ပြဿနာသော့ချက်
Vol. 10 Ch. 146
ရွှီဖန်းသည် ပြဿနာအရင်းအမြစ်ကို ရှာတွေ့ထားသည့်အလား ချင်းလန်နှင့် မာစတာဝမ်ကို သူ့အား မနှောင့်ယှက်ရန် လက်ကိုဝှေ့ယမ်း၍ အချက်ပြလာသည်။ ထို့နောက် စားသောက်ဆိုင်၌ သူကြုံခဲ့ရသမျှကို တစ်ခုချင်းစီ ပြန်တွေးခဲ့သည်။
ဟင်းပွဲတွေကို ထိန်းသိမ်းသည့် နေရာ၌ မထားရင်
တောင်မှ အရသာ တချို့ လျော့သွားရုံသာဖြစ်ပြီး ချင်းလန်တို့ ပြောသလိုမျိုး သာမန်ဟင်းပွဲအဖြစ်တော့ ပြောင်းသွားမည် မဟုတ်ချေ။
ဒါဆို ငါ စားတုန်းကကျ ကောင်းပြီး သူတို့အလှည့်ကျတော့ သာမန်အရသာ ဖြစ်သွားရတာလဲ။
နောက်ကွယ်၌ အကြောင်းအရင်းရှိရပေမည်။
ဘာကြောင့်လဲ။
ဟုတ်သားပဲ! မှတ်မိပြီ!
ရွှီဖန်းသည် ရုတ်တရက်ပင် လက်ခုပ်ထတီးမိသည်။ တောက်ပသည့်အလင်းရောင်က သူ့စိတ်ထဲ၌ ဖြတ်ပြေးသွားသလိုမျိုး ပြဿနာ၏အရင်းအမြစ်ကို သူ ရုတ်ချည်းမှတ်မိသွားခဲ့သည်။
"ဘာကြောင့်လဲ သိပြီ"
ချင်းလန်နှင့် မာစတာဝမ်က ဘာကြောင့် သူစားခဲ့တုန်းကလိုမျိုး အရသာ မခံစားခဲ့ရလဲ သူသိလေပြီ။
ရွှီဖန်းသည် သူတို့ထက် ဟင်းတစ်ပွဲပိုစားမိခဲ့သည်။ ဟာကျူလီယန်စားသောက်ဆိုင်ကိုရောက်တော့ စားပွဲထိုးက အလကားဆိုပြီး အအေးစာတစ်ပွဲ ချပေးသွားသည်ကို သူမှတ်မိသေး၏။ သူ အအေးစာကို စားပြီးနောက်မှာ ဟာကျူလီယန်၏ အစားအစာများအားလုံးကို အရသာရှိသည်ဟု ခံစားခဲ့ရသည်။ ထိုအအေးစာက အဓိက သော့ချက် ဖြစ်ဖို့များသည်။
ဒါကို တွေးမိသည့်အခါ ရွှီဖန်း ရယ်ရသလို ခံစားရသည်။ အစားအစာက လူတစ်ယောက်၏ အာရုံကို ပြောင်းစေနိုင်ပေသည်။
ဟာကျူလီယန်၏ အစားအသောက်အားလုံးသည် အတုများဖြစ်ပြီး ထိုအအေးစာကသာ သူတို့၏ ပင်တိုင်ဟင်းလျာဖြစ်သည်။
"အဲ့ဒီအအေးစာဟင်းကပဲ အရသာရှိတဲ့ ဟင်းပွဲဖြစ်နိုင်တယ်၊ သူ့ကို အရသာခံပြီးရင် ကျန်တဲ့ဟင်းပွဲတွေကိုပါ စားသမျှ မွှေးကြိုင်နေတယ်လို့ ခံစားရစေတယ်"
ထိုအချိန် ရွှီဖန်းက သူ့ကိုယ်သူ ရုတ်တရက် ထပြောလာပြန်သည်။ ချင်းလန်မှာ သူ့ကို ကြည့်လေလေ ပိုပြီး ထူးဆန်းသလို ခံစားရလေလေဖြစ်နေသည်။ ရွှီဖန်းက ဘာကြောင့်လဲ သိပြီဟု ပြောလာကတည်းက သူမ ရင်တုန်နေခဲ့ရသည်။ ချင်းလန်သည် ရွှီဖန်းအား လက်သီးဖြင့် ထိုးကာ မေးလိုက်တော့သည်။
"ဟေ့ ရွှီဖန်း ဘာတွေတွေးနေတာလဲ"
ထိုအခါမှ ရွှီဖန်းလည်း အသိစိတ်ပြန်ဝင်လာပြီး ပြုံးကာ ပြောပြလိုက်သည်။
"ကျွန်တော် တော်တော်လေး အတွေးထဲ နစ်မြုပ်သွားတယ်၊ ဟာကျူလီယန်က အစားအသောက်တွေက ဘာလို့ အရသာရှိနေလဲဆိုတာ သိပြီ"
"ဟမ် ဘာဖြစ်လို့လဲ"
ချင်းလန်နှင့် မာစတာဝမ်၏ မျက်လုံးများက တောက်ပလာသည်။ ရွှီဖန်းက အကြောင်းပြချက်ကို ရှာတွေ့နိုင်
မည်ဟု မထင်ထားခဲ့ပေ။
"ဟာကျူလီယန်စားသောက်ဆိုင်က အရမ်းလျို့ဝှက်တယ်၊ သူတို့က ဘာမှမချပေးခင်မှာ အအေးစာတစ်ပွဲကို အလကားချပေးတယ်၊ လူတွေက အလကားဆို စားကြတာပဲလေ"
"အဲ့ဒီအအေးစားပွဲကမှ ဆိုင်ရဲ့ ပင်တိုင်အစားအစာပဲ၊ အဲ့ဒီအအေးစာက အလွန်အစွမ်းထက်ပြီးတော့ သူ့ကို စားပြီးရင် ကျန်တာတွေကိုပါ အရသာရှိတယ်လို့ ခံစားရစေတယ်"
"ဒါဆို ဒီလိုပေါ့"
ရွှီဖန်း၏ ရှင်းပြချက်ကိုကြားသည့်အခါ ချင်းလန်နှင့် မာစတာဝမ်သည် မသိစိတ်မှအလိုလိုပင် ခေါင်းလိုက်ညိတ်မိသည်။
"ဒါပေမယ့်"
ချင်းလန်က ရုတ်တရက်ပင် မျက်မှောင်ကြုတ်၍ ပြောလာသည်။
"ရွှီဖန်း ကျွန်မတို့ သိသွားရင်တောင် ဘာမှ အထောက်အကူမဖြစ်ဘူးလေ"
ဟာကျူလီယန်မှ စားသုံးသူများအပေါ် လှည့်စားနေသည်ဟု သူတို့ သံသယရှိထားသော်လည်း ထိုအအေးစာများက ခန္ဓာကိုယ်ကို မထိခိုက်စေတာကြောင့် အမှန်တရားကို ဖော်ထုတ်လိုက်ရင်တောင်မှ ဟာကျူလီယန်မှာ သွားမစားကြရန် တားနိုင်မည် မဟုတ်ချေ။
ချင်းလန်၏ စိုးရိမ်သောကရောက်နေသည့် အမူအရာကြောင့် ရွှီဖန်း ပြုံးကာ ပြောလိုက်သည်။
"အစ်မလန် ဒီပြဿနာက ဖြေရှင်းဖို့ လွယ်ပါတယ်၊ သူတို့ အအေးစာကို ချက်နိုင်ရင် ကျွန်တော်တို့လည်း အ
အေးစာကို ချက်နိုင်မှာပဲ မဟုတ်လား။"
"စဥ်းစားကြည့်လေ၊ အအေးစာတွေရဲ့ အကျိုးသက်ရောက်မှုအရသာဆိုရင် ဖောက်သည်တွေက ဘယ်ဆိုင်ကို ရွေးကြမယ်ထင်လဲ"
အကယ်၍ စားသောက်ဆိုင်နှစ်ဆိုင်လုံးက အအေးစာကို အရင်ကျွေးပြီး ယှဥ်ပြိုင်ကြပါက ဟွားမန်
ရှင်း၏အရသာများသည် သူတို့ကို သတ်ချရန် လုံလောက်ပေသည်။
သို့သော်ငြား
ချင်းလန် ခေါင်းခါလိုက်သည်။ တွေးကြည့်လျှင်က မဆိုးသော်ငြား အကောင်အထည်ဖော်ရန် ခက်ခဲပေသည်။
"ရွှီဖန်း ဒါပေမယ့် ကျွန်မတို့ အဲ့ဒီအအေးစာလိုမျိုး မလုပ်နိုင်ဘူးလေ၊ ဟာကျူလီယန်ဆီကနေ အအေးစာလုပ်တဲ့နည်းက လွယ်လွယ်နဲ့ ရမှာ မဟုတ်ဘူး"
ထိုအချိန် ရွှီဖန်းက ထူးထူးခြားခြားပြုံးလာသည်။
"အစ်မလန် အဲ့ဒီအတွက် စိုးရိမ်နေစရာမလိုပါဘူး၊ အဲ့ဒီလိုအအေးစာတွေက ကျွန်တော်တို့တောင်ပေါ်မှာ အများကြီးပဲ"
"ဘာ!"
ချင်းလန်သည် ထိုအကြောင်းကြားသည့်အခါ အံ့သြထိတ်လန့်စွာ အော်လိုက်မိသည်။ ရွှီဖန်းက ဟာကျူလီယန်က အအေးစာကို ဆိုလိုနေတာလား။
"ရွှီ ရွှီဖန်း တစ်ကယ်ပြောတာလားဟင်"
"တစ်ကယ်"
ရွှီဖန်း ခေါင်းညိတ်ပြလိုက်သည်။ သူ မလိမ်ခဲ့ပေ။ ဘာကြောင့် အအေးစာပန်းကန်ကို သူစမြင်တုန်းပင် ရင်းနှီးနေရသည်ကို သူအခုမှ သတိပြန်ရခဲ့သည်။ ယခင်က မြွေကြီးကို နှိမ်နင်းရန် သွားခဲ့သည့်လမ်း၌ မြက်ပင်
ကဲ့သို့ ထောင်မတ်ပါးလွှာသည့် အပင်များ Bidens bipinnata (Scientific name) ကို တွေရှိခဲ့သည်။
မြွေကြီးနေထိုင်ရာ အနီးတဝိုက်၌ Bidens bipinnataများကို အများအပြားတွေ့ရှိနိုင်ပေသည်။
"အစ်မလန် မနက်ဖြန်ကျရင် Bidens bipinnataတွေကို ပို့လိုက်မယ်၊ ပြီးရင် မာစတာဝမ်နဲ့ တခြားစားဖိုမှူးတွေကို အအေးစာချက်ခိုင်းကြည့်ပါ"
"ဟာကျူလီယန်လိုမျိုး ကျွန်တော်တို့ လိမ်ဖို့ မလိုအပ်ပါဘူး၊ တခြားလူတွေကိုပါ တစ်ခါတည်း ပြောပြထားလို့ရတယ်၊ အအေးစာရဲ့သက်ရောက်မှုက လုံလောက်ပါတယ်"
"ကောင်းပြီ၊ ကျွန်တော် သွားပြီး ပြင်ဆင်လိုက်ဦးမယ်၊ မနက်ဖြန်ကျရင် ဧည့်သည်အားလုံးကို လျှော့ဈေးတွေပေးပြီး ဟာကျူလီယန်ရဲ့ လှည့်ကွက်တွေကို ဖော်ထုတ်ကြရအောင်"
ဆွေးနွေးမှုပြီးသွားသည့်အခါ ချင်းလန်သည်လည်း မနက်ဖြန်ပွဲအတွက် ကြေညာရန် စတင် ပြင်ဆင်တော့သည်။ ရွှီဖန်းသည်လည်း မြစ်အောက်ပိုင်းရွာသို့ ချက်ချင်း ပြန်လာခဲ့သည်။
ကြက်ခြံ၌ ခြင်းတောင်းခပ်ကြီးကြီးတစ်လုံးကို တောင်းလိုက်ကာ တာ့ပင်းတောင်၏ အနက်ပိုင်းသို့ သွားလိုက်သည်။ လမ်းတွင် သူ့အတွက် ဆေးပင်များ စုကောက်နေကြသည့် ရွာသားများနှင့်လည်း တိုးပေသည်။ ရွှီဖန်းသည် သူတို့ကိုခေါ်ကာ ပစ္စည်းတွေ သွားယူ၍ အနောက်က လိုက်လာရန် ပြောလိုက်သည်။
တောထဲရှိ မြွေကြီးကို မခြောက်လှန့်ရန် သတိပေးထား
ပြီးပြီ ဖြစ်တာကြောင့် ရွာသူရွာသားများ ဆေးပင်များကောက်ရာ၌ စိုးရိမ်စရာမရှိပေ။ ထိုကြောင့် ရွှီဖန်းသည်လည်း တောနက်ပိုင်းထဲ ဝင်သွားကာ မည်
သည့်အန္တရာယ်ကိုမျှ မကြောက်ရွံ့နေပေ။ သူမှတ်ထားသည့် လမ်းကြောင်းအတိုင်းပင် ရွှီဖန်းသည် မြွေကြီး၏ အသိုက်ရှိရာသို့ လမ်းသို့ ဦးတည်ခဲ့သည်။ မကြာခင်မှာပင် ပတ်ဝန်းကျင်မှ ဆေးပင်များ လျော့ပါးလာသည်။
တစ်ချိန်တည်းမှာပင် ရွှီဖန်းလိုချင်သည့် Bidens bipinnata အပင်များကို တွေ့လိုက်ရသည်။ သူ ထိုအပင်များကို ညွှန်ပြ၍ ပြောလိုက်သည်။
"ဒီအပင်တွေကို ကောက်ပေးပါ၊ ဈေးနှုန်းက ဆေးပင်ကောက်တုန်းကနဲ့ အတူတူပဲ"
ရွှီဖန်းသည် ရွာသားများအပေါ်၌ မတွန့်တိုပေ။ ဒီအပင်များခူးရတာ လွယ်ကူသော်လည်း ယခင်ဈေးအတိုင်းသာ ပေးချေရန် စဥ်းစားထားသည်။ ရွာသားများသည်လည်း တက်ကြွကုန်ကြကာ အပင်များကို စတင် ကောက်ကိုင်ကြတော့သည်။
Bidens bipinnataအပင်များက နေရာတိုင်းမှာ ရှိတာကြောင့် သူတို့ လုကောက်စရာမလိုအပ်ပေ။ ရွှီဖန်းလည်းပဲ ရွာသားအနည်းငယ်နှင့် အတူ ရိတ်သိမ်းနေပြီး မကြာခင်မှာပင် ငါးတင်းခန့် ရိတ်ပြီးနေပြီဖြစ်သည်။
ဤမျှ ပမာဏဖြင့်သာဆိုလျှင် ဟွားမန်ရှင်းဟိုတယ်ကို သုံးလေးရက်လောက် ထောက်ပံ့ရန် ပြဿနာမဟုတ်ဟု ခန့်မှန်းလိုက်သည်။ ထို့နောက် ရွာသားများကို ကြက်ခြံသို့ ပြန်ရန် ပြောခဲ့သည်။ သူတို့ကို ငွေပေးချေပြီးနောက် ရွှီဖန်းသည် ခြင်းငါးတောင်းကို ကား၏ အနောက်တွင်ထည့်၍ မနက်ဖြန် ပို့ဆောင်ရန် အသင့်ပြင်ထားလိုက်သည်။
ရွှီဖန်း တွေးမိသည်။ Bidens bipinnataက လူတွေ၏ အစားစားလိုစိတ်ကို တိုးမြှင့်ပေးနိုင်သည်။ ပါဝင်
ပစ္စည်းများ၏ အရသာကို ပိုပြီးအာရုံခံနိုင်ရန်အတွက် လျှာပေါ်မှ အရသာခံဖုများကို လှုံ့ဆော်ပေးနိုင်စွမ်းရှိပေသည်။
အကယ်၍ ဤ Bidens bipinnataအပင်များကိုသာ ကောင်းကင်ဘုံ မြေသြဇာနှင့် စိုက်ပျိုးပါက အကျိုးသက်ရောက်မှုက ပို၍ ကြီးမားလိမ့်မည် မဟုတ်ပါလော။
********************