← Chapters

ရယ်ရတာကြိုက်တဲ့လူက အမြဲ ကံကောင်းတယ်

Vol. 11 Ch. 159

ရယ်ရတာကြိုက်တဲ့လူက အမြဲ ကံကောင်းတယ်

Vol. 11 Ch. 159

မြင်ကွင်းထိုးဖောက်အဆောင်ရှိတာကြောင့် ရှောင်းချောင် ဆက်လက်၍ စမ်းသပ်မည်ကို သူ မကြောက်ပေ။ 

"ရွှီဖန်း မင်း အခု ကံကောင်းသွားလို့ပါ၊ ငါလည်း ကံကောင်းနေရင် ခန့်မှန်းတာ မှန်မှာပဲ"

သေချာတွေးကြည့်ပြီးနောက်မှာ ရွှီဖန်းသည် ကံကောင်းမှုကြောင့် ခန့်မှန်းနိုင်ခဲ့သည်ဟု ခံစားရသည်။ 

"မင်းလည်း လုပ်နိုင်မယ်ပေါ့ ရှောင်းချောင်...မှားနေပြီ"

"ငါ လုပ်နိုင်ပေမယ့် မင်းကတော့ လုပ်နိုင်မှာ မဟုတ်ဘူးဆိုတာ ယုံလိုက်"

"မယုံဘူး!"

နှစ်ယောက်သား ရုန်းရင်းဆန်ခတ် ရန်ဖြစ်ကြပြန်သည်။ သို့သော် ရွှီဖန်း နောက်ထပ် ပြောလာသည့်စကားများက ရှောင်းချောင်ကို ရူးသွပ်စေသည်။ 

"ရှောင်းချောင် မင်းဒီနေ့ အဖြူရောင်ဇာအတွင်းခံနဲ့ အပေါ်ကတော့ အနက်ရောင်ဘရာဝတ်ထားတယ်...ငါအခု မင်းရဲ့အထောက်အထားတွေကို ခန့်မှန်းလိုက်ပြီ၊ ငါ့ရဲ့ အထောက်အထားတွေကို ပြန်ခန့်မှန်းကြည့်လေ ငါ ဘာဝတ်ထားလဲဆိုတာ"

"ရွှီဖန်း ဒီထက်ပိုပြီး အရှက်မဲ့နိုင်သေးလား"

သူ့ကိုစိုက်ကြည့်နေသည့် ရှောင်းချောင်၏နဖူးတွင် အနက်ရောင်မျဥ်းများပြည့်နေလေသည်။ ရွှီဖန်း ပုခုံးတွန့်လိုက်၍...

"မင်းလည်း အရှက်မဲ့လို့ရပါတယ်"

ပြောပြီးသည့်နောက် ရွှီဖန်းသည် သူ့စိတ်ထဲ၌ 'ဟမ့်'ဟူ၍ လုပ်လိုက်မိသည်။ ရှောင်းချောင်မှ သူမ၏ဦးနှောက်ကို ကြိုက်သလိုမွှေရင်တောင်မှ မသိနိုင်ပေ။ ဘာကြောင့်လဲဆိုတော့ သူ ဒီနေ့ ဘာမှ မဝတ်ထားသောကြောင့်ပင်။

"ဟမ့် ရွှီဖန်း ဒီလိုပျင်းစရာကောင်းတဲ့ဂိမ်းတွေကို ငါ မင်းနဲ့ကစားချင်စိတ်ရှိမနေဘူး"

ရွှီဖန်း၏ အရှက်မဲ့မှုကို လျှော့တွက်ထားမိကြောင်း ရှောင်းချောင် သိလိုက်သည်။ ရွှီဖန်းဝတ်ထားသည့် အတွင်းခံအရောင်ကို သူမ ခန့်မှန်းချင်စိတ်မရှိပေ။ 

ရွှီဖန်း ရယ်မော၍...

"မင်း မခန့်မှန်းချင်ဘူးဆိုလည်း ရတယ်၊ ပြောပြီးသားစကားကိုတော့ ပြန်ပြောင်းလို့မရတော့ဘူး၊ သဘောတူထားပြီးရင် လုပ်သင့်လုပ်ထိုက်တာကို စဥ်းစားရမှာပဲ၊ ငါနဲ့ ပူးပေါင်းပါ"

"စိတ်မပူပါနဲ့၊ ငါ ရှောင်းချောင်က ပြောပြီးသားစကားကို ပြန်ရုတ်သိမ်းမယ့်လူမဟုတ်ဘူး"

ရှောင်းချောင်သည် သက်ပြင်းအသာချ၍

"ဒါပေမယ့် မင်း ဒါတွေကို လိုချင်ရင် ငါ့ကိုလည်း တစ်ခု ကတိပေးရမယ်"

"ဒါပေါ့ ပြောပါ၊ ငါ့အသက်ကို မတောင်းသ၍တော့ တခြား ဘာမဆို ရတယ်"

ရွှီဖန်းက လုံးဝဂရုမစိုက်သလိုမျိုး ပုခုံးတွန့်သည်။ ထိုစကားကို ကြားသော် ရှောင်းချောင်က ရွှီဖန်းကို စိုက်ကြည့်လာလေသည်။

အသက်ကို မတောင်းသ၍ဆိုတာက ဘာကိုဆိုလိုတာလဲ!

ရှောင်းချောင် အော်လိုက်မိသည်။

"ငါ ဒီမြေတွေကို ပိုက်ဆံပေးဝယ်ခဲ့တာလေ၊ မင်း လိုချင်ရင် တစ်ခုခုပေးပြီး ဝယ်ရမယ်"

"ဘာနဲ့လဲ"

ဘာကြောင့်မှန်းမသိသော်ငြား ရှောင်းချောင်၏ပါးနပ်လှသော အပြုံးကြောင့် တစ်ခုခု မှားနေပြီဟု သူခံစားလိုက်ရသည်။ ရှောင်းချောင်၏ နှုတ်ခမ်းက အပေါ်ကို ကွေးတက်သွားကာ....

"မင်းနဲ့အတူယူလာဖူးတဲ့ခွေးကိုပေးရင် ဒီမြေတွေကို ပေးမယ်"

"ဘာ!"

ရွှီဖန်း မအံ့သြဘဲ မနေနိုင်တော့ချေ။ ရှောင်းချောင်

သည် သူ့မိသားစုက ကလေးခုနစ်ကောင်ကို တွေးနေဦးမည်ဟု မထင်ထားခဲ့ပေ။ ကွင်းထဲ၌ တခြားခွေးများကို တိုက်ခဲ့စဥ် အစွမ်းထက်လွန်းခဲ့တာကြောင့် ဖြစ်နိုင်ပေသည်။

"မဖြစ်နိုင်ဘူး၊ ငါ မင်းကို ခွေးမပေးနိုင်ဘူး"

ရွှီဖန်း ခေါင်းခါယမ်းလိုက်သည်။ ရှောင်းချောင် ခွေးလိုချင်သည့် အကြောင်းအရင်းကို သူ ရှင်းရှင်းလင်းလင်းသိပေသည်။ သူမက ငွေရှာရန်

အတွက် တခြားခွေးများနှင့် တိုက်ခိုင်းမှာဖြစ်သည်။ သူ့ခွေးအား ရှောင်းချောင်၏ ငွေရှာကိရိယာ မဖြစ်စေလိုပေ။

"ဒါပေမယ့် ငါက အဲ့ခွေးကိုပဲ လိုချင်တာလေ၊ ရွှီဖန်း မင်းသဘောမတူရင်တော့ ဟဲဟဲ ကျေးဇူးပြုပြီး အခန်းထဲမှ ထွက်သွားပေးပါ"

"ရှောင်းချောင် အဲ့ဒါကခွေးတစ်ကောင်ပဲလေ မင်း ဒီလောက်ခေါင်းမာနေစရာမလိုဘူး၊ ငါ မင်းကို အမှန်အတိုင်းပြောလိုက်မယ်၊ ငါ သူ့ကို မင်းဆီပေးလိုက်ရင်တောင်မှ သုံးရက်ကြာရင် ငါ့ကို ရှာဖို့ဆိုပြီး ပြန်လာကြလိမ့်မယ်"

ရွှီဖန်း ကြွားလုံးထုတ်နေတာမဟုတ်ပေ။ ခွေးခုနစ်ကောင်လုံးသည် သူ့အပေါ် အရမ်းမှီတွယ်ကြသည်။ တခြားသခင်ဆီ သွားပေးပါက သတ်ပြီး ပြန်

လာနေမှ ပြဿနာပင်။ 

"ဒါဆို ငါ့နောက်ကို လိုက်ဖို့ မင်း သူ့ကို ခွင့်ပြုမိန့်ပေးလိုက်ပေါ့"

ရွှီဖန်း ခေါင်းခါယမ်းလိုက်ကာ...

"ငါ တခြားတစ်ခုခု လုပ်ပေးဖို့ တောင်းဆိုခဲ့ဖူးပေမယ့် သူတို့ သဘောမတူခဲ့ဘူး"

"..............."

ရှောင်းချောင် သေချာတွေးကြည့်ပြီးနောက်မှ ရွှီဖန်းပြောတာ အဓိပ္ပာယ်ရှိသည်ဟု ခံစားရသည်။ ခွေးများသည် အလွန်သစ္စာစောင့်သိကြပြီး တချို့သော ခွေးများသည် တစ်သက်တွင် သခင်တစ်ယောက်သာ ထားရှိကြသည်။ ရွှီဖန်း၏ ခွေးသည် ရှားပါးမျိုးစိတ်ဖြစ်သည့်အပြင် အလွန်သစ္စာရှိသည့်ခွေးလည်း ဖြစ်နေသည်။ သူမ ဆန္ဒရှိရင်တောင်မှ သူမအနားမှာ မနေချင်မှာ စိုးရသည်။ သူမ နှမြောစိတ်ဖြင့် သက်ပြင်းချရုံသာ တတ်နိုင်ခဲ့သည်။ 

"ဒါဆိုလည်းမေ့လိုက်ပါ၊ ဒါပေမယ့်အချိန်တန်ရင် သူနဲ့ ငါ့ခွေးကြားမှာ ကလေးမွေးဖွားခွင့်ပြုရမယ်"

"ရပါတယ်"

ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ မျိုးပွားရန်အတွက်ဟု ပြောလျှင်တော့ သူတို့နောက်ကို လိုက်သွားဖို့ အလားအလာရှိပေ၏။ သို့သော်ငြား သွေးမျိုးစပ်

အလွန်နည်းပါးစွာ ရရှိထားသည့် သူ့ခွေးနှင့် ပေါင်းဖက်၍ ရလာသည့် ခွေးများသည် မွေးဖွားလာသည့်အခါ သန်မာမည် ဟုတ်၊ မဟုတ်ကို အာမမခံနိုင်ချေ။ 

"ရှောင်းချောင် ငါ့ခွေးကို မင်းနဲ့ကလေးမွေးဖွားခွင့် ပေးလိုက်တာ လုံလောက်ပြီလား"

"ရွှီဖန်း ဘာပြောလိုက်တာလဲ!"

တစ်ကယ်တော့ ရွှီဖန်းသည် ရှောင်းချောင်၏ အခြေအနေကို မေးချင်ခဲ့ရုံသာ။ ရှောင်းချောင်၏ ဒေါသထွက်နေသော အမူအရာကို မြင်လိုက်မှသာ သူစကားမှားသွားကြောင်း သတိထားမိသွားသည်။

"ဖက်! ဖက်! ဖက်! ငါဘာတွေ လျှောက်ပြောနေမိပါလိမ့်၊ လျှာချော်သွားတယ်၊ အဲ့ဒီလို ဆိုလိုတာ မဟုတ်ဘဲ မင်းနဲ့ငါ...မဟုတ်ဘူး ငါပဲ...မဟုတ်ဘူး မဟုတ်ဘူး! မင်းနဲ့ငါက လိုက်ဖက်တယ်လို့ မဆိုလိုပါဘူး"

ရွှီဖန်း ရှင်းပြလေ ပိုရှုပ်လေဖြစ်နေ၏။ ရှောင်းချောင်၏ မျက်နှာသည် ပို၍ နက်မှောင်လာတာကြောင့် ရွှီဖန်း သူ့ပါးစပ်ကိုသာ ပိတ်ထားလိုက်တော့သည်။ 

"လုံလောက်ပြီ၊ ငါ စကားပြောတာ ရပ်လိုက်တော့မယ်...ကောင်းပြီနော်"

"ဟမ့်!"

ရှောင်းချောင်သည် ရွှီဖန်းအား ပြင်းပြင်းထန်ထန် စိုက်ကြည့်၍ ပြောလာသည်။

"ဒါပေါ့ ဒီကိစ္စက ဒီလောက်မရိုးရှင်းဘူးလေ၊ ငါ့ရှီရှီနဲ့ မိတ်လိုက်ခွင့်ပေးတာကပဲ မင်းရဲ့ခွေးအတွက် ကံကောင်းမှုဖြစ်နေပြီ"

"မနက်ဖြန် ငါ စီးပွားရေးတစ်ခု ညှိနှိုင်းစရာရှိတယ်၊ အဲ့ဒီဟာကိုပြေလည်အောင် ကူညီပေးနိုင်ရင် ငါ မင်းကို အလကား ပေးလိုက်မယ်"

"တစ်ကယ်လား"

ရွှီဖန်းသည် ဝမ်းသာအားရ အံ့သြသွားခဲ့သည်။ အလကားရတာ ပိုက်ဆံကုန်သက်သာပေသည်။ သို့သော် ရွှီဖန်း စိတ်လည်း ရှုပ်သွားရသည်။ သူ့မှာ စီးပွားရေးကိစ္စ ကျွမ်းကျင်ခြင်းမရှိဘူးလေ။

"ရှောင်းချောင် မင်းက စီးပွားရေးအကြောင်း ပြောနေတာ၊ ဒီအတွက် ငါ့ကို မလိုဘူးမဟုတ်လား"

ရွှီဖန်း မနေနိုင်ဘဲ မေးလိုက်သည်။ ရှောင်းချောင်၏ ဦးနှောက်နှင့်စွမ်းရည်ကြောင့် စီးပွားရေးကိစ္စဆွေးနွေးခြင်းသည် သူမ၏ အကြီးမားဆုံးအားသာချက်

ဖြစ်သည်။ သူ့ကို ဘာကြောင့် လိုအပ်မည်နည်း။

"ဒါက သာမန်လုပ်ငန်းကိစ္စဆိုရင် မင်းကိုမလိုပါဘူး၊ ဒါပေမယ့် ဒီတစ်ခါတော့ မတူဘူး၊ မင်းက အသုံးဝင်

လာလိမ့်မယ်"

အခုလေးတင် ရွှီဖန်းသည် စာအုပ်ထဲရေးထားသည့် စာကြောင်းရော သူမအတွင်းခံကိုပါ ခန့်မှန်းပေးနိုင်ခဲ့သည်။ ရှောင်းချောင် ဒေါသထွက်ရသော်လည်း ရွှီဖန်း ကံကောင်းလှသည်ကိုတော့ သူမ မငြင်းဆိုနိုင်ပေ။ ဒီလုပ်ငန်းညှိနှိုင်းမှုမှာ သူမ အလိုအပ်ဆုံးက ကံကောင်းခြင်းပင်။ ဒီလုပ်ငန်းမှာ အောင်မြင်ချင်လျှင် ကံကောင်းခြင်းကိုသာ အားကိုးလို့ရသည်ဟု ပြောလို့ရသည်။ 

"ရှောင်းချောင် ဘာလုပ်ငန်းကိစ္စကို ဆွေးနွေးမယ်ဆိုတာတော့ ပြောပြထားပါ"

******************

All Chapters