← Chapters

လူငယ်တွေထဲက သူရဲကောင်း

Vol. 11 Ch. 163

လူငယ်တွေထဲက သူရဲကောင်း

Vol. 11 Ch. 163

လင်းရှောင်သည် မာနတကြီးရယ်မော၍ ရွှီဖန်းကို အထင်အမြင်သေးစွာ ကြည့်လာသည်။

"ဒီကောင်လေးကြောင့် လောင်းကစားဘုရင်ကို ကျော်ပြီး ရှုံးမလား နိုင်မလားမသေချာဘူးလို့ တွေးနေတာလား"

"သခင်လေးလင်းက ကျွန်တော့်ကို မြှောက်ပင့်နေတာပဲ၊ သူရဲကောင်းဆိုတာ ငယ်ရာကနေ လာတာပါပဲလေ"

ထိုအချိန် လင်းရှောင်ဘေးမှာ ရှိနေသည့် လောင်းကစားဘုရင်က ကျိုးနွံစွာ ဝင်ပြောလာသည်။ 

"လောင်းကစားဘုရင် ဒီလိုဖြစ်မယ်ဆိုတာ သိရင် မင်းကိုတောင် မခေါ်လာခဲ့ပါဘူး"

လောင်းကစားဘုရင်၏လောင်းကစားနည်းစနစ်

များသည် ထိပ်တန်းမှာ  ရှိနေတာ ကြာလှရှိလေပြီ။ လင်းရှောင်သည် ဤကောင်လေးလက်ထဲ၌ ရှုံးနိမ့်နိုင်

မည့် အကြောင်းအရင်းတစ်ခုတောင် မရှာတွေ့ခဲ့ပေ။ ထိုအခိုက်အတန့်တွင် ရှောင်းချောင်နှင့် ရွှီဖန်း၏ မျက်လုံးများထဲ၌ သူမြင်ခဲ့ဖူးသော သတိထားခြင်းများ ရှိမနေပေ။ 

"ဟမ့် ရှောင်းချောင် ဒီနေ့ မင်းတို့အဝတ်တွေပါ ချွတ်သုံးရတဲ့အထိ မလုပ်နိုင်ခဲ့ရင် ငါ့မျိုးရိုးနာမည်ကို ပြောင်းပစ်မယ်"

သို့သော်ငြား ရွှီဖန်းက လုံးဝဂရုမစိုက်သည့်ပုံပင်။ သူ ပြုံးလိုက်ကာ...

"ရွှီရှောင် အင်း...ဒီနာမည်က ကောင်းသားပဲ၊ လင်းရှောင် မင်းမှာ အရှုံးမရှိပါဘူး"

"ဖာ့ခ်!"

ရွှီဖန်းက ခေါင်းမာမာပြုမူနေတုန်းဖြစ်၍ လင်းရှောင်းဆဲရေးလိုက်သည်။ သူတို့နှစ်ယောက်အား သူအေးစက်စွာ ကြည့်၍...

"ကောင်းပြီ၊ အချိန်ဖြုန်းမနေတော့ဘူး...ငါတို့စကြတော့မလား"

လင်းရှောင်၏ ယုံကြည်ချက်ရှိနေသော အပြုအမူကြောင့် ရှောင်းချောင်သည် အနည်းငယ် စိတ်မငြိမ်မသက်ဖြစ်လာသည်။ သူမ ရွှီဖန်းကို ကြည့်ပြီးနောက် လင်းရှောင်အနောက်မှ လောင်းကစားဘုရင်ကိုလည်းကြည့်ကာ မသိစိတ်မှအလိုလို မျက်မှောင်ကြုတ်

လိုက်မိသည်။ သူတို့နှစ်ယောက်ကြား ကျွမ်းကျင်မှု ခြားနားချက်က ကောင်းကင်နှင့် မြေကြီးအတိုင်းပင်။ အနိုင်ရရန် နည်းလမ်းမရှိပေ။

သူမကိုယ်တိုင် လှုပ်ရှားရင်တောင်မှ အခြေအနေပိုကောင်းဦးမည်ဟု သူမ ခံစားနေရသည်။ ရှောင်းချောင်သည် စိတ်မရှုပ်ထွေးဘဲ မနေနိုင်တော့ချေ။ သူမခေါင်းကို တံခါးနဲ့များရိုက်ခဲ့မိတာလား။ ဘာလို့ ရွှီဖန်းကို ကူညီဖို့ ပြောခဲ့မိတာပါလိမ့်။

သို့သော်ငြား နည်းလမ်းလည်း ထပ်မရှိတော့ပေ။ သူမ ထိန်းထားရင်း ရှေ့ဆက်လျှောက်ရန်သာ ရှိတော့သည်။

"ကောင်းပြီ စကြမယ်"

သူတို့အကုန်လုံး ချစ်ပ်ပြားများရှိရာသို့ သွားလိုက်သည်။ လင်းရှောင်သည် အသစ်ပြောင်းထားသော ချစ်ပ်ပြားများကို လောင်းကစားဘုရင်၏ လက်ထဲထည့်လိုက်၍...

"လောင်းကစားဘုရင် ဒီနေ့တော့ အားလုံးဆုံးဖြတ်ပြီးပြီ၊ အဲ့ဒီကလေးကို ရေတွင်းထဲက ဖားတစ်ကောင်က ဘယ်လောက်ထိ ရယ်စရာကောင်းကြောင်း သိအောင်ပြလိုက်ပါ"

လောင်းကစားဘုရင်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ လင်းရှောင်းပေးလာသည့် ချစ်ပ်ပြားများကို ယူလိုက်သည်။ ထို့နောက် ချစ်ပ်ပေါင်းတစ်သိန်းကို ယူပြီး ကိုးသိန်းကို ပြန်ပေးလိုက်သည်။ 

လင်းရှောင် မအံ့သြဘဲ မနေနိုင်တော့ချေ။ 

"လောင်းကစားဘုရင် ဘာတွေလုပ်နေတာလဲ"

လောင်းကစားဘုရင်က ရွှီဖန်းကို အထင်သေးစွာ ကြည့်၍ ပြောလာသည်။

"သခင်လေးလင်း ဒီလိုလူသစ်တွေနဲ့ကစားဖို့က တစ်သိန်းဆို လုံလောက်ပြီ၊ ကျန်တဲ့ကိုးသိန်းကို သခင်လေးလင်းပဲ ကစားလိုက်ပါ"

"ဟားဟား လောင်းကစားဘုရင်က တစ်ကယ်ကို မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဒီလို ကြီးစိုးခြယ်လှယ်တဲ့ အရှိန်အဝါကို သဘောကျတယ်!"

လင်းရှောင်သည် လောင်းကစားဘုရင် ပြန်ပေးလာသော ချစ်ပ်ပေါင်းကိုးသိန်းကို ယူ၍ ရှောင်းချောင်ကို သရော်လိုက်သည်။

"ရှောင်းချောင် ငါ့ဆီကနေ စီးပွားရေးလုဖို့ ကြိုးစားနေတာက မင်းမျက်လုံးကန်းနေတာပဲဖြစ်ရမယ်၊ အခု အမှိုက်ကိုတောင် ခေါ်လာလိုက်သေးတယ်၊ မင်း ပြင်ဆင်ထားလိုက်၊ ဒီည မင်း စိတ်ဆင်းရဲပြီး ရှုံးရလိမ့်မယ်"

ထိုသို့ပြောပြီးနောက် လင်းရှောင်သည် လောင်းကစားဘုရင်ကို ဧည့်ခန်းထဲသို့ ခေါ်ကာ ကစားရန် အသင့်ပြင်လေသည်။ ရှောင်းချောင်သည် သူတို့ထွက်သွားသည်အား ဒေါသတကြီးကြည့်နေမိသည်။ အကယ်၍ သူမသာ အချိန်ပိုရပါကခုလို အချည်းနှီးဖြစ်သော အခြေအနေနှင့် ပြီးသွားမည် မဟုတ်ချေ။ ရွှီဖန်းကိုကြည့်လေ သူမ တစ်ကယ်ရှုံးတော့မလို ခံစားရလေ ဖြစ်နေ၏။

"ရှောင်းချောင် ဘာလို့ ဒီအတိုင်းရပ်နေတာလဲ၊ မင်းရဲ့ချစ်ပ်ပြားတွေကို ဘာလို့မပေးတာလဲ"

ထိုအခိုက်အတန့်တွင် ရွှီဖန်းကလည်း သူမကို တိုက်တွန်းလာသည်။ သူမ မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။ ရွှီဖန်း၏ ကံကို ယုံကြည်တာထက် ကံကြမ္မာကို သူမလက်ထဲထည့်ထားတာက ပိုကောင်းမည်ဟု သူမ ခံစားရသည်။ 

"ရွှီဖန်း မင်း အရမ်းအစွမ်းထက်လွန်းတယ်လို့ ပြောခဲ့တာမလား၊ ငါ စိတ်ပြောင်းသွားပြီ၊ ချစ်ပ်တစ်သန်းကို မပေးတော့ဘူး"

"ဘာ"

ရွှီဖန်း အံ့သြသွားသည်။ ရှောင်းချောင်ဆိုလိုသည့်အရာကို သူနားမလည်ပေ။

"ဒါဆို ဘယ်လောက်ပေးမှာလဲ"

ရွှီဖန်း၏မေးခွန်းကိုကြားလိုက်တော့ ရှောင်းချောင်

သည် သူမလက်ထဲမှ ချစ်ပ်တစ်ခုကို ထုတ်၍...

"ယွမ်၁၀၀၀၀ ရွှီဖန်း မင်းသာ တစ်ကယ်တတ်နိုင်ရင် ယွမ်၁၀၀၀၀နဲ့ လောင်းကစားဘုရင်ကို အနိုင်ယူပေးပါ"

ရှောင်းချောင်သည် ထိုသို့ပြောပြီးသည်နှင့် ရွှီဖန်းကို ချစ်ပ်ပြားတစ်ခုပေးကာ ကျန်သည့်၉၉ခုကို ပိုက်၍ ကာစီနိုထဲ ဝင်သွားလေသည်။

ရွှီဖန်းမှာ ချစ်ပ်ပြားကို ကိုင်ရင်း ပါးစပ်များ တွန့်လိမ်သွားတော့သည်။

ဒီမိန်းမ ငါ့ကို လာရှုပ်နေတာလား။

သူ့ကို ကူညီပေးဖို့ တောင်းဆိုခဲ့ပြီး အခုကျ မယုံတော့ပြန်ဘူးပေါ့။ သူ့ကို တစ်ကယ်ပဲ အမှိုက်လို့ သတ်မှတ်ထားတာလား။

ရွှီဖန်းသည် ဒေါသမထွက်ဘဲ မနေနိုင်တော့ချေ။ သူမသည် သူ့ကို ယုံခြင်းထက် သူမ၏ ကံကိုသာ ယုံရန် ရွေးချယ်ခဲ့သည်။ ဒါဟာ စော်ကားမှုတစ်ခုပင်။ ပုံမှန်အခြေအနေမှာသာဆိုလျှင် ဤချစ်ပ်ပြားကို လွှင့်ပစ်၍ သူထွက်လာခဲ့လိမ့်မည်။ ယခုမူကား မတတ်နိုင်ပေ။ သူသာ ထွက်သွားလျှင် လင်းရှောင်ထံ၌ အရှုံးပေးလိုက်သည်နှင့် တူပေသည်။ 

"ကောင်းပြီလေ၊ မင်းတို့အားလုံး ငါ့ကို မယုံကြမှတော့ ဒီနေ့ မင်းတို့ ဘယ်လောက်မှားခဲ့ပြီဆိုတာ သိအောင် ပြပေးမယ်"

သူ့လက်ထဲတွင်ရှိသော ချစ်ပ်ပြားက လောင်းကစားဘုရင်၏ ဆယ်ပုံပုံတစ်ပုံသာ ရှိသော်လည်း ရွှီဖန်းတွင် မြင်ကွင်းထိုးဖောက်အဆောင်ရှိနေတာကြောင့် ၎င်းအပေါ် ယုံကြည်ပေသည်။ 

ဤချစ်ပ်ပြားတစ်ချပ်လေးဖြင့် သူအနိုင်ယူနိုင်ပေသည်။ ထို့နောက် ဒါကို လက်ထဲမှာကိုင်၍ ကာစီနိုထဲသို့ လိုက်သွားခဲ့သည်။

သူ စပြီး မကစားခင်မှာ ကာစီနိုပတ်ပတ်လည်ကို ကြည့်ပြီး အရင်တွေးလိုက်သည်။ သူ့မှာ ချစ်ပ်ပြားတစ်ပြားပဲ ရှိတာကြောင့် ရှုံးသွားလျှင် ပြန်

အဖတ်ဆယ်လို့ရတော့မည် မဟုတ်ချေ။

ရှောင်းချောင်ကိုတော့ ထည့်တွက်လို့မရပေ။ ဒီမိန်းမဆီမှာ ချစ်ပ်ပြားထပ်တောင်းလို့မရတော့ချေ။ 

မကြာခင်မှာပဲ သူ့နေရာကို ရွေးလိုက်ကာ အံစာတုံးအရွယ်စားပွဲဆီသို့ လျှောက်သွားလိုက်သည်။

အန်စာတုံးသည် ဆော့ကစားရန် ခက်ခဲလှသည်တော့ မဟုတ်ချေ။ သူ့တွင် မြင်ကွင်းထိုးဖောက်အဆောင်လည်း ရှိသည်ဖြစ်ရာ အန်စာတုံးနှင့်ပတ်သက်၍ ယုံကြည်မှုရှိပေသည်။

ထိုအချိန် လောင်းကစားများစွာ ဝန်းရံထားသော ကစားဝိုင်းပွဲထဲသို့ သူဝင်ပါလိုက်သည်။ သူတို့၏ အကြည့်နောက်ကို လိုက်၍ လောင်းကစားပွဲတွင် တုတ်တစ်ချောင်းကို လှုပ်နေသည့် ပွဲကိုယ်စားလှယ်ကို ကြည့်လိုက်သည်။

အသံကို နားထောင်ရုံဖြင့် ခန့်မှန်း၍ ရသော်ငြား သူ့တွင် ချစ်ပ်ပြားတစ်ခုသာ ရှိတာကြောင့် မလုပ်ဝံ့ပေ။ ပွဲကိုယ်စားလှယ်က ခွက်ကို စားပွဲပေါ်မှာ တင်လိုက်သည်နှင့် ရွှီဖန်းလည်း မြင်ကွင်းထိုးဖောက်

အဆောင်ကို ချိုးဖောက်လိုက်သည်။ ထို့နောက် ခွက်ကို စူးစိုက်ကြည့်လိုက်သည်။ အဆောင်၏ စွမ်းအားအရ အနက်ရောင်ခွက်သည် တဖြည်းဖြည်း ပွင့်လာလေသည်။ 

အလွန်လျင်မြန်စွာပင် အံစာတုံးသုံးတုံးက ရွှီဖန်း၏အမြင်အာရုံထဲ ဝင်လာခဲ့သည်။ 

၄၅၆၊ ၁၅၀၀ မှတ်။

အရောင်ခွက်ထဲမှ အံစာတုံးအား ရှင်းရှင်းလင်းလင်း သိရပြီးနောက် သူ၏ ချစ်ပ်ပြားကို မထည့်ခင်မှာ တခြားလူများ လောင်းကြေးအရင်ထပ်မည်ကို စောင့်လိုက်သည်။

****************

All Chapters