← Chapters

တုံးအခြင်းနှင့် အရှက်မဲ့ခြင်း

Vol. 11 Ch. 161

တုံးအခြင်းနှင့် အရှက်မဲ့ခြင်း

Vol. 11 Ch. 161

"ဘာရှက်စရာရှိလို့လဲ"

ရွှီဖန်းသည် ရှောင်းချောင်အား မျက်လုံးလှိမ့်ပြ၍

"လူတော်တော်များများက ချောမောလှပတဲ့လူဖြစ်

ချင်ကြပေမယ့် အခွင့်အရေးတောင်မရှိကြဘူး၊ သူတို့ ငါ့ကို လူချောလေးလို့ ခေါ်မှတော့ ငါမျက်နှာက ဖြူပြီးချောသန့်နေလို့နေမှာ"

ထိုသို့ပြောပြီးနောက် ရွှီဖန်းသည် ခေါင်းကိုစောင်း၍ ရှောင်းချောင်၏ ခါးကို ဖက်လိုက်သည်။ ထို့နောက် တီးတိုးပြောဆိုနေသော လူတစ်စုကို မောက်မာစွာ ပြောလိုက်သည်။

"ဘာကြည့်တာလဲ၊ ပြီးပြည့်စုံတဲ့ စုံတွဲကို မမြင်ဖူးဘူးလား"

ရွှီဖန်း၏ ရက်စက်ကြမ်းကြုတ်သည့်ပုံကြောင့် ထိုလူအုပ်စုသည် ဘာမှ ထပ်မပြောကြတော့ပေ။ 

"ကျစ် ပန်းတွေက နွားချေးပုံမှာပဲ မြုပ်ကြတယ်"

"ဒီမိန်းကလေးက အရမ်းကြည့်ကောင်းရဲ့သားနဲ့ ဘာလို့ ကန်းနေတာပါလိမ့်"

အချိန်အတော်ကြာ တီးတိုးပြောဆိုပြီးနောက်မှာ လူအုပ်ကြီးလည်း ကွဲသွားလေပြီ။ ရှောင်းချောင်သည် ဒေါသတကြီး အံကိုကြိတ်ကာ ရွှီဖန်း၏လက်ကို ပုတ်ထုတ်လိုက်သည်။

"ရွှီဖန်း ဒီထက်ပိုပြီး အရှက်မရှိနိုင်တော့ဘူးလား၊ ဒီရုပ်ဒီသွင်နဲ့ ရုပ်ရည်ချောမောတယ်ဆိုပြီး မင်းကိုယ်မင်း ဘယ်လိုလုပ် ပြောရဲတာလဲ"

"ဝတ်ကြည့်လိုက်၊ ပြီးရင် ပြန်ထွက်လာခဲ့"

ရှောင်းချောင်သည် ရှက်ရွံ့တကြီးဖြင့် ရွှီဖန်း၏လက်ကြားထဲမှ ထွက်ကာ သူမ ယူထားသည့် အဝတ်အစားများကို ရွှီဖန်းထံ ပစ်ပေး၍ စမ်းဝတ်ကြည့်ရန် ပြောလိုက်သည်။ 

ရွှီဖန်းသည် နာခံစွာပင် အဝတ်လဲခန်းထဲ ဝင်၍ ခဏအကြာမှာ ပြန်ထွက်လာခဲ့သည်။

"ဘယ်လိုနေလဲ"

အခုလေးတင် လဲဝတ်ထားသည့် အဝတ်အစားများဖြင့် ရှောင်းချောင်၏အရှေ့မှာ ရပ်ပြလိုက်သည်။ ရှောင်းချောင်သည် စိတ်ထဲ ဗလာမဖြစ်ဘဲ မထိန်းနိုင်ခဲ့ချေ။ ရွှီဖန်း၏ ခန္ဓာကိုယ်က အဝတ်အစားတိုင်းအတွက်

သင့်လျော်သည့်ကိုယ်ထည်ပင်။ 

ယခု ဝတ်စုံကို လဲဝတ်လိုက်သည့်အခါ သူ၏အစိတ်အပိုင်းတိုင်းသည် ပို၍ ပေါ်လွင်လာသည်။ မတိုင်ခင်က မြင်နေကြ ဝက်ဝံအလား ပုံစံနှင့် ကွာခြားလှသည်။ 

"ဟဲဟဲ ဘာဖြစ်သွားတာလဲ၊ မင်းပဲ ပြောတော့ ငါ့ကို မချောဘူးဆို၊ အခု ငါ့ကို ချစ်သက်ဝင်သွားပြီလား"

"ဖာခ့်!"

ရွှီဖန်း၏ စနောက်သံကို ကြားမှသာ ရှောင်းချောင်သည် သူမ စိတ်ခဏလွတ်သွားမှန်း သတိထားမိခဲ့သည်။ သူမ ရွှီဖန်းကို ကြည့်ရင်း ရှက်သွားရသည်။ 

ထိုအချိန် ရွှီဖန်း၏ အမူအရာက ပြောင်းလဲသွားသည်။ သူ ရှောင်းချောင်ကို ဖက်ကာဖြင့် အဝတ်လဲခန်း၌ ပုန်းလိုက်သည်။ အဝတ်လဲခန်း၌ နေရာအကျယ်ကြီး မရှိပေ။ ဒီတစ်ကြိမ် ရွှီဖန်း ဆွဲခေါ်ရာနောက်ကို သူမ လိုက်ခဲ့ရတာကြောင့် နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် ဖက်လုနီးပါးပင်။

ရှောင်းချောင်သည် ဒေါသလည်းထွက်သွားသလို စိုးလည်းစိုးရိမ်သွားခဲ့သည်။ သူမ ရွှီဖန်းကို ထု၍ ဆူလိုက်သည်။

"ရွှီဖန်း ဘာလုပ်နေတာလဲ!"

"ရှူး!"

ထိုအချိန် ရွှီဖန်းက စိုးရိမ်နေသည့် အမူအရာဖြင့် ရှောင်းချောင်ကို တိတ်တိတ်နေရန် အချက်ပြလာသည်။ ရှောင်းချောင် မျက်မှောင်ကြုတ်မိသည်။ ရွှီဖန်းက နောက်နေသည့်ပုံမပေါ်ပေ။ 

"ဘယ်သူ့ကို မြင်လိုက်လို့လဲ"

သူမ သံသယရှိစွာ မေးလိုက်သည်။ ရွှီဖန်းသည် ပြုံးဖြဲဖြဲဖြင့်...

"ဘယ်သူဖြစ်ရမလဲ...ရှယန်ယွိ"

ရွှီဖန်းသည် ကံဆိုးနေသည်လား၊ မဟုတ်လားတော့ မသိပေ။ သူနှင့် ရှောင်းချောင် ဈေးဝယ်ထွက်နေသောအချိန်ကျမှ ရှယန်ယွိနှင့် ထိပ်တိုက်ဆုံလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ရွှီဖန်း မှားမြင်လိုက်တာမျိုး မဖြစ်

နိုင်ချေ။ ရှယန်ယွိနှင့် သူမ၏ သူငယ်ချင်းများ ဝင်လာသည်ကို တွေ့လိုက်ရပေသည်။ 

ရှောင်းချောင်နှင့် ရှယန်ယွိ၏ ဆက်ဆံရေးသည် ဆန့်ကျင်ဘက်အနေအထားမှာ ဖြစ်သည်။ သူနှင့် ရှောင်းချောင် အတူရှိနေတာကိုမြင်ပြီး မလိုအပ်ဘဲ နားလည်မှုလွဲသွားသည်ကို သူ မလိုလားပေ။

ဒါကိုတွေးနေရင်းဖြင့် ရှောင်းချောင်ကို သူငုံ့ကြည့်မိရာ သူမ မျက်နှာပေါ်၌ ပါးနပ်သည့် အပြုံးတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ ဆိုးရွားသော ခံစားချက်တစ်ခုကို ရွှီဖန်း ခံစားလိုက်ရတာကြောင့် 

"ဘာရယ်နေတာလဲ"

"ရွှီဖန်း မင်း ဒီလောက်ထိ ကြောက်တတ်လိမ့်မယ်လို့ ငါမထင်ထားဘူး"

"ပြောစမ်း မင်းနဲ့ငါနဲ့က ရည်းစားတွေလို့ ရှယန်ယွိကို ပြောလိုက်ရင် သူ ဘယ်လိုတုံ့ပြန်မယ်ထင်လဲ"

"မင်း!"

ရွှီဖန်း သူမအား စူးစူးရဲရဲကြည့်လိုက်မိသည်။ သူ သူမအကြောင်း ကောင်းစွာသိပေသည်။ သူမမှာ ပြောထွက်ဖို့ သတ္တိရှိပေသည်။ 

"ရှောင်းချောင် မင်းကို ကူညီဖို့ ငါ ဒီကို ရောက်နေတာ မမေ့နဲ့"

ရွှီဖန်းသည် အသံကို လျှော့၍ ရှောင်းချောင်ကို သတိပေးလိုက်သည်။ ရှောင်းချောင်က အေးစက်စွာ ရယ်မောလာသည်။

"မြင့်မြတ်သလို ဟန်မဆောင်နေစမ်းပါနဲ့၊ အဲ့ဒီမြေရဖို့အတွက် ငါ့ကို ကူညီတာ မဟုတ်ဘူးလား၊ နောက်ပြီး ရှယန်ယွိနှင့် မင်းက ငါ့အစ်ကိုကြီးကိုလည်း ဆုံးရှုံးမှုများစွာ ရစေခဲ့သေးတယ်၊ ကောင်လေး ငါမင်းကို လက်စားချေဖို့ မလွန်ဘူးလို့ ပြောလို့ရတယ် မဟုတ်လား"

ထို့နောက် ရှောင်းချောင်သည် နှုတ်ခမ်းတွန့်၍ ပြောလာသည်။

"ငါမမှားရင် ရှယန်ယွိနဲ့ မင်းနဲ့ကြားမှာ စီးပွားရေးအရ ပူးပေါင်းလုပ်ဆောင်မှုတွေ အများကြီးရှိတယ်မလား၊ မင်းက ငါနဲ့အတူရှိနေမှန်း ရှယန်ယွိသိသွားရင် ဒေါသထွက်သွားမလား၊ အဆက်အသွယ်တွေပဲ ဖြတ်သွားမလားနော်"

"ရှောင်းချောင် မလွန်လာနဲ့"

ရွှီဖန်းသည် ရှယန်ယွိ နားလည်မှုလွဲသွားမည်ကို စိုးရိမ်နေခြင်းပင်။ သို့သော် သူ့စကားများက ရှောင်းချောင်၏ နှလုံးသားအား ထိခိုက်စေခဲ့သည်ကို မသိခဲ့ပေ။ ရှယန်ယွိဟာ ရှောင်းချောင်နှင့်ယှဥ်လျှင် ရွှီဖန်း၏ရင်ထဲ၌ နေရာများစွာ ယူထားသည်ကို သူ့စကားမှတဆင့် ရှင်းရှင်းလင်းလင်းသိနိုင်ပေသည်။

ရှောင်းချောင်သည် မနာလိုဝန်တိုမှုအား မထိန်းနိုင်ခဲ့ပေ။ သူမ ရွှီဖန်းကို ဒေါသတကြီးဖြင့်...

"ဟမ့် ရွှီဖန်း ငါ ရှောင်းချောင်မှာ မလုပ်ရဲတာ မရှိဘူး"

ပြောပြီးသည်နှင့် သူမ လှည့်ထွက်သွားလေသည်။ ဒါကိုမြင်တော့ ရွှီဖန်းသည် သူ့လက်နှစ်ဖက်ဖြင့် ရှယန်ယွိကို တင်းတင်းကြပ်ကြပ်ဖက်ထားခဲ့သည်။ ရွှီဖန်း၏ ယောကျ်ားရနံ့ကို ရှူရှိုက်မိရင်း ရှောင်းချောင်၏ လှုပ်ရှားမှုများက ခေတ္တရပ်တန့်သွားသည်။ သူမ၏ မျက်နှာက နီရဲလာကာ...

"ရွှီဖန်း ငါ့ကို လွှတ်! မဟုတ်ရင် ငါ အော်လိုက်မှာ! အဲ့ဒီအချိန်ကျ အဝတ်ခန်းထဲမှာ အမျိုးသမီးတစ်

ယောက်ကို အနိုင်ကျင့်နေတဲ့ လူဆိုးလို့ ရှယန်ယွိ ထင်သွားမှာပဲ၊ အဲ့ဒီအခါကျမှ ငါ့ကို အပြစ်မတင်နဲ့"

သို့သော် သူမ မအော်ခင်မှာ ရွှီဖန်းက သူမ ပါးစပ်ကို ပိတ်လာသည်။ သူမ၏ နူးနူးညံ့ညံ့နှုတ်ခမ်းအား တင်းကြပ်စွာ ပိတ်ထား၍ အော်ဟစ်ခြင်းမှ တားဆီးခဲ့သည်။ 

ရွှီဖန်းသည် သူမ၏ နှုတ်ခမ်းအား မနမ်းဘဲ မနေနိုင်ခဲ့ပေ။ အလွန်ချိုမြိန်ပြီး နူးညံ့ပေသည်။ ရွှီဖန်းသည် ရှောင်းချောင်၏ ပါးစပ်ထဲသို့ လျှာကို ထိုးထည့်ကာ ကစားလိုက်သည်။ ရှောင်းချောင်အတွက် ယခုလို အဖြစ်မျိုးအား မကြုံခဲ့ဖူးတာ သေချာပေသည်။ သူမ၏ ခန္ဓာကိုယ်က ရွှံ့ကဲ့သို့ ပျော့ပျောင်းလာပြီး ရွှီဖန်း၏ လက်ထဲသို့ လဲကျသွားခဲ့သည်။ သူမ ရုန်းကန်နေသော်လည်း ရွှီဖန်းလက်ထဲတွင် သူမ၏ ခွန်အားက နောက်စရာလို ဖြစ်နေသည်။ 

ရွှီဖန်း၏အနမ်းကြောင့် သူမ ရှက်ဒေါသဖြစ်နေရ၏။ သို့သော်ငြား သူ့အဝေးသို့ ထွက်သွားလို့မရဖြစ်နေ၏။ ဘာကြောင့်မှန်းမသိသော်ငြား ရွှီဖန်းစနောက်သည်ကို ခံရတိုင်း သူမနှလုံးသားကယားယံလာသည်။ သူလိုချင်တာကို ဖြည့်ဆည်းပေးလိုသည့်တွန်းအားက သူမစိတ်ထဲပေါ်လာသည်။

သောက်ကျိုးနည်း

ရွှီဖန်း၏ ရဲတင်းသော လုပ်ရပ်များအကြား ရှောင်းချောင်သည် လွတ်မြောက်ရန်အတွက် ရုန်းကန်နေခဲ့သည်။ သို့သော် ထိုအချိန်၌ တံခါးဖွင့်သံကို ကြားလိုက်ရသည်။

"နင်တို့ ခဏစောင့်နေ၊ ငါပြီးရင် ထွက်လာခဲ့မယ်"

ရှောင်းချောင်ငိုချင်သွားတော့သည်။ အဝတ်ခန်းထဲ ဝင်လာတော့မည့်လူက ရှယန်ယွိပင်။

********************

All Chapters