စတင်ဖွင့်ပြခြင်း
Vol. 11 Ch. 164
"ကောင်းပြီ ခွက်ကို ဖွင့်လိုက်တော့မယ်!"
အလွန်လျင်မြန်စွာပင် ကစားသမားများသည် သူတို့၏ ချစ်ပ်ပြားများကို ပုံထားပြီးပြီဖြစ်၏။ ပွဲကိုယ်စားလှယ်က အော်ပြောပြီးနောက် ခွက်ကို ဖွင့်ပြလိုက်သည်။
"၄၅၆၊ ၁၅၀၀!"
ခွက်ထဲမှ အန်စာတုံးများကို မြင်သည့်အခါ ပျော်
သည့်လူများ နှင့် စိုးရိမ်သည့်လူများဟူ၍ နှစ်မျိုးကွဲသွားသည်။ ရွှီဖန်းကတော့ သဘာဝကျစွာ ပျော်ရွှင်နေပေသည်။
မြင်ကွင်းထိုးဖောက်အဆောင်သည် အလွန်အံ့သြစရာကောင်းပေသည်။ သူ့ဆီမှာ ဤအရာရှိနေသ၍ ရှုံးရန် ခက်ခဲလိမ့်မည်။ ရလဒ်အနေဖြင့် ရွှီဖန်း၏ တစ်ခုတည်းသော ချစ်ပ်ပြားသည် နှစ်ခု ရှိလာသည်။
မကြာခင် နောက်တစ်ဆင့်ရောက်လာသည်။ ရွှီဖန်းသည် ယခင်ကအတိုင်းပင် မလှုပ်ရှားဘဲ ချစ်ပ်ပြားများကို ကိုင်ထားသည်။ ပွဲကိုယ်စားလှယ် ခွက်ကို ချမည့်အချိန်ထိ စောင့်နေပေ၏။
ယခင်ကအတိုင်း ရွှီဖန်းသည် သူ၏ မြင်ကွင်းထိုးဖောက်နိုင်သည့် မျက်လုံးကို ထပ်မံ အသုံးပြုခဲ့သည်။ တဖြည်းဖြည်းနှင့် အနက်ရောင်ခွက်က ပွင့်လာသည်။ တစ်ဖန် အထဲမှ အံစာတုံးများကို တွေ့လိုက်ရသည်။
၅၊ ၅၊ ၆၊ ၁၆
အံစာတုံးများကို ရှင်းရှင်းလင်းလင်းမြင်ပြီးနောက် ရွှီဖန်းသည် မဆိုင်းမတွပင် သူ၏ချစ်ပ်ပြားနှစ်ခုကို ဖိချလိုက်သည်။
"ကောင်းပြီ၊ ခွက်ဖွင့်ကြရအောင်"
အကုန်လုံး ချစ်ပ်ပြားများ ထပ်ပြီးနောက် နောက်တစ်ကြိမ်ခွက်ကို ဖွင့်လိုက်သည်။
"၅၊ ၅၊ ၆၊ ၁၆"
ရွှီဖန်း၏ အမှတ်များနှင့် အတူတူပင်။ ဤတစ်ကြိမ်တွင် သူ၏ ချစ်ပ်ပြားနှစ်ချပ်သည် ကနဦး ယွမ် ၁သောင်းမှ ယွမ်၈သောင်းအထိ တက်လာသည်။
သိပ်မကြာခင်မှာပင် အလှည့်အပြောင်းတွေ စလာတော့မည်ဖြစ်သည်။ ရွှီဖန်းသည် အမှားလုပ်မိပြီး အရာအားလုံးမဆုံးရှုံးသွားအောင် ထိန်းထားရပေမည်။ မဟုတ်လျှင် သူ့မှာ ဆက်ကစားဖို့ ချစ်ပ်ပြား မရှိနိုင်တော့ပေ။
သို့သော်ငြား မြင်ကွင်းထိုးဖောက်အဆောင်၏ အကူအညီကြောင့် သူ၏ အနိုင်ရနှုန်းမှာ ကြောက်စရာကောင်းနေဆဲပင်။
ရွှီဖန်းသည် လောင်းကြေးအနည်းငယ်ကို တမင် ဆုံးရှုံးအောင် လုပ်ခဲ့သော်လည်း ပွဲကိုယ်စားလှယ်က သူ့ကို သတိထားမိနေဆဲပင်။ ဒီစားပွဲမှာသာ ဆက်ဆော့နေပါက ကာစီနိုမှ လူကြီးတွေ သူ့ကို စတင်၍ စုံစမ်းလာတော့မည်ဟု သူခံစားနေရသည်။
ဒါကြောင့် သူအနိုင်ရရှိခဲ့သော ချစ်ပ်ပြား ၈၀ ကို ယူကာ ထိုစားပွဲမှ ထွက်လာခဲ့သည်။ ချစ်ပ်ပြားများကို သူနှင့် အတူ ယူဆောင်လာရင်း ရွှီဖန်းသည် ပစ်မှတ်တစ်ခုကို ရှာတွေ့ခဲ့သည်။
Blackjack ဂိမ်း။
Blackjackဂိမ်းသည် အလွန်ရိုးရှင်းပေသည်။ ပွဲကိုယ်စားလှယ်မှ ကတ်တွေကို ထုတ်ပေးသည့်အခါ ဘယ်ဘက်ခြမ်းမှ ကစားသမားတစ်ဦးစီသည် အပေါ်ဘက်ကို မျက်နှာမူထားသော ကတ်တစ်ကတ်စီကို ထုတ်ပေးရပြီး အောက်သို့ မျက်နှာ မူထားသော ကတ်မှာ ပွဲကိုယ်စားလှယ်၏ ကတ်ဖြစ်သည်။
ဒုတိယအကျော့မှာတော့ ကတ်အားလုံးကို မျက်နှာချင်းဆိုင်ချထားလိမ့်မည်။ တတိယအချီမှစ၍ ကစားသမားများသည် ဆက်ကစားရန် မကစားရန်ကို ရွေးချယ်လို့ရပေသည်။
ရရှိနိုင်သော အမှတ်အများဆုံး အရေအတွက်မှာ ၂၁ ဖြစ်ပြီး ၂၁ထက် ကျော်လွန်ပါက လောင်းကြေးတစ်ခါတည်း ဆုံးရှုံးရလိမ့်မည်။
ဤကစားနည်းအတွက် ရွှီဖန်း၏ မြင်ကွင်းထိုးဖောက်အဆောင်သည် ရိုးရှင်းသော လက်နက်တစ်ခုပင်။ သူ၏ နောက်ကတ်ကို သိနိုင်ရုံသာမက ပွဲကိုယ်စားလှယ်၏ကတ်များကိုပါ မြင်နိုင်ပေသည်။
တခြားလူများ၏ အမြင်၌ ၂၁မှတ်ဖြင့် ယှဥ်ပြိုင်ရန် ခက်ခဲလှသည်။ ရွှီဖန်းအတွက်မူ သူဆန္ဒရှိသ၍ ဆက်တိုက်အနိုင်ယူနိုင်ပေသည်။
ထို့အပြင် ဤကစားနည်းသည် ပွဲကိုယ်စားလှယ်များအတွက် ၎င်းနှင့်ပတ်သက်သည့် သဲလွန်စကို ရှာရန် ခက်ခဲသေး၏။
ထိုစဥ် Blackjack စားပွဲရှေ့၌ လစ်လပ်သော ခုံတစ်ခုံရှိသောကြောင့် ရွှီဖန်း ဝင်ထိုင်လိုက်သည်။ ၂၁မှတ်၏ လောင်းကြေးမှာ ယွမ်၅၀,၀၀၀မှ စသည်။ ရွှီဖန်း၌ စုစုပေါင်း ယွမ်၈သိန်းရှိပေသည်။
မကြာမီ လောင်းကစား စတင်လာ၏။
ဖဲချပ်များကို အသစ်ပြန်လုပ်ပြီးနောက်မှာ စားပွဲပေါ်မှ ထိုင်နေသည့် ကစားသမားများကို ဖဲချပ်ဝေပေးလာသည်။
ရွှီဖန်းလည်း ဖဲချပ်တစ်ခု ရလေသည်။ သူ တစ်ချက် ကြည့်လိုက်သည်။
10
ပထမအသုတ်ပြီးနောက်မှ ဒုတိယအသုတ် ကတ်များကို ဝေလာသည်။ ရွှီဖန်း၏ အရှေ့သို့ Red Star 7ရောက်လာသည်။
နှစ်ကတ်ပေါင်းလျှင် ရွှီဖန်းထံ၌ 17မှတ် ရှိနေလေပြီ။ 21မှတ် ကစားနည်းအတွက် ဂဏန်းကြီးသည်ဟု ဆိုရပေမည်။
တတိယအချီ ရောက်လာလေပြီ။
ကစားသမားသည် ကတ်ယူ၊ မယူ ရွေးချယ်လို့ရပေသည်။ ယခုအကြိမ်တွင် နံပါတ်ကြီး ရထားသူများသည် ရပ်တန့်ရန်ကို ရွေးချယ်ကြလိမ့်မည်။ လောဘလွန်ကဲလျှင် အကျနာတတ်ပေသည်။
မကြာလိုက်ဘဲ ရွှီဖန်း၏ အလှည့်ရောက်လာသည်။ ကျိုးကြောင်းဆီလျော်စွာ ပြုမူရလျှင် သူ၏ 17မှတ်ဖြင့် ကတ်မယူသင့်တော့ချေ။
သို့သော် ရွှီဖန်းက တွေးစပြုလာသည့်ပုံဖန်းနေ၏။ သို့သော်ငြား လက်တွေ့တွင် နောက်ကတ်ကို စစ်ဆေးရန် မြင်ကွင်းထိုးဖောက်နိုင်သည့် မျက်လုံးကို အသုံးပြုနေ၏။ ထို့နောက် ဖုံးအုပ်ထားသည့် ကတ်အတိအကျသည် ရွှီဖန်း၏ အာရုံထဲ ဝင်ရောက်လာသည်။
2 Spades
2 Spades ပေါင်းထည့်လျှင် 19မှတ်ပင်။ မရှုံးသေးပေ။ သူ သက်ပြင်းချကာ ခေါင်းညိတ်လိုက်သည်။
"ကတ်ယူမယ်"
ပွဲကိုယ်စားလှယ်က ရွှီဖန်းကို ခေါင်းညိတ်ပြ၍ ကတ်တစ်ကတ်ပေးလာသည်။
သေချာ၏။ သူကြည့်လိုက်သည့် ကတ်နှင့် အတူတူပင်။ တတိယအချီ ပြီးသွားပြီးနောက် စတုတ္ထအချီမှာဘယ်သူမှ ဆက်ပြီး ကတ်မယူကြတော့ပေ။ ခဏအကြာ ရွှီဖန်း အလှည့်ရောက်လာသည်။
"လူကြီးမင်း နောက်ထပ်ကတ်ယူဦးမလား"
"ကျွန်တော် စဥ်းစားလိုက်ဦးမယ်"
ရွှီဖန်း၏ နောက်ထပ်ပစ်မှတ်က ပွဲကိုယ်စားလှယ်ပင်။ သူ့အမှတ်က ပွဲကိုယ်စားလှယ်ထက် များနေမှ အနိုင်ရပေမည်။ သူ သက်ပြင်းအသာချကာ မြင်ကွင်းထိုးဖောက်ခြင်းမျက်လုံးကို စတင်အသုံးပြုလိုက်ပြီး ပွဲကိုယ်စားလှယ်လက်ထဲမှ ဝှက်ထားသည့် ကတ်များကို ကြည့်လိုက်သည်။
ပွဲကိုယ်စားလှယ်၏ ကတ်များသည် ပိတ်ဆို့ကတ် ကိုးခုဖြစ်သည်။ သူပြသထားသည့် ကတ်အပါအဝင်၁၈မှတ်ဖြစ်ပြီး သူ့ထက် ၁မှတ်လျော့ပေသည်။
ဆက်ဝေရမည့် ပထမဆုံးကတ်သည် Red Star 5ဖြစ်သည်။ သူဖြစ်ဖြစ်၊ ပွဲကိုယ်စားလှယ်ပဲဖြစ်ဖြစ် ဆက်ယူတာနှင့် 21ကို ကျော်သွားမှာပင်။
ရွှီဖန်း မပြုံးဘဲ မနေနိုင်တော့ချေ။ ကတ်ကို ဆက်မတောင်းသ၍ ဒီပွဲမှာ သူအနိုင်ရလိမ့်မည်။
"မယူတော့ဘူး"
ပွဲကိုယ်စားလှယ်က ခေါင်းညိတ်သည်။ သူကိုယ်တိုင်လည်း ကတ်ကို ဆက်မယူပေ။ လူတိုင်းက ကစားပွဲကို ရပ်လိုက်ပြီဖြစ်ရာ ကတ်များဖွင့်ရမည့်အချိန် ရောက်လာလေပြီ။
ဒီတစ်ကြိမ်မှာ ပွဲကိုယ်စားလှယ်၏ ဖျက်ဆီးခြင်းကတ်များက ရွှီဖန်းနှင့် တူလုနီးပါးဖြစ်တာကြောင့် လောင်းကြေးအပို သိပ်မရခဲ့ပေ။ သို့သော် ဤကစားနည်းက နိုင်ဖို့ လွယ်ကူတာကြောင့် သူ သက်ပြင်းချမိသည်။ ဆက်ဆော့လျှင် သူ လောင်းကြေးမြင့်မြင့် နိုင်သည့်အကြိမ်ရှိလာလိမ့်မည်။ ထိုအချိန် အကွာအဝေးတစ်ခုမှ လောင်းကစားဘုရင်ကို သူလှမ်းကြည့်လိုက်ရာ အံ့သြသွားတော့သည်။
အလောင်းကစားဘုရင်၌ တစ်ကယ်ကို စွမ်းရည်တချို့ရှိပေသည်။ သူဟာ တစ်သန်း ပြည့်ဖို့ တစ်သောင်းသာ လိုတော့သည်။ သူသည် တစ်သိန်းနှင့်စတင်ခဲ့ပြီး တစ်သန်းနီးပါးပင် ရရှိနေလေပြီ။
ထိုအရှိန်နှင့်သာဆိုလျှင် ရွှီဖန်း ရှုံးနိုင်၏။ ရွှီဖန်း အံကြိတ်လိုက်မိသည်။ ဒီတစ်ကြိမ် သူ လောင်းကြေးများများထပ်ရလိမ့်မည်။
*******************