← Chapters

သန့်စင်ခြင်း

Vol. 11 Ch. 155

သန့်စင်ခြင်း

Vol. 11 Ch. 155

သုံးယောက်စလုံး အသေးစိတ်ဆွေးနွေးပြီးနောက်မှာ ရွှီဖန်းသည် လီထိုက်ကန်း၏ ကုမ္ပဏီသို့ထွက်လာခဲ့သည်။

ရေနေတိရိစ္ဆာန်များ မွေးမြူလိုပါက ထိုအတွက် စက်ပစ္စည်းများ လိုအပ်တာကြောင့် သွားတွေ့ရခြင်းပင်။ လီထိုက်ကန်း၏ ကုမ္ပဏီဆီသို့ ရောက်ပြီးနောက် ရွှီဖန်းသည် ချင်းလန်၊ ဟုန်ဖေးတို့နှင့်ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို သူ့အား ပြန်လည် ပြောခဲ့သည်။

လီထိုက်ကန်းကလည်း သူ့ရင်ဘတ်ကို ပုတ်၍ ထုတ်ပေးလာသည်။

လီထိုက်ကန်းနှင့်အသေးစိတ်ဆွေးနွေးပြီးနောက် ရွှီဖန်းသည် မြစ်အောက်ပိုင်းရွာသို့ ပြန်လာပြီး ဝူယွီရွှမ်း၏အိမ်သို့ တန်းသွားလိုက်သည်။ ငါးကန်ထားရှိရန်အတွက် မြေကွက်ဝယ်ယူရန်ဖြစ်သည်။

ချင်းလန်နှင့်အခြားသူများနှင့်ဆွေးနွေးပြီးနောက်မှာ ရွှီဖန်း၌ အကြမ်းဖျင်းအစီအစဥ်တစ်ခု ရှိလာသည်။ အချိန်ကျလာလျှင် ထိုနေရာ၌ အဓိကထုတ်ကုန်များသည် အမျိုးအစားသုံးခုရှိလိမ့်မည်။

ပင်လယ်စာဖြစ်သည့် ငါးနှင့်ပုစွန်၊ သိုးသားနှင့် အမဲသားပင်။

ထိုအမျိုးအစားသုံးခုက စားသုံးသူတွေကို ကျေနပ်စေနိုင်လိမ့်မည်။ ထိုသို့ဖြစ်လာလျှင် ၎င်းတို့သည် ဟွားမန်ရှင်းဆိုင်ခွဲများအတွက် အဓိက ဝင်ငွေအရင်းအမြစ်ဖြစ်လာလိမ့်မည်။

တစ်ကယ်တော့ ဒီကိစ္စဖြေရှင်းရန်အတွက် ဝူယွီရွှမ်းနှင့်တောင် ဆွေးနွေးစရာမလိုပေ။ မြစ်အောက်ပိုင်းရွာတွင် တည်ဆောက်ထားသည့် သူ၏လက်ရှိပုံရိပ်

အနေအထားဖြင့် ငါးကန်ဆောက်လုပ်မည်ဟု ပြောလိုက်ရုံဖြင့် ရွာသားအုပ်စုကြီးက သူနှင့်အတူ လာပူးပေါင်းကြလိမ့်မည်။

ဒါက လုံးဝ ပြဿနာမရှိဘူးဟု ဆိုလိုတာပင်။ ဝူယွီရွှမ်းကို ပြောပြပြီးသည်နှင့် သူမကလည်း ချက်ချင်း ကူညီလာသည်။ အကုန်လုံးကို ညွှန်ကြားပြီးပြီဖြစ်တာကြောင့် ရွှီဖန်းအတွက် ထိုင်စောင့်နေရန်သာ လိုအပ်တော့သည်။

အားလပ်ချိန်ရှိလာတာကြောင့် ရွှီဖန်းသည် ထိုက်

ပိုင်ကျင့်စစ်ပေးခဲ့သော ထိုက်ပိုင်အဆောင်ကျမ်းကို လေ့လာခဲ့သည်။ လွန်ခဲ့သော လတွေမှာလည်း အားလပ်ချိန်ရတိုင်း အဆောင်သန့်စင်ခြင်းကို မပြတ်မကွက် လေ့ကျင့်ခဲ့သည်။ ယခုဆိုလျှင် အဆောင်သန့်စင်သည့် အောင်မြင်မှုနှုန်းသည် ယခင်ကထက် ပို၍ တိုးမြင့်လာသည်။ 

ယခင်က အဆင့်မြင့်အဆောင်များကို မသန့်စင်ဝံ့တာကြောင့် ကောင်းကင်ဘုံစွမ်းအားအဆောင်လို အဆင့်

နိမ့်အဆောင်ကိုသာ သန့်စင်ခဲ့ရသည်။ ယခုဆိုလျှင် အဆင့်မြင့်အဆောင်များကိုပါ သန့်စင်နိုင်စွမ်းရှိပြီဟု သူခံစားမိသည်။ 

ဟုတ်ပါ၏။ ဤပညာက ကိုယ်ပိုင်စွမ်းရည်အပြင်၊ ချမ်းသာမှုနှင့်ပါ သက်ဆိုင်နေ၏။ ထိုက်ပိုင်

အဆောင်များသည် ငွေကြေးကုန်ကျမှုများသည်။ ပိုက်ဆံမရှိလျှင် အဆောင်သန့်စင်ရန်အတွက် ပစ္စည်းများ စုနိုင်မည် မဟုတ်ပေ။ 

ထိုင်ပိုင်အဆောင်ကျမ်းထဲမှ ကျန်သည့်အဆောင်လုပ်နည်းများက ကောင်းကင်ဘုံစွမ်းအား အဆောင်ထက် ပို၍ ခက်ခဲပေသည်။ ရွှီဖန်းသည် သူကိုယ်တိုင်လည်း ကျွမ်းကျင်လောက်ပြီး အသုံးလည်းဝင်နိုင်မည့် အဆောင်နှစ်ခုကို ရွေးလိုက်သည်။

ရှိယွင်၏ မိုးတိမ်အဆောင်

ထိုက်ပိုင်အဆောင်ကျမ်း၏ ထိပ်ဆုံးနေရာ၌ မိုးတိမ်အဆောင်ကို ရှိယွင် ဘယ်လိုအသုံးပြုလဲဆိုသည့် အကြောင်းအရာပါဝင်သည်။ ၎င်းသည် ကောင်းကင်မိုးနတ်ဘုရားနှင့်ဆက်သွယ်ပြီး မိုးကို ဆင့်ခေါ်နိုင်ပေသည်။

ဤမိုးတိမ်အဆောင်သည် မိုးကို ဆင့်ခေါ်ရုံဖြင့် ရိုးရှင်းသည်ဟု မထင်သင့်ပေ။ မိုးတိမ်အဆောင်မှ ဆင့်ခေါ်

လိုက်သည့် မိုးတိမ်များက မြေကြီးကို ပြောင်းလဲစေနိုင်သည်ဟု မှတ်တမ်းတင်ထားပေသည်။

ကောင်းကင်ဘုံမြေကြီး (ကောင်းကင်ဘုံမြေသြဇာ)နှင့် မိုးတိမ်အဆောင်မှ ပြောင်းလဲလိုက်သည့် မြေကြီးကြားမှ ကွာခြားချက်ကို သူသေချာမသိသော်လည်း များစွာ ကွာခြားမှုတော့ရှိမှာ မဟုတ်ပေ။

ဒီနည်းလမ်းအားဖြင့် ကောင်းကင်ဘုံရှိ နတ်ဘုရားတွေဆီမှ မြေကြီးတောင်းနေရသည့် အဖြစ်ကလည်း ရှောင်နိုင်လိမ့်မည်။

ဒီလတွေထဲမှာ သူတို့ကိုလည်း တော်တော်လေး ဒုက္ခပေးခဲ့မိသည်။ သူတို့အမြင်မှာ ဘာမှလည်းလုပ်စရာမရှိဘဲ မြေကြီးပဲ ထိုင်တောင်းနေသည့်အဖြစ်က ညစ်ပတ်စရာတွေ စားရတာကြိုက်သည့် ကလေးဟု ထင်ကောင်းထင်သွားနိုင်ပေသည်။ 

ဤမိုးတိမ်အဆောင်ကနေ ရမည့်အစွမ်းကလည်း အကန့်အသတ်ရှိပေသည်။ မိုးတိမ်အဆောင်ကို အသုံးပြုခြင်းသည် အလွန်ခွန်အား ကုန်ဆုံးတာကြောင့် အချိန်အကြာကြီး အသုံးမပြုနိုင်ပေ။ 

ထိုကဲ့သို့ ကောင်းကင်ကိုအံတုသော အကျိုးသက်ရောက်မှုရှိသည့် အဆောင်ကို ရွှီဖန်းအနေဖြင့် အလွန်အမင်းသုံးစွဲမိပါက ပင်ပန်းနွမ်းနယ်ပြီး သေဆုံးနိုင်သည်။

ရွှီဖန်း သက်ပြင်းချလိုက်မိသည်။ အနာဂါတ်မှာ ကောင်းကင်ဘုံမြေသြဇာကို များများရအောင် လုပ်ထားနိုင်သ၍ သူလည်း အနားယူနိုင်ပေမည်။

ဒါတင်မက မိုးတိမ်အဆောင်ဖြင့်ပြုပြင်ထားသော မြေကြီးများသည် ဝိညာဥ်စွမ်းအင်များဖြင့် စွန်းထင်းနေပြီး လက်တွေ့ကျသော အကျိုးသက်ရောက်မှုကို ပေးစွမ်းနိုင်လိမ့်မည်။

မိုးတိမ်အဆောင်ပြီးလျှင် ကျန်သည့်အဆောင်က မြင်ကွင်းထိုးဖောက်အဆောင်ဖြစ်သည်။ ယခင်က ရှယန်ယွိနှင့် စတွေ့စဥ် ထိုအဆောင်ကို သုံးခဲ့ဖူးပြီး အောင်မြင်မှုပင် ရရှိခဲ့သည်။ ဒါကြောင့် ရွှီဖန်းလည်း လေးလေးနက်နက်မှတ်မိနေခဲ့သည်။ 

မှတ်တမ်းများအရ မြင်ကွင်းထိုးဖောက်အဆောင်ကို အသုံးပြုသူ၏မျက်လုံးများသည် ကောင်းကင်

မျက်လုံးများအဖြစ် ယာယီပြောင်းလဲသွားကြမည်

ဖြစ်သည်။ ၎င်းသည် အရာအားလုံးကို မြင်နိုင်စေသော  အံ့ဖွယ်နည်းလမ်းတမျိုးပင်။ 

စစ်မှန်သော အရှင်အာ့လန် သင်ကြားပေးခဲ့သည့် ကောင်းကင်ဖြိုခွဲလက်သီးနှင့် ထိုအဆောင်သည် တစ်ခုနှင့်တစ်ခု လိုက်ဖက်ညီလိမ့်မည်ဟု သူယုံသည်။ 

ထို့နောက်မှာတော့ ရွှီဖန်းသည် နေရာတိုင်းကို လှည့်ပတ်၍ အပြင်လူ၏ အကူအညီကိုလည်း ယူကာ အဆောင်နှစ်ခု သန့်စင်ရန်အတွက် လိုအပ်သော ပစ္စည်းများကို ဝယ်ယူခဲ့သည်။ ငွေကြေးတချို့ သုံးစွဲခဲ့ရသော်လည်း ကံကောင်းထောက်မစွာဖြင့် အဆောင်

နှစ်ခုသန့်စင်ရန် လိုအပ်သည့် ပစ္စည်းအားလုံးကို စုံစုံလင်လင် ရခဲ့ပေသည်။

သူ၏ ယခင်က သန့်စင်ဖူးသည့် အတွေ့အကြုံများအရ ယခုအခါ၌ များစွာ မခက်ခဲသင့်တော့ပေ။ အဆောင် စတင်မရေးဆွဲခင်မှာ အရင်ဆုံး လက်ဗလာဖြင့် အဆောင်ဆွဲနည်းကို ရင်းနှီးအောင် ပြုလုပ်ခဲ့သည်။

ကံကောင်းစွာဖြင့် သူ၏ လက်ရှိစွမ်ရည်အရ ဆုံးရှုံးမှုကို လျှော့ချနိုင်ခဲ့သည်။ အလွန်လျင်မြန်စွာပင် မြင်ကွင်းတိုးမြှင့်အဆောင်ကို သူပြုလုပ်နိုင်ခဲ့သည်။ ထို့နောက် အဆောင်တစ်ခုကို ကောက်ယူကာ အသုံးပြုခဲ့သည်။ 

သို့သော်ငြား မြင်ကွင်းထိုးဖောက်အဆောင်၏ စွမ်းအားကို သေချာဂရုတစိုက် မစမ်းသပ်ရသေးခင်မှာ သူ့အိတ်ထဲမှ ဖုန်းကမြည်လာသည်။

ချိုးဆုအာမှ သူ့ကို ကြက်ခြံသို့ လာခဲ့ရန် ခေါ်နေခြင်းပင်။ သူမက ဒီလအတွက် ကြက်ခြံအခြေအနေနှင့် ဆေးပင်များရိတ်သိမ်းမှုအပေါ် ငွေချေခြင်းတို့ကို တင်ပြချင်နေသည်။ 

ချိုးဆုအာဘက်မှ ယခုလို အရာတွေ သူ့ကို မပြောပြလည်း အဆင်ပြေသည်ဟု ရွှီဖန်းထင်သည်။ သူမကိုယ်တိုင် ဆုံးဖြတ်ချက်များ ချနိုင်ပေသည်။ သို့သော်ငြား ချိုးဆုအာ ပြောလာသည်မှာ...

"ရွှီဖန်း သူဌေးတစ်ယောက်အနေနဲ့ အရမ်းကြီး မလွှဲအပ်ထားသင့်ဘူး"

ရွှီဖန်းတွေးကြည့်သည့်အခါမှာလည်း အဓိပ္ပာယ်ရှိသည်ဟု ခံစားရသည်။ သူဌေးတစ်ယောက်အနေဖြင့် သူ့မှာ တာဝန်ရှိပေသည်။ ဒါကြောင့် အိမ်ကိုမဝင်တော့ဘဲ တာ့ပင်းတောင်ကိုသာ ထွက်လာခဲ့သည်။

ထိုအချိန် ချိုးဆုအာသည် ကြက်ခြံအပေါက်ဝမှာ သူ့ကို စောင့်နေလေသည်။ 

"အစ်မဆုအာကို တွေ့ဖို့ အပြေးရောက်လာတာ၊ ကျွန်တော့်ကိုလွမ်းလား"

ချိုးဆုအာသည် ရှက်ရွံ့ခြင်းကို မထိန်းလိုက်နိုင်ပေ။ ထိုအချိန် သူမ ရွှီဖန်းကို ကြည့်လိုက်ရာ ကြောင်အနေသည့်ပုံရှိနေသည့် သူ့ကို တွေ့လိုက်ရသည်။

"ဘာ ဘာဖြစ်လို့လဲ"

ချိုးဆုအာသည် ရွှီဖန်းကိုတွန်းလိုက်သော်ငြား ရွှီဖန်းကတော့ ကြက်သေသေနေသည့် အမူအရာအတိုင်းရှိနေတုန်းပင်။ 

ချိုးဆုအာသည် တစ်ယောက်ယောက်ကို မစိုက်ကြည့်ဝံ့သော်လည်း သူမနှင့်ရွှီဖန်း၏ ရင်းနှီးမှု အနေအထားအရ တစ်ယောက်နှင့်တစ်ယောက် ကြာကြာစိုက်ကြည့်ဖို့ရာ အကြောင်းအရင်းရှိပေသည်။

သို့သော်ငြား ရွှီဖန်းသည် တစ်စုံတစ်ခုကို သတိထားမိခဲ့သည်။ သူသန့်စင်ထားသည့် မြင်ကွင်းထိုးဖောက်

အဆောင်တွင် ကောင်းမွန်သော အကျိုးသက်ရောက်မှုရှိနေပေသည်။ သူ အာရုံစိုက်လိုက်သည်နှင့် ဖောက်ထွင်း၍ မြင်နိုင်ပေသည်။

ချိုးဆုအာဝတ်ဆင်ထားသည့် အဝတ်လှလှလေးအပေါ် သူ အာရုံစိုက်မိသွားသည်နှင့် အနက်ရောင်ဇာဂါဝန်လေးက တဖြည်းဖြည်း ဖောက်ထွင်းမြင်နိုင်သည်အထိ ပါးလျလာသည်။ 

အဖြူရောင်ပန်းပွင့်ကဲ့သို့ ခန္ဓာကိုယ်လေးက ရွှီဖန်း၏ မျက်လုံးထဲ ဝင်လာသည်။ လတ်ဆတ်သော တောင်မို့မို့နှစ်လုံးအား အနက်ရောင်ဘရာဖြင့် ကောင်းစွာ ထုတ်ပိုးထားလေသည်။ ဒီတစ်ကြိမ် ဘရာကပင် ထပ်မထိန်းထားနိုင်တော့ဘဲ ချောက်အနက်ဆုံးထိ တွန်းပို့ခံလိုက်ရပေသည်။ 

******************

All Chapters