောက် သူတစ်ယောက်တည်း ကြက်ခြံရှိရာသို့ တက်လာခဲ့သည်။
ကြက်ခြံဖွင့်ထားတာက အတော်ကြာလေပြီ။ ချိုးဆုအာ၏ ဦးဆောင်မှုအောက်တွင် ကြက်ခြံက ကောင်းကောင်းလည်ပတ်နေ၏။
ကောင်းကင်ဘုံမှရသော ထာဝရရှင်သန်ခြင်းမြက်
များ၏ အကျိုးသက်ရောက်မှုသည် သာမာန်ကြက်စာများထက် အဆပေါင်းများစွာ အစွမ်းထက်လေသည်။ ဒါ့အပြင် အဆင့်မြင့် ကြက်မွေးမြူရေးစနစ်များနှင့်
အတူ ကြက်ခြံထဲရှိ ပထမအသုတ်ကြက်များသည် အရွယ်ရောက်လာတော့မည်ဖြစ်သည်။
နောက်ထပ်လုပ်ရမည့်အရာက ဤကြက်များကို ဘယ်လို ရောင်းချနိုင်မလဲဆိုတာကို တွေးရမှာပင်။ ဤပထမအသုတ် ကြက်များ၏ အကျိုးသက်ရောက်မှုကို မည်ကဲ့သို့ မြှင့်တင်ရမလဲဆိုသည့် အတွေးပင်။
ရွှီဖန်း၏ ရည်မှန်းချက်မှာ ဤကြက်များကို ဈေးနှုန်းမြင့်မြင့်ဖြင့် ရောင်းချရန်သာ မဟုတ်ချေ။
ဒီရက်တွေထဲမှာ သူ အလုပ်ကြိုးစားခဲ့သည်။ ကြက်ခြံမှ ပြန်ရောက်ပြီးနောက် နောက်တစ်နေ့ မနက်၁၀နာရီအထိ အိပ်ခဲ့ပေသည်။ သူ ကျေနပ်စွာ အပျင်းကြောဆန့်ရင်း ဖုန်းကို ထုတ်ကာ ဟုန်ဖေးကို ဆက်သွယ်ခဲ့သည်။
သူထံ၌ ရှိသည့် အဆက်အသွယ်များထဲ၌ ဟုန်ဖေးက ဆက်စပ်မှုအရှိဆုံးလူဖြစ်တာကြောင့်ပင်။ တစ်နှစ်ပတ်လုံး ကြက်ရောင်းချရန်အတွက် ထိုလူက လုပ်ဖော်ကိုင်ဖက်ကောင်း ဖြစ်နိုင်ပေသည်။
ဟုန်ဖေးကလည်း ရွှီဖန်း၏ ခေါ်ဆိုမှုကို အချိန်
အတော်ကြာကတည်းက စောင့်နေခဲ့တာဖြစ်သည်။ ရွှီဖန်းက ကြက်ခြံကို ဆောက်ပြီးကတည်းကပင်။
သူ့ရောဂါပြဿနာကြောင့် ရွှီဖန်းပေးသည့် အစားအစာကိုသာ စားနိုင်ခဲ့သည်။ ဒါကြောင့် ရွှီဖန်း၏ ကြက်များကို သူ အချိန်အကြာကြီး သွားရည်ကျနေခဲ့ရသည်။
ယခုအချိန် ရွှီဖန်းက သူနှင့် ခရိုင်မှာ တွေ့မည်ဟု ချိန်းဆိုခဲ့သည်။ အချိန်ရောက်လာလျှင် ပူးပေါင်းဆောင်ရွက်မည့်လူကို သူ့ဘက်က ခေါ်သွားပေးရမည်ပင်။
ဖုန်းချပြီးနောက် ရွှီဖန်းသည် အရွယ်ရောက်ပြီးသားကြက်ဆယ်ကောင်ကျော်လောက်ကို ပို့ပေးရန် ချိုးဆုအာကို ခေါ်ပြောခဲ့သည်။ ထို့နောက် ခရိုင်မြို့တော်သို့ သူတစ်ယောက်တည်း မောင်းသွားခဲ့သည်။
ထိုကြက်များကို အရင်ပို့ခိုင်းရသည့် အကြောင်းအရင်းမှာ သူနှင့်ပူးပေါင်းမည့် လုပ်ဖော်ကိုင်ဖက်များမှ ကြက်များ၏အရည်အသွေးကို သိစေရန်နှင့် ဒုတိယအချက်မှာ ဟုန်ဖေးအတွက် ကြိုတင်မြည်စမ်းရန် ပေးလိုခြင်းပင်။
မြစ်အောက်ပိုင်းရွာမှ ခရိုင်မြို့တော်သို့ သွားသည့် လမ်းသည် ပြင်ထားပြီးပြီဖြစ်ရာ အသစ်ဆောက်ထားသော ကားလမ်းအတိုင်း အရှိန်ပြင်းစွာ မောင်းနှင်လာခဲ့သည်။ ဟုန်ဖေးနှင့် ချိန်ဆိုထားသည့် နေရာသို့ ရောက်ရန် အချိန် သိပ်မယူလိုက်ရပေ။
"ဟားဟား ညီလေး ငါ မင်းကို အရမ်းသတိရနေတာ"
ထိုအချိန် ဟုန်ဖေးက ကားပေါ်မှဆင်းကာ ရွှီဖန်းကိုအားရပါးရ ပွေ့ဖက်လာသည်။
"အစ်ကိုဖေး စီးပွားရေးကိစ္စ ပြောကြတာပေါ့"
ဟုန်ဖေးနှင့် ခဏတာ စကားပြောပြီးနောက် လုပ်ငန်းအကြောင်း ပို၍ သိလာခဲ့သည်။ ဒီနေ့ သူနှင့်တွေ့ရန်
အတွက် ဟုန်ဖေးခေါ်လာခဲ့သည့် လူ၏အကြောင်းကိုလည်း သိချင်လာသည်။
"ဟားဟား ဒါ အကုန်မဟုတ်သေးဘူး၊ သွားရအောင် ငါ့နောက်လိုက်ခဲ့"
ဟုန်ဖေးက ပြုံး၍ပင် ကားထဲဝင်ထိုင်ကာ ရွှီဖန်းကို ခေါ်ဆောင်သွားခဲ့သည်။ ရွှီဖန်းလည်း သူ့ကားထဲဝင်ကာ ဟုန်ဖေး၏ အနောက်ကို လိုက်သွားခဲ့သည်။ မကြာခင်မှာပင် ဒီနေ့ သူတွေ့ရမည့် ပုဂ္ဂိုလ်ဖြင့် သိလိုက်ရသည်။
ဟွားမန်ရှင်းဟိုတယ်၊ ချင်းလန်။
သေချာစဥ်းစားကြည့်လျှင် ဤလူက မဆိုးပေ။ ဟွားမန်ရှင်းဟိုတယ်သည် ခရိုင်မြို့တော်တွင် အလွန်
နာမည်ကြီးလေသည်။ လှပသော သူဌေးချင်းလန်နှင့် သူ သိပ်မရင်းနှီးသော်လည်း နောက်ပိုင်းတွင် အတူအလုပ်တွဲလုပ်ကြပါက လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ဦးဖြစ်လိမ့်မည်ပင်။
ဟွားမန်ရှင်းဟိုတယ်၏ အရှေ့ကို ရောက်သည်နှင့် ဟုန်ဖေးသည် ဝင်ပေါက်သို့ တိုက်ရိုက်ခေါ်လာခဲ့သည်။ ဟုန်ဖေးက ဧည့်မန်နေဂျာကို စကားတချို့ ပြောခဲ့သည်။ ထို့နောက် ဧည့်မန်နေဂျာက သူတို့နှစ်
ယောက်ကို သီးသန့်ခန်းထဲသို့ ခေါ်ဆောင်သွားကာ စောင့်စေသည်။
"သူဌေးဖေး ဒီကို ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ"
သိပ်မကြာခင်မှာပင် လှပသည့် ရုံးဝတ်စုံကိုဝတ်ဆင်ထားသည့် ချင်းလန်က တံခါးဖွင့်၍ ဝင်လာသည်။
ဟုန်ဖေးနှင့် ခေတ္တစကားပြောပြီးနောက် ချင်းလန်က ရွှီဖန်းကို ခေါင်းညိတ်ပြလာသည်။ အတန်းဖော်များနှင့် ထမင်းစားရန်လာခဲ့တုန်းက သူတို့ တစ်ခေါက်ဆုံခဲ့ဖူးသည်။ ရွှီဖန်းလည်း ခေါင်းညိတ်၍ ပြုံးပြခဲ့သည်။
"ချင်းလန် ဒီတစ်ကြိမ်က အလုပ်ကိစ္စကြောင့်လာတာ"
"ဒီညီလေးက စိုက်ပျိုးရေးထွက်ကုန်တွေ ထုတ်တဲ့နေရာမှာ အထူးကျွမ်းကျင်တယ်၊ မကြာသေးခင်က သူ လုပ်ဖော်ကိုင်ဖက် ရှာနေတာ၊ မင်းက တော်တော်
အဆင်ပြေတဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်
ယောက်လို့ ငါခံစားမိတာမလို့ မင်းနဲ့ စကားပြောရအောင် ခေါ်လာခဲ့တာ"
ဟုန်ဖေးက ဒီကိစ္စကို အလေးထားတာကြောင့် ချင်းလန်နှင့် စကားစမြည်ပြောပြီးနောက်မှာ ချက်ချင်းပြောလာသည်။
"အိုး"
ချင်းလန်သည် ဒီလိုအစီအစဥ်မျိုးကို မမျှော်လင့်ခဲ့မိပေ။ သူမ မျက်ခုံးပင့်ကာဖြင့် ဟုန်ဖေးကို ရှင်းပြခွင့်ပေးခဲ့သည်။
"ရွှီဖန်း ဒါဆို မင်းရဲ့ထုတ်ကုန်တွေကို အစ်မ ကြည့်ခွင့်ရှိမလား"
ဟုန်ဖေး၏စကားများကို နားထောင်ပြီးသည့်အခါ ချင်းလန်က ရွှီဖန်းကို ကြည့်လာသည်။ ရွှီဖန်းလက်
ဝယ်ထဲမှ ထုတ်ကုန်တွေကို စိတ်ဝင်စားနေမှန်းသိသာပေသည်။
"အပြင်မှာ သွားယူလိုက်ပါမယ်"
ရွှီဖန်းက ခေါင်းညိတ်၍ အခန်းထဲမှ ချက်ချင်းထွက်သွားသည်။ ဒီတစ်ခါမှာ ကြက်တွေကို သယ်လာသည့် ကားဆီ သွားတာ ဖြစ်သည်။
စားသောက်ဆိုင်မှ ထွက်လာပြီးနောက် ရွှီဖန်းသည် ကြက်ကို လှောင်အိမ်ထဲ၌ ထည့်ကာ အခန်းထဲသို့ ပြန်လာခဲ့သည်။
"ဒါ"
ရွှီဖန်းက လက်ထဲတွင် ကြက်ကို သယ်၍ ပြန်လာတာကို မြင်သည့်အခါ ချင်းလန် ရှက်ရွံ့မိသွားသည်။ သို့သော် ဂရုတစိုက်တွေးပြီးနောက် သူမ နားလည်သွားခဲ့သည်။ ဟွားမန်ရှင်း၏ သူဌေးအနေဖြင့် ပါဝင်ပစ္စည်းပေါင်းများစွာကို မြင်တွေ့ခဲ့ဖူးသည်။ ဒီတစ်ကြိမ် ရွှီဖန်းလက်ထဲမှ ကြက်ကို သေချာကြည့်မိရာ သူမ မထိန်းနိုင်အောင် အံ့သြသွားရသည်။
ရွှီဖန်း၏ ကြက်များက သူမဆိုင်မှာ ရှိသည့် ကြက်တွေထက် ပိုပြီး တက်တက်ကြွကြွရှိကာ အားမာန်ရှိလှသည်။
ကြက်များက ခေါင်းကို မြင့်မြင့်မြှောက်ထားပြီး တက်တက်ကြွကြွရှိတာကို အသာထားဦး၊ ၎င်းတို့ ခန္ဓာကိုယ်ပေါ်မှ အသားတွေကလည်း သူမဆီမှာ ရှိသည့် ကြက်တွေထက် ပိုဝဖြိုးပေသည်။
ချင်းလန်၏ တုံ့ပြန်မှုက ရွှီဖန်းကို မအံ့သြစေပေ။ သူမက အသိပညာတတ်တစ်ယောက်ဖြစ်တာကြောင့် ကြက်များ၏ အားသာချက်ကို မမြင်စရာ အကြောင်းမရှိပေ။
သူ ပြုံး၍ ပြောလိုက်သည်။
"အစ်မလန် ဘယ်လိုလဲ၊ ဒါကို စားဖိုမှူးဆီပေးပြီး ကြက်သားချက်ခိုင်းလို့ရပါတယ်၊ နေ့လည်တောင်ရောက်ပြီဆိုတော့ နေ့လည်စာအဖြစ် ကျွေးပါရစေ"
"ကောင်းပြီ၊ လက်ခံတယ်"
တစ်မနက်လုံး အလုပ်လုပ်ထားတာကြောင့် ချင်းလန်လည်း ဗိုက်ဆာနေသည်။ ထို့အပြင် ရွှီဖန်းထံမှ ကြက်များ၏ အရည်အသွေးကို သိချင်တာကြောင့် မစဥ်းစားနေဘဲ ချက်ချင်း သဘောတူလိုက်သည်။
ရွှီဖန်းရောင်းမည့် ကြက်က ဘယ်လိုအမျိုးအစားလည်း ဆိုတာ သိချင်မိသည်။
ချင်းလန် မတ်တပ်ရပ်လိုက်သည့်အခါ ရွှီဖန်းလည်း ကြမ်းပြင်ပေါ်မှ ကြက်ကို ကောက်ယူ၍ စားဖိုဆောင်
ဘက်ကို လိုက်သွားခဲ့သည်။
ဟွားမန်ရှင်းဟိုတယ် နောက်ဘက်ရှိ စားဖိုဆောင်က မသေးပေ။ ယခုအချိန် စားဖိုမှူးများကလည်း အတန်းလိုက်ရပ်ကာ ချက်ပြုတ်ခြင်းဖြင့် အလုပ်ရှုပ်နေကြသည်။ ချင်းလန်သည် ရွှီဖန်းကို စားဖိုမှူးများရှိရာ စားပွဲသို့ ခေါ်ဆောင်သွားခဲ့သည်။
"မာစတာဝမ် ကျွန်မကို နောက်ပြီးရင် ဒီကြက်လေး ချက်ပေးပါ"
မာစတာဝမ်သည် ဟွားမန်ရှင်း ဟိုတယ်၏ ကျွမ်းကျင်စားဖိုမှူးများထဲမှ တစ်ယောက်ဖြစ်သည်။ တခြားသော စားဖိုမှူးများကဲ့သို့ အဆီရွှဲရွှဲဗိုက်ကြီး ပိုင်ဆိုင်ထားလေသည်။
သူဌေး၏ညွှန်ကြားချက်ကို ကြားတော့ မာစတာဝမ်က အပြုံးဖြင့် ခေါင်းညိတ်လာသည်။ သူ့ အလုပ်သင်ကို ခေါ်၍...
"ဒီကြက်ကို သွားသတ်လိုက်"
စားဖိုမှူးအား အမိန့်ပေးပြီးနောက် ချင်းလန်သည် ရွှီဖန်းကို သီးသန့်ခန်းသို့ ပြန်ခေါ်လာခဲ့သည်။
**********************