ကောင်းမွန်သော အစားအစာများ၏စိန်ခေါ်ပွဲ
Vol. 10 Ch. 144
"သူဌေးချင်း မင်း ငါတို့နဲ့ ရန်ပွဲဖြစ်ချင်ရင် ဟွားမန်ရှင်းက ဘယ်လောက်ထိ အားနည်းနေလဲဆိုတာ ရှင်းရှင်းလင်းလင်း သိထားသင့်တယ်"
"ငါတို့ ဟာကျူလီယန်က စတင်အခြေချပြီးကတည်းက ဘယ်လောက်မှ မကြာဘဲ ဧည့်သည်တော်တော်များများကို သိမ်းပိုက်ထားပြီးပြီ၊ သူဌေးချင်း မင်းကိုယ်မင်း မလှည့်စားနေနဲ့တော့၊ တစ်လခွဲအတွင်းမှာ ဟာကျူလီယန်ကသာ ခရိုင်
မြို့တော်မှာ ရပ်တည်နိုင်လိမ့်မယ်"
"အဲ့တာထက် သူဌေးချင်း မင်း ဘာလို့ မင်းရဲ့ ဟွားမန်ရှင်းဟိုတယ်ကို တိုးချဲ့လို့ရအောင် ငါတို့ကို မရောင်းတာလဲ၊ ဘာပဲဖြစ်ဖြစ် အချိန်တန်ရင် မင်းဆီမှာ လာစားတဲ့လူရှိမှာမှ မဟုတ်တာ"
"ရှင်!!"
ကျိုးရှင်းယွမ်၏ သဘောထားက ဘယ်လိုမှ မသည်းခံနိုင်စရာပင်။ ချင်းလန်သည် ချက်ချင်းပင် ထောင့်
ရောက်သည်အထိ အတင်းအကြပ် တွန်းပို့ခံခဲ့ရသည်။
ချင်းလန်သည် ကျိုးရှင်းယွမ်ကို ကြည့်ရင်း အံကြိတ်ကာ ပြောလာသည်။
"ကျိုးရှင်းယွမ် အရမ်းတွေ လာပြီး ထောင်လွှားမနေနဲ့၊ ဆိုင်အသစ်ဖွင့်ရင် ဧည့်သည်တွေ အကျများတာ ပုံမှန်ပဲ၊ ရက်အနည်းငယ်လောက် အရင် စမ်းရောင်းကြည့်စမ်းပါဦး"
"ဟမ့်! သူဌေးချင်း မင်းက တစ်ကယ် တုံးအတာပဲ"
ကျိုးရှင်းယွမ်က လှောင်ပြောင်ရင်း ဟွားမန်ရှင်းဟိုတယ်၏ အတွင်းပိုင်းအလှဆင်ထားသည့်အရာများကို လှည့်ပတ်ကြည့်နေသည်။
"အိုက်ယား မင်းရဲ့အတွင်းပိုင်းပြင်ဆင်မှုတွေက တော်တော်လှတာပဲ၊ ယွမ် ၁သန်းဆိုရင် ဘယ်လိုလဲ၊ ငါတို့ စားသောက်ဖို့ ဒီလိုကောင်းမွန်တဲ့နေရာကို ဘာလို့ မပေးတာလဲ"
"ကျိုးရှင်းယွမ် မလွန်လာနဲ့!"
ချင်းလန်သည် ကျိုးရှင်းယွမ်အား ပြင်းထန်စွာ စိုက်
ကြည့်နေခဲ့သည်။ ဒီလူက သူမတို့ကို အရှက်ခွဲရန် ကြိုးစားနေမှန်း သိသာလှသည်။ ယွမ်တစ်သန်းတည်းနဲ့ ဈေးခေါ်ရတဲ့ မျက်နှာကို သူ ဘယ်က ရလာတာလဲ!
"ကျိုးရှင်းယွမ် ဟွားမန်ရှင်းက မင်းကို မကြိုဆိုဘူး၊ အခု ချက်ချင်း ထွက်သွားပါ"
"ဟေး ဟေး ဟေး မင်း ဘာလို့ အလျင်လိုနေတာလဲ"
ကျိုးရှင်းယွမ်က ပြုံးလေသည်။ ချင်းလန်၏ လူသတ်လိုသော အကြည့်ကိုမြင်သည့်အခါ နောက်ကို ရို့၍ မတ်တပ်ရပ်လာသည်။
"သူဌေးချင်း ငါတို့နဲ့အတူ လာစားသောက်ဖို့ အမြဲကြိုဆိုနေပါတယ်၊ ဒါပေါ့ ဒီမိတ်ဆွေရောပဲ"
ကျိုးရှင်းယွမ်က ပြောပြီးသည်နှင့် ရွှီဖန်းကို ကြည့်ကာ ထူးဆန်းစွာ လက်ကမ်းပေးလာသည်။ ရွှီဖန်းလည်း ပြုံး၍ လက်ဆွဲနှုတ်ဆက်လိုက်သည်။
"ကောင်းပါပြီ၊ မင်းရဲ့ကြင်နာတဲ့ဖိတ်ခေါ်မှုအတွက် ကျေးဇူးပါပဲ၊ မင်း သူတို့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံရင်တော့ ပိုအဆင်ပြေတာပေါ့"
"ဟားဟားဟား သူဌေးချင်း ကြည့်စမ်းပါ မင်းရဲ့မိတ်ဆွေက ဘယ်လောက်တောင်မှ အမြင်ရှိလိုက်
သလဲ"
ကျိုးရှင်းယွမ်က ကျယ်လောင်စွာ ရယ်မောလာသည်။ သူက ရွှီဖန်းကို စိုက်ကြည့်၍ ပြောလာသည်။
"မိတ်ဆွေ မင်းမှာအမြင်ကောင်းရှိတာပဲ၊ အချိန်
ရောက်လာလို့ မင်း ဟာကျူလီယန်မှာ အနားယူရင် ငါ ကျိုးရှင်းယွမ်ရဲ့ နာမည်ကို ပြောလိုက်၊ ၅၀%လျှော့ဈေး ပေးမယ်"
သို့နှင့် ကျိုးရှင်းယွမ်သည် ရယ်မောကာဖြင့် သူ့လူအုပ်စုကို ဦးဆောင်ကာ ဆိုင်ထဲမှ ပြန်ထွက်သွားခဲ့သည်။ ထိုလူအုပ်စု ပျောက်သွားသည့်အခါမှသာ ရွှီဖန်းလည်း အကြည့်တွေကို ပြန်ရုတ်လိုက်သည်။ ချင်းလန်က သူ့ကို ဆောင့်ကြီးအောင့်ကြီး ကြည့်နေတာကြောင့် ရွှီဖန်းမှာ ဇဝေဇဝါဖြစ်သွားရသည်။
"အာ...အစ်မလန် ကျွန်တော့်ကို ဘာလို့ အဲ့ဒီလိုကြီးကြည့်နေတာလဲ"
"ရွှီဖန်း ရှင် ငတုံးလား၊ ဘာလို့ သူနဲ့ ပူးပေါင်းပြီးပြောနေရတာလဲ၊ ရှင် တစ်ကယ်ပဲ သူ့ဆီမှာ သွားစားချင်နေတာလား ပြော"
ချင်းလန်သည် ရွှီဖန်းအား မျက်စောင်းထိုးလိုက်သည်။ ရွှီဖန်း လုပ်နေသည့် အပြုအမူများက တစ်ဖက်
လူ၏စိတ်ဓာတ်ကို ပို၍မြှင့်တင်ပေးနေသလိုပင်။
သူမ မမျှော်လင့်ထားစွာ ရွှီဖန်းက ခေါင်းညိတ်လာသည်။
"ဟုတ်တယ် ကျွန်တော် အဲ့ဒီမှာ သွားစားဖို့ စီစဥ်ထားတယ်"
"ရှင် ရူးသွားပြီလား"
ချင်းလန်က ရွှီဖန်းကို မျက်စောင်းထပ်ထိုးလေသည်။ ရွှီဖန်းသာ သွားစားလျှင် သူမ မျက်နှာ ပျက်ရမည် မဟုတ်ပါလော။
ချင်းလန် သူ့ကို နားမလည်တာ မြင်သည့်အခါ ရွှီဖန်းမှာ သက်ပြင်းချမိတော့သည်။
"အစ်မလန် ကျွန်တော့်ကို အထင်လွဲနေပြီ၊ အစ်မ ထင်နေသလို မဟုတ်ဘူး"
"ဒါဆို ဘာကို ဆိုလိုတာလဲ"
ရွှီဖန်းက သူ့နှုတ်ခမ်းကို တွန့်၍ ရှင်းပြလာသည်။
"အစ်မလန် သတိမထားမိဘူးလား၊ ခုနက အဲ့ဒီလူရဲ့ အကြည့်က သံသယရှိစရာပဲ၊ သူ့ကို ကြည့်ရတာ ကျွန်တော် ဘယ်သူမှန်း မသိတဲ့ပုံပဲ"
"ဒါကြောင့် ကျွန်တော်သာ သူ့ဆိုင်မှာ သွားစားရင် သူ အရမ်းကြီး သတိထားနေမှာ မဟုတ်ဘူး"
သူက ဟွားမန်ရှင်း၏ စားသောက်ကုန် ထောက်ပံ့သူမှန်း ကျိုးရှင်းယွမ်သာ သိထားလျှင် သူ့ကို လာစားသောက်ဖို့ ပျော်ပျော်ရွှင်ရွှင် ဖိတ်ခေါ်လိမ့်မည် မဟုတ်ချေ။
အခုဆိုလျှင် ရွှီဖန်းကို ချင်းလန်ဆီမှ အတင်းဆွဲထုတ်နေပုံအရ သူက ချင်းလန်၏ အရေးကြီးသော ဖောက်သည်ဖြစ်မည်ဟု ထိုလူက မှတ်ထင်သွားခဲ့သည်ပင်။
ဒီအခြေအနေကို အခွင့်ကောင်းယူ၍ ရွှီဖန်းသည် ဘာကြောင့် ဟာကျူလီယန်စားသောက်ဆိုင် နာမည်ကြီးနေလဲဆိုတာကို ရှာဖွေလို့ရပေသည်။ သူရော ချင်းလန်ရော ပြဿနာ ဖြေရှင်းချင်သော်လည်း ဘယ်လိုလုပ်ရမလဲ မသိကြပေ။
သူတို့၏ဟင်းလျာများကို မြည်းစမ်းနေစဥ် ဘာကြောင့် နာမည်ကြီးလာလဲဆိုသည့် အချက်ကို ရှာနိုင်ပါက ထိုအချက်ကို အခြေခံ၍ ပြန်လည် ချေပမည့် အစီအစဥ်များ ပြုလုပ်နိုင်မည်ဖြစ်သည်။
ထိုအချိန်ကျ ခရိုင်မြို့တော်၌ စားသောက်ကုန်
လုပ်ငန်း၏ ဦးဆောင်သူက ဘယ်သူဖြစ်သည်ဆိုတာကို အယောင်ဆောင်ထားသော ထိုလူများအား ပြသရန် သူ့မှာ ယုံကြည်ချက်ရှိပေသည်။ ရွှီဖန်း၏ အစီအစဥ်ကို နားထောင်ပြီးနောက် ချင်းလန်ကလည်း ခေါင်းညိတ်လာသည်။
"ကောင်းပြီ ရွှီဖန်း၊ ကျွန်မ ရှင့်ကိုပဲ မှီခိုရတော့မယ်"
ရွှီဖန်းကသာ ထိုဆိုင်က အစားအသောက်များ ဘာကြောင့် နာမည်ကြီးလာသလဲဆိုတာကို ရှာတွေ့ပါက အနည်းဆုံးတော့ ဟွားမန်ရှင်းဟိုတယ်သည် ယခုလိုမျိုး မကျပ်တည်းနိုင်တော့ပေ။
ချင်းလန်နှင့် ဆွေးနွေးပြီးနောက် ရွှီဖန်းသည် ဟွားမန်
ရှင်း ဟိုတယ်မှ ထွက်လာခဲ့သည်။ ဒုတိယနေ့တွင်မူ ဟာကျူလီယန်စားသောက်ဆိုင်၏ အစားအသောက်များ နာမည်ကြီးနေရသည့် အကြောင်းအရင်းကို ဖော်ထုတ်ရန်အတွက် ထိုနေရာသို့ ထွက်လာခဲ့သည်။
ရွှီဖန်း ရောက်သည့်အခါ ဟာကျူလီယန်၌ လူတွေ ပြည့်နေလေပြီ။ ကံကောင်းစွာဖြင့် ထိုင်ခုံအနည်းငယ် ကျန်ရှိနေသေး၏။ ရွှီဖန်းသည် ထောင့်တစ်နေရာမှာဝင်ထိုင်ရင်း စားပွဲထိုးကို ခေါ်လိုက်သည်။
စားပွဲထိုးမလေးများသည် အမိုက်စားများဖြစ်ပြီး လှပသော အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ ထိုလှပသော အမျိုးသမီးများက စားစရာများကို သယ်ဆောင်ပေးနေတာကြောင့် ဧည့်သည်များသည် တည်းခိုစရာမရှိလျှင်တောင် နောက်တစ်ခါ လာစားကြလေသည်။
ထိုအချိန် လှပသော စားပွဲထိုးမလေးက ရွှီဖန်းအနားရောက်လာကာ ပရောပရည်အသံဖြင့် မေးလာသည်။
"လူကြီးမင်းရှင်~ ဘာများသုံးဆောင်ချင်ပါလဲနော်"
ရွှီဖန်းသည် သူမကို ပြုံးပြ၍ ခေါင်းညိတ်လိုက်သည်။
"ဒီက ပင်တိုင်ဟင်းလျာက ဘာလဲ၊ မီနူးလေး ပေးပါ"
ရွှီဖန်း၏ စကားကိုကြားသည့်အခါ စားပွဲထိုးမလေးက ချက်ချင်း ပါးစပ်ကို အုပ်၍ ရယ်လေသည်။ သူ့မှာ အံ့အားသင့်သွားရသည်။
စားပွဲထိုးမလေးက နှုတ်ခမ်းစူ၍ ပြောလာသည်။
"လူကြီးမင်း ဒီက ဟင်းပွဲတိုင်းက ထူးခြားတဲ့ ဟင်းလျာတွေကြီးပဲ၊ ဟင်းလျာတိုင်းက အရသာရှိတယ်၊ လူကြီးမင်း တစ်ယောက်တည်းဆို အကုန်လုံးကုန်အောင် မစားနိုင်မှာပဲ ကြောက်မိပါတယ်"
"အဲ့ဒီလောက်တောင်အရသာရှိတာလား"
စားပွဲထိုးက ကြွားလုံးထုတ်နေပုံ မရပေ။ ရွှီဖန်းလည်း ထိတ်လန့်မှုကို ခံစားလာရသည်။ စားသောက်ဆိုင်တိုင်းတွင် သူတို့၏ ပင်တိုင်ဟင်းလျာများ ရှိကာ များသောအားဖြင့် သုံးမျိုး၊ လေးမျိုးလောက်သာ နာမည်အကြီးဆုံး ဖြစ်နေတတ်သည်။ ဟင်းလျာတိုင်းက ထူးခြားသည်ဟု ကြားလိုက်ရတာကြောင့် ရွှီဖန်း တုန်လှုပ်သွားရတာပင်။
ရွှီဖန်း ခေတ္တစဥ်းစားလိုက်ကာ...
"ဒါဆို ဟင်းလျာငါးမျိုး ချပေးပါ"
"ဟုတ်ကဲ့ပါ လူကြီးမင်း၊ ခဏစောင့်ပေးပါရှင့်"
ရွှီဖန်း၏ အမှာစာကို ရပြီးနောက် စားပွဲထိုးမလေးသည် သူမတင်ပါးကို လိမ်ဖယ်လိမ်ဖယ်ဖြင့် ဟင်းလျာအမှာကို သတင်းပို့ရန် ကောင်တာသို့ ထွက်သွားတော့သည်။
စားသုံးရန် စောင့်နေကြသည့် တခြားလူများလည်း ရှိသေးသည်။ သူ့အလှည့်ကို ရောက်ရန် အနည်းဆုံး နာရီဝက်လောက် ကြာမည်ဟု ခန့်မှန်းမိသည်။ ဒါကြောင့် သူ ပတ်ဝန်းကျင်ကို စတင်လေ့လာမိသည်။ စားသောက်ဆိုင်ထဲ၌ လူတော်တော်များများက စားသုံးနေကြသည်။ စားပွဲပေါ်ရှိ ဟင်းပွဲများက ပုံစံမျိုးစုံရှိသော်လည်း သူတို့၏ အမူအရာများက တူညီပေသည်။
သူတို့အားလုံးက ထိုဟင်းလျာများအပေါ် အလွန်
ယစ်မူးနေသလို ပြုမူနေကြသည်။ မနေနိုင်စွာ ရွှီဖန်၏စိတ်ထဲ၌ အတွေးတစ်ခုဝင်လာသည်။ ထိုပုံစံများက စားပွဲထိုးမလေး ပြောသွားခဲ့သည်နှင့် တူပေသည်။
ဟာကျူလီယန်စားသောက်ဆိုင်မှ ဟင်းလျာတိုင်းသည် သူတို့၏ပင်တိုင်ဟင်းလျာများဖြစ်ကာ အကုန် အရသာရှိကြသည်လော။
*****************