← Chapters

အပိုင် (၁၆၅)

Vol. 11 Ch. 165

အပိုင် (၁၆၅)

Vol. 11 Ch. 165

လက်ရှိအနိုင်ရနှုန်းကိုသာ အားကိုးနေပါက သူရှုံး

မည်မဟုတ်မှန်း အာမခံနိုင်သော်လည်း အမြန်နှုန်းက နှေးကွေးလှသည်။ ၁၂ထိုးလျှင် လောင်းကစားဘုရင်အား သူ မနိုင်မှာကို ကြောက်ရသည်။ 

ဒါကြောင့် Blackjackကစားနည်း၌ များများလောင်းကြေးထပ်ရန်သာ တတ်နိုင်ခဲ့သည်။ မကြာမီ နောက်တစ်ပွဲ စတင်လာသည်။ ဤတစ်ကြိမ်တွင် ယွမ်၅သိန်းကို လောင်းခဲ့သည်။ လူတိုင်းလောင်းကြေးထပ်ပြီးနောက်မှာ ပွဲကိုယ်စားလှယ်က ကတ်များ ဝေပေးလာသည်။ 

ရွှီဖန်း ရသည့်ကတ်က Black Peach 10နှင့် Red Heart 3ပင်။ ဤကတ်နှစ်ခုပေါင်း ၁၃မှတ်ရထားလေပြီ။ သူ့မျက်လုံးကိုဖွင့်ကာ ပွဲကိုယ်စားလှယ်၏ ကတ်များကို ကြည့်လိုက်သည်။ သူနှင့်တူတူ ၁၃မှတ်ပင်။ 

မကြာလိုက်ပေ၊ တတိယအချီရောက်လာသည်။ တချို့လူများသည် ကတ်များကို ဆက်တောင်းကြပြီး တချို့လူများသည် ရပ်သွားကြသည်။ ခဏကြာတော့ ရွှီဖန်းအလှည့်ရောက်လာသည်။

"လူကြီးမင်း ကတ်ကို ဆက်ယူချင်လား ရပ်ချင်လား"

ပွဲကိုယ်စားလှယ်၏ အမေးကို ကြားသည့်အခါ စဥ်းစားရန်လိုအပ်သေးကြောင့် အချက်ပြသလိုမျိုး လက်ကိုဝှေ့ယမ်းလိုက်သည်။ ထို့နောက် ဖုံးထားသည့် အပေါ်ဆုံးမှကတ်ကို စိုက်ကြည့်လိုက်သည်။ 

ပထမဆုံးကတ်မှာ ဇီးပန်း ၈ပွင့်ဖြစ်သည်။ ဒါနှင့်သာဆိုလျှင် သူ 21ကွက်တိရလိမ့်မည်။ သူ ကတ်ကို အရမ်းလိုချင်သွားသော်လည်း ခေတ္တစဥ်းစားလိုက်သည်။

နှစ်ဆတိုးလိုက်လျှင် ကောင်းမလား ဟူ၍ပင်။ 

နှစ်ဆတိုးလိုက်လျှင် ယွမ်၁သန်းထိ တက်သွားလိမ့်မည်။ ဤနည်းအားဖြင့် လောင်းကစားဘုရင်နှင့် အခြေအနေတူညီသွားလိမ့်မည်။ သို့သော် သူ့ဘက်မှ အနိုင်ရရန်အတွက် လိုအပ်ချက်မှာ ပွဲကိုယ်စားလှယ်၏ အမှတ်သည် ၂၁မှတ်ထက် နည်းကိုနည်းရပေမည်။ သရေကျလို့မဖြစ်ပေ။ 

ရွှီဖန်း အသက်ပြင်းပြင်းရှူသွင်းကာ တခြားလူများ၏ကတ်ကို ကြည့်လိုက်သည်။

ယခုအချိန်တွင် အကုန်လုံးက နံပါတ်ကြီးများ ရထားကြတာကြောင့် စတုတ္ထအချီတွင် ကတ်ထပ်တောင်းကြတော့မည်မဟုတ်ပေ။ 

နောက်ပိုင်းတွင် ပွဲကိုယ်စားလှယ် ရရှိနိုင်မည့် ကတ်များကို သူ ခန့်မှန်းကြည့်မိသည်။ သူ့အမြင်အရတော့ ပွဲကိုယ်စားလှယ်သည် မည်သည့်ကတ်ကိုယူပါစေ 21မှတ် ကွက်တိရရန် မဖြစ်နိုင်ချေ။

"ကတ်ယူမယ်၊ နှစ်ဆတိုးမယ်"

ပြောပြီးနောက် ရွှီဖန်း၏ မျက်နှာပေါ်၌ ယုံကြည်

ချက်ရှိသည့်အပြုံးတစ်ခု ပေါ်လာသည်။ ပွဲကိုယ်စားလှယ်က ခေါင်းညိတ်၍ အပေါ်ဆုံးက ကတ်ကို ပေးလာသည်။ နှစ်ဆတိုးပြီးနောက်မှာ ရွှီဖန်း ဆက်မတောင်းတော့ပေ။ 

ခဏကြာတော့ တခြားလူများလည်း ဆက်မကစားတော့ချေ။ လူတိုင်းသည် သူတို့၏ ကတ်များကို ဖွင့်လိုက်ကြသည်။ ရွှီဖန်းလည်း ပြသထားပြီး သူ့အမှတ်က 21 ကွက်တိပင်။ အခြားတစ်ဖက်တွင် ပွဲကိုယ်စားလှယ်၌ 20မှတ် ရှိပေသည်။ 

ရွှီဖန်းက နှစ်ဆတိုးလိုက်တာကြောင့် ယွမ်တစ်သန်းကို ပြန်ရရှိခဲ့သည်။ ရွှီဖန်းသည် သူ့ဆီရောက်လာသည့် ချစ်ပ်ပြားများကို သိမ်းပြီးနောက် ပွဲကိုယ်စားလှယ်ကို ကြည့်လိုက်မိသည်။ နိုင်ပွဲတွေကြီးရထားခဲ့တာကြောင့် သူလည်း ရွှီဖန်းကို သတိထားမိနေလောက်ပြီဖြစ်သည်။

ရွှီဖန်းမှာ ခေါင်းမကိုက်ဘဲ မနေနိုင်တော့ချေ။ စားပွဲနှစ်ခုလုံးက သူ့ကို သတိထားမိနေကြသည်။ မကြာခင်မှာ ကာစီနိုကပါ သူ့ကို ပစ်မှတ်ထားလာနိုင်သည်။ ထိုအချိန် သူ့ကိုနှောင့်ယှက်ရန်အတွက် ကျွမ်းကျင်သူများကို စေလွှတ်လာလိမ့်မည်။ 

အဆောင်နှင့်သာဆိုလျှင် သူတို့ကို မကြောက်

သော်ငြားလည်း အနိုင်ရမှုအရှိန်နှုန်းက လျော့ကျသွားနိုင်သည်။ ရွှီဖန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီလိုဆိုရင် သူနှင့် လောင်းကစားဘုရင်ကြားက အရှိန်က တော်တော်ကွာကုန်လိမ့်မည်။ ဒီအတိုင်းသာ ဆက်ကစားနေလျှင် အဆင်မပြေပေ။ ကစားပုံပြောင်းရတော့မည်။ 

လောင်းကစားဘုရင်နှင့်ကစားပြီး သူ့ပိုက်ဆံတွေကို အနိုင်ယူပစ်ရမည်။ ဒီလိုသာဆိုလျှင် ငွေလည်းရှုံး၊ ၁၂နာရီထိုးလျှင်လည်း သဘာဝကျစွာ အရှုံးပေးရလိမ့်မည်။ 

ရုံထဲ၌ လောင်းကစားဘုရင်နှင့် လင်းရှောင်ကို ရှာနေတုန်း ရှောင်းချောင်ကို အရင်တွေ့လိုက်ရသည်။ ထိုအမျိုးသမီးသည် ချစ်ပ်ပေါင်း ၉၉၀၀၀၀ကိုယူပြီး သူ့ကိုစွန့်ပစ်ကာ တစ်ယောက်တည်းကစားနေခဲ့သည်။ ရွှီဖန်း ပြုံးလိုက်၍ သူမဆီလျှောက်သွားလိုက်သည်။

ရှောင်းချောင်ကလည်း 21ကစားနေတာ ဖြစ်သည်။ သူမဘေးနားမှာရှိနေသည့် ချစ်ပ်ပြားကို ကြည့်

လိုက်တော့ တစ်သန်းခွဲလောက်ရှိနေလေပြီ။ သူမသည် အနည်းငယ်ဆုံးရှုံးထားသော်ငြား အခြားလူများထက်တော့ အနိုင်ရခဲ့သည့်ပုံပင်။ 

သူမလက်ထဲမှ ကတ်ကို ကြည့်လိုက်တော့ 16မှတ်ပင်။ ပွဲကိုယ်စားလှယ်၏အမှတ်သည် 15မှတ်ပင်။ နောက်

ကတ်မှာ Heart 10ဖြစ်သည်။

ရွှီဖန်း အမြန်ရှေ့တက်သွားကာ အကြံပေးလိုက်သည်။

"ရှောင်းချောင် ကတ်ကို ဆက်မတောင်းနဲ့တော့"

ရွှီဖန်း လျှောက်လာတာကို မြင်တော့ ရှောင်းချောင် အံ့သြသွားသည်။ သူ မထွက်သွားသေးဘူးလား။ ယုတ္တိကျကျဆိုရလျှင် သူ့ကို ယွမ်၁သောင်းပဲပေးခဲ့တာကြောင့် အကုန်ရှုံးနေလောက်ပြီဖြစ်ကာ ဒီကို မရောက်လာသင့်ပေ။ 

"တစ်ဆိတ်လောက် မစ္စ၊ ကတ်တွေ လိုသေးလား"

ထိုအခိုက်အတန့်တွင် ပွဲကိုယ်စားလှယ်ကလည်း ရှောင်းချောင်ကို မေးလာသည်။ ရှောင်းချောင်သည် သူမ၏ လက်ထဲ၌ ရှိနေသော ကတ်များကို တစ်ချက်ကြည့်လိုက်မိသည်။ 

"ဟမ့်! ရွှီဖန်း ငါကဘာလို့ မင်းကို ယုံရမှာလဲ"

ရွှီဖန်းသည် ချစ်ပ်ပြားများ ရှုံး၍ ထပ်တောင်းရန် သူမဆီ လာခဲ့တာဖြစ်လိမ့်မည်။ ချစ်ပ်ပြားအကုန်လုံးဆုံးရှုံးခဲ့သူ၏ စကားကို သူမ ဘာကြောင့် နားထောင်ရမည်နည်း။

"ယူမယ်၊ ပြီးရင် နှစ်ဆလည်း တိုးမယ်"

ရှောင်းချောင်သည် ရွှီဖန်း၏စကားကို မယုံဘဲ ထိုအစား နှစ်ဆတိုးရန်အတွက်သာ ရွေးချယ်ခဲ့သည်။ ရွှီဖန်း မပြုံးဘဲ မနေနိုင်တော့ချေ။ ဒီမိန်းမက နှစ်ဆတောင် တိုးပြလိုက်သေးသည်။

သူမ ရင်းထားသော ယွမ် ၉၉၀၀၀၀ ချစ်ပ်ပြားများ နှုတ်သိမ်းခံရတော့မည်။ ရွှီဖန်းမြင်ထားခဲ့သည့်အတိုင်း ရှောင်းချောင်သည် သူမ ရသည့်ကတ်ကို မြင်သည့်အခါ ချက်ချင်း မျက်နှာ မည်းမှောင်သွားတော့သည်။ 

"စိတ်မကောင်းပါဘူး၊ ရှုံးသွားပါပြီ"

ပွဲကိုယ်စားလှယ်သည် ရှောင်းချောင်ကို ပြုံးပြ၍ သူမ၏ ချစ်ပ်ပြားများကို သိမ်းသွားတော့သည်။ ရှောင်းချောင်သည် စိတ်ပျက်လက်ပျက်ဖြင့် ဝိုင်းထဲမှ ထွက်လာရုံသာ တတ်နိုင်ခဲ့၏။ ယခု ချစ်ပ်ပြားများ ဆုံးရှုံးသွားသောကြောင့် သူမ၏ စိတ်အခြေအနေကလည်း ဆိုးရွားလာသည်။

သူမတို့သဘောတူညီထားသည့်လောင်းကြေးတွင် ချစ်ပ်ပြားများ ထပ်၍ ဝယ်ယူခွင့်မပြုထားပေ။ သူမ ရှုံးသွားပြီဟု ယူဆရပေမည်။ သူမ၏ စိတ်ဓာတ်ကျနေသော အမူအရာကြောင့် ရွှီဖန်း ပြုံး၍ ပြောလိုက်သည်။

"ရှောင်းချောင် ငါ့စကား နားမထောင်မှတော့ အခုရှုံးသွားရပြီမလား"

ရှောင်းချောင်သည် ရွှီဖန်းနှင့် စကားပြောရန်ပင် စိတ်မပါတော့ချေ။ သူမ ဝမ်းနည်းစွာ ပြုံး၍...

"ရွှီဖန်း ပြောလို့ဝပြီလား၊ ငါရှုံးသွားပြီ...အခု ထွက်သွားလို့ရပြီ"

ချစ်ပ်ပြားများ အားလုံးဆုံးရှုံးသွားပြီဖြစ်ရာ ဤနေရာ၌ဆက်နေရန် ရှောင်းချောင်စိတ်မဝင်စားတော့ချေ။ အချိန်တန်ရောက်လာမည့် လင်းရှောင်၏အရှက်ခွဲမှုများကို ရှောင်ရှားရန်အတွက် သူမ ထွက်သွားချင်နေသည်။ 

"ယူပြီး သွားကစားလိုက်"

ထိုအခိုက်အတန့်တွင် ရွှီဖန်းသည် ချစ်ပ်ပြားနှစ်ချပ်ကို သူမအား ပစ်ပေးလာသည်။ 

"ဘာလဲ"

ရှောင်းချောင်မှာ ထိုနှစ်ချပ်အား ဖမ်းယူရင်း ကြည့်ကာ အံ့သြသွားတော့သည်။ ရွှီဖန်း ပစ်လိုက်သည့် ချစ်ပ်ပြားနှစ်ခုက တစ်ခုဆီကို တစ်သိန်း တန်ပေသည်။ 

"ဒါက"

ရှောင်းချောင်၏ မျက်နှာ၌ မယုံနိုင်မှုများ ပြည့်နှက်

နေသည်။ သူမ ရွှီဖန်းကို ပေးလိုက်သည်က ယွမ် ၁သောင်းပဲဖြစ်ရာ ဘယ်လိုဖြစ်၍ ယွမ်၂သိန်းကို ထုတ်ပေးနိုင်မည်နည်း။

"ရွှီဖန်း တစ်ကယ်ပဲ ယွမ်၂သိန်း နိုင်လာတာလား"

******************

All Chapters