ဒီလိုပျော်ရွှင်ရသည့်ခံစားချက်
Vol. 11 Ch. 156
ချိုးဆုအာ၏ ဘာမှမဝတ်ထားသောခန္ဓာကိုယ်ကို အကြိမ်တချို့ တွေ့ဖူးထားသော်လည်း ဒီတစ်ကြိမ်မှာ ကွဲပြားပေသည်။ ဒီလိုမျိုး ချောင်းကြည့်နေရသည့်ခံစားချက်မျိုး၊ အထူးသဖြင့် ချိုးဆုအာ၏ အရှေ့မျက်မှောက်မှာဖြစ်နေတာကြောင့် သူအပြစ်ရှိသလို ခံစားနေရသည်။
ထိုအခိုက်အတန့်တွင် ချိုးဆုအာကလည်း သူမပိုင်ဆိုင်ပါသည်ဟု သက်သေပြချင်နေသလိုမျိုး သူ့ကို ကြည့်နေသေး၏။ ရွှီဖန်းသည် ချက်ချင်းပင် သူ့အကြည့်ကို ပြန်ဆုတ်လိုက်ရသည်။
ဒါက အရမ်းကြည့်ကောင်းသော်ငြား သူလည်း ခံရပေသည်။ မြင်ကွင်းထိုးဖောက်အဆောင်သည် စွမ်အင်များစွာ လိုအပ်တာကြောင့် ဆက်ကြည့်နေပါက သူ့အတွက် မောပန်းနွမ်းနယ်မှုကို ခံစားရလိမ့်မည်။
"ရွှီဖန်း ဘာကို ကြည့်နေတာလဲ"
ချိုးဆုအာသည် ရှက်ရွံ့စွာဖြင့် ဆူလိုက်မိသည်။ သူမ ချစ်ရပါသော အမျိုးသားက စိုက်ကြည့်နေတာကြောင့် သူမ၏ နှလုံးသားထဲတွင်လည်း အနည်းငယ် စိတ်လှုပ်ရှားသွားရသည်။
ရွှီဖန်း ရယ်မောကာ ချိုးဆုအာ၏ ဖြူဖွေးနေသော လက်များကို ဆွဲကိုင်လိုက်သည်။
"အစ်မဆုအာ အရမ်းလှနေတာ၊ ဒီအနက်ရောင်နဲ့ မြင်ရတာကို သဘောကျတယ်၊ ဆွဲဆောင်မှုရှိတယ်လေ"
"ဘာ"
ရွှီဖန်းက ချိုးဆုအာကို ပြုံး၍ စလာသည်။ ချိုးဆုအာသည် အဝတ်အစားအောက်မှ တစ်စုံတစ်ရာကို သတိရသွားကာ ချက်ချင်းရှက်သွားတော့သည်။ သူမ ရွှီဖန်း၏ မကောင်းသော လက်ကို ဖယ်လိုက်ကာ ခါးကို လိမ်ဆွဲလိုက်သည်။
"လူဆိုးကောင်၊ ငါရေချိုးတုန်းက ချောင်းကြည့်ထားတာလား"
"အိုး မဟုတ်ပါဘူး မဟုတ်ရပါဘူး"
ချိုးဆုအာ၏ လိမ်ဆွဲမှုကြောင့် ရွှီဖန်းသည် နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ စွပ်စွဲခံရသလို ခံစားရပေသည်။ ရေချိုးတုန်းက ချောင်းကြည့်ထားတာတဲ့လား။ သို့သော်ငြား သူ့ဘက်မှ အမှန်အတိုင်းပြောရင်တောင် ချိုးဆုအာက ယုံမည်မဟုတ်ချေ။ ဒါကြောင့် သူ ရှင်းပြရန် စိတ်မပါတော့ချေ။
ခဏတာ အချင်းချင်းနောက်ပြောင်ကြပြီးနောက်မှ ချိုးဆုအာသည် အရေးကြီးသည့် ကိစ္စများကို တင်ပြလာသည်။ ယခင်လတွင် ကြက်ခြံ၏ အမြတ်အစွန်းများအပြင် ဆေးပင်ဝယ်ယူမှုအကြောင်းကိုပါ အစီရင်ခံခဲ့သည်။
တစ်ချိန်တည်းမှာပင် ဟုန်ဖေးကလည်း မြစ်အောက်ပိုင်းရွာနှင့် ဟွားမန်ရှင်းဟိုတယ်ကြားမှ အရှိန်ကို မြှင့်လိုက်သည်။ မကြာခင်အချိန်အတွင်း ဟွားမန်ရှင်းဆိုင်ခွဲဖွင့်လှစ်နိုင်လိမ့်မည်။
ဝူယွီရွှမ်းကလည်း ငါးကန်အတွက် မြေကွက်ကို စာချုပ်ချုပ်ပေးခဲ့ပြီး လီထိုက်ကန်းကလည်း ငါးမျိုးစိတ်ပေါင်းများစွာကို ပို့ပေးလာသည်။ တစ်ချိန်
တည်းမှာပင် ဟွားမန်ရှင်းဆိုင်ခွဲ၏ ဘေးနား၌ ငါးဖမ်းကွင်းများကိုပါ စတင်ဖွင့်လှစ်ခဲ့သည်။
Bidens bipinnataများကိုလည်း များစွာ ပြင်ဆင်ထားရပေသည်။ နောက်ဆုံးတွင် ဤငါးနှင့် ပုစွန်များကို Bidens bipinnataများသာ ကျွေးရမည်ဖြစ်သည်။
မြေကွက်ကြီး၏ လယ်ကွက်လေးခု၌ Bidens bipinnata များကို စိုက်ပျိုးရန်အတွက် ရွာသားများက တစ်ရက် အချိန်ယူခဲ့သည်။ Bidens bipinnataများ ကြီးထွားမှု အချိန်ကာလက တိုတောင်းပေသည်။ တစ်ပတ်မပြည့်ခင်မှာပဲ တစ်သုတ်လောက် ရိတ်သိမ်းနိုင်ခဲ့သည်။ အပိုလယ်ကွက်လေးခုက ငါးနှင့်ပုစွန်များကို ကျွေးရန် လုံလောက်ပေသည်။
သို့သော် ရွှီဖန်းကတော့ အလွန်ခက်ခဲသည့်ပြဿနာတစ်ခုကို တွေ့ခဲ့ရသည်။
မြစ်အောက်ပိုင်းရွာရှိ မြေကွက်များကို သူစာချုပ်ချုပ်ထားခဲ့ပြီဖြစ်သော်လည်း ကျန်နေသေးသည့်အရာမှာ လယ်မြေပင်။ ထိုအရာက သူ့အနာဂါတ်အတွက် များစွာ မသက်ရောက်သော်လည်း အတားအဆီးတစ်ခု ဖြစ်နေဆဲပင်။ လယ်သမားတစ်ယောက်အနေဖြင့် လယ်မြေမရှိလျှင် မည်သို့ စားသောက်ရမည်နည်း။
ဘယ်နေရာမှာ မြေရိုင်းတွေ ရနိုင်မလဲ။
ထိုအကြောင်းတွေးတောနေရင်း လူတစ်ယောက်ကို သတိရသွားသည်။
ဝူယွီရွှမ်းပင်။
ဝူယွီရွှမ်းသည် မြစ်အောက်ပိုင်း၏ အုပ်ချုပ်ရေးမှူးဖြစ်တာကြောင့် သူမထက် မြေအကြောင်း ပိုသိနိုင်မည့်လူ မရှိပေ။ သူမကို ချက်ချင်းပင် သွားတွေ့လိုက်သည်။
"ယွီရွှမ်း ဒီနားမှာ မြေရိုင်းတွေ ရှိသေးလား"
"နောက်ထပ် လိုချင်သေးလို့လား"
ဝူယွီရွှမ်းအတွက်တော့ နားလည်ရခက်နေ၏။ ရွှီဖန်းသည် မြစ်အောက်ပိုင်းရွာ၏ မြေကွက်အများဆုံးပိုင်ဆိုင်သူအဖြစ် ရှိနေပြီဖြစ်ရာ ဘာကြောင့် ထပ်လိုချင်သေးမှန်း မသိပေ။
ဝူယွီရွှမ်း အံ့သြနေသော်လည်း မမေးရဲပေ။ မေးလိုက်ပါက သူမကို လက်ထပ်ရန်အတွက် အလုပ်
ကြိုးစားပြီး ငွေရှာနေရသည်ဟူ၍သာ နောက်တီးနောက်တောက် ပြန်ဖြေလာဦးမည်ပင်။
"ရွှီဖန်း ငါ ခဏနေရင် ရွာထဲသွားပြီး မိသားစုတွေကို မြေကွက် ရောင်းဖို့ ရှိသေးလား သွားမေးပေးမယ်လေ"
"ယွီရွှမ်း မေးစရာမလိုပါဘူး၊ ရွာထဲက မြေအကုန်လုံးနီးပါးက ရပြီးနေပြီ"
"ဟုတ်သားပဲ"
ဝူယွီရွှမ်း သက်ပြင်းချလိုက်မိသည်။ ရွှီဖန်း၏ တိုးတက်မှုက အလွန် မြန်ဆန်တာကြောင့် မြစ်အောက်ပိုင်း၏အရင်းအမြစ်များသည်ပင် လိုက်မမှီတော့ပေ။
ခဏတာတွေးတောပြီးနောက်မှာ ဝူယွီရွှမ်းက လက်ခုပ်ထတီး၍ ပြောလာသည်။
"ကောင်းပြီ ရွှီဖန်း နင်က မြေရိုင်းလိုချင်နေတာမလား၊ နင်စာချုပ်ချုပ်လို့ရမယ့် နေရာတစ်ခု ငါသိတယ်"
"ဟမ် ဘယ်မှာလဲ"
ရွှီဖန်းသည်လည်း စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ငါတို့ရွာမှာတော့ မသုံးတော့တဲ့ မြေတွေ မရှိတော့ပေမယ့် ရှောင်လီရွာမှာ ရှိတယ်"
"ရှောင်လီရွာက ငါတို့ရွာလိုပဲ ဆင်းရဲတဲ့ရွာဆိုပြီး လူသိကြတယ်၊ အဲ့ဒီက မြေတွေက အရမ်းကြီးတယ်၊ ရွာသားအများစုက အပြင်ထွက်ပြီးအလုပ်လုပ်ကြတာ များတော့ မြေအလွတ်တွေ အများကြီးရှိတယ်၊ ရှောင်လီရွာက အုပ်ချုပ်ရေးမှူးနဲ့ ငါ့အဖေနဲ့က ရင်းနှီးတယ်၊ နင်လိုချင်ရင် အခုပဲ စာချုပ်ချုပ်လို့ရအောင် ခေါ်သွားပေးမယ်လေ"
"တစ်ကယ်လား! ယွီရွှမ်း ငါ့ကို ခေါ်သွားပေးပါ"
ဝူယွီရွှမ်းမှ သူ့ပြဿနာကို ဖြေရှင်းပေးလိုက်သည့်
အခါ ရွှီဖန်းသည် အလွန် စိတ်လှုပ်ရှားသွားတော့သည်။ ထိုအချိန် သူမကို ခေါ်၍ စာချုပ်သွားချုပ်ရန်ပင် မစောင့်နိုင်တော့ချေ။ သူမကို ကားပေါ်တင်၍ ရှောင်လီရွာကို မောင်းသွားလိုက်သည်။
ရှောင်လီရွာ၏လမ်းက မြစ်အောက်ပိုင်းရွာ၏လမ်းနှင့် မဝေးပေ။ လမ်းခွဲကိုရောက်သည်နှင့် တန်းတန်းသွားလိုက်လျှင် ရှောင်လီရွာကို ရောက်လေပြီ။
သို့သော်ငြား ရှောင်လီရွာ၏ လမ်းများက အလွန်
စုတ်ပြတ်နေ၏။ ကောင်းမွန်သော လုပ်ဆောင်ချက်များ ပါရှိသည့် ရွှီဖန်း၏ကားတောင်မှ ခက်ခက်ခဲခဲမောင်းနေရသည်။
ဝူယွီရွှမ်းမှာတော့ ရယ်ရခက် ငိုရခက်ပင်။
"ရှောင်လီရွာက လမ်းတွေက ငါတို့ထက် ပိုဆိုးတာကို သိထားရမယ်၊ အနည်းဆုံးတော့ ငါတို့ရွာမှာ နင်ရှိသေးပေမယ့် ရှောင်လီရွာမှာတော့ အကုန်ဆင်းဆင်းရဲရဲနေကြရတာ"
"လူတစ်ယောက်က ဆင်းရဲရင် စားဖို့တောင် မနည်းရှင်သန်ရတာ၊ သူ့အတွက် လမ်းကြောင်းတစ်ခု ဖောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ရွှီဖန်း ခေါင်းညိတ်လိုက်သော်လည်း ဘာမှ ပြန်မပြောခဲ့ပေ။ ထိုအစား သူ့စိတ်ထဲမှာ ပြောမိသည်။
*စာချုပ်ချုပ်ရင် သူတို့အတွက် များများပေးခဲ့ရမယ်၊ ငါ့အတွက် ကုသိုလ်ကောင်းမှုစုဆောင်းပြီးသားလည်း ဖြစ်အောင်*
မကြာလိုက်ပေ၊ Land Rover သည် ရွှံ့များကို ဖြတ်ကျော်၍ ရှောင်လီရွာ၏ အဝင်ဝသို့ ရောက်ရှိသွားခဲ့သည်။ ကားက ဒီထက် ပိုမောင်းသွားလျှင် အဆင်မပြေတော့တာကြောင့် ကားပေါ်မှ ဆင်းကာ ဝူယွီရွှမ်းနှင့်အတူ ရွာထဲသို့ ဝင်လာခဲ့သည်။
********************