ဘာစီးပွားရေးအမျိုးအစားလဲ
Vol. 11 Ch. 160
ကြိုမေးထားတာ ပိုကောင်းမည်ဟု ရွှီဖန်းခံစားရသည်။ မဟုတ်လျှင် ရှောင်းချောင် သူ့ကို ရောင်းစားပစ်လျှင်တောင်မှ မသိလိုက်မှာ ကြောက်ရသည်။
ရှောင်းချောင်သည် ခြောက်ကပ်စွာ ရယ်၍ ပြောလာသည်။
"ရွှီဖန်း စိတ်မပူစမ်းပါနဲ့၊ ငါ မင်းကို မလှည့်စားဘူး"
"အချိန်ရောက်လာလို့ ဆွေးနွေးမှုက ကျဆုံးသွားရင်တောင်မှ မင်း ဘာမှတာဝန်ယူစရာမလိုဘူး၊ ဒါပေမယ့် ရှုံးရင်တော့ မင်းလိုချင်တဲ့အရာကိုလည်း ရမယ်မထင်နဲ့"
ရွှီဖန်း သူ့နှုတ်ခမ်းကို ကွေးလိုက်မိသည်။
"မင်း ငါ့ကို မရှိရှိတာ အပြစ်တင်ချင်ရင်ရော...ငါ ငတုံး မဟုတ်ဘူး"
"မင်း!"
သူမနှင့်ထပ်ပြီးငြင်းခုံနေသည့် သကောင့်သားအား သူမ ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်မိသည်။ ရွှီဖန်း ရယ်လိုက်၍...
"ကောင်းပြီ ကောင်းပြီ၊ ဟာသမလုပ်တော့ဘူး၊ ဒီစီးပွားရေးကို ဘယ်လိုဆွေးနွေးရမှာလဲဆိုတာ ပြောပြ"
ရှောင်းချောင် နှာမှုတ်၍...
"ရွှီဖန်း လောင်းကစားဘယ်လိုလုပ်ရမလဲသိလား"
"လောင်းကစားလား"
ရွှီဖန်း အံ့သြသွားရသည်။ အလောင်းကစားတဲ့လား။ ဒါ ဘယ်လို စီးပွားရေးအမျိုးအစားပါလိမ့်။
"ရှောင်းချောင် ဘာကိုဆိုလိုတာလဲ၊ ဘယ်လိုစီးပွားရေးက လောင်းကစားနဲ့ဆွေးနွေးတာလဲ"
"အဲ့ဒါ မင်းစိုးရိမ်စရာမလိုဘူး၊ ဘယ်လိုလုပ်ရမလဲနားမလည်ရင်တောင် ငါမေးတာ မင်းဖြေပေးရုံပဲ"
"လောင်းကစားဆိုရင် နည်းနည်းတော့ သိတယ်"
ရွှီဖန်းသည် six pathကစားနည်းကို အနည်းငယ် သိထားသော်လည်း လုံးဝသိနားလည်နေခြင်းမဟုတ်ပေ။
"ဗဟုသုတ နည်းနည်းရှိထားရင် ရပြီ၊ မင်း ကျွမ်းကျင်နေဖို့လည်း ငါမမျှော်လင့်ထားဘူး"
ရှင်းရှင်းလင်းလင်းပြောရလျှင် ရွှီဖန်းနှင့် ရှောင်းချောင်၏ တွေ့ဆုံမှုသည် မြင်းသေကို ဆေးကုနေသည်နှင့်ပင် တူလှသည်။ ပူးပေါင်းမှုအကြောင်း ဆွေးနွေးနေသော်လည်း အချင်းချင်း သတိထားခုခံနေတုန်းပင်။ ဒီအတိုင်းသာ ဆက်သွားလျှင် နှစ်ဖက်စလုံး ရှုံးမည့် အနေအထားပင်။
တစ်ဖက်လူက ရှောင်းချောင်နှင့် လောင်းကြေးထပ်ထားခဲ့သည်။ လောင်းကြေးရှုံးသူက ကိုယ့်
သဘောနဲ့ကိုယ် ထွက်သွားရလိမ့်မည်။
အလောင်းကစားနှင့် ပတ်သက်၍ မနက်ဖြန် ချန်ဟိုင်းတွင် ပန်းတစ်ရာဂိုဏ်း၌ ကျင်းပလိမ့်မည်။ လောင်းကြေးတစ်သန်းနှင့်စပြီး သန်းခေါင်ယံအချိန်၌ ငွေအများဆုံးရသူသည် အနိုင်ရသူ ဖြစ်လာလိမ့်မည်။
ဤလောင်းကြေးကို အနိုင်ရရန်အတွက် ရှောင်းချောင်သည် ချန်ဟိုင်းမှ ကျော်ကြားသော လောင်းကစားဘုရင်ကို သူမကို ကူရန် ဖိတ်ကြားထားခဲ့သည်။ သို့သော် မကြာသေးမီက လောင်းကစားဘုရင်သည် သူမ၏ ပြိုင်ဘက်နှင့် ဆက်ဆံရေးကောင်းနေကြောင်း တွေ့ရှိခဲ့ရသည်။ ရှောင်းချောင်၏ တောင်းဆိုချက်ကို သဘောတူညီရသည့် အကြောင်းအရင်းမှာ သူမကို လှည့်စားရန်အတွက်သာ ဖြစ်သည်။ ယခု လောင်းကစားဘုရင်သည် သူမကို သစ္စာဖောက်ပြီး တစ်ဖက်ကို ကူးသွားပြီဖြစ်ကာ မနက်ဖြန်တွင်လည်း ပွဲက ကျင်းပတော့မည်။ ဒီလို အချိန်တိုအတွင်းမှာ သူ့ထက်ပိုပြီး တော်သော လောင်းကစားပညာရှင်ကို ရှာရန် မဖြစ်နိုင်တော့ချေ။
ရှောင်းချောင်သည် လက်လျှော့ရန်ပင် ပြင်ဆင်ထားပြီးလေပြီ။ သို့သော်ငြား ရွှီဖန်း၏ အသွင်အပြင်က သူမကို ဆက်ပြီး တိုက်ခိုက်လိုစိတ် ရှိလာစေသည်။ ရွှီဖန်း၏ ကံကောင်းမှုဖြင့် သူမ မနက်ဖြန်မှာ အသက်ရှင်ရန် လမ်းစလေးတစ်ခု ရကောင်းရနိုင်ပေသည်။
ရှောင်းချောင်၏ ရှင်းပြမှုကို နားထောင်ပြီးနောက်မှာ ရွှီဖန်းသည် ချက်ချင်းပင် ယုံကြည်ချက်ရှိသော အပြုံးကို ထုတ်ပြလိုက်သည်။
"ရှောင်းချောင် စိတ်မပူနဲ့၊ ငါ မင်းကို သေချာပေါက် ကူညီဖြေရှင်းပေးမယ်၊ ငါ့ကို ကမ္ဘာ့အကောင်းဆုံး လောင်းကစားဘုရင်လို့ လူသိများတယ်"
"ဟားဟားဟား"
ကောင်းကင်ကနေ ပိုင်မုန့်ကျလာသည်ကို ယုံလျှင်တောင်မှ ရွှီဖန်း၏စကားများကို သူမယုံမည်မဟုတ်ချေ။
"မင်းက လယ်သမားပဲလေ၊ ချန်ဟိုင်းကိုတောင် အဝေးဆုံးနေရာကနေ လာနေရတာ၊ ကိုယ့်ကိုယ်ကို ကမ္ဘာ့အကောင်းဆုံးလောင်းကစားဘုရင်လို့ ခေါ်နေသေးတယ်ပေါ့၊ ရွှီဖန်း ဒီထက်ပိုပြီး အရှက်မဲ့နိုင်သေးလား"
ရှောင်းချောင်မှ သူ့ကို ရိုင်းပြစွာ ဆက်ဆံသော်လည်း ရွှီဖန်း ဂရုမစိုက်ပေ။ သူ ပါးစပ်ကို တွန့်လိုက်ကာ..
"ယုံတာ မယုံတာ မင်းအပေါ်မှာပဲ မူတည်တယ်၊ ဘာပဲဖြစ်ဖြစ် မနက်ဖြန်ကျရင် သိရလိမ့်မယ်"
"အချိန်ရောက်လာရင် ငါက အရမ်း အံ့သြစရာကောင်းနေလို့ ဆိုပြီး မချစ်မိသွားစေနဲ့ဦး"
"ဟီးဟီး ရွှီဖန်း မင်း အနိုင်ရရင် ငါ မင်းကို နမ်းခွင့်ပေးမယ်"
ရှောင်းချောင်၏ပြောစကားကြောင့် ရွှီဖန်း၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
"တစ်ကယ်လား"
"ဒါပေါ့"
ရွှီဖန်း၏ အင်အားဖြင့် အကုန်လုံးကို အနိုင်ရလိမ့်မည်ဟု သူမ မထင်ပေ။ နောက်ဆုံးမှာ သူမ၏ အသက်ကို ကယ်တင်နိုင်ရုံမျှသာ ဆော့ခိုင်းခဲ့တာဖြစ်ပြီး အားလုံးနိုင်မည်ဟု မျှော်မှန်းခဲ့၍ မဟုတ်ချေ။
"ကောင်းပြီ ဒီအကြောင်းဆက်မပြောနဲ့တော့၊ ငါနဲ့လိုက်ခဲ့"
"အိုး ဘယ်သွားမလို့လဲ"
ထိုအချိန်က ရှောင်းချောင်က မတ်တပ်ရပ်၍ တံခါးရှိရာကို လျှောက်သွားလေသည်။ ရွှီဖန်းအံ့သြသွားရသည်။ လောင်းကြေးက မနက်ဖြန်မှ စမယ်လို့ ပြောခဲ့တယ်မဟုတ်လား။
ရှောင်းချောင်က ရွှီဖန်းကို မျက်စောင်းထိုးသည်။
"မင်းရဲ့ အခုလို ဝတ်စားပုံနဲ့ မနက်ဖြန် ပန်းတစ်ရာဂိုဏ်းကိုတောင် ဝင်လို့ရမှာမဟုတ်ဘူး၊ အဲ့ဒါကို သိရဲ့လား"
ကောင်းပြီ..
ရှောင်းချောင်ကြောင့်သာမဟုတ်လျှင် ရွှီဖန်းသည် သူအခုဝတ်ထားသည့် အဝတ်ကို သတိထားမိမည်မဟုတ်ချေ။ သူ၏ဘောင်းဘီနှင့် စွပ်ကျယ်ကြီးက ရိုးရှင်းလွန်းလှသည်။
ပန်းတစ်ရာဂိုဏ်း၏ အကြောင်းကို မတိုင်ခင်က သူကြားဖူးထားခဲ့သည်။ ၎င်းသည် အလွန်အဆင့်မြင့်သော နေရာဖြစ်ပြီး ချမ်းသာသောလူများ လည်ပတ်ရာ နေရာဖြစ်သည်။ ရွှီဖန်းသာ အခုလို ဝတ်ထားပါက လုံခြုံရေးများသည် ဘာမှတောင်မမေးဘဲ ကန်ထုတ်ကြလိမ့်မည်။
သူတို့ မကန်ထုတ်လျှင်တောင်မှ ရှောင်းချောင်ကတော့ သူ့ကို အဝတ်အစားဝယ်ရန် ဆွဲခေါ်နေဦးမှာပင်။ တစ်ကယ်တော့ ဒီလိုအဝတ်အစားကို ဝတ်ထားတာက ရှက်စရာကောင်းပေသည်။ ရှောင်းချောင်၏ ဦးဆောင်မှုအောက်မှာ ရွှီဖန်းလည်း သူ့ကားထဲ ဝင်
လိုက်သည်။ ခွေးတိုက်ပွဲကွင်းမှ မောင်းထွက်လာပြီးနောက် သူတို့ ချန်ဟိုင်းမြို့ကို ရောက်ရှိလာခဲ့သည်။
ခရိုင်တွင် အဝတ်ကောင်းကောင်း ဝယ်ရန်မဖြစ်နိုင်
ပေ။ ရှောင်းချောင်သည် သူ့ကို ကောင်းစွာဝတ်ဆင်စေလိုတာကြောင့် ဒီအထိ ခေါ်လာတာ သိသာလှသည်။ ကားပါကင်တွင် ကားကို ထိုးပြီးနောက် သူတို့နှစ်
ယောက်စလုံး Versace စတိုးထဲသို့ ဝင်လာခဲ့ကြသည်။
"ကြိုဆိုပါတယ်ရှင့်"
ရိုးရိုးသားသားပြောရလျှင် ရွှီဖန်းသည် သူ့အဝတ်အစားများဖြင့် Versace စတိုးထဲသို့ ဝင်ရတာ ရှက်ဖို့ကောင်းသည်ဟု ခံစားရပေသည်။ ဒီလိုမျိုး စိတ်အားထက်သန်သည့် ကြိုဆိုမှုမျိုးက သူ့ကို မြင်၍တော့ မဖြစ်နိုင်ချေ။ သူ့ဘေးမှ ရှောင်းချောင်ကြောင့်ပင်။
ရှောင်းချောင်သည် ဤဆိုင်၏ ပုံမှန်ဖောက်သည်ဖြစ်နိုင်သည်။ ဝန်ထမ်းများ အားလုံးသည် သူမကို မြင်သည်နှင့် ဘာလိုအပ်သလဲဆိုတာကို ဝိုင်းမေးကြလေသည်။ ရှောင်းချောင်သည် သူမ၏ လက်ကို ဝှေ့ယမ်းကာ ဆိုင်မှ ဝန်ထမ်းများကို လူမလိုကြောင်း သဘောထားပြလိုက်သည်။ သူမက သူမ၏ မျက်လုံးများကိုသာ ယုံကြောင်းသိသာပေသည်။
"ငါ့နောက် လိုက်ခဲ့"
ထို့နောက် ရှောင်းချောင်သည် ရွှီဖန်းကို ယောကျ်ားဝတ်များထားသည့် ဧရိယာသို့ ခေါ်ဆောင်သွားခဲ့သည်။ သူမက အဝတ်အစားများကို ယူကာ ရွှီဖန်း၏ ခန္ဓာကိုယ်ပေါ်တွင် ကပ်ကြည့်နေသည်။ ဘယ်
အဝတ်အစားက ပိုလိုက်ဖက်လဲ ဆိုတာကို သူမ ယှဥ်ကြည့်နေ၏။
ရှောင်းချောင်သည် ဤကိစ္စကို ဂရုတစိုက်
လုပ်ဆောင်နေခဲ့သည်။ ရှောင်းချောင်လို သန်မာသည့် အမျိုးသမီးက အခုလို ကဏ္ဍများမှာပါ ကျွမ်းကျင်
လိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ကျစ် ကျစ်! ကြည့်စမ်း အဲ့ဒီလူချောလေးက ချမ်းသာတဲ့မိန်းကလေးကို အပိုင်ဖမ်းထားတာဖြစ်မယ်"
"အဲ့ဒီမှမလုပ်ရင်ရော သူ့ပုံစံကို ကြည့်လိုက် ဆိုင်ထဲက အဝတ်အစားတစ်စုံကိုတောင် ဝယ်နိုင်မယ့်ပုံမပေါ်ဘူး"
ရွှီဖန်း၏ အဝတ်အစားများက ပတ်ပတ်လည်ရှိ လူများ၏ အကြည့်ကို သိမ်းပိုက်လိုက်နိုင်သည်။ သူတို့၏ သစ်လွင်တောက်ပနေသည့် အဝတ်အစားများနှင့် ယှဥ်လျှင် ရွှီဖန်းက တောသားတစ်ယောက်အတိုင်းပင်။
ရှောင်းချောင်သည် ထိုစကားများကို ကြားသည့်အခါ မျက်လုံးကို ကျဥ်းမြောင်း၍ စနောက်လာသည်။
"ရွှီဖန်း ငါပြောသားပဲ၊ မင်းက လူချောလေးပါလို့၊ မင်း အခု ရှက်နေပြီလား"
******************