← Chapters

အမှန်တရားကို ရှာဖွေချင်တယ်

Vol. 10 Ch. 145

အမှန်တရားကို ရှာဖွေချင်တယ်

Vol. 10 Ch. 145

"လူကြီးမင်းရဲ့ဟင်းပွဲတွေကို မကြာခင်မှာပဲ ပြင်ဆင်ပေးမှာပါရှင့်၊ ကျေးဇူးပြုပြီး ခေတ္တ စောင့်ဆိုင်းနေပေးပါနော်၊ ဒါလေးကတော့ ဆိုင်က ဝန်ဆောင်မှုလေးပါ၊ အရင်ဆုံး မြည်းကြည့်ပါနော်၊ ဒီအတွက် ငွေပေးချေစရာမလိုအပ်ပါဘူးရှင့်"

ရွှီဖန်း အတွေးလွန်နေသည့်အချိန် စားပွဲထိုးမလေးက ရောက်လာကာ အအေးစာပန်းကန်လုံးလေးကို သူ့ရှေ့မှာ ချပေးလာသည်။ 

အအေးစာပမာဏလေးက မများပေ။ ထိုထဲ၌ အရွက်ပါးပါးလေးတမျိုးလည်းပါဝင်ပေသည်။ ဒါကို မြင်သည့်အခါ ရွှီဖန်း မျက်မှောင်ကြုတ်မိသည်။ 

ဒီလိုအရာကို ယခင်က မြင်ခဲ့ဖူးသလိုပင်။

ရွှီဖန်း ခေါင်းကိုခါယမ်းကာ ကိုယ့်ကိုယ်ကို ရယ်မောမိသည်။ ဒါက ရိုးရိုးအအေးစာလေးသာ ဖြစ်လို့ အရင်က မြင်ဖူးတာဟာ သာမန်ပင်။

စောင့်နေရင်းဖြင့် ဗိုက်အနည်းငယ်ဆာလာတာကြောင့် တူကို ကောက်ကိုင်ကာ စားပွဲပေါ်ရှိ အအေးစာကို မြည်းစမ်းကြည့်လိုက်သည်။ စားလိုက်သည်နှင့် အေးမြသော လေထုထဲတွင် ချိုမြိန်သည့်ရနံ့မျိုးရလိုက်တာ ထိုအနံ့က ထူးခြားပေသည်။ အရသာကတော့ တော်တော်ကောင်းပေသည်။ သိပ်မကြာဘဲ အအေးစာပန်းကန်လုံးတစ်ခုလုံး ကုန်သွားခဲ့သည်။ 

ထိုအချိန် စားပွဲထိုးမလေးကလည်း သူမှာထားသည့် ဟင်းလျားငါးမျိုးကို တည်ခင်းပေးလာသည်။ 

"လူကြီးမင်းဟင်းပွဲတွေ ရရှိပါပြီ၊ စတင် သုံးဆောင်လို့ရပါပြီရှင့်"

ပူပူနွေးနွေးရှိနေသည့် ပန်းကန်ငါးခုကို ကြည့်ရင်း ရွှီဖန်း အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ဟင်းပွဲများ၏ အရသာကို သူမြည်းစမ်းကြည့်တော့မည်ဖြစ်သည်။ ထို့နောက် တူတွေကို ကောက်ကိုင်ကာ စတင် စားသောက်လိုက်သည်။

တူချောင်းက ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် ရွှီဖန်း၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။ 

"ထူးဆန်းတယ် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဟင်းလျာ၏လက်ကျန်ရနံ့သည် ရွှီဖန်း၏ပါးစပ်ထဲတွင် စွဲကျန်နေခဲ့သည်။ စားပွဲပေါ်က ဟင်းလျာများကို ကြည့်ရင်း ရွှီဖန်း မျက်မှောင်ကြုတ်မိသည်။ သူ ပိုပြီးကြည့်လေ ပိုပြီးထူးဆန်းလေ ဖြစ်နေရသည်။

ဟွားမန်ရှင်းဟိုတယ်၌လည်း ဤဟင်းပွဲရှိပေသည်။ အတူတူပဲဟု ပြောလို့ရပေသည်။ သို့သော်လည်း ရွှီဖန်းသည် ဤဟင်းပွဲများက ဘာကြောင့် အရသာရှိနေမှန်း နားမလည်ပါချေ။ သူ ခေါင်းခါယမ်းမိကာ တူကို မ၍ တခြား ဟင်းလေးပွဲဆီ ဦးတည်လိုက်သည်။ တစ်ခုပြီးတစ်ခု မြည်းစမ်းပြီးနောက် ရွှီဖန်း၏မျက်နှာအမူအရာက ပို၍ ထူးဆန်းလာခဲ့သည်။ 

"ဒါက"

ငါးဟင်း၏အရသာက အလွန်အရသာရှိပေသည်။ ကုန်းနေသတ္တဝါများကိုသာ အစားများသော ရွှီဖန်းတောင်မှ နောက်ထပ် ထပ်စားလိုစိတ် ရှိစေခဲ့သည်။

ရွှီဖန်းသည် ဟင်းချက်နည်းများကို မကျွမ်းကျင်သော်ငြား အနည်းငယ်တော့ သိပေသည်။ ဟာကျူလီယန်မှ ချက်သော ဟင်းလျာများအကြောင်းက သူအနည်းငယ် နားလည်ပေသည်။ အချက်အပြုတ်ကတော့ သာမန်ချက်နည်းများသာ ဖြစ်သင့်ပေသည်။ သိပ်ကွာခြားမှုရှိမည်မဟုတ်ချေ။

အဲ့ဒါ ဖြစ်နိုင်မလား။

ပါဝင်ပစ္စည်းတွေကြောင့်လား။

ရွှီဖန်း ခေါင်းခါယမ်းမိသည်။ ဒီကပါဝင်ပစ္စည်းတွေက သူ၏ပါဝင်ပစ္စည်းများကို ယှဥ်နိုင်မည်မဟုတ်ချေ။ ဒါဆို အကြောင်းပြချက်က ဘာဖြစ်နိုင်မည်နည်း။ ရွှီဖန်း တစ်ကယ်ကို စိတ်ရှုပ်သွားရသည်။ 

ကံကောင်းစွာဖြင့် ဟာကျူလီယန်၌ စုံစမ်းရန်လာမည့် သူ့ခရီးစဥ်ကို သေချာပြင်ဆင်လာခဲ့လေသည်။ လက်ရှိအချိန်၌ ရွှီဖန်းသည် စားသောက်ဆိုင်၏ ထောင့်နားတွင် ထိုင်နေတာဖြစ်သည်။ သူ့ကို ဘယ်သူကမှ အာရုံမစိုက်ကြပေ။ ထိုအခြေအနေကို အခွင့်ကောင်းယူ၍ အင်္ကျီထဲမှ အိတ်တွေကို ထုတ်ကာ ဟင်းတွေကို ထည့်လိုက်သည်။ 

သူ မဝင်လာခင်၌ တံခါးမှာရေးထားသည့် 'အစားအသောက်တွေကို ကိုယ်နှင့်အတူ ပြန်မသယ်ဆောင်ပါနှင့်'ဆိုသည့် သတိပေးစာကို သူမှတ်မိသေးသည်။ ဒါကြောင့် ဤကိစ္စလုပ်ရာ၌ သူအနည်းငယ် စိတ်လှုပ်ရှားနေမိသည်။

ကံကောင်းစွာဖြင့် သူအိတ်ထဲ ထည့်နေသည်ကို ဘယ်သူကမှ သတိမထားမိချေ။ ရွှီဖန်းလည်း စိတ်သက်သာရာရသလို ခံစားရပေသည်။ အိတ်တွေကို သိုလှောင်လက်စွပ်ထဲ ထည့်လိုက်ပြီးနောက် ငွေရှင်းကောင်တာဆီ လျှောက်သွားလိုက်သည်။

"မိန်းမလှလေး ငွေရှင်းမယ်"

ရွှီဖန်းသည် ဟင်းပွဲများကို တိတ်တဆိတ်

သယ်ဆောင်ရင်း ငွေရှင်းကောင်တာမှ အမျိုးသမီးကို ပြောလိုက်သည်။ တစ်ဖက်လူက ရွှီဖန်းကို ကြည့်

လိုက်ရာ မှားယွင်းနေတာမျိုး မရှိတာကြောင့် ဘယ်စားပွဲလဲဟု စတင်မေးမြန်းတော့သည်။

"မင်္ဂလာပါ လူကြီးမင်း၊ ယွမ်တစ်ထောင့်ကိုးရာရှစ်

ဆယ့်သုံးဆင့် ကျသင့်ပါတယ်၊ အကြွေတွေကို လျော့ပေးတာဖြစ်၍ ယွမ်တစ်ထောင့်ကိုးရာကျသင့်ပါတယ်ရှင့်၊ ကျေးဇူးတင်ပါတယ်ရှင်"

အရသာရှိသောဟင်းပွဲတစ်ပွဲ၏ ဈေးနှုန်းက သာမာန်ထက် ဈေးကြီးနေသည်ကို မြင်သည့်အခါ ရွှီဖန်း မအံ့သြပေ။ သူတို့ကလည်း သူတို့၏ဟင်းပွဲအပေါ် အလွန် ယုံကြည်ချက်ရှိသည့်ပုံပင်။

ဘေချေပြီးနောက် ဟာကျူလီယန်မှ ထွက်လာခဲ့ကာ ဟွားမန်ရှင်းသို့ သွားလိုက်သည်။ ဒီနေ့လည်း ဟွားမန်

ရှင်း၌ ဧည့်သည်အနည်းငယ်သာ ရှိသည်။ သူတို့အများစုအား ရှိသမျှ နည်းလမ်းအကုန်သုံး၍ ဆွဲထားခဲ့ရပေသည်။ 

ထိုအချိန် စားသောက်ဆိုင်တစ်ခုလုံးမှာ သဲကန္တာရထဲ ရောက်နေသည့်အလားပင်။ 

ရွှီဖန်း ဝင်လာသည့်အခါ ချင်းလန်က စိတ်လှုပ်ရှားစွာမေးလာသည်။ 

"အဆင်ပြေရဲ့လား ရွှီဖန်း၊ သတင်းတစ်ခုခု ရခဲ့လား"

ချင်းလန်၏ စိုးရိမ်သောကကို မြင်သည့်အခါ ရွှီဖန်းလည်း သက်ပြင်းရှိုက်သွင်းကာ ပြောရသည်။

"အခုထိတော့ မရသေးဘူး"

"ဟုတ်ပါပြီ"

သူမကို ကြည့်နေရင်း သူလည်း နာကျင်ခံစားနေရသည်။

"ဒါပေမယ့် ဟာကျူလီယန်က အစားအစာတွေကိုတော့ တိတ်တဆိတ်ပြန်ယူလာခဲ့တယ်၊ ခဏနေ မြည်းစမ်းကြည့်ပြီး သဲလွန်စရနိုင်မလား ကြည့်ရအောင်"

"အာ...ဒါလည်း အဆင်ပြေပါတယ်၊ သီးသန့်ခန်းကို သွားလိုက်ပါ၊ မာစတာဝမ်ကို ခေါ်လာခဲ့မယ်"

ထိုစကားကိုပြောပြီးနောက် ချင်းလန်သည် သူမနှင့်အတူ မြည်းစမ်းကြည့်ရန်အတွက် မာစတာဝမ်ကို ခေါ်ရန် မီးဖိုချောင်ကို ပြေးသွားလေသည်။

ရွှီဖန်းလည်း အိတ်တွေကိုဆွဲကာ သီးသန့်ခန်းထဲ ဝင်

လိုက်သည်။ သူယူလာသည့် ဟင်းလျာများကို ဒီက ပန်းကန်ထဲ ထည့်လိုက်သည်။ 

ချင်းလန်က မာစတာဝမ်ကို ခေါ်၍ သီးသန့်ခန်းထဲဝင်လာသည့်အခါ ရွှီဖန်းလည်း ဟင်းငါးပွဲလုံး ပြင်ဆင်ပြီးလေပြီ။ 

"လာ..ဒီဟင်းငါးပွဲမှာ ဘယ်လိုပြဿနာမျိုးရှိနေလဲ ကြည့်ရအောင်"

ရွှီဖန်းသည် စားပွဲပေါ်မှ တူနှစ်စုံကို ယူ၍ ချင်းလန်နှင့် မာစတာဝမ်ကို ကမ်းပေးလိုက်သည်။ 

သူတို့နှစ်ယောက်စလုံး တူကိုယူပြီးနောက် စတင်

မြည်းစမ်းကြလေသည်။ ရွှီဖန်းသည် သူတို့နှစ်ယောက်စလုံးကို သေချာစိုက်ကြည့်နေခဲ့သော်လည်း စားသောက်ဆိုင်မှာ မြင်ခဲ့သည့် အမူအရာများအတိုင်း မဖော်ပြလာပေ။

"ထူးဆန်းတယ် ဘယ်လိုဖြစ်တာလဲ"

ကြည့်ရတာ နှစ်ယောက်လုံးက ဟင်းပွဲများကို စိတ်မဝင်စားတော့သည့်ပုံပင်။

"အစ်မလန် ဘယ်လိုဖြစ်တာလဲ၊ ဟင်းပွဲတွေက အရသာမရှိဘူးလို့ မပြောပါနဲ့"

"မဟုတ်ဘူး ရွှီဖန်း၊ ဒီဟင်းလျာတွေကို ချက်တဲ့ စားဖိုမှူးက တော်တော်လေး နောက်ခံရှိလို့ အလုပ်ရခဲ့တဲ့ပုံပဲ၊ အရသာတွေက သာမန်ပဲ၊ ဒီလိုအရသာလောက်နဲ့ ငါတို့ ဆိုင်ကို ကျော်ဖို့ မဖြစ်နိုင်ဘူး"

မာစတာဝမ်က ဤဟင်းလျာများအပေါ်၌ သာမန်

ထင်မြင်ချက်များသာ ရှိခဲ့သည်။ မြည်းစမ်းပြီးသည်

နှင့် ဟင်းပွဲများအား မကျေနပ်သလိုမျိုး တူများကို ချက်ချင်းချလာသည်။ 

ရွှီဖန်းသည်လည်း တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသည်။ ယေဘုယျအားဖြင့် သူတို့ ဤဟင်းလျာများကို စားကောင်းကောင်းနှင့် စားရပေလိမ့်မည်။

သူ ချင်းလန်ကို ကြည့်လိုက်သော်လည်း သူမက ခေါင်းယမ်းပြသည်။

"ရွှီဖန်း ဒီဟင်းငါးပွဲက သာမန်ဟင်းလျာတွေကြီးပဲ၊ သူတို့က မာစတာဝမ်ရဲ့ ဟင်းပွဲတွေကို ယှဥ်လို့မရဘူး၊ ရှင် မှားယူလာတာများလား"

ဒီလိုသာမန်ဟင်းလျာများ၏ ဖိနှိပ်ခြင်းကို ခံနေရသည်ဟု သူမကို လာပြောပါက ရိုက်သတ်လျှင်တောင် ယုံနိုင်မည် မဟုတ်ချေ။ 

"ရွှီဖန်း ရှင် ဒီနေ့ ဟာကျူလီယန်ရဲ့ လျို့ဝှက်ချက်ကို လာစုံစမ်းမယ်ဆိုတာ ကျိုးရှင်းယွမ်သိသွားလို့ တမင်တကာ သာမန်ဟင်းပွဲတွေချကျွေးပြီး ကျွန်မတို့ကို စိတ်ရှုပ်အောင် လုပ်တာများလား"

ချင်းလန်က ဟာသသဘောမျိုးဖြင့် မေးလာသည်။ ရွှီဖန်း ခေါင်းယမ်းလိုက်ကာ...

"မဖြစ်နိုင်ဘူး၊ ကျိုးရှင်းယွမ်ကို မတွေ့ခဲ့ရတဲ့အပြင် သူ့နာမည်ကိုတောင် မထုတ်ပြောခဲ့ဘူး"

"ဒီမှာ ပြဿနာရှိရမယ်၊ အစ်မလန် စိတ်မပူပါနဲ့၊ သေချာစဥ်းစားကြည့်ရအောင်"

********************

All Chapters