စိတ်ဓာတ်ကျခြင်း
Vol. 10 Ch. 149
"အဟုတ်ပဲ ဒါဆို ဟာကျူလီယန်က အမြဲတမ်း ငါတို့ကို ဝက်တွေလို သဘောထားပြီး ဆက်ဆံနေတာပဲ!"
"မိုးမြေလင်းစမ်းကွာ! ဒါ စောက်ဒေါသထွက်စရာပဲ! ငါတို့ကို ဒီလိုဆက်ဆံတဲ့နေရာဆီ ဒီအဖေက ထပ်မသွားဘူးဟေ့!"
"ငါ အားမပေးတော့ဘူး၊ ဘယ်လောက်ပဲ အရသာရှိရှိ လုံးဝမသွားဘူး"
ချင်းလန်မှ အမှန်တရားကို ပြောကြားပြီးနောက်မှာ ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ သူတို့အားလုံးသည် အစားအသောက်ကို မြိန်ရေရှက်ရေ စားနိုင်ဖို့ရာ နေရာပင် ပြောင်းခဲ့ကြသော လူများဖြစ်သည်။ သူတို့ကို ဆက်တိုက် လှည့်စားနေခဲ့သည်ကို ကြားသည့်အခါ သူတို့ အရှက်ကွဲသလို ခံစားရပေသည်။
ချင်းလန် ပြုံးလိုက်သည်။ ဒီလိုတွေကြောင့်ပဲ ဟာကျူလီယန်၏ အစီအစဥ်များကို ဖောက်သည်တွေ မသိနိုင်ဟု သူမ ယုံကြည်ထားခဲ့တာဖြစ်သည်။ ထိုအချိန် စားပွဲထိုးများက စားဖိုဆောင်မှ ထွက်လာကြသည်။ ဟင်းများကို စားပွဲပေါ် ချပေးပြီးသည်နှင့် ဖောက်သည်များသည် တူကို ကောက်ကိုင်ကာ စတင် စားသောက်ကြတော့သည်။
"ဟမ် ဖာ့ခ်! အရသာက အရင်ကထက် ပိုအရသာရှိတာပဲ"
"ဒီ Bidens bipinnataက တစ်ကယ်ကို နှုတ်မြိန်စာပဲဟေ့၊ ဟွားမန်ရှင်းက အစားအစာတွေက ဟာကျူလီယန်ထက် ၁၀ဆ ပိုစားကောင်းတယ်"
"မိုးမြေလင်းပဲ၊ သေချာတွေးကြည့်ရင် ဟွားမန်ရှင်းက ငါတို့ကို စားသုံးသူတွေလို တစ်ကယ်ဆက်ဆံတာပဲ၊ ငါ နောက်ကျရင်လည်း ဒီမှာပဲ စားတော့မယ်"
"အမှန်ပဲ၊ ဟာကျူလီယန်စားသောက်ဆိုင်က လူတွေရော အစားအစာတွေရောက အမှိုက်တွေပဲ၊ ဟမ် သွားချင်သေးတဲ့လူကတော့ သွားကြပေါ့"
ဤအခိုက်အတန့်တွင် နှုတ်မြိန်စာ၏ အကျိုးသက်ရောက်မှုအောက်၌ ဟွားမန်ရှင်းနှင့် ဟာကျူလီယန်ကြားမှ အစားအစာများ၏ ကွာခြားချက်သည် ပို၍ သိသာလာပေသည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က ဟာကျူလီယန်မှ ဆွဲဆောင်ခံထားရသည့် ဖောက်သည်များအားလုံးက သူတို့၏ သဘောထားကို ပြသလာကြသည်။ နောင်တွင် လူတွေကို လှည့်စားသည့် ဟာကျူလီယန်ဟိုတယ်ကို ဘယ်သောအခါမှ သွားကြတော့မည် မဟုတ်ပေ။
ဟာကျူလီယန်၏ တာဝန်ခံဖြစ်သည့် ကျိုးရှင်းယွမ်မှာလည်း လူတိုင်းထံမှ ပြင်းထန်သော အကြည့်များကို လက်ခံရရှိနေသည်။ သူ့ကိုယ်သူ သေလူဖြစ်တော့မည် ဟုပင် ခံစားနေရသည်။
မူလက ချင်းလန်ကို အရှက်ခွဲရန် သူတို့ ရောက်လာခဲ့ကြသော်ငြား ယခုဆိုလျှင် တစ်ဖက်လူက သူတို့ကို ပြန်၍ အရှက်ခွဲသွားလေပြီ။
ကျိုးရှင်းယွမ်၏ မျက်နှာတစ်ခုလုံး ပူလောင်သလို ခံစားနေရသည်။ ပြဿနာကို ဖြေရှင်းနိုင်မည့်နည်းလမ်းကို စဥ်းစားရပေမည်။
သို့သော်ငြား ကျိုးရှင်းယွမ်သည် အချိန်အတော်ကြာ စဥ်းစားပြီးတာတောင်မှ သူ့မျက်နှာပေါ်၌ စိတ်ပျက်
လက်ပျက်အမူအရာက ရှိနေသေး၏။
အအေးစာ၏ အမှန်တရားကို ဖော်ထုတ်လိုက်ပြီဖြစ်ရာ ဖောက်သည်များ၏ ယုံကြည်မှုကို ပြန်အဖတ်ဆယ်ရန် လွန်ခက်ခဲပေသည်။
ဈေးနှုန်းလျှော့ချပေးရင်တောင်မှ ဟွားမန်ရှင်း၏ အရသာက ပိုကောင်းနေတာကြောင့် ဖောက်သည်များသည် အရသာပိုရှိသည့် ဆိုင်မှာသာ စားကြလိမ့်မည်။
ယခုတစ်ကြိမ်တွင် သူတို့ဘက်မှ အပြတ်အသတ်
ရှုံးနိမ့်သွားရပြီဟု ဆိုရပေမည်။ ကျိုးရှင်းယွမ်သည် စိတ်ပျက်လက်ပျက်ထရပ်ကာ ဟွားမန်ရှင်းဟိုတယ်၏ ဝင်ပေါက်ကို ထွက်သွားလိုက်သည်။
ဒါကို မြင်သည့်အခါ ချင်းလန်လည်း စိတ်သက်သာရာရသွားခဲ့သည်။ အစောပိုင်းတွင် သူမရခဲ့သည့် အရှက်ရမှုများအတွက် နောက်ဆုံးတွင် လက်စားချေနိုင်ခဲ့လေပြီ။
သူမ ရွှီဖန်းကို လှည့်ကြည့်လိုက်သည်။ ယခုအချိန်၌ သူမ၏ ခံစားချက်များအား မည်ကဲ့သို့ ဖော်ပြရမည်ကိုပင် မသိတော့ချေ။ သူမ ဒုက္ခရောက်တိုင်း ဒီလူသည် လုံးဝဖြေရှင်းပေးနိုင်မည်ဖြစ်ရာ သူ့ကိုကြည့်လျှင် စိတ်လုံခြုံမှုကို ခံစားရပေသည်။
"ရွှီဖန်း ထပ်ပြီးတော့ ကျေးဇူးအများကြီးတင်ပါတယ်"
ချင်းလန်၏ မျက်နှာပေါ်မှ အပြုံးက ရွှီဖန်းအား မှင်
သက်သွားစေသည်။ သူပြုံးလိုက်ကာ...
"အစ်မလန် ဘယ်လို ကျေးဇူးတင်သင့်တာလဲ"
ရွှီဖန်း၏ မျက်နှာပေါ်မှ ညစ်ကျယ်ကျယ်အပြုံးကြောင့် ချင်းလန်သည် မရယ်ဘဲ မနေနိုင်တော့ချေ။
သူမ၏ မျက်လုံးလေးများအား ဆွဲဆောင်မှုရှိစွာ မှိတ်ရင်း မေးလိုက်သည်။
"ဘယ်လို ကျေးဇူးတင်သင့်တာလဲ ပြောပြပါလားမောင်လေး ရွှီဖန်းရေ"
အဟွတ်! အဟွတ်!
ရုတ်ချည်းပင် ရွှီဖန်း တုန်လှုပ်သွားရသည်။ သူ့နှာခေါင်းကိုထိလျက် ဘေးပတ်လည်မှ ဖောက်သည်များကို ကြည့်ကာ ပြောလိုက်သည်။
"အစ်မလန် လုပ်စရာတွေ ရှိသေးလို့ ကျွန်တော် အရင်သွားနှင့်မယ်"
ထို့နောက် ရွှီဖန်းသည် မီးခိုးငွေ့များကဲ့သို့ လှစ်ခနဲ ပျောက်သွားတော့သည်။ ဒါကို မြင်သည့်အခါ ချင်းလန်သည် မရယ်ဘဲ မနေနိုင်တော့ချေ။
"ဟမ့် နှာဘူးထပြီး သတ္တိကျ မရှိတဲ့လူ"
ဟွားမန်ရှင်း အပြင်ဘက်ကို ရောက်သည့်အခါ ရွှီဖန်းသည် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။ သူ ကြောက်လို့ ထွက်ပြေးလာတာမဟုတ်ဘဲ လူတွေအများကြီး ရှိနေသည့် အတွက်ကြောင့်သာ ဖြစ်သည်။
အရှက်တော့ ထားသင့်သည်မဟုတ်ပါလော။
ယခု သူတို့၌ Bidens bipinnataများရှိနေတာကြောင့် ဟာကျူလီယန်မှ မည်သည့် ဟင်းပွဲမဆို ဟွားမန်ရှင်းကို ထပ်ပြီး ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ချေ။
သူ့ဘေးကင်းရေးအကြောင်းတွေးနေရင်း ဟွားမန်ရှင်းတွင် အကျပ်အတည်းတစ်ခု ပေါ်လာနိုင်မည်ကို တွေးမိပြန်သည်။ သူ၏ စားသောက်ကုန်လုပ်ငန်းကို အမြန်တိုးချဲ့ထားရန် လိုအပ်ပေသည်။ သူ့စိတ်ထဲ၌ ဝေဝေဝါးဝါး အကြံအစည်တစ်ခုတော့ ရှိထားနှင့်လေပြီ။
Bidens bipinnataက သော့ချက်ပင်။
မြစ်အောက်ပိုင်းရွာသို့ မောင်းပြန်လာပြီးနောက်မှာ ကြက်ခြံသို့ တစ်ခါတည်း သွားခဲ့သည်။ ယခုဆိုလျှင် မြစ်အောက်ပိုင်းရွာရှိ ရွာသူရွာသားများက ဆေးပင်များကို စုဆောင်းပေးနေကြသည်။ ထိုဆေးပင်များကို သီးသန့်စုဆောင်းနိုင်ရန်အတွက် ဆောက်လုပ်ရေးအဖွဲ့အား ကြက်ခြံ၏ အနားတွင် ဂိုဒေါင်တစ်ခု စောင့်စေခဲ့သည်။ ရွှီဖန်းသည် ကြက်ခြံကို ရောက်
သည်နှင့် ထိုဂိုဒေါင်ကို သွားလိုက်သည်။
ဂိုဒေါင်က ခပ်ကျယ်ကျယ် ပွင့်လျက်ရှိနေကာ ကျောပေးထားသည့် မိန်းကလေးတစ်ဦးသည် စာအုပ်ဖြင့် ပစ္စည်းတွေကို စစ်နေလေသည်။ အစ်မဆုအာ ဖြစ်တာကြောင့် ရွှီဖန်းသည် သူမကို စနောက်ရန်အတွက် တိတ်တဆိတ် သူမအနောက်ကို လျှောက်သွားလိုက်သည်။ သူမက စာရင်းစစ်နေရင်း အလုပ်ကို အလေးအနက်ထားနေ၏။ အနောက်ကနေ ချဥ်းကပ်လာသည့် ဝံပုလွေဆိုးကြီးအား သတိမထားမိပေ။
ဘာကြောင့်မှန်းမသိသော်ငြား ရွှီဖန်းသည် ချိုးဆုအာ၏ ရင့်ကျက်လှပသော ခန္ဓာကိုယ်ကို မြင်တိုင်း သူ့ဆီမှ အပူတွေ ထွက်လာတာကို မတားဆီးနိုင်ပေ။ ယခု သူမအနောက်ကို ရောက်နေသည်ဖြစ်ရာ လက်များကို ဖွင့်၍ သူမကို ပွေ့ဖက်လိုက်သည်။
"ရွှီဖန်း လာမရှုပ်နေနဲ့"
ရွှီဖန်းက သူ၏မျက်နှာဖြင့် ချိုးဆုအာ၏ လည်ပင်းကို ပွတ်သပ်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် ချိုးဆုအာ၏ လုံးကြီးပေါက်လှသော ခန္ဓာကိုယ်ပေါ်၌ သူ့လက်တွေကို လှုပ်ရှားနေခဲ့သည်။
ချိုးဆုအာသည် အထိမခံနိုင်သည့်ပုံရသည်။ သူ့ဘက်က စတင်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ ခန္ဓာကိုယ်က ရေလို ပျော့ပျောင်းလာကာ ရွှီဖန်း၏ရင်ခွင်ထဲ ပြိုလဲကျလာသည်။
"ရွှီဖန်း နောက်နေတာ ရပ်တော့"
ချိုးဆုအာက ရွှီဖန်းကို ခပ်ဖျော့ဖျော့ထုလာသည်။ ထိုပုံစံက တားမြစ်နေသည်နှင့်မတူဘဲ ဆက်လက်လုပ်ဆောင်ရန် သွေးဆောင်နေသည့်အလားပင်။
မမျှော်လင့်ထားစွာပင် ရွှီဖန်းက ရယ်မောရင်း လွှတ်ပေးလာသည်။ ချိုးဆုအာသည် ခေတ္တအံ့သြသွားပြီးနောက် မျက်မှောင်ကြုတ်လာသည်။ ရွှီဖန်း ဘာကြောင့် ရပ်လိုက်သလဲ မေးချင်သော်လည်း မျက်နှာဆယ်ချင်သေးတာကြောင့် တိတ်တဆိတ်သာ နေခဲ့သည်။
ရွှီဖန်း ရယ်မော၍ ပြောလိုက်သည်။
"အစ်မ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး"
"သေစမ်း!"
ချိုးဆုအာသည် ရွှီဖန်းအား ပြင်းပြင်းထန်ထန် စိုက်ကြည့်နေခဲ့သည်။ ဒီကောင်လေးကတော့ သူမကို ဘယ်လို စနောက်ရမလဲဆိုတာပဲ အမြဲတွေးနေ၏။
လူဆိုးကောင်!
"ဒီကို ဘာလာလုပ်တာလဲ"
ချိုးဆုအာ၏ မျက်နှာအရောင်က ပြန်ကြည့်ကောင်းလာသည်။ ရွှီဖန်းသည် သူမအား ပွေ့ဖက်ရင်း ပြုံးလိုက်သည်။
"အစ်မအလုပ်ရှုပ်နေတုန်း တစ်ခုခုရလိုရငြား လာစတာ"
"အရမ်း စကားများတာပဲ!"
ရွှီဖန်းက ထပ်စလာပြန်သည့်အခါ ချိုးဆုအာ သူ့ကို တွန်းထုတ်လိုက်တော့သည်။ သူ့မျက်နှာပေါ်မှ စိတ်ဓာတ်ကျနေသည့်အမူအရာကြောင့် သူမ၏ နှုတ်ခမ်းထောင့်လေး ကွေးတက်သွားတော့သည်။
ဒီတစ်ကြိမ်မှာ ရွှီဖန်းက Bidens bipinnataများကို လယူတာဖြစ်သည်။
"ရွှီဖန်း ဘာလုပ်ဖို့ယူနေတာလဲ"
Bidens bipinnataများအား ချက်ပြုတ်ရန် အသုံးပြုမည်ဟု ရွှီဖန်း ပြောခဲ့တာကို သူမ မှတ်မိသေး၏။
သို့သော်ငြား လက်ရှိအချိန်က စားသောက်ရန်အချိန်
မဟုတ်ပေ။ ရွှီဖန်းက ပြုံး၍ ပြောလာသည်။
"စမ်းကြည့်တာပေါ့"
"လက်တွေ့စမ်းသပ်ဦးမလို့လား"
ရွှီဖန်း၏စကားက ဘာကိုဆိုလိုနေမှန်း မသိတာကြောင့် ချိုးဆုအာသည် စိတ်ရှုပ်သွားရသည်။
"အစ်မဆုအာ ကျွန်တော်နဲ့ လိုက်လာခဲ့ရင် သိလိမ့်မယ်"
********************