← Chapters

တောက်ပသော အနာဂါတ်

Vol. 11 Ch. 154

တောက်ပသော အနာဂါတ်

Vol. 11 Ch. 154

ထိုအချိန် ဟုန်ဖေးက ရွှီဖန်းကို ရှက်ရွံ့စွာ ပြုံးပြလာသည်။

"ရွှီဖန်း ဒါ ငါ့အပြစ်ပါ၊ အဲ့ဒီလူကို ဒီခေါ်လာပြီး မင်းတို့နှစ်ယောက်ကို စိတ်မချမ်းမသာ ဖြစ်စေမိပြီ"

ဟုန်ဖေး၏ အကြုံပြုချက်ကြောင့်သာ မဟုတ်လျှင် ဒီနေ့လို ရန်ပွဲမျိုး ဖြစ်လာမည် မဟုတ်ချေ။ ဤကိစ္စအတွက် ဟုန်ဖေးသည် အလွန်အမင်း အပြစ်ရှိသလို ခံစားရပေသည်။ 

ရွှီဖန်းကတော့ လက်ကို ဝှေ့ယမ်းလျက် ပြောလိုက်

သည်။

"အဆင်ပြေပါတယ် အစ်ကိုဖေး၊ စိတ်ထဲမထားပါနဲ့၊ ကျွန်တော် အပြစ်မတင်ပါဘူး"

ဟုန်ဖေးမှ ကျန်းကျင့်ယင်ကို ခေါ်လာခဲ့ရသည့် အကြောင်းအရင်းသည် ဟွားမန်ရှင်းကို တိုးတက်စေလို၍ ဖြစ်သည်။ သူ့အပြစ်ဟု ပြောလို့မရချေ။

နားလည်မှုလွဲနေသမျှကို ဖြေရှင်းပြီးသည့်အခါ ရွှီဖန်း ပြောလိုက်သည်။

"ကျွန်တော်က ဒီနယ်ပယ်ကို လေ့လာနေတယ်ဆိုတာလည်း မပြောပြခဲ့ဘူးလေ၊ အဲ့ဒါကြောင့် အခုလိုတွေ ဖြစ်သွားရတာပါ"

"လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ကျွန်တော် လက်တွေ့စမ်းသပ်ချက် တချို့လုပ်ခဲ့တယ်၊ ငါးတွေက အဲ့ဒီအရာတွေထဲက တစ်ခုပဲ"

ထို့နောက် သူ ပြုံး၍ ပြောလိုက်သည်။

"အစ်မလန် စိတ်မပူပါနဲ့ ငါးတွေကို လိုသလောက် ရမှာပါ"

ရွှီဖန်း ချဲ့ကားပြောနေတာမဟုတ်ပေ။ သူ့မှာ Bidens bipinnataအပင်တွေ များစွာရှိတာကြောင့် Bidens bipinnataအပင်များကို တိရိစ္ဆာန်အစာများနှင့် ရောစပ်ပြီး ကျွေးနေသ၍ အသား၏ အရည်အသွေးကို ပြောင်းလဲစေပြီး ပိုမိုကောင်းမွန်သည့်မျိုးပွားမှုကို ရရှိနိုင်ပေသည်။ 

ချင်းလန်သည် ရွှီဖန်းအား သံသယဖြင့် မေးလိုက်သည်။

"ရွှီဖန်း ဒီငါးတွေကို အမြောက်အမြားထုတ်နိုင်လို့လား"

ချင်းလန်၏အမြင်၌ ယခုကဲ့သို့ အရသာရှိသည့် ငါးများကို အလုံးအရင်းဖြင့် မမွေးမြူနိုင်လောက်ပေ။ ထိုသို့ဆိုလျှင် ရောင်းအားကိုကန့်သတ်ထားရပေမည်။

ထိုအချိန် ရွှီဖန်းက ယုံကြည်ချက်အပြည့်ဖြင့် ပြောလာသည်။

"အစ်မလန် စိတ်မပူပါနဲ့၊ ကျွန်တော့်အတွက် ဒီငါးတွေက သာမန်ငါးတွေလို မွေးမြူရလွယ်ကူပါတယ်၊ ဟွားမန်ရှင်းဟိုတယ်က လိုအပ်သလောက် အချိန်မရွေး အပြည့်အဝထောက်ပံ့ပေးနိုင်ပါတယ်"

"ငါးတွေတင်မဟုတ်ဘူး၊ အချိန်တစ်ခုရောက်ပြီဆို တခြားမျိုးစိတ်တွေလည်း မွေးမြူနိုင်လောက်တယ်၊ ဒါပေါ့ အများစုကတော့ ရေထွက်ပစ္စည်းတွေပါပဲ၊ လက်ရှိဟွားမန်ရှင်းမှာ ရေထွက်ပစ္စည်းတွေနဲ့ ချက်ထားတာ ဟင်းလျာပိုင်းမှာ လျော့နည်းနေတယ်၊ ကျွန်တော်တို့ ဒီအတွက် ပြင်ဆင်လို့ရပြီ"

ချင်းလန်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေသည်။ ငါးတွေ အများကြီးရနိုင်ပါက ဟွားမန်ရှင်း၏ လုပ်ငန်းကလည်း ပို၍ ကောင်းမွန်လာပေမည်။

"ကောင်းတယ်! ဒါဆို ဒီငါးတွေကို ဘယ်လိုရောင်းရမလဲ စဥ်းစားကြရအောင်"

ရွှီဖန်းမွေးထားသော ငါးများသည် သာမန်ငါးများထက် အရသာ အလွန်ကောင်းသည်။ အနိမ့်ဆုံးဈေးသည် သာမန်ငါးများထက် သုံးဆမှ လေးဆလောက် မြင့်ရမည်ဟု ချင်းလန် ခန့်မှန်းထားသည်။

"အစ်မလန် ကျွန်တော့်မှာ အကြံရှိတယ်"

"ဟမ်...အစ်မကို ပြောပြ"

"ကျွန်တော်တို့ ဒီငါးအတွက် ပိုက်ဆံမယူဘူး"

"ဘာ!"

ရွှီဖန်းကို ကြည့်ရင်း ချင်းလန်မှာ မရယ်ဘဲ မနေနိုင်တော့ချေ။ သူမသည် မကျေမနပ်လေသံဖြင့် ပြောလိုက်သည်။

"ကျန်းကျင့်ယင်အတိုင်း ဘာလို လိုက်လုပ်နေတာလဲ၊ သူထွက်သွားပြီပဲ၊ ဒုက္ခမပေးနိုင်တော့ပါဘူး"

မတိုင်ခင်က ကျန်းကျင့်ယင်သည် ငါးအလကားပေးမည်ဟု ပြောခဲ့ဖူးသည်။ ဒါကို ရွှီဖန်းက ပြန်နောက်ပြောင်နေတာဟု ချင်းလန်က ထင်နေသည်။

"အစ်မလန် ကျွန်တော် နောက်နေတာ မဟုတ်ပါဘူး၊ စကားမပြီးသေးဘူးဆိုတော့ ကျွန်တော့်အစီအစဥ်ကို သေချာလေး နားထောင်ပေးပါ"

"အိုး"

ရွှီဖန်းက သူ့အစီအစဥ်ကို အလွန် ယုံကြည်ချက်ရှိနေသည့်ပုံပင်။ ချင်းလန်သည် အံ့သြသွားသော်လည်း ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါပြီ၊ ဆက်ပြော"

"အစ်မလန် ကျွန်တော်တွေးနေတာက ဆိုင်ခွဲဖွင့်ဖို့ဆိုရင် တစ်ဆိုင်တည်းက မလုံလောက်ဘူး၊ ကျွန်တော်တို့ ဒီငါးတွေနဲ့ တစ်ခုခု လုပ်လို့ရတယ်"

"ဟွားမန်ရှင်းရဲ့ဆိုင်ခွဲအနားမှာ တံငါမြေကိုပါ ရှာထားရမယ်၊ အဲ့ဒီအခါကျ အဲ့ဒီမှာ ဒီငါးတွေကို ကျွန်တော် မွေးထားမယ်"

"အခုခေတ်လူတွေက ကျေးလက်သဘာဝတွေကို နှစ်သက်လာကြတယ်၊ ကျွန်တော်တို့ လုပ်ငန်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုက စားသောက်ခြင်းဆိုတဲ့နေရာမှာပဲ မရပ်နေသင့်ဘူးလို့ထင်တယ်၊ ဒီအစီအစဥ်မှာ ကျွန်တော်တို့ စိတ်ကူးအသစ်တွေ ဖန်တီးပြီးထည့်

နိုင်တယ်လေ၊ ဒီတံငါမြေအကြောင်း ပြောကြရအောင်၊ လူအများစုက ငါးဖမ်းတာကို စိတ်ဝင်စားကြလိမ့်

မယ်လို့ ကျွန်တော်ယုံတယ်"

"အဲ့ဒီအချိန်ကျ ကျွန်တော်တို့ ဝင်ကြေးကို သတ်မှတ်ပြီး လတ်မှတ်ဝယ်ယူသူမှန်သမျှကို အထဲဝင်ပြီး ငါးမြှားခွင့်ပေးမယ်၊ ပြီးရင် အဲ့ဒီငါးတွေကို အလကား ပြန်သယ်သွားခွင့်ရှိပြီး ဟွားမန်ရှင်းမှာ စားချင်တယ်ဆိုလည်း ကျွန်တော်တို့ ဟင်းပွဲဈေးနှုန်းကို နည်းနည်းလေးပဲ သတ်မှတ်ပြီး ရောင်းချလို့ရနိုင်တယ်"

"ရလဒ်အနေနဲ့ ဒီအတိုင်း ငါးဟင်းကို ရောင်းတာထက် ပိုက်ဆံလည်း ပိုရှာနိုင်လိမ့်မယ်၊ ဒါ့အပြင် ဖောက်သည်တွေကလည်း ကျေးလက်တောရွာဓလေ့တွေကို လုပ်ဆောင်ရတာ ပျော်ရွှင်လာလိမ့်မယ်၊ ပြီးရင် အဲ့ဒီလူတွေက မြစ်အောက်ပိုင်းရွာကို လာလည်ဖို့တောင် စိတ်ဝင်စားလာလိမ့်ကြမယ်လို့ ကျွန်တော်ယုံတယ်"

"ကျွန်တော့်အကြံက အလုပ်ဖြစ်မယ် ထင်လား"

ထိုသို့ပြောပြီးနောက် ချင်းလန်ကို ရွှီဖန်း ကြည့်

လိုက်သည်။ ချင်းလန်ကတော့ မျက်မှောင်ကြုတ်ကာ စဥ်းစားနေသည်။ 

ခဏကြာပြီးနောက် ချင်းလန်က ခေါင်းညိတ်လာသည်။ 

"ရွှီဖန်း အဆင်ပြေပါတယ်၊ ရှင်က ဒီလို သွယ်ဝိုက်တဲ့ စိတ်ကူးမျိုးတောင် တွေးနိုင်သေးတယ်၊ သေချာ စဥ်းစားကြည့်တော့ လူတွေအများကြီးက စိတ်ဝင်စားကြမှာ အသေအချာပဲ"

"ရွှီဖန်း ငါမေးချင်တာရှိတယ်"

ထိုအချိန် ဟုန်ဖေးက လက်ထောင်၍ မေးလာသည်။

"အစ်ကိုဖေး ဘာမေးမလို့လဲ"

"ရွှီဖန်း ဒါက ကောင်းတဲ့စိတ်ကူးပါပဲ၊ ဒါပေမယ့် တစ်ယောက်ယောက်ကများ ငါးဖမ်းနည်း မသိတာတို့ ငါးဖမ်းဖို့ ပျင်းတာမျိုးဆိုရင်ရော"

ဟုန်ဖေး၏မေးခွန်းက မဆိုးပေ။ သို့သော် ရွှီဖန်းက ထိုအတွက် တွေးထားပြီးပြီဖြစ်သည်။ 

"ကျွန်တော်တို့က ငါးဖမ်းနည်းကိုမသိရင် ကျွန်တော်တို့ကို သင်ပေးနိုင်မယ့် လူတစ်ယောက်ကို အကူအညီတောင်းရမယ်၊ ဒါပေါ့ သူ့အတွက် သင်ပေးခပါ ပေးမှာပါ၊ ငါးဖမ်းဖို့ပျင်းတဲ့လူတွေအတွက်ကျ ငါးတွေကိုရတိုက်ရိုက်ဝယ်နိုင်တယ်၊ ဒါပေမယ့် အဲ့ဒီဈေးက ပိုယ်တိုင်ဖမ်းပြီးရလာတဲ့ငါးထက် အဆများစွာ ဈေးကြီးလိမ့်မယ်"

ရွှီဖန်းသည် ပျင်းရိသောသူတို့အတွက် တမင်တကာ အခက်အခဲကို ဖန်တီးနေခြင်းမဟုတ်ပေ။ ဘာပဲပြောပြော ဒီနေရာကို လာတယ်ဆိုကတည်းကိုက စားသောက်ရန်လာတာဖြစ်သည်။ တစ်ခါတည်း ကိုယ့်

မိသားစုကို ငါးပေးမျှားပြီး ပျော်ရွှင်စေတာ မကောင်းဘူးလား။

ဟုန်ဖေးကြားသည့်အခါ သူ့ခေါင်းကို ထပ်ခါတလဲလဲ ညိတ်လိုက်မိသည်။ ရွှီဖန်း၏ အကြံက ကောင်းပေသည်။ ဤနည်းဖြင့် ဖောက်သည်များအား ကိုယ်တိုင်ရယူခြင်း၏ ပျော်ရွှင်မှုကို ခံစားရစေရုံမျှမကဘဲ တံငါမြေကိုပါ တစ်ဖက်လှည့်ဖြင့် ပရိုမိုးရှင်းဆင်းနိုင်ပေသည်။

"ရွှီဖန်း မင်းရဲ့အကြံကို ငါသဘောတူတယ်၊ ငါးမွေးမြူရေးခြံကို တစ်ယောက်ယောက် ဆောက်ခိုင်းလိုက်မယ်"

ရွှီဖန်း ခေါင်းညိတ်လိုက်ပြီးနောက်

"အစ်မလန် ခဏနေရင် ပါဝင်ပစ္စည်းအသစ်

တစ်သုတ်ကို ပို့ပေးလိုက်မယ်"

"ဟမ်"

ချင်းလန် အံ့သြသွားရသည်။ ငါးဖမ်းရန်အတွက်သာ ရောင်းမည်ဟု ပြောထားခဲ့သည်မဟုတ်ပါလော။

"ကျွန်တော်တို့ ဒီမှာ ရောင်းပြီး စမ်းကြည့်ကြမယ်၊ စားသုံးသူတွေက လတ်လတ်ဆတ်ဆတ်အစားအစာတွေကို မြည်းကြည့်ပြီးတဲ့အတွက် ဆိုင်သစ်ဖွင့်ပွဲကို ပိုပြီး မျှော်လင့်နေကြလိမ့်မယ်၊ ဒါဆို အချိန်အခါဆရာက်မှ ကြော်ငြာနေစရာတောင် မလိုတော့ဘူး"

ရွှီဖန်း၏ အစီအစဥ်များကို နားထောင်ရင်း ချင်းလန်သည် မပြုံးဘဲ မနေနိုင်တော့ချေ။ 

ဒီလူက ခေါင်းပုံဖြတ်အမြတ်ကြီးစားတဲ့လူ မလုပ်တာ သနားစရာပင်။

*********************

All Chapters