← Chapters

မီးလောင်မှု

Vol. 12 Ch. 180

မီးလောင်မှု

Vol. 12 Ch. 180

သူတို့စိတ်ထဲမှာတော့ ရွှီဖန်းပြောသည့် ဟွားမန်ရှင်းဟိုတယ်သို့ သွားကာ မြည်းစမ်းကြည့်ရန် ပြင်ထားလေပြီ။

လီထိုက်ကန်းပြီးသည့်နောက်မှာ စစ်ဆေးရန် ရုံသိပ်မကျန်တော့ပေ။ ရွှီဖန်း၏ မုန့်များကို စားပြီးနောက် ဒိုင်လူကြီးများသည် ပါဝင်ပစ္စည်းများကို အလွန်

ချီးမြှောက်ထားခဲ့တာကြောင့် ဤလယ်ယာထွက်ကုန်

ဖလှယ်ပွဲ၏ ပထမနေရာသည် ရွှီဖန်းလက်ထဲ ရောက်

နှင့်နေပြီဖြစ်၏။

အကဲဖြတ်မှုများပြီးဆုံးသွားသည့်နောက်မှာ ဆုပေးပွဲအစီအစဥ်ရောက်ရှိလာတော့မည် ဖြစ်သည်။ ပြပွဲခန်းမဗဟိုရှိ စင်မြင်ပေါ်တွင် အမျိုးသမီးတချို့သည် ထိပ်တန်းဆုသုံးဆုကို ကိုင်ဆောင်ထားကာ ဆုပေးပွဲ အခမ်းအနား စတင်ရန် စောင့်နေကြသည်။

လီထိုက်ကန်းသည် မတ်တပ်ရပ်လိုက်ပြီးနောက် ရွှီဖန်းကို ကြည့်လိုက်သည်။ သူ သက်ပြင်းအသာချကာ...

"ရွှီဖန်း 'အနာဂါတ်တစ်ခုက နောက်ထပ်အနာဂါတ်ကို ရှေ့ဆက်တွန်းအားပေးနေတယ်' ဆိုပြီး လူကြီးတွေရဲ့ပြောစကားကို ငါလက်ခံသွားပြီ၊ မင်းတို့လူငယ်တွေကမှ အခုလက်ရှိကမ္ဘာကြီးကို ပိုင်ဆိုင်နေကြတာပဲ"

ရွှီဖန်းက နှိမ့်ချစွာ ပြုံးသည်။

"ဒါ တိုက်ဆိုင်မှု သက်သက်ပါပဲ"

လီထိုက်ကန်းက ရွှီဖန်း၏ ပုခုံးကို ပုတ်လာသည်။

"ဘာပဲဖြစ်ဖြစ် ဒီတစ်ကြိမ်အတွက် ကျေးဇူးတင်ပါတယ်ကွာ"

ဆုပေးပွဲအခန်းအနားမစသေးသော်လည်း ထိပ်တန်းဆုသုံးဆုသည် မာစန်းထင်နှင့် မသက်ဆိုင်တော့ကြောင်း သိထားပြီးပြီဖြစ်ရာ လီထိုက်ကန်းအား စိတ်အခြေအနေကောင်းလာစေသည်။ 

ရွှီဖန်း ခေါင်းညိတ်လိုက်ကာ ဘာမှ ပြန်မပြောတော့ပေ။

မကြာခင်မှာပင် ဆုပေးပွဲအခမ်းအနားကို စတင်ခဲ့သည်။ အိမ်ရှင်အဖြစ် တာဝန်ရှိသူတစ်ဦးက စင်ပေါ်

တက်လာပြီး အခမ်းအနားစတင်ကြောင်း ကြေညာလာသည်။

လီထိုက်ကန်းအား အံ့အားသင့်စေသည့်အရာမှာ သူ တတိယရသွားခြင်းပင်။ သူ အလွန်အံ့အားသင့်ကာ ပျော်ရွှင်နေတာကြောင့် စင်ပေါ်မှာ ဘာလုပ်ရမှန်းမသိ ဗျာများနေခဲ့ရာ လူအများအား ရယ်မောစေခဲ့သည်။

လီထိုက်ကန်းသည် ရွှီဖန်းကြောင့် သူ ဒီဆုကို ရတာမှန်း ရှင်းရှင်းလင်းလင်း သိထားပေသည်။ 

ဒုတိယနေရာ ရသွားသည့် လူကတော့ ရွှီဖန်း မသိသောလူပင်။ သူက အလိုအလျောက်ကောက်ရိတ်စက်ကို တီထွင်ခဲ့သည်။ 

ပထမဆုကို ကြေညာဖို့ အချိန်တန်လေပြီ။ ရလဒ်ကို သိထားသော်လည်း ရွှီဖန်းသည် အနည်းငယ် စိတ်

လှုပ်ရှားနေတုန်းပင်။

"ပထမဆုပိုင်ရှင်က ဘယ်သူလဲဆိုတာ အားလုံးသိကြမယ်ထင်ပါတယ်၊ ဒီတစ်ခါ ပထမဆုရှင်ကတော့ ပါရမီရှင်လူငယ်လေးဖြစ်ပါတယ်၊ ကဲ...မစ္စတာရွှီဖန်းအား ဆုလက်ခံရယူပေးဖို့ စင်မြင့်ပေါ်ကို ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ"

ကြေညာသူ၏ အသံဆုံးသွားသည်နှင့် အောက်မှ လက်ခုပ်တီးသံများ ထွက်လာကြသည်။ စင်မြင့်ပေါ်သို့ မတက်ရသေးသည့် ရွှီဖန်းအား ကြည့်ရင်း သူတို့ သဘောကျ၊ အားကျစွာကြည့်နေကြသည်။ ထို့နောက် သူတို့ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။ လူအချင်းချင်းဆိုပေမယ့် ကွာဟချက်က ဘာကြောင့် ဒီလောက်

တောင် ကြီးမားနေရသနည်း။ ထိုကောင်လေးမှာ အသက်နှစ်ဆယ်ကျော်ကျော်သာ ရှိသေးသော်လည်း ပထမဆုကို ရယူနိုင်လေပြီ။

လူအုပ်ထဲမှ မာစန်းထင်ကလည်း ရွှီဖန်းကို ကြည့်

နေသည်။ သူ ဒေါသထွက်ကာ အံကြိတ်ထားရလွန်း၍ သွားများပင် အပိုင်းပိုင်းကြေတော့မည်ဟု သူခံစားရသည်။

ရွှီဖန်းသည် သူ့မျက်လုံးကို စောင်းကာ မာစန်းထင်ကို ကြည့်၍ ပြုံးလိုက်သည်။

"အစ်ကိုထိုက်ကန်းကို ကျေးဇူးတင်မိတဲ့အပြင် အခုလို ပထမဆုရရှိခဲ့တဲ့အတွက် ကျွန်တော် ကျေးဇူးတင်ရမယ့် လူတစ်ယောက် ထပ်ရှိပါသေးတယ်"

"ဘယ်သူ့ကို ကျေးဇူးတင်မှာလဲမသိ"

ပရိတ်သတ်များက ဘယ်သူမှန်းမသိတာကြောင့် ရှုပ်ထွေးနေကြသည်။

"ကောင်းပြီ၊ ကျွန်တော် မစ္စတာ မာစန်းထင်ကိုလည်း ကျေးဇူးတင်ပါတယ်၊ သူသာ အရမ်း အားမနည်းနေရင် အခုလို ပထမဆုကို ရရှိခဲ့မှာမဟုတ်ပါဘူး၊ ဒါကြောင့် ဒီနေရာကနေ နွေးထွေးစွာဖြင့် ကျေးဇူးတင်ကြောင်း ပြောပါရစေ"

ဖီး!!!!!

ပရိတ်သတ်များသည် ရွှီဖန်း၏ လေးနက်သော ကျေးဇူးတင်စကားအား ကြားသည့်အခါ မထိန်းနိုင်ဘဲ ရယ်မောကြတော့သည်။ ရွှီဖန်းက ခပ်ဆိုးဆိုးကောင်လေးပဲဟု သူတို့ ခံစားလိုက်ရသည်။ ဒါဟာ လက်တွေ့ကျကျ လူတစ်ယောက်ကို နင်းသတ်ခြင်းပင်။

သို့သော်ငြား ရွှီဖန်းအတွက် အခုလို ပြောရတာ အကြောင်းပြချက်ရှိပေသည်။ မတိုင်ခင်က မာစန်းထင်သည် လီထိုက်ကန်းကို ထိုကဲ့သို့ ပြောခဲ့ဖူးတာကြောင့် ရွှီဖန်းလည်း သူ့အတိုင်း ပြန်ပြောခဲ့ရုံပင်။

"ဖာ့ခ်! အခုမှ ပထမဆုလေးရပြီး ဘာတွေ လာမာန်တက်နေတာလဲ!"

လူအုပ်ကြားထဲရှိ လင်းချီက မကျေမနပ်ရေရွတ်လာသည်။ ဘေးမှာ ရှိနေသည့် ကျန်းယန်ကလည်း မှိုင်းညှို့နေသည့် အမူအရာဖြင့် ရှိနေသည်။ လင်းချီပြောတာတွေကို သူမ အာရုံမရှိမှန်း သိသာလှသည်။ သူမ ဘာကို တွေးနေလဲ မသိနိုင်ပေ။ 

သူမကို ဒီလို မြင်လိုက်ရသည့်အခါ လင်းချီသည် မျက်မှောင်ကြုတ်လိုက်သည်။ သူမကို သူ လှမ်းဆွဲလိုက်ကာ...

"ယန် ဘာဖြစ်နေတာလဲ"

"မဟုတ်ဘူး! ဘာမှမဖြစ်ပါဘူး"

ကျန်းယန်သည် ထိတ်လန့်တုန်လှုပ်သွားကာ စင်ပေါ်မှ ရွှီဖန်းအား ခိုးကြည့်ရင်း ခေါင်းခါယမ်းလာသည်။ သူမအကြည့်များက ရှုပ်ထွေးနေ၏။ စိတ်ပျက်ခြင်း၊ တောင့်တခြင်း၊ နောင်တနှင့် ငြူစူခြင်းများ ရှိနေခဲ့သည်။

ကျန်းယန် နှုတ်ခမ်းကို ကိုက်လိုက်မိသည်။ သူမ စိတ်ထဲ၌ ဘာတွေးနေလဲ မသိနိုင်ပေ။ 

စင်မြင်ပေါ်၌ တာဝန်ရှိသူ၏ ညွှန်ကြားချက်အရ ယွမ်၂သိန်းတန် ချက်လက်မှတ်အား ရွှီဖန်းအား ပေးအပ်ခဲ့သည်။ ရွှီဖန်းကတော့ ချက်လက်မှတ်ကိုယူကာ ကျေးဇူးတင်စကားပြောပြီးသည်နှင့် စင်ပေါ်မှ အမြန်ဆင်းလာခဲ့သည်။

ရွှီဖန်းသည် အလွန်လျင်မြန်စွာပင် လီထိုက်ကန်းတို့ ရှိရာသို့ ပြန်ရောက်သွားခဲ့သည်။ ထိုအခါမှသာ သူသက်ပြင်းချနိုင်တော့သည်။ စင်မြင်ထက်မှာရပ်ပြီး လူအများနှင့် ရင်ဆိုင်ခဲ့ရတာ ပထမဆုံးအကြိမ်ဖြစ်၍ သူ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။ 

ရွှီဖန်း၏ အမူအရာကို မြင်သည့်အခါ လီထိုက်ကန်းမှာ မျက်လုံးမလှိမ့်ဘဲ မနေနိုင်ခဲ့ချေ။ 

"မင်းကိုယ်မင်း ကြည့်စမ်းပါ ရွှီဖန်း၊ အခု ဒီအခြေအနေနဲ့ ပတ်သက်ပြီး အတွေ့အကြုံလည်း ရသွားပြီဆိုတော့ နောက်ဆို ထပ်ပြီး စိတ်မလှုပ်ရှားနဲ့တော့"

ရွှီဖန်းက လက်ဝှေ့ယမ်းရင်း

"ဒီအကြောင်း နောက်မှ ပြောကြတာပေါ့၊ အချိန်

ရောက်လာရင် အစ်မချိုးဆုအာကိုပဲ ဖြေရှင်းဖို့ လွှတ်ပေးလိုက်တော့မယ်"

ရွှီဖန်းက သူ၏ ခက်ခဲသော ပြဿနာအား သူမထံ ပစ်ချလာသည့်အခါ ချိုးဆုအာ ရှက်ရွံ့သွားတော့သည်။ 

"အစ် အစ်မ မသွားချင်ဘူးနော်"

ဟု ထစ်ငေါ့စွာ ပြန်ပြောမိသည်။

ချိုးဆုအာသည် ရွှီဖန်းထက် သတ္တိရှိသူ မဟုတ်ပေ။ ဒါ့အပြင် သူမက ဘယ်လိုလုပ် ဒီလိုကိစ္စမျိုးကို ဂရုစိုက်ပေးရမည်နည်း။ သူမက သူ့သက်ဆိုင်သူမှ မဟုတ်ပါလေ။

"တဆိတ်လောက် မစ္စတာရွှီ အခု အားလားခင်ဗျ"

ရွှီဖန်းတို့ စကားပြောနေစဥ် ရွှေရောင်မျက်မှန်၊ အနက်ရောင်ဝတ်စုံနှင့် အမျိုးသားတစ်ယောက်က ရုတ်တရက် သူတို့ဆီ ရောက်လာသည်။

ရွှီဖန်း မျက်မှောင်ကြုတ်မိသည်။ သူ ဒီလူကို မသိပေ။ သူ စိတ်ရှုပ်ထွေးစွာ ပြန်မေးလိုက်သည်။

"ဘာကိစ္စများရှိလို့လဲ"

ထိုလူက တခြားလူများ ကြားလို့မရသည့် တစ်ခုခုကို ပြောမည့်အလား စိုးရိမ်မှု တချို့ဖြင့် လီထိုက်ကန်းနှင့် ကျောက်ဟွာကို ကြည့်နေသည်။ ရွှီဖန်းသည် ဒါကိုမြင်သည့်အခါ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

"ခင်ဗျားမှာ ပြောစရာရှိရင် တိုက်ရိုက်ပြောချလိုက်ပါ၊ သူတို့က ကျွန်တော့်ညီအစ်ကိုတွေပဲမလို့ ခင်ဗျားစိုးရိမ်စရာမရှိပါဘူး"

"ဒါက..."

ထိုလူက တုန့်ဆိုင်းသွားသော်လည်း အခု မပြောလိုက်ပါက ရွှီဖန်းက အခွင့်အရေး ထပ်မပေးတော့မည်ကို စိုးရိမ်ရပြန်သည်။ သူ အသက်ပြင်းပြင်းရှူသွင်းကာ လက်ဆွဲအိတ်ထဲမှ လုပ်ငန်းရှင်ကတ်ကို ထုတ်ပြီး ရွှီဖန်းကို ပေးလိုက်သည်။

"မစ္စတာရွှီဖန်း ကျွန်တော်က ရှန့်တင်း စိုက်ပျိုးရေးကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာဖြစ်ပါတယ်၊ အခု CEOနဲ့ ဖုန်းပြောပြီးနောက်မှာ ကျွန်တော်တို့ ကုမ္ပဏီက ခေါ်ယူလိုတဲ့ အရည်အချင်းရှိတဲ့လူက မစ္စတာရွှီပဲဆိုတာ ခံစားမိပါတယ်၊ အဲ့ဒါ ဘယ်လိုများထင်ပါလဲ"

တစ်ဖက်လူပေးလာသော ကတ်ကို ရွှီဖန်း ယူကြည့်လိုက်သည်။ ဤစီးပွားရေးလုပ်ငန်းရှင်ကတ်ကပင် အထင်ကြီးစရာဖြစ်နေလေပြီ။ ဒါ့အပြင် ထိုကုမ္ပဏီ၏ ရုံးချုပ်က ပြည်နယ်မှာ ရှိသည့်ပုံပင်။ 

ရှန့်တင်းစိုက်ပျိုးရေးကုမ္ပဏီအား ရွှီဖန်း သိပ်မရင်းနှီးတာကြောင့် လီထိုက်ကန်းနှင့် ကျောက်ဟွာအား ကြည့်လိုက်မိသည်။ သူတို့နှစ်ယောက်က ဒီနယ်ပယ်မှာ အချိန်ကြာကြာ အလုပ်လုပ်ခဲ့တာကြောင့် ဒီကုမ္ပဏီနှင့်ပတ်သက်ပြီး တချို့တလေ သိထားလောက်သည်။

လီထိုက်ကန်းမှ 

"ရွှီဖန်း ရှန့်တင်းစိုက်ပျိုးရေးကုမ္ပဏီဆိုတာ ငါတို့ပြည်နယ်ရဲ့ ထိပ်တန်းစိုက်ပျိုးရေးကုမ္ပဏီတွေထဲက တစ်ခုပဲ၊ အဲ့ဒီကုမ္ပဏီရဲ့ ရုံးခွဲတွေအားလုံးက ပြည်နယ်တစ်ခုလုံးကို ဖြန့်ကျက်ထားတယ်"

***************

All Chapters