တစ်ကယ်ကို နောက်တာ မဟုတ်ခဲ့ဘူး
Vol. 11 Ch. 152
"............"
ချင်းလန်ဘက်မှ အကောင်းဆုံးကြိုးစား၍ ရှင်းပြနေသော်ငြား ရွှီဖန်းကတော့ ရယ်စရာကောင်းသည်ဟု ခံစားနေရတုန်းပင်။
သူ တစ်ကယ် နောက်နေတာ မဟုတ်ပေ။
ဒေါက်! ဒေါက်! ဒေါက်!
သူ ရှင်းပြတော့မည့်အခိုက် တံခါးခေါက်သံကြားလိုက်ရသည်။ တံခါးဆီ ကြည့်လိုက်တော့ စားပွဲထိုးတချို့သည် ပြင်ဆင်ထားပြီးသည့် ဟင်းပွဲများကို သယ်ဆောင်ကာ အထဲကို ဝင်လာသည်ကို တွေ့လိုက်ရသည်။
စားပွဲထိုးများ သယ်ဆောင်လာသည့် ပန်းကန်လုံးထဲမှ
ငါးနံ့များက အခန်းထဲ ပျံ့လွင့်နေ၏။ သူတို့ယူလာသည့် ဟင်းသုံးပွဲ၌ ငါးကို အဓိက ပါဝင်ပစ္စည်းအဖြစ် သုံးထားလေ၏။
ငါးခေါင်းစွပ်ပြုတ်၊ ငါးအသားပင်၊ ငါးနီစွပ်ပြုတ်တို့ပင်။ ဟွားမန်ရှင်း၏ အချက်အပြုတ်ကျွမ်းကျင်မှုကြောင့် ဟင်းပွဲများမှာ အရောင်အသွေးစုံလင်ပြီး မွှေးကြိုင်သောရနံ့ကို အပြည့်အဝပေးစွမ်းနေသည်။
ချင်းလန်နှင့်ဟုန်ဖေးသည် ဟင်းလျာသုံးမျိုးကိုကြည့်ပြီး စွပ်ပြုတ်အား အနံ့ခံလိုက်ကြသည်။ သူတို့အတွက် အရသာရှိသော ဟင်းပွဲများစွာ စားဖူးသော်လည်း တံတွေးမြိုချခြင်းကို မထိန်းနိုင်ခဲ့ပေ။
ထိုအချိန် ကျန်းကျင့်ယင်ကာ မတ်တပ်ရပ်ကာ ပြုံးလာသည်။
"အရှိန်က မဆိုးဘူးပဲ၊ ငါးတွေကို ပို့လိုက်တာ မကြာသေးဘဲ ဟင်းပွဲက ရနေပြီ၊ ချက်ပြုတ်မှုကိုတော့ လုံးဝစိတ်ကျေနပ်တယ်၊ လာ လာ လာ အားလုံး မြည်းကြပါ၊ ငါ့ရဲ့ငါးတွေ ဘယ်လောက်ကောင်းကြောင်း သိကြလိမ့်မယ်"
ထို့နောက် ရွှီဖန်းကိုလည်း တမင်တကာ စသော အကြည့်ဖြင့် ကြည့်၍ ပြောလာသည်။
"ညီလေး မင်းလည်း အရသာမြည်းကြည့်သင့်တယ်၊ ဒါမှ မင်းနဲ့ ငါ့ကြားက ကွာခြားမှုကို သိနိုင်မှာ"
ဒီလူ၏ မောက်မာသော သဘောထားက ရွှီဖန်းအား အနည်းငယ် မသက်မသာခံစားရစေသည်။ သို့သော်ငြား ချင်းလန်နှင့် ဟုန်ဖေးက တူတွေကောက်ကိုင်ပြီး မြည်းကြည့်ရန် ပြင်နေတာကြောင့် သူလည်း တူကို ကောက်ကိုင်လိုက်သည်။
"ဟမ် ဒီငါးစွပ်ပြုတ်က လန်းဆန်းသွားတာပဲ"
ထိုအချိန် ဟုန်ဖေးသည် လောဘမကြီးဘဲ မနေနိုင်တော့ချေ။ သူက ငါးစွပ်ပြုတ်ကို ကောက်မကာ စတင်မော့သောက်တော့သည်။ ပြီးနောက် သူ့နှုတ်ခမ်းကို သပ်လိုက်သည်မှာ ငါးစွပ်ပြုတ်ကို အလွန်
ကျေနပ်နေသည့်ပုံပင်။ သိပ်မကြာခင်မှာပဲ သူ့စားချင်
စိတ်က ပြန်လည်ပြင်းပြလာတာကြာင့် တူကိုကိုင်၍ တခြား ငါးဟင်းကို စမြည်းတော့သည်။
"ဟမ် ကောင်းတယ်! နူးညံ့ပြီးလတ်ဆတ်နေတာပဲ၊ ဟွားမန်ရှင်းရဲ့လက်ရာနဲ့ပါ ပေါင်းလိုက်တော့ ပိုကောင်းသွားတယ်"
ဟုန်ဖေးက စားပြီးသည်နှင့် မှတ်ချက်ပေးလာသည်။ ကျန်းကျင့်ယင်၏ ငါး အရသာရှိကြောင်းကို ပြောရန်အတွက် သူ့လက်တွေကိုတောင် မချနိုင်ခဲ့ပေ။ သူက စားနေရင်း ယောင်ဝါးဝါးမှတ်ချက်ပေးလာခဲ့သည်။
ချင်းလန်ကို ကြည့်လိုက်လျှင် ဟုန်ဖေးထက်တော့ တည်ငြိမ်နေသော်ငြား သူမမျက်လုံးများ၏ အကဲဖြတ်နေပုံအရ ဟုန်ဖေး၏မှတ်ချက်ထက်တော့ မနိမ့်ကြောင်း သိနိုင်ပေသည်။
ဒါကိုမြင်တော့ ရွှီဖန်း စိတ်ရှုပ်သွားတော့သည်။ ငါးက တစ်ကယ် အရသာရှိနေတာလား။ သိချင်စွာနှင့်ပင် ငါးဟင်းသုံးပွဲကို မြည်းကြည့်လိုက်သည်။
ပါးစပ်ထဲဝင်သွားသည်နှင့် မျက်ခုံးပင့်မိကာ အရသာကို သေချာခံစားကြည့်မိသည်။ ဟုန်ဖေးပြောခဲ့သလိုပင်၊ ငါးက နူးညံ့ပြီး လတ်ဆတ်သည်။ ဟွားမန်ရှင်း၏ ကျွမ်းကျင်အဆင့်နှင့် ပေါင်းစပ်လိုက်တော့ တစ်ကယ် အဆင့်အတန်းရှိသော အရသာမျိုးဖြစ်၏။
ဒီငါးပါဝင်သည့်ဟင်းလျာများကို ဟွားမန်ရှင်းမှာ ရောင်းလျှင် တခြားဟင်းလျာတွေလို နာမည်ကြီးလာလိမ့်မည်။
ရွှီဖန်း စိတ်ပူသွားတော့သည်။ ကျန်းကျင့်ယင်၏ ငါးက အလွန်အရသာရှိပေသည်။ သို့သော်ငြား Bidens bipinnata ကျွေးထားသော သူ့ငါးများက ကျော်နိုင်မလားဆိုတာ မသိနိုင်သေးပေ။
ထိုအချိန် ချင်းလန်ကလည်း တူတွေကို ချလာသည်။ သူမပုံစံက ကျန်းကျင့်ယင်နှင့် စီးပွားရေးကိစ္စ ဘယ်လိုညှိနှိုင်းရမလဲ စဥ်းစားနေသည့်ပုံပင်။
ခဏကြာတော့ သူမ အသက်ရှူထုတ်ကာ ပြောလာသည်။
"ကောင်းပြီ၊ သူဌေးကျန်းရဲ့ငါးတွေကို ကျွန်မ စိတ်ကျေနပ်ပါတယ်၊ ဒီဘက်မှာလည်း ဈေးကွက်ချဲ့သင့်တယ်၊ သူဌေးကျန်းဘက်က ဘယ်လိုရောင်းမှာလဲ မသိဘူး"
ကျန်းကျင့်ယင်ကလည်း သူ့ကိုယ်သူ ကျေနပ်နေ၏။
"ငါ့ရဲ့ငါးတွေက ကောင်းတာမလို့ ဈေးကလည်း မနိမ့်ဘူးဆိုတာ သူဌေးချင်းသိမှာပါ၊ ရောင်းဖို့အတွက်တော့ တွေးထားပြီးသားပါပဲ"
"ငါ ငါးတွေကို အလကား ထောက်ပံ့ပေးမယ်"
"ဘာ"
ကျန်းကျင့်ယင်မှ ထိုစကား ပြောလာသည့်အခါ ချင်းလန်မှာ အံ့အားသင့်သွားရသည်။ ငါးဟင်းစားတုန်းဖြစ်သည့် ဟုန်ဖေးတောင်မှ တူတွေကို ချလာသည်။
အလကား? ကျန်းကျင့်ယင် ရူးသွားပြီလား။
ချင်းလန်ကို ဒီလိုမျိုး ငါး အလကားပေးတာက ကောင်းကင်ကနေ ပိုင်မုန့်ကျလာတာနှင့်တောင် တူနေသေး၏။ ချင်းလန်သည် သူ့အား သံသယဖြင့် ကြည့်ကာ မေးမိသည်။
"သူဌေးကျန်း အတည်ပြောနေတာလား"
"ဒါပေါ့"
"ငါစဥ်းစားပြီးပြီ၊ ငါ မင်းကို အမြဲ ငါးတွေထောက်ပံ့ပေးလို့ရတယ်၊ ဒါပေမယ့် ဟွားမန်ရှင်းရဲ့ အမြတ် ၇၀ရာခိုင်နှုန်းကိုပေးရမယ်"
"သူဌေးကျန်းက နောက်နေတာပဲ"
ချင်းလန် မရယ်ဘဲ မနေနိုင်တော့ချေ။ တစ်ကယ်ကို ကျန်းကျင့်ယင်သည် လွယ်လွယ်ကူကူဆက်ဆံလို့ရသည့် လူမျိုးမဟုတ်ပေ။ ခုနစ်ဆယ်ရာခိုင်နှုန်းသည် ရွှီဖန်းတောင်းသည်ထက်ပင် များနေသေး၏။ ချင်းလန်၏ အမြင်မှာတော့ ထိုလူက အဆမတန် လာတောင်းနေခြင်းပင်။
ချင်းလန်၏ မျက်နှာပေါ်မှ မျှော်လင့်ချက်များက ချက်ချင်းလျော့ပါးသွားတော့သည်။
"သူဌေးကျန်း ရှင့်ရဲ့အကြံက နည်းနည်းလွန်လွန်းနေတာ မဟုတ်ဘူးလား၊ အမြတ်ခုနစ်ဆယ်ရာခိုင်နှုန်းကို ကျွန်မ ကတိမပေးနိုင်မှာပဲ ကြောက်မိပါတယ်"
"ဟဲဟဲ သဘောမပေးနိုင်ဘူးပေါ့"
ကျန်းကျင့်ယင်သည် ချင်းလန်မှ ငြင်းလာမည်မှန်း ကြိုသိထားသည့်ပုံပင်။ သူ့မျက်နှာကတော့ ယုံကြည်
ချက်အပြည့်ရှိနေတုန်းပင်။
"သူဌေးချင်းကို ငါ နားလည်ပါတယ်၊ ငါ့ဘက်က အမြတ်၇၀ရာခိုင်နှုန်းတောင်းတော့ မတန်မဆတောင်းတယ်လို့ တွေးနေတယ်မလား"
ချင်းလန်သည် ပြန်မဖြေသော်ငြား သူမ၏ အပြုအမူကတော့ ကျန်းကျင့်ယင်၏စကားကို အတည်ပြုနေခဲ့သည်။
"ဒါပေမယ့် သူဌေးချင်းသာ ငါ့ငါးတွေနဲ့ဆို ဘယ်လောက်ထိ အမြတ်ရမယ်ဆိုတာရော တွေးခဲ့ဖူးလား၊ အချိန်တန်ရင် ဟွားမန်ရှင်းက ငါ့ရဲ့ငါးတွေကြောင့်အများကြီးတိုးတက်လာလိမ့်မယ်၊ ဒါကြောင့် ၇၀%လိုချင်တာပဲ"
"သူဌေးချင်း မင်းဘက်က သေချာစဥ်းစားတာ အကောင်းဆုံးပဲ၊ ငါ့လို ထောက်ပံ့သူ အကြီးစားနဲ့ ပူးပေါင်းမှ မင်းရဲ့ ဟွားမန်ရှင်းက တိုးတက်နိုင်မယ်၊ လူကြိုက်မများတဲ့ တောရွာကလူတွေနဲ့ ပူးပေါင်း
ရင်လား ဟဲဟဲ အကျော်ကြားဆုံး စားသောက်ဆိုင်ဆိုတာက မင်းရဲ့ဘဝတစ်လျှောက်လုံးမှာ မဖြစ်နိုင်တော့ဘူး"
ထို့နောက် ကျန်းကျင့်ယင်သည် ရွှီဖန်းကို ရည်ညွှန်းနေသလိုပင် တမင်တကာ စိုက်ကြည့်လေသည်။ ချင်းလန်သည် ရွှီဖန်းအား ကြည့်လိုက်မိသည်။ ကျန်းကျင့်ယင် စော်ကားလိုသည့်လူက ရွှီဖန်းပင်။
သူမ အသက်ပြင်းပြင်းရှူသွင်းကာ ပြုံးလိုက်သည်။
"မှန်ပါတယ် သူဌေးကျန်း၊ ရှင့်ရဲ့ငါးတွေက အရမ်းစားကောင်းတော့ ကျွန်မတို့ ဟွားမန်ရှင်းတိုးတက်လာမှာ သေချာပါတယ်၊ ဒါပေမယ့် ကျွန်မ ရှင်နဲ့တူတူ အလုပ်တွဲမလုပ်နိုင်ပါဘူး"
"ဘာ!"
****************