← Chapters

ကျွန်တော် ကတိပေးတယ်

Vol. 10 Ch. 142

ကျွန်တော် ကတိပေးတယ်

Vol. 10 Ch. 142

သို့သော်ငြား ယခုအချိန်တွင် သူတို့၏ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်သေးချေ။ ချင်းလန်က ပြုံး၍ ပြောလိုက်သည်။

"ဒါက ဟွားမန်ရှင်းမှာ နောက်ထပ် ထပ်ထည့်ဖို့ ပြင်နေတဲ့ ဆိုင်ရဲ့အမှတ်အသားဟင်းလျာအသစ်လို့ သူတို့ကိုပြောပေးပါ၊ သူတို့ကို သို့လောလောဖြစ်အောင် အရင် လုပ်ထားသင့်တယ်"

"အာ..ကောင်းပါပြီရှင့်"

ဧည့်မန်နေဂျာက ခေါင်းညိတ်လာသည်။ သူမ ဘာလုပ်ရမလဲ သိတာကြောင့် အခန်းထဲမှ ချက်ချင်း ထွက်သွားလေသည်။ 

"ရွှီဖန်း ဒီကြက်တွေကို ဘယ်လိုရောင်းဖို့ စီစဥ်ထားလဲ"

ရွှီဖန်းက မတုံ့ဆိုင်းနေပေ။ ဒီကို မလာခင်ကတည်းက ကြက်တွေ၏ ဈေးကို သူတွေးထားခဲ့ပြီးပြီဖြစ်ရာ တစ်ခါတည်း ပြောခဲ့သည်။

"အစ်မလန် ကျွန်တော်တို့ အလုပ်တွဲလုပ်မယ်ဆိုရင် ဒီစားသောက်ဆိုင်ရဲ့ အမြတ် ၄၀ ရာခိုင်နှုန်းကို လိုချင်တယ်"

"ဘာ!"

ချင်းလန်သည် ခဏတာ ထိတ်လန့်သွားပြီးနောက် နှာမှုတ်လာသည်။

ရွှီဖန်း၏ကြက်တန်ဖိုးက ကြီးသည်ဆိုသော်ငြား ဒီလူသည် သူမစားသောက်ဆိုင်၏ အမြတ်၄၀%ကိုတောင် လာတောင်းနေ၏။

ဒါ လောဘကြီးလွန်းသည်။ 

"ရွှီဖန်း ခြင်္သေ့ပါးစပ်ရှိတယ်ဆိုတဲ့ ဆိုလိုရင်းကို သိရဲ့လား"

ချင်းလန်၏အမူအရာက ချက်ချင်း အေးစက်လာသည်။ သူမ ရွှီဖန်းကို စတင်၍ မျက်မုန်းကျိုးနေပြီမှန်း သိသာလှသည်။

"ဒါ"

ဟုန်ဖေးသည်လည်း ဘေးမှာကြည့်နေပြီး နည်းနည်းအဆင်မပြေသလို ခံစားနေရသည်။ ရွှီဖန်း၏ လုပ်ရပ်က နည်းနည်းမကောင်းဘူးဟုလည်း သူထင်နေသည်။

"ညီလေး မင်း"

ဟုန်ဖေးသည် အပြုံးတစ်ခုဖြင့် သူ့ညီအစ်ကိုကိုနားချရန် ပါးစပ်ပင် ဟနေလေပြီ။

"အစ်ကိုဖေး ခင်ဗျားတို့ အထင်လွဲနေပြီ"

ရွှီဖန်းက ချင်းလန်ကိုကြည့်၍ ပြောလာသည်။

"အစ်မလန် ပါးစပ်ကြီးတယ်ဆိုတဲ့ အဓိပ္ပာယ်မှန်း ကျွန်တော် နားလည်ပါတယ်၊ ဒါပေမယ့် ဒီတစ်ကြိမ်မှာ ကျွန်တော် လောဘကြီးနေတာမဟုတ်ဘူး"

"ခင်ဗျား ကျွန်တော်နဲ့ ပူးပေါင်းမယ်ဆိုရင် ကြက်တွေပဲ ထောက်ပံ့ရုံလောက် ရိုးရှင်းမှာ မဟုတ်ဘူး"

"ဟမ်"

ဒါကိုကြားသော ချင်းလန်၏ ဒေါသက အနည်းငယ်လျော့ပါးသွားပြီး ရွှီဖန်းပြောသည်ကို တွေးတောနေလေသည်။ 

ဆိုလိုတာက ကြက်တွေအပြင်ကို တခြားထုတ်ကုန်တွေ ထပ်ရှိသေးတယ်ပေါ့။ 

ထိုထုတ်ကုန်များကိုလည်း အခုလို အရည်အသွေးမျိုးတွေသာ ပေးပါက အမြတ် ၄၀%က သိပ်ပြီးကိစ္စမကြီးတော့ပေ။ ကြက်၏တန်ဖိုးအရ ဟင်းပွဲတစ်ပွဲကို ယွမ်၅၀၀ဖြင့် ရောင်းချလျှင်လည်း ဝယ်စားနိုင်

သည့်လူတွေ ရှိကြပေလိမ့်မည်။ 

"အစ်မလန် ဒီလို ပူးပေါင်းဆောင်ရွက်မှုဆိုတာက နှစ်ယောက်လုံး သဘောတူဖို့ လိုအပ်တယ်၊ အစ်မလန် သဘောမတူရင် ကျွန်တော် တွန်းအား ပေးမှာမဟုတ်ဘူး၊ ဒါပေမယ့်"

"ကျွန်တော်နဲ့ ပူးပေါင်းမယ်ဆိုရင်တော့ ကျွန်တော် ရွှီဖန်းက ဟွားမန်ရှင်းကို ခရိုင်မြို့တော်မှာ ပြိုင်စံရှား စားသောက်ဆိုင်ဖြစ်အောင် လုပ်ပေးနိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်"

ရွှီဖန်းသည် ချင်းလန်အပေါ်၌ ကောင်းမွန်သော ထင်မြင်ချက်ရှိပေသည်။ ဒါကြောင့် သူမနှင့် အလုပ်တွဲလုပ်ရန် ဆန္ဒရှိပေသည်။ သူမက သူနှင့်အတူမလုပ်ချင်လည်း သူ့ဘက်က လုပ်ငန်းပါတနာကို အချိန်မရွေး ရွေးချယ်နိုင်ပေသည်။ ကောင်းကင်ဘုံ၏စွမ်းအားများဖြင့်သာဆိုလျှင် အကြီးမားဆုံး အစားအသောက်ဘရန်းတစ်ခုကို ဖန်တီးရန်က ပြဿနာမဟုတ်ပေ။

"တွေးလိုက်ဦးမယ်"

ချင်းလန်သည် ရွှီဖန်းကို စိုက်ကြည့်နေရင်း အတွေးဖြင့် မျက်မှောင်ကြုတ်နေမိသည်။ အကောင်း၊ အဆိုး ယှဥ်ကြည့်ပြီးနောက်မှာ သူမ သက်ပြင်းချ၍ ပြောလိုက်သည်။

"ကောင်းပြီ ရွှီဖန်း ရှင့်ရဲ့တောင်းဆိုမှုကို လက်ခံပါတယ်"

သူမနှင့် အလွန်နီးကပ်နေသည့်အခွင့်အရေးကို လွှတ်ပြီး တခြားလူများ အခွင့်ကောင်းယူသွားမည်ကို ခွင့်မပြုနိုင်ပေ။

ရွှီဖန်းအပေါ်၌သာ လောင်းကြေးထပ်ရန် သူမ ဆုံးဖြတ်ခဲ့သည်။

"အစ်မလန် အနာဂါတ်ပူးပေါင်းဆောင်ရွက်မှုအတွက် စောင့်မျှော်နေပါတယ်"

ရလဒ်အဖြစ် ဟွားမန်ရှင်းဟိုတယ်နှင့် ပူးပေါင်းဆောင်ရွက်မှုက အတည်ဖြစ်သွားခဲ့သည်။ သူ မတ်

တပ်ရပ်ကာ လက်ကို ဆန့်လိုက်သည်။

"ပျော်ရွှင်ဖွယ် ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါစေ"

ချင်းလန်ကလည်း ပြုံးကာ ရွှီဖန်းနှင့် လက်ဆွဲနှုတ်ဆက်လာသည်။ 

မကြာခင်မှာပင် ချင်းလန်က သူ့လက်အောက်ငယ်သားများအား စာချုပ် ပြင်ဆင်ခိုင်းလေသည်။ သုံးယောက်သား စားပွဲမှာ စားသောက်ပြီးသည်နှင့် စာချုပ်မှာ လက်မှတ်ထိုးခဲ့ကြသည်။ 

စာချုပ်မှာ လက်မှတ်ထိုးပြီးသည့်နောက် ရွှီဖန်းသည် စိုက်ပျိုးရေးထွက်ကုန်များ စိုက်ပျိုးရန် အစီအစဥ်ကို စတင် လုပ်ဆောင်ခဲ့သည်။

ထိုနယ်ပယ်၌ လမ်းစခင်းရန်က သူ့အတွက် မခက်ခဲပေ။

လီထိုက်ကန်း၏ ကုမ္ပဏီတွင် အခြေခံ လယ်ယာထွက်ကုန်အမျိုးအစား စုံလင်စွာ ရှိလေသည်။ သူနှင့် အလုပ်အတူလုပ်ရလိမ့်မည်။ ပြီးလျှင် မြစ်အောက်ပိုင်းရွာမှာ မြေကွက်စာချုပ်ထပ်ချုပ်ရန်အတွက် ဝူယွီရွှမ်းနှင့် တိုင်ပင်ရမည်။ ပြီးလျှင် လယ်ယာထွက်ကုန်များကို စတင် စိုက်ပျိုးနိုင်လေပြီ။

ကောင်းကင်ဘုံ မြေသြဇာအကူအညီဖြင့် ချင်းလန်အတွက် လယ်ယာထွက်ကုန်များအား ထောက်ပံ့ရန် အချိန်အကြာကြီး မယူလောက်ပေ။

စိတ်ထဲ၌ အစီအစဥ်များရေးဆွဲပြီးနောက် ချက်ချင်းပင် ဆောင်ရွက်ခဲ့သည်။

ရွှီဖန်းအတွက် ထိုလယ်ယာထွက်ကုန်များသည် ပထမဆုံးအကြိမ် စိုက်ပျိုးခြင်း ဖြစ်တာကြောင့် စလာကတည်းက ကြီးကြီးမားမားတွေ လုပ်ရန် မဝံ့ရဲပေ။ လီထိုက်ကန်းဆီမှ သာမန် လယ်ယာထွက်ကုန်များနှင့် တချို့ပစ္စည်းများကိုသာ ဝယ်ယူခဲ့သည်။

နောက်ရက်အနည်းငယ်အတွင်း ရွှီဖန်းသည် တောက်လောင်နေသော မီးကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းကို ကြိုးကြိုးစားစား လုပ်ကိုင်ခဲ့သည်။

သူ့အတွက် ကောင်းကင်ဘုံမြေသြဇာ ရရန်က မခက်ခဲပေ။ မြစ်အောက်ပိုင်းရွာရှိ လယ်ကွက်တချို့ကို စာချုပ်ချုပ်ပြီးနောက် ရွှီဖန်းသည် ၎င်း၏ မြေပေါ်တွင် ကောင်းကင်ဘုံမြေသြဇာများကို ဖြန့်ကျက်ရန် ညအချိန်ကို အခွင့်ကောင်းယူကာ လုပ်ဆောင်ခဲ့သည်။

တစ်လလောက်ကြာတော့ သူ့ကြိုးစားအားထုတ်မှုကလည်း ပြီးမြောက်အောင်မြင်လာသည်။ 

ဤရက်များအတွင်း သူ့ကြက်များ၏အကူအညီဖြင့် ဟွားမန်ရှင်း၏ စီးပွားရေးကလည်း တစ်ဝက်လောက် တိုးတက်လာသည်။ အခု များစွာသော ပါဝင်ပစ္စည်းတွေကိုသာ ထပ်ထည့်လိုက်ပါက မြင်ကွင်းက ဘယ်လိုတောင် ဖြစ်နေမလဲဆိုတာ သူ မခန့်မှန်းနိုင်ပေ။

ဒီသတင်းက ချင်းလန်အား မျက်နှာချင်းဆိုင်၍ ပြောပြချင်တာကြောင့် ခရိုင်ကို ကားမောင်းသွားလိုက်သည်။ 

မကြာလိုက်ပေ၊ ခရိုင်သို့ရောက်သည်နှင့် ဆိုင်ရှေ့တွင် ကားထိုးကာ အထဲကို ဝင်လာခဲ့သည်။ အထဲမှ အခြေအနေကို မြင်သည့်အခါ ရွှီဖန်း မျက်မှောင်ကြုတ်မိလိုက်သည်။

"ထူးဆန်းတယ် ဘာလို့ ရုတ်တရက်ကြီး ဒီနေ့ လူ နည်းနေတာလဲ"

ဟွားမန်ရှင်းဟိုတယ်ထဲ၌ လူများစွာ စားသောက်နေကြသော်လည်း မတိုင်ခင်က ပြည့်ကျပ်နေသော မြင်ကွင်းနှင့် ယှဥ်ပါက နည်းပါလှသည်။

ရွှီဖန်း မထိန်းနိုင်အောင် စိတ်ရှုပ်ထွေးသွားတော့သည်။

ယုတ္တိရှိရှိဆိုရလျှင် သူ၏ ကြက်သားများကြောင့် အခုလို မြင်ကွင်းမျိုး မဖြစ်နေသင့်ပေ။

"သူဌေးရွှီက ရောက်နေတာလား"

သူ အံ့အားသင့်နေစဥ် ဧည့်မန်နေဂျာက အနားရောက်လာသည်။ ရွှီဖန်း ခေါင်းညိတ်၍..

"အစ်မလန် ဘယ်မှာလဲ" ဟု မေးခဲ့သည်။

ရွှီဖန်းက ချင်းလန်ကို မေးလာသည့်အခါ ဧည့်

မန်နေဂျာသည့် ခါးသက်စွာ သက်ပြင်းချလာသည်။

"သူဌေးချင်း ခေါင်းထိုးနေတယ်"

"ခေါင်းထိုးတယ်..ဘာလို့ ခေါင်းထိုးနေတာလဲ"

လက်ရှိမြင်ကွင်းကြောင့် စဥ်းစားရင်းဖြင့် ပြန်မေးလိုက်သည်။ လွန်ခဲ့သည့် ရက်တွေ၌ သူက စိုက်ပျိုးရေး လုပ်ငန်းများဖြင့် အလုပ်ရှုပ်နေစဥ် ချင်းလန်ကလည်း အခက်အခဲတချို့ ကြုံနေရတာ ဖြစ်နိုင်သည်။

ဧည့်မန်နေဂျာက တစ်ချက်ဝေ့ကြည့်ကာ သက်ပြင်းချလာသည်။

"သူဌေးရွှီ ဒီလိုလူနည်းနည်းပဲ လာစားကြတဲ့မြင်ကွင်းကိုမမြင်ဖူးဘူးမလား"

"အင်း"

ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ သူကလည်း ဖောက်သည် နည်းနေရသည့် အကြောင်းအရင်းကို မေးချင်နေလေသည်။

ယုတ္တိရှိရှိဆိုရလျှင် သူတို့ ဖန်တီးထားသော ဟင်းပွဲအသစ်များကြောင့် တခြားဆိုင်များ၏ ဟင်းလျာများကို ချက်ချင်းအနိုင်ပိုင်းနိုင်သင့်ပေသည်။ ဖောက်သည် ပြတ်လပ်မှာ မဖြစ်လာနိုင်ပေ။ 

"အစ်မလန်ကို သွားခေါ်လိုက်ပါ၊ အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ မေးဖို့ လိုအပ်တယ်"

ယခု သူတို့နှစ်ယောက်သည် တစ်ဖက်တည်းတွင် ရှိနေတာကြောင့် ဟွားမန်ရှင်းပျက်စီးသွားလျှင် သူ့အတွက်လည်း ဆုံးရှုံးလာလိမ့်မည်။ ဒီကိစ္စကို ဝင်ရောက်စွပ်ဖက်ရန်ကလွဲ၍ ရွေးချယ်စရာမရှိပေ။

ဧည့်မန်နေဂျာက ခေါင်းညိတ်လာသည်။

"ကောင်းပါပြီ၊ အခုပဲသွားပြီး အကြောင်းကြားလိုက်ပါ့မယ်"

ရွှီဖန်း ခေါင်းညိတ်လိုက်ကာ စားပွဲမှာ ဝင်ထိုင်၍ စိတ်ရှည်ရှည်ဖြင့် ထိုင်စောင့်နေခဲ့သည်။

"ဟဲ့ ဟွားမန်ရှင်းက အစားအသောက်တွေက တစ်

ကယ် အရသာရှိပါတယ်၊ ဒါပေမယ့် မကြာသေးခင်က ခရိုင်မှာ စားသောက်ဆိုင်အသစ်တစ်ခုဖွင့်လာတယ်လို့ ကြားမိတယ်မလား၊ ဟွားမန်ရှင်းက အစားအသောက်တွေလို ကောင်းတဲ့ပုံပဲ၊ မနက်ဖြန် သွားမြည်းစမ်းဖို့ သွားကြမလား"

"ကောင်းပြီလေ နေ့တိုင်းစားနေရတဲ့ အစားအစာတွေက ငါတို့အတွက် မကောင်းဘူး၊ ငါတို့ ပြန်ရောက်ရင် ဟိုမှာ သွားစမ်းကြည့်ရအောင်၊ ဟွားမန်ရှင်းနဲ့ ဘာကွာလဲ နှိုင်းယှဥ်ရမယ်"

လူနှစ်ယောက်ပြောနေတာ ကြားသည့်အခါ ရွှီဖန်းသည် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။ 

**********************

All Chapters