မြန်မြန်ထွက်သွားကြရအောင်
Vol. 11 Ch. 162
ရှောင်းချောင်တစ်ယောက် ဒေါတသကြီး မပြုဝံ့တော့ပေ။ အကယ်၍ သူမသာ အဝတ်လဲခန်းထဲ၌ ရွှီဖန်း၏ ဆိုးရွားစွာ ဆော့ကစားခံရခြင်းကို ရှယန်ယွိမိပြီး သတင်းပျံ့နှံ့သွားပါက သူမ၏ဂုဏ်သတင်းအတွက် မကောင်းပေ။
ကူကယ်ရာမဲ့စွာဖြင့် ရှောင်းချောင်သည် ရွှီဖန်း၏တောင်းဆိုချက်များကို လိုက်လျောရန်သာ ရှိခဲ့သည်။ ဘယ်ယောကျ်ားမှ မထိတွေ့ခဲ့ဖူးသော သူမ၏ခန္ဓာကိုယ်အား စူးစမ်းရှာဖွေရန် ခွင့်ပြုခဲ့ရသည်။
မူလက ရှယန်ယွိကို သူမ စကားပြောချင်ခဲ့သည်။ ဒါမှသာ ရွှီဖန်းနှင့် အလုပ်ဆက်လုပ်တော့မည်မဟုတ်ချေ။ သို့သော်ငြား ယခုလို သူမအပေါ် အမူအကျင့်ပျက်ပြားသည့် အပြုအမူများလုပ်နေသည်ကို သိသွားပါက ရွှီဖန်းကို ပိုပြီးတော့တောင်မှ စောင့်မျှော်အားပေးနေမှာ ကြောက်ရ၏။
အမည်မသိအချိန်တစ်ခု ကြာပြီးနောက်မှာ သူတို့၏ အကွယ်ဘေးမှာ အဝတ်လဲနေသည့် ရှယန်ယွိလည်း သူမ၏ အဝတ်အစားကို လဲပြီးလေပြီ။ ရှယန်ယွိနှင့် သူမ သူငယ်ချင်းတို့ ထွက်ခွာသွားပြီးနောက် ရွှီဖန်းကို ရှောင်းချောင် တွန်းထုတ်လိုက်သည်။
သူမ ပါးစပ်ကိုသုတ်၍ အံကိုကြိတ်ကာ လူသတ်လိုသော အကြည့်ဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။
"ရွှီဖန်း ငါမင်းကို သတ်မယ်!"
ပြောပြီးသည်နှင့် သူမ၏ လက်များကို ရှေ့ဆန့်
ထုတ်လိုက်သော်လည်း သူက လျင်မြန်စွာ နောက်ဆုတ်ရှောင်လိုက်သည်။
ရွှီဖန်းသည် စွပ်စွဲခံရသလို မျက်နှာပေးဖြင့် ရှောင်းချောင်အား ကြည့်ကာ..
"ဘာဖြစ်လို့လဲ၊ ရှောင်းချောင် ဘာလို့ ရုတ်တရက်ကြီး ဒေါသထွက်နေတာလဲ"
"ရွှီဖန်း ငါ့ကို မေးရဲသေးတာလား!"
ရှောင်းချောင်မှာ ဒေါသအလွန်ထွက်ပြီး တုန်ယင်လာတော့သည်။ ဒီကောင် အခုပဲ ငါ့အပေါ် ဒေါသထွက်စရာတွေ လုပ်ခဲ့တာကို မေ့လိုက်တာလား။
ရွှီဖန်း စူပုတ်မိကာ...
"ငါ မင်းကို နမ်းလိုက်ရုံပဲမလား၊ ဒီလောက်ထိ ဒေါသထွက်ဖို့ လိုလို့လား"
"နမ်းရုံပဲဟုတ်လား"
ရှောင်းချောင် ရယ်လိုက်သည်။ သူ့အနမ်းကြောင့် သူမ အသက်ရှူကြပ်လုနီးပါးပင်။
"ကောင်းပြီ ကောင်းပြီ ကိစ္စကြီးလည်းမဟုတ်ဘဲနဲ့၊ ငါ့ကို ပြန်နမ်းခွင့်ပြုမယ်ဟုတ်ပြီလား"
ရွှီဖန်း နှုတ်ခမ်းကို ကွေးလိုက်သည်။ သူ့ပုံစံက အလျှော့ပေးနေသည့်ပုံနှင့်တူကာ ရှောင်းချောင်နှင့်
အပေးအယူ လုပ်လာသည်။ထို့နောက် သူ တတွတ်တွတ်ထပ် ပြောမိပြန်သည်။
"ဒါ့အပြင် မင်းပဲ ငါ့ကို ကတိပေးထားတာ မဟုတ်ဘူးလား၊ အခု ငါ မင်းကို နမ်းလိုက်တာ ငွေသားအနေနဲ့ မှတ်ယူလိုက်ပါလား"
"ဟက်"
ရှောင်းချောင် နှာမှုတ်လိုက်သည်။
"ရွှီဖန်း မင်းရဲ့ယုံကြည်ချက်တွေ ဘယ်က ရောက်လာတာလဲ၊ မင်းရဲ့ကြွားလုံးတွေ ထုတ်ဖို့ ကိစ္စတွေ အဆင်ပြေအောင် အရင်စောင့်ရမယ်၊ ဟုတ်ပြီလား"
ထို့နောင် ရှောင်းချောင်သည် အေးစက်စွာ ပြော၍ ကောင်တာထံသို့ လျှောက်သွားလိုက်သည်။ အဝတ်အစားတွေလည်း ဝတ်ကြည့်ပြီးပြီဖြစ်တာကြောင့် ရွှီဖန်းနှင့်လည်း သင့်လျော်ကာ ထပ်ဝတ်ကြည့်စရာ မလိုတော့ချေ။
ဘေလ်ပေးပြီးနောက်မှာ သူမတို့နှစ်ယောက် Versaceစတိုးမှ ထွက်လာခဲ့ကြသည်။ ချန်ဟိုင်းမြို့ရှိ ဟေတန်ဟိုတယ်၌ ရွှီဖန်းကို ချထားပြီးနောက် ဘယ်မှ လျှောက်မသွားဖို့ မှာကာ သူမ လှည့်ထွက်လာခဲ့သည်။ နောက်နေ့ကျလျှင် သူမ ဝင်ခေါ်လိမ့်မည်။
ရွှီဖန်းမှာ ရယ်ရခက် ငိုရခက်ပင်။ အဝတ်လဲခန်း၌ သူစနောက်ခဲ့သည့်ဟာသများက လွန်သွားသည့်ပုံပင်။ သူမက အတည်ဒေါသထွက်နေပုံရကာ နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားလေသည်။ သူ ခေါင်းကို ခါယမ်းလိုက်ကာ ထိုအကြောင်းများစွာ မတွေးတော့ဘဲ ဟိုတယ်၌ အနားယူလိုက်သည်။
ဒုတိယနေ့၊ ညနေပိုင်းလောက်မှာ ရှောင်းချောင်က ဖုန်းခေါ်လာပြီး အောက်ကိုဆင်းစောင့်ခိုင်းသည်။ သူမဖုန်းကို ရပြီးသည်နှင့် ရွှီဖန်းလည်း အဝတ်အစားလဲကာ အောက်ထပ်မှာ ဆင်းစောင့်နေလိုက်သည်။
တစ်နာရီလောက် စောင့်ပြီးတာတောင်မှ ရှောင်းချောင်၏ခြေရာကို သူမတွေ့ရသေးချေ။ သူမကို ဖုန်းခေါ်လည်း မကိုင်လာပေ။
ရွှီဖန်းသည် ကျိန်ဆဲလိုက်ကာ နောက်ထပ် တစ်နာရီနီးပါးလောက်ကြာအောင် ထပ်စောင့်လိုက်ရသည်။ သူ စိတ်မရှည်နိုင်တော့ပေ။ သူ ထွက်သွားလုနီးပါးတွင် ရှောင်းချောင်၏ကားက လမ်းထောင့်မှ ချိုးလာသည်ကို တွေ့လိုက်ရသည်။
ကားထဲက မာနကြီးရှောင်းချောင်ကို သူ စိုက်ကြည့်၍...
"မင်း ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမလား"
ရှောင်းချောင်သည် နှုတ်ခမ်းကို ကွေး၍
"တမင်လုပ်တယ်ဆိုရင်ရော ဘာဖြစ်လဲ၊ ရွှီဖန်း မင်း ဘာလို့ တွက်ကပ်နေတာလဲ၊ ယောကျ်ားလေးက မိန်းကလေးကို စောင့်ရတာ လုံးဝအဓိပ္ပာယ်ရှိတယ်မဟုတ်ဘူးလား"
"ဟားဟား"
ရွှီဖန်း ရယ်မောလိုက်မိသည်။ ရှောင်းချောင်သည် ဒီနားမှာ ရောက်နေတာ ကြာလှရှိလောက်ပြီဖြစ်သည်။ မနေ့ကအဖြစ် လက်စားချေရန်အလို့ငှာ ဒီနေ့ တမင် နောက်ကျမှ လာခဲ့ပြီး သူ့ကို စောင့်စေခဲ့သည်။
ရွှီဖန်းသည် သူ့စိတ်ထဲတွင် မကျေမနပ်ဖြစ်မိတာကြောင့် ယနေ့ သူမဝတ်ထားသည့်အဝတ်အစားကို ကြည့်ရန် မြင်ကွင်းထိုးဖောက်အဆောင်ကို အသုံးပြုခဲ့သည်။ ဒီလိုမှသာ သူဒေါသတွေကို ဖယ်ထုတ်နိုင်
တော့သည်။
ထို့နောက် သူ ကားပေါ်သို့တက်ကာ ရှောင်းချောင်ကလည်း ပန်းတစ်ရာဂိုဏ်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ညအချိန်ဖြစ်တာကြောင့် လင်းထိန်နေသော မီးပုံးများအောက်တွင် ချန်ဟိုင်းတစ်မြို့လုံးသည် တောက်ပသော နီယွန်အလင်းရောင်များဖြင့် ဖုံးလွှမ်းနေသည်။ ချန်ဟိုင်းညရှိ ကိုယ်စားလှယ်တစ်ဦးအနေဖြင့် လမင်းကြီးသည်လည်း အလွန်လှပနေသည်။
ထိုအချိန် ဝင်ပေါက်မှာလည်း ဇိမ်ခံကားများနှင့် ပြည့်နှက်နေကာ ရှောင်းချောင်၏ကားထက် လျော့နေတာမျိုး မရှိပေ။ အမှန်စင်စစ်ပင် ပန်းတစ်ရာဂိုဏ်းသည် ချမ်းသာသော လူအုပ်စုများကို ရှာဖွေတွေ့ရှိနိုင်သောနေရာဖြစ်သည်။
ရွှီဖန်းလည်း ရှောင်းချောင်နှင့်အတူ ကားပေါ်မှ ဆင်းလာခဲ့သည်။ ရှောင်းချောင်နှင့် အလောင်းကစားလုပ်ထားသည့် မိသားစုက ဘယ်လိုလူမျိုးဖြစ်မလဲဆိုတာကို သူ ခန့်မှန်းလို့မရပေ။ ရှောင်းရှောင်၏ နောက်ကို လိုက်၍ ပန်းတစ်ရာဂိုဏ်းထဲသို့ ဝင်လာခဲ့သည်။
ထိုအချိန် ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသည် အမျိုးသား၊ အမျိုးသမီး အမြောက်အမြားသည် ချစ်ပ်ပြားတစ်ချပ်ကို ကိုင်ဆောင်ကာ စားပွဲတစ်ခုရှေ့၌ စိတ်လှုပ်ရှားစွာ အော်ဟစ်နေသည်ကို တွေ့နိုင်ပေသည်။
ချန်ဟိုင်းရှိ အကြီးဆုံး ကာစီနိုရုံဖြစ်တာနှင့်အညီ ဈေးကွက်တွင် အတွေ့များသော လောင်းကစားမျိုးစုံကို တွေ့ရပေသည်။ ရွှီဖန်းသည် ကာစီနိုခုံကို ငုံ့ကြည့်လိုက်ရာ ဤည ကာစီနိုတွင် အသုံးပြုထားသော ပမာဏသည် အနည်းဆုံး သန်းပေါင်းသောင်းနှင့်ချီပြီးရှိမည်ဟု ခန့်မှန်းလိုက်သည်။
ဤနေရာတွင် ဆက်ကစားနိုင်မည့်လူများက ချမ်းသာသည့်လူများဖြစ်သည်။ ဆင်းရဲတဲ့လူတွေကလား...
ဂိတ်ပေါက်ဝကိုတောင် ဝင်လို့မရနိုင်ပေ။
ရွှီဖန်း လှည့်ပတ်ကြည့်လိုက်သော်လည်း ရှောင်း
ချောင်၏ပြိုင်ဘက်နှင့် တူသည့် လူမျိုးကို မတွေ့ပေ။
"ရှောင်းချောင် ငါ မင်းကို ကူညီမှာ သူသိသွားလို့ ကြောက်ပြီးမလာရဲတော့တာများလား"
"ရွှီဖန်း ပါးစပ်ပိတ်ထား"
ရှောင်းချောင်သည် ရွှီဖန်းကို စိုက်ကြည့်၍ စကားမပြောရန် အချက်ပြလိုက်သည်။ တစ်ဖက်လူက လောင်းကစားဘုရင်ကို ဖိတ်ခေါ်ထားခဲ့တာကြောင့် မကြာခင် ရောက်လာလိမ့်မည်။
"ဟားဟားဟား ရှောင်းချောင် မင်းက လာရဲသေးတာပဲ"
မျှော်လင့်ထားသလိုပင် သူမအနောက်မှ ရယ်မောသံကို ကြားလိုက်ရသည်။
"အိုး ရှောင်းချောင် သူက မင်းတွေ့ထားတဲ့ အကူလား"
Tuxedo ဝတ်ဆင်ထားသော လူတစ်ယောက်က ရှောင်းချောင်ရှိရာသို့ လျှောက်လာသည်။ ရှောင်းချောင်သည် သူ့အား အေးစက်စက်ကြည့်ကာ...
"ရွှီဖန်း သူက ဒီနေ့ ငါ့ရဲ့ပြိုင်ဘက် လင်းရှောင်ပဲ"
ဒီတစ်ကြိမ်မှာ လင်းရှောင်၏ လှည့်စားခြင်းကို ခံခဲ့ရသည့် ရှောင်းချောင်၏ နာကြည်းမှုက မသေးချေ။
လင်းရှောင်ကတော့ ရှောင်းချောင်၏ အေးစက်သော အကြည့်ကို ဂရုမစိုက်ပေ။ သူက လမ်းလျှောက်လာရင်း ရယ်မောကာ အထင်သေးစကား ပြောလာသည်။
"ရှောင်းချောင် မင်းကို ကူညီဖို့ ရှာမတွေ့ရင်လည်း ငါ့ကို အကူအညီတောင်းလေ၊ ဒီလူက ကူညီပါရစေ"
"ငါဆိုလိုတာက မင်း သေရမှာ နှေးနေတယ်လို့ ထင်နေလား"
"မင်း!"
ရှောင်းချောင်သည် အံကို ကြိတ်၍ လင်းရှောင်အား စိုက်ကြည့်နေ၏။
"လင်းရှောင် စိတ်တော့သိပ်မရှိပါနဲ့၊ ဒီည ဘယ်သူအနိုင်ရမလဲ မသေချာသေးဘူး"
"မသေချာသေးဘူးဟုတ်လား"
***************