ရောင်းကုန်ပြီလား
Vol. 11 Ch. 157
ရှောင်လီရွာသည် အမြဲဆင်းရဲနေသည်ဖြစ်ရာ ရွှီဖန်းမောင်းလာသည့် ဇိမ်ခံကားက အသစ်အဆန်းလို ဖြစ်နေ၏။ ကားက ရွာအဝင်ပေါက်မှာရပ်သွားသည့်အခါ ဘေးပတ်ပတ်လည်မှ ရွာသားများသည် စပ်စပ်စုစု ကြည့်လာကြသည်။
"ထူးဆန်းလိုက်တာ ဘာလို့ နောက်ထပ် ကားတစ်စီးက ထပ်ရောက်လာသေးတာလဲ"
"အားမော့က လတ်တလောမှာ တစ်ယောက်ယောက်ကိုများ ရန်စထားတာလား၊ မကြာသေးခင်က ရောက်လာပြီးထွက်သွားတဲ့ နှစ်လိုဖွယ် အမျိုးသမီးက သူ့ကို ထပ်ပို့လိုက်တာများလား"
"ဟုတ်မယ်! အားမော့က တစ်ကယ် ဒုက္ခရှာတာပဲ၊ သူ့ကို ရွာသူကြီး ဆက်လုပ်ခိုင်းလို့မရတော့ဘူး"
လူတစ်စုက ခပ်လှမ်းလှမ်းမှာနေ၍ တီးတိုးဆွေးနွေးနေကြ၏။ ထိုလူများ၏ စကားတွေကြောင့် ရွှီဖန်းသည် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။
တစ်ယောက်ယောက်ကများ ငါ့အရှေ့မှာ လာထားပြီးပြီလား။ ဆိုးရွားသော ခံစားချက်ကြောင့် ဝူယွီရွှမ်းကို သူ လှည့်ကြည့်လိုက်မိသည်။
"ဦးလေးအားမော့က ရှောင်လီရွာရဲ့ ရွာသူကြီးပါ၊ စိတ်မပူပါနဲ့၊ ရှောင်လီရွာက မြေကွက်တွေကို ဘယ်သူမှ လိုချင်ကြမှာမဟုတ်ဘူး၊ ရောက်လာခဲ့ပြီးတဲ့လူက တခြားကိစ္စနဲ့ လာတာလည်း ဖြစ်နိုင်တယ်"
ရွှီဖန်းခေါင်းညိတ်လိုက်သည်။ အခု ရွာထဲကိုလည်း ရောက်လာပြီဖြစ်၍ အိမ်ကို တန်းပြန်လို့ မရသေးချေ။
"ယွီရွှမ်း ရွာသူကြီးနဲ့တွေ့ဖို့ ခေါ်သွားပေးပါ"
ဝူယွီရွှမ်းက ခေါင်းညိတ်၍ ရွှီဖန်းအား ရှောင်လီရွာထဲသို့ ခေါ်ဆောင်သွားလေသည်။
ရှောင်လီရွာသည် အမှန်တစ်ကယ်ကို နွမ်းပါးလှပေသည်။ ရွှီဖန်း လမ်းမှာ မြင်ခဲ့သမျှ အိမ်တိုင်းသည် ကျိုးပဲ့နေကြပြီး ရွာသူကြီး၏ အိမ်တောင်မှ ကွာခြားမှု မရှိပေ။
ဝူယွီရွှမ်းသည် တံခါးသေးသေးလေးကို ခေါက်၍..
"ဦးလေးအားမော့ အိမ်ပြန်ရောက်ပြီလား"
"ဘာကိုအော်နေတာလဲ၊ တံခါးမပိတ်ထားဘူး အထဲဝင်လာခဲ့ကြ"
ထိုအချိန် ခြံထဲမှ ရိုးသားကာ တည့်တိုးဆန်သည့် အသံက ထွက်လာသည်။ သူတို့နှစ်ယောက်လည်း အထဲကို ဝင်လာခဲ့ကြသည်။
ခြံထဲတွင် ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးသည် နေရောင်အောက်တွင် ကုလားထိုင်ပေါ်၌ လဲလျောင်းနေသည်။ ဝူယွီရွှမ်းဝင်လာသည်ကို မြင်မှသာ ထရပ်လာသည်။
"သမီး ဒီကို ဘယ်လိုလုပ်ပြီး လေတိုက်လာတာလဲ"
သူတို့နှစ်ယောက်က ဆက်ဆံရေးကောင်းကြသည့် ပုံပေါ်သည်။ ဝူယွီရွှမ်းလည်း ပြုံး၍ ရွှီဖန်းကို လက်ညှိုးထိုးပြကာ..
"လာ သူ့ကို မိတ်ဆက်ပေးပါရစေ၊ သမီးတို့ရွာက သူဌေးကြီး ရွှီဖန်းလေ၊ ဦးလေးတို့ရွာ နွမ်းပါးမှုကနေ လွတ်ကင်းအောင်လို့ သူ့ကို ဒီခေါ်လာခဲ့တာ"
"ဘာ"
အားမော့က အံ့သြနေသည်။ ဝူယွီရွှမ်းဘေးမှာ ရပ်နေစည့် ငယ်ငယ်ရွယ်ရွယ်ကောင်လေးက သူဌေးကြီး ဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။ သိသာစွာပင် အားမော့ကလည်း ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ချင်သည့် ဆန္ဒရှိပေသည်။
"ဦးလေးတို့ရွာမှာ မြေတွေ အများကြီးပိုနေတယ်မလား၊ ရွှီဖန်းက မြေအကုန်လုံးနဲ့ စာချုပ်ချုပ်ချင်နေတယ်၊ စိတ်မပူပါနဲ့ ရွှီဖန်းက လူကောင်းပါ၊ ဦးလေးကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး"
"ဟင်"
ယုတ္တိရှိရှိဆိုရလျှင် ဤသတင်းကြားသည့်အခါ အားမော့၏အမူအရာမှာ စိတ်လှုပ်ရှားသွားသင့်ပေသည်။ သို့သော်ငြား အားမော့သည် ခေတ္တထိတ်လန့်သွားကာ အမူအရာလည်း အဆင်မပြေဖြစ်သွား၏။
ဝူယွီရွှမ်းလည်း ဒါကိုကြည့်ရင်း စိတ်ရှုပ်သွားရကာ...
"ဘာဖြစ်လို့လဲ ဦးလေး၊ ဒါက တစ်သက်မှာ တစ်ခါပဲ လာတဲ့ အခွင်အရေးမလား၊ ဦးလေးရွာက မြေတွေကိုရရောင်းပေးဖို့ သဘောတူမယ်မလားဟင်"
အားမော့က ပြုံးလာသည်။
"သမီး ငါ အရောင်းအဝယ်မလုပ်ချင်လို့မဟုတ်ဘူး၊ ပြဿနာက သမီးတို့ လာတာ နောက်ကျသွားတာပဲ၊ ဒီနေရာတွေကို တခြားလူကို ပေးဖို့ သဘောတူထားပြီးပြီ"
"ဘာ"
ဝူယွီရွှမ်း အော်လိုက်မိသည်။ ရှောင်လီရွာမှမြေတွေကို တခြားလူက ယူသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ဦးလေး ဘယ်လိုဖြစ်တာလဲ၊ သမီးအဖေနဲ့ ရင်းနှီးတယ်ဆိုပြီး နောက်နေတာတော့ မဟုတ်ပါဘူးနော်"
အားမော့က ရှက်ကိုးရှက်ကန်းဖြင့် သက်ပြင်းချနေ၏။
"အိုး...ယွီရွှမ်း ဦးလေးက သမီးကို မလှည့်စားရပါဘူး၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ခပ်ချောချောအမျိုးသမီးတစ်ယောက်ရောက်လာပြီး မြေကွက်
အားလုံးကို ဝယ်ယူခဲ့တယ်၊ ရွာသားတွေလည်း သဘောတူပြီး စာချုပ်မှာ လတ်မှတ်ထိုးပြီးခဲ့ပြီ"
"သမီးတို့ ဘာလို့ စောစောမလာခဲ့ကြတာလဲ၊ သမီးတို့ လိုချင်နေမှန်းသိထားရင် သမီးတို့ကိုပဲ ရောင်းတာပေါ့"
ထိုစကားကို ကြားတော့ ဦးလေးအားမော့ကို ရွှီဖန်းကြည့်လိုက်သည်။ သူ လိမ်နေတာတော့ မဖြစ်နိုင်ချေ။ လက်ရှိအချိန် ရွှီဖန်း၏ အမူအရာကတော့ မကောင်းပေ။ သို့သော်ငြား သူ မကျေမနပ်ဖြစ်နေလည်း ပြောင်းလဲလို့ ရတာ ဘာမှမရှိပေ။ စာချုပ်က ချုပ်ထားပြီးပြီဖြစ်၍ တစ်ဖက်လူဆီမှ မြေကွက်ဝယ်ယူ၍ မရနိုင်တော့ချေ။
ဧက ရာနှင့်ချီသော မြေများဖြစ်သည်ကို တွေးလိုက်
သည်နှင့် ရွှီဖန်း ခေါင်းကိုက်သွားရသည်။ ထိုအချိန် အားမော့ကလည်း အခန်းထဲဝင်၍ စာချုပ်သွားယူကာ ဝူယွီရွှမ်းကို ပြလာသည်။
ဝူယွီရွှမ်းမှာ စာချုပ်ပေါ်တွင် ရေးထားသည့် ဈေးနှုန်းကို မြင်သည့်အခါ မဆဲဘဲ မနေနိုင်တော့ချေ။
"ဒီရှောင်းချောင်ဆိုတဲ့လူက ရူးနေတာလား၊ ဦးလေး ဘာလို့ မြေတွေကို ဈေးနည်းနည်းနဲ့ ရောင်းလိုက်ရတာလား"
ခဏ...
ရှောင်းချောင်ဆိုသည့်နာမည်ကြောင့် ရွှီဖန်း၏ မျက်လုံးများ တောက်ပသွားသည်။ ဝူယွီရွှမ်းလက်ထဲမှ စာချုပ်ကို သူယူကြည့်လိုက်သည်။
နောက်ဆုံးစာမျက်နှာပေါ်ရှိ ရှောင်းချောင်၏ အမည်ကို မြင်သည့်အခါ သူ မရယ်ဘဲ မနေနိုင်တော့ချေ။ 'ရန်သူတွေ မဆုံမနေရ'ဆိုသည့် စကားက မှန်ပေသည်။ မြေလိုက်ဝယ်ဖို့ ကြိုးစားရာကနေ ရှောင်းချောင်နှင့် ထပ်တွေ့ရပြန်သည်။
သို့သော်ငြား
ရှောင်းချောင်းက ဘာလို့ ဒီမြေတွေကို စိတ်ဝင်စားနေတာလဲ။ ငါ့လိုမျိုး လယ်ယာစိုက်ပျိုးတာကို ဝါသနာပါလို့တော့ မဖြစ်နိုင်ဘူး။
"ရွှီဖန်း စာချုပ်ကို ကြည့်စမ်းပါ၊ ဖျက်သိမ်းဖို့ နည်းလမ်းတစ်ခုခုများ ရှိနိုင်မလား"
လက်တွေ့အရတော့ မြေကွက်များ စာချုပ်ချုပ်နိုင်ရန် မဖြစ်နိုင်တော့ချေ။ သို့သော် ရွှီဖန်းသည် စာချုပ်ကို ကြည့်ပြီး အတွေးများနေပုံရတာကြောင့် အခြေအနေကောင်းလျှင်ကောင်းလိုငြား သူမမေးမိသည်။
ရွှီဖန်း အသက်ပြင်းပြင်းရှူသွင်းကာ စာချုပ်ကို အားမော့ဆီ ပြန်ပေးလိုက်သည်။
"မသေချာဘူး၊ ဒါပေမယ့် စမ်းကြည့်လို့တော့ရပါတယ်"
ဧကရာဂဏန်းရှိသည့် မြေကွက်များဖြစ်တာကြောင့် ဒီအတိုင်းတော့ အရှုံးမပေးနိုင်ချေ။ ရှောင်းချောင်နှင့် ရန်သူများဖြစ်သော်လည်း သူမနှင့် ဆွေးနွေးရန်မှာ မဖြစ်နိုင်တာ မရှိဟု သူ ခံစားရသည်။ ရှောင်းချောင်
သည် ကုန်သည်တစ်ဦးဖြစ်၏။ ကုန်သည်တစ်ဦးက ရေရှည်အကျိုးစီးပွားကိုသာ မျှော်လင့်တတ်ကြပြီး ရေရှည်အမုန်းကိုတော့ မထားရှိတတ်ကြပေ။
"ကောင်းပြီ ယွီရွှမ်း ကျန်တာ ငါနဲ့ထားလိုက်ပါ၊ လိုက်လုပ်ပေးတာ ကျေးဇူးပဲကွာ"
ယခုအချိန် မြေကို ရယူရန်အတွက် အဓိကအချက်သည် ရှောင်းချောင်းနှင့် ဆွေးနွေးရန်ဖြစ်သည်။ ဒုတိယနေ့မှာ ခရိုင်သို့ သူထွက်လာခဲ့သည်။ ကံကောင်းထောက်မစွာပင် ရှောင်းချောင်၏ ဖုန်းနံပါတ်က သူ့ဆီမှာ ရှိနေတာကြောင့် ခရိုင်ကိုရောက်သည်နှင့် ဖုန်းဆက်လိုက်သည်။
"ဟယ်လို"
မကြာခင်မှာပင် ခေါ်ဆိုမှုက ချိတ်ဆက်သွားခဲ့သည်။ ရှောင်းချောင်၏ ရှုပ်ထွေးနေသော အသံက တစ်ဖက်က ထွက်လာသည်။ ဒီအမျိုးသမီးက သူ့ဖုန်း
နံပါတ်ကို မမှတ်ထားမှန်း သိသာပေသည်။
"ရှောင်းချောင် ငါ ရွှီဖန်းပါ"
"ရွှီဖန်းလား"
*****************