← Chapters

နှလုံးသားမရှိသောရှောင်းချောင်

Vol. 11 Ch. 158

နှလုံးသားမရှိသောရှောင်းချောင်

Vol. 11 Ch. 158

"ငါ့ကို ဖုန်းခေါ်ရဲသေးတယ်လား"

တူ တူ တူ....

ဆဲဆိုရင်းဖြင့် ရှောင်းချောင်က ဖုန်းချသွားခဲ့သည်။ ရွှီဖန်းမှာ သူဘာအမှားလုပ်မိလဲဆိုတာပင် မတွေးနိုင်ခဲ့ပေ။ 

နတ်ဘုရားတို့ရေ ကျွန်တော့်မှာ ဒီမိန်းမကို ရန်တောင်မစရသေးပါဘူးနော်။

ရွှီဖန်း မျက်လုံးလှိမ့်မိကာ အရှက်မရှိစွာပင် နောက်တစ်ကြိမ် ဖုန်းထပ်ခေါ်လိုက်သည်။ 

"ဘာလုပ်ဖို့လဲ!"

ဖုန်းများ ချိတ်ဆက်သွားသည်နှင့် ရှောင်းချောင်၏ စိတ်မရှည်သော အသံက တစ်ဖက်မှ ထွက်လာသည်။ ရွှီဖန်း အရှက်မရှိပြုံး၍ ပြောလိုက်သည်။

"ရှောင်းချောင် ဘာလို့ အရမ်းဒေါသထွက်နေတာလဲ၊ အန်တီလာနေတာတော့ မဟုတ်ဘူးမလား"

"ရွှီဖန်း! မင်းအဆင်ပြေချင်ရင် ငါ့ကို လိုက်မနှောင့်ယှက်နဲ့ ဟုတ်ပြီလား!"

ရွှီဖန်း၏ နှောင့်ယှက်မှုကြောင့် အလေးအနက်စီစဥ်ထားခဲ့သော ကုသဆေးသည် မအောင်မြင်ခဲ့ရပေ။ ရွှီဖန်းက ကျွန်းပေါ်မှာ သူမအသက်ကို ကယ်တင်ခဲ့ဖူး၍သာ မဟုတ်လျှင် ဒီကောင့်ကို သူမ လက်စားချေတာ ကြာလှရှိနေလောက်ပြီ။ သူ့ကို ပြဿနာပေးနိုင်ခဲ့မည့်အစား သူမပဲ ဒုက္ခရောက်ခဲ့ရမည်ဟု မထင်ထားခဲ့ချေ။ 

စနောက်တာ အရမ်းများသွားတာကြောင့် ရွှီဖန်းသည် သူ့နှာခေါင်းကို ပွတ်ကာ ပြောလိုက်သည်။

"အခု ဘယ်မှာလဲ၊ ငါ မင်းကို ပြောစရာရှိတယ်"

"ငါအခု ကွင်းမှာ"

ရှောင်းချောင်သည် ခွေးတိုက်ပွဲကွင်း၌ တိုက်ခိုက်နေသည့် ခွေးနှစ်ကောင်ကို ကြည့်နေလေသည်။ ဂရုတစိုက်နားထောင်ကြည့်လိုက်သော ခွေးဟောင်သံကိုလည်း ရွှီဖန်း ကြားလိုက်ရသည်။

"ကောင်းပြီ ငါ အခုပဲရလာခဲ့မယ်"

တည်နေရာကို သိပြီးနောက်မှာ ရှောင်းချောင်တည်ရှိရာ ခွေးတိုက်ပွဲသို့ မောင်းသွားလိုက်သည်။ ထိုနေရာသို့ တစ်ကြိမ်ရောက်ဖူးတာကြောင့် ဝင်ပေါက်သို့ မြန်မြန်ဆန်ဆန်ပင် ရောက်ရှိသွားခဲ့သည်။ 

ရှောင်းချောင်ထံသို့ ဖုန်းထပ်ခေါ်ပြီးနောက်မှာ သူ့ကို လာခေါ်သည့် တစ်စုံတစ်ယောက်က အထဲမှ ထွက်လာလေသည်။ ရှောင်းချောင်၏ လက်အောက်ငယ်သား ဦးဆောင်မှု အောက်တွင် သူမ၏ ရုံးခန်းသို့ ရောက်ရှိလာခဲ့သည်။ 

ရှောင်းချောင်၏ အမူအရာမှာ သူကပဲ သူမထံ၌ ပိုက်ဆံအကြွေးတင်နေသကဲ့သို့ပင်။ 

*ဒီမိန်းမ ဘာလို့ ဒီလောက်တောင် လှရတာလဲ*

"ရွှီဖန်း အခု ငါ့ကို တွေ့ပြီဆိုတော့ ဘာလို့ ရှာတာလဲ ပြော"

ရှောင်းချောင်က စိတ်မရှည်စွာဖြင့် သူ့ကို ကြည့်နေသည်။ ကံကောင်းသည်က ရွှီဖန်းသည် ဘာမှမခံစားရလောက်အောင် မျက်နှာထူသည့်လူဖြစ်နေ၏။ 

"ရှောင်းချောင် တလောက ရှောင်လီရွာရဲ့ မြေကွက်တွေကို ဝယ်ထားတယ်မလား"

"ဟမ်"

ရှောင်းချောင် အံ့သြသွားရသည်။ သူ ဘယ်လိုသိတာလဲ။

"ရွှီဖန်း မင်းရော ဝယ်ဖို့စီစဥ်ထားခဲ့တာလား"

ရွှီဖန်း ပြုံးလိုက်ကာ...

"ဒါကြောင့်ပဲ ငါ ဒီကို ရောက်လာတာ၊ ရှောင်လီရွာက မြေကွက်တွေကို ငါ့ဆီ လွှဲအပ်ပေးဖို့ မျှော်လင့်ချက်နဲ့"

"ဘာ"

ရှောင်းချောင် မရယ်ဘဲ မနေနိုင်တော့ချေ။

"ရွှီဖန်း မင်း မစဥ်းစားတတ်တော့ဘူးလား၊ ငါက ဘာ​

ကြောင့် မင်းကို လွှဲပေးရမှာလဲ"

ရှောင်းချောင်ဘက်မှ သူ့ရည်ရွယ်ချက်ကို အထင်မှားသွားသည့်ပုံပင်။ သူမဘက်မှ ဒီမြေတွေကို အလကား ပေးအပ်ခိုင်းတာ မဟုတ်ချေ။ 

"အလကားပေးခိုင်းတာမဟုတ်ဘူးလေ၊ မင်း ဝယ်ခဲ့တဲ့ဈေးထက် နှစ်ဆပြန်ပေးမယ်"

ဈေးနှစ်ဆ

ရှောင်းချောင် ပြုံးလိုက်မိသည်။

"ရွှီဖန်း ငါ ပိုက်ဆံတွေကို မမြင်ဖူးဘူးလို့များ ထင်နေလား"

"နောက်ဆုံးတစ်ကြိမ်ကဟာ မဖြေရှင်းရသေးဘူး၊ ဒီမြေတွေကို မရောင်းဘူးဆိုတော့ရော မင်း ဘာလုပ်နိုင်မှာလဲ"

ရှောင်းချောင်၏ နှုတ်ခမ်းထောင့်၌ ယုံကြည်ချက်ရှိပြီးကျေနပ်နေသည့် အပြုံးမျိုးပေါ်လာသည်။

ရှောင်းချောင်ပြောတာမှန်ပေသည်။ သူမသာ မရောင်းပေးလျှင် သူ ဘာမှလုပ်နိုင်တာ မရှိပေ။ ရွှီဖန်း၏ အမူအရာကြောင့် ရှောင်းချောင် ရယ်မောလိုက်မိသည်။

"ဘယ်လိုလဲ ရွှီဖန်း"

"ငါနဲ့ စာချုပ်ချုပ်မလား"

"တစ်ကယ်လား"

မျှော်လင့်ချက် ကြိုးတစ်ချောင်းကြောင့် ရွှီဖန်း မျက်ခုံးပင့်လိုက်မိသည်။ 

"ကောင်းပြီ၊ ဘာလဲ"

ရွှီဖန်းမှ မတုံ့ဆိုင်းဘဲ သဘောတူလာသည့်အခါ ရှောင်းချောင်သည် လှောင်ပြုံးပြုံးလိုက်မိသည်။ ထို့နောက် စားပွဲပေါ်ရှိ မှတ်စုစာအုပ်ကို ယူလိုက်သည်။ စာရွက်ပေါ်၌ မချရေးခင်မှာ သူမ အချိန်အတန်ကြာ စဥ်းစားခဲ့သည်။

"ရွှီဖန်း ငါရေးထားတာကို မင်းခန့်မှန်းနိုင်ရင် ငါတို့ ပူးပေါင်းကြမယ် ဘယ်လိုလဲ"

"မင်း"

ထိုစကားကြားသည့်အခါ ရွှီဖန်းသည် ဒေါသမထွက်ဘဲ မနေနိုင်ခဲ့ချေ။ ရှောင်းချောင်က တမင်ခက်ခဲသည့်အရာကို ဖန်တီးနေမှန်း သိသာလှသည်။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။

"ရှောင်းချောင် ဒီလိုလုပ်နေမယ့်အစား တစ်ခါတည်း ငြင်းလိုက်"

"ငြင်းလိုက်တာက ပျင်းစရာကြီး၊ ရွှီဖန်း မင်းကို နောက်ပြောင်ရတာ သိပ်ပျော်ဖို့ ကောင်းတယ်လေ"

"မလုပ်ချင်ရင်တော့ ဒီတံခါးရဲ့အပြင်ကိုသာ ထွက်သွားလိုက်"

ရွှီဖန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ရှောင်းချောင်၏ သဘောထားကြောင့် သူ့ပါးစပ်ထောင့်က လှောင်ပြောင်သလို တွန့်ကွေးသွားခဲ့သည်။

"ရှောင်းချောင် ခုနက ရေးလိုက်တဲ့စာကို ဖြေနိုင်ရင် ငါနဲ့ ပူးပေါင်းမှာ သေချာလား"

"ဒါပေါ့"

ရှောင်းချောင်သည် ယုံကြည်ချက်ရှိရှိခေါင်းညိတ်

လိုက်သည်။ ရေးစဥ်မှာ ရွှီဖန်း မမြင်နိုင်အောင် ရေးခဲ့တာမလို့ သူ့အတွက် မြင်နိုင်ရန် မဖြစ်နိုင်ချေ။ 

ရှောင်းချောင်မသိသည်က ရွှီဖန်းထံ၌ မြင်ကွင်းထိုးဖောက်အဆောင် ရှိနေတာပင်။ ရွှီဖန်းက မျက်လုံးမှိတ်ထားကာ မြင်ကွင်းထိုးဖောက်အဆောင်ကို ချိုးလိုက်ပြီးနောက် စာအုပ်ကို စူးစိုက်ကြည့်လိုက်သည်။ တဖြည်းဖြည်းနှင့် စာအုပ်အဖုံးအထူကလည်း ဖယ်ရှားခံရပြီး ဗလာစာရွက်များလည်း ပပျောက်သွားခဲ့သည်။ မကြာမီ ရှောင်းချောင်ရေးခဲ့သည့် စာလုံးများက ရွှီဖန်း၏ အမြင်ထဲ ဝင်ရောက်လာသည်။

"ရပြီ ငါ ခန့်မှန်းလို့ပြီးပြီ"

"အိုး ဒါဆို ဘာရေးထားတာလဲ ပြောပြပါဦး"

"ငါမင်းကို ကြိုက်တယ်"

"မင်း!"

ရွှီဖန်းအား စိုက်ကြည့်ရင်း ရှောင်းချောင်၏မျက်နှာပေါ်၌ ဒေါသနှင့် ရှက်ရွံ့မှုများ ပေါ်လာသည်။ သို့သော်ငြား အကြောင်းတချို့ကြောင့် သူမစိတ်ထဲ ပျော်ရွှင်မှုကိုလည်း ခံစားရပေသည်။

သူမဒေါသရိပ်သန်းနေသော အမူအရာကြောင့် ရွှီဖန်း ပြောလိုက်သည်။

"မင်းရဲ့မှတ်စုစာအုပ်ထဲ ရေးထားတဲ့ဟာကို ငါ ပြောနေတာ"

"ဘာ"

နောက်ဆုံးမှာ ရှောင်းချောင်သည် အသိဝင်လာပြီး ရွှီဖန်းကို ထိတ်လန့်စွာ ကြည့်လိုက်မိသည်။

ဒီကောင်..

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ရှောင်းချောင်သည် သူမ၏ မှတ်စုစာအုပ်ကို ဖွင့်ပြီး သူမရေးထားခဲ့သည့် စာလုံးများကို ကြည့်ကာ အံ့သြသွားမိသည်။

ဒါကြီးက ဒဏ္ဍာရီမဆန်လွန်ဘူးလား။

တွေးနေရင်း ရွှီဖန်းကို ကြည့်မိကာ သူမ ရှက်ရွံ့သွားသည်။ ရွှီဖန်းကတော့ သူမ၏ ထူးဆန်းနေသော အကြည့်ကို သတိမထားမိဘဲ အရှက်ကင်းမဲ့စွာပြောလာသည်။

"ရှောင်းချောင် မင်း ငါ့ကို တိတ်တခိုးကြိုက်နေမယ်လို့မထင်ထားခဲ့ဘူး၊ ဟင်း...ဂုဏ်ယူမိပါတယ်"

"သေစမ်း"

ရှောင်းချောင်သည် စာရွက်အား အပိုင်းပိုင်းဆုတ်ဖြဲ၍ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။ 

"ရွှီဖန်း ဘယ်လိုခန့်မှန်းလိုက်တာလဲ"

ကလေးတစ်ယောက်ကဲ့သို့ စပ်စုလိုသော အကြည့်များကြောင့် ရွှီဖန်း မပြုံးဘဲ မနေနိုင်တော့ချေ။ 

"ငါတို့မှာ တူညီတဲ့အတွေးတွေ ရှိနေလို့ ဖြစ်မှာ"

"အဓိပ္ပာယ် မရှိတာ!"

ရှောင်းချောင်သည် ရွှီဖန်းအား မျက်စောင်းထိုးလိုက်သော်လည်း သူမနှလုံးသားကတော့ အနည်းငယ် တုန်လှုပ်သွားရသည်။ 

ရွှီဖန်းကလည်း လေးလေးနက်နက်ထပ်ပြောလာသည်။

"မယုံလို့လား၊ နောက်တစ်ကြိမ် ထပ်စမ်းရင်ရော ဘယ်လိုလဲ"

******************

All Chapters