ဘယ်လိုတောင် အရမ်းစွမ်းနေတာလဲ
Vol. 12 Ch. 166
သူမ၏ ရှော့ရနေသော အမူအရာကြောင့် ရွှီဖန်း ပြုံးလိုက်သည်။
"နှစ်သိန်းတည်းလို့ ဘယ်သူပြောလဲ”
ထို့နောက် သူ့ကိုထားပစ်ခဲ့သည့် သူမကို ပြရန်အလို့ငှာ ချစ်ပ်ပြားပေါင်း တစ်သန်းကို ပေးလိုက်သည်။ ရှောင်းချောင်မျက်နှာပေါ်မှ အံ့သြမှုက ပို၍ ပြင်းထန်လာတော့သည်။ သူမလက်ထဲ၌ ကိုင်ဆောင်ထားသည့် ချစ်ပြားနှစ်ပြား၏ မှန်ကန်သော အထိအတွေ့ကြောင့်သာ မဟုတ်လျှင် ရှောင်းချောင်သည် သူမ အိပ်မက်မက်နေသည်ဟု ထင်မှတ်လောက်သည်။
ရွှီဖန်းသည် ယွမ်၁သောင်းတည်းဖြင့် ယွမ်တစ်သန်းကျော်ရရှိခဲ့သည်။ ဒီလူ ဘယ်လိုတောင် အရမ်းစွမ်းနေတာလဲ။
ယခင်က ရွှီဖန်းအပေါ် အထင်အမြင်သေးခဲ့သည့် သူမ၏ အပြုအမူများကို သတိရသည့်အခါ ရှောင်းချောင်၏ မျက်နှာသည် မျက်နှာဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ပူလောင်လာတော့၏။
ရွှီဖန်းကို လျှော့တွက်ခဲ့မိသည့်အတွက် သူမ နောင်တရလာ၏။ အကယ်၍ သူမသာ ချစ်ပ်ပေါင်း တစ်သန်းလုံးကို သူ့ထံ လွှဲအပ်ခဲ့ပါက ယခုထက် ပို၍ အောင်နိုင်လိမ့်မည်။ ရှောင်းချောင်သည် သူမ၏နှုတ်ခမ်းကို ကိုက်၍ တောင်းပန်လိုက်သည်။
"ရွှီ ရွှီဖန်း တောင်းပန်ပါတယ်၊ ငါ ခုနက အပြုအမူတွေ မထိန်းလိုက်နိုင်ခဲ့ဘူး"
"အဆင်ပြေပါတယ်၊ နောက်တစ်ခါတော့ သူများတွေကို အထင်မသေးမိစေနဲ့ပေါ့"
"အိုး"
ရွှီဖန်းသည် ယွမ်တစ်သောင်းဖြင့် ငွေများစွာ အနိုင်ရရှိခဲ့သည်။ ယခုဆိုလျှင် သူ့ကို သူမ လုံးဝယုံကြည်နေလေပြီ။ ကံတရားကြောင့်ဖြစ်စေ၊ နည်းစနစ်ကြောင့်ပဲဖြစ်စေ သူက သူမထက် ပိုသန်မာ၏။
"ဒါဆို ရွှီဖန်း အခု ဘာဆက်လုပ်ဖို့ ပြင်ထားလဲ"
ရှောင်းချောင်သည် အဝေးမှ လောင်းကစားဘုရင်ကို လှမ်းကြည့်မိသည်။ တစ်ဖက်လူသည် လောင်းကစားဘုရင်ဖြစ်တာကြောင့် သူ၏အနိုင်ရရှိနှုန်းသည် ရွှီဖန်းထက် မနှေးပေ။ လင်းရှောင်ကပါ ရှိသေးတာကြောင့် သူတို့နှစ်ယောက်၏အင်အားက ရွှီဖန်းထက် ပိုအားကောင်းပေသည်။
"သူတို့ရထားတဲ့အနေအထားအရဆို ငါတို့ရှုံးနေတုန်းပဲ"
ရှောင်းချောင်က စိုးရိမ်သော အမူအရာဖြင့် သက်ပြင်းချသည်။ ရွှီဖန်း ပြုံးလိုက်ကာ...
"မင်းအနိုင်ရချင်ရင် လွယ်ပါတယ်"
"ဟမ်"
ရှောင်းချောင်သည် သူမခေါင်းကို မော့၍ ရွှီဖန်းအား အံ့အားသင့်စွာ ကြည့်မိသည်။ သူ့မှာ အကြံရှိလို့လား။
"သူ အောင်ပွဲခံနေမှတော့ ပိုက်ဆံရှုံးအောင် လုပ်ရမှာပေါ့"
"ငါသွားပြီး ထိပ်တိုက်ကစားလိုက်မယ်"
"ရွှီဖန်း မလုပ်နဲ့၊ ရူးသွားပြီလား၊ မလုပ်ရဘူး"
ရှောင်းချောင်က ကြားကြားချင်း ရွှီဖန်း၏ အကြံကို ငြင်းဆိုခဲ့သည်။ ဒါဟာ သေခြင်းတရားကို တောင်းဆိုနေမှန်း သိသာ၏။
လောင်းကစားဘုရင်ကို လောင်းကစားဘုရင်ဟု ခေါ်ရသည့်အကြောင်းအရင်းမှာ ချန်ဟိုင်းတွင် သူသုံးသည့် နည်းစနစ်များကိုဘယ်သူမှ မကျော်နိုင်ဟု ဆိုလိုခြင်းပင်။
ပိုက်ဆံများစွာအနိုင်ရရန်အတွက် ရွှီဖန်းက ကံကို ပုံအပ်ထားလို့ ရနိုင်သော်ငြား လောင်းကစားဘုရင်နှင့် သွားပြိုင်လျှင်တော့ သေခြင်းကို လက်ဖိတ်ခေါ်နေခြင်းပင်။
ထိုအစား လောင်းကစားဘုရင်ကို ရှောင်၍ သူတို့ကစားလျှင်တောင် အသက်ရှင်ကောင်းရှင်နိုင်၏။
"ရွှီဖန်း စိတ်မပေါ့နဲ့၊ ငါ မင်းကို သတိပေးပါရစေ၊ လောင်းကစားဘုရင်က မင်းထင်ထားသလောက် မရိုးရှင်းဘူးနော်"
ယခုအချိန် သူမ၏ မျှော်လင့်ချက်များအားလုံးသည် ရွှီဖန်းအပေါ်မှာ ကျန်တော့သည်။ ရွှီဖန်းက စိတ်အားထက်သန်လွန်း၍ လောင်းကစားရှုံးသွားရသည်ကို သူမ မမြင်ချင်ပေ။
ရှောင်းချောင်မျက်နှာပေါ်မှ လေးနက်သော အမူအရာကို မြင်သည့်အခါ ရွှီဖန်းသည် အေးစက်စွာ နှာမှုတ်လိုက်သည်။
"ရှောင်းချောင် ငါ မသိဘူး ထင်လို့လား၊ လင်းရှောင် သူ့ကို ခေါ်လာကတည်းက မရိုးရှင်းဘူးဆိုတာ သိထားပြီးသား၊ ဒါပေမယ့်"
သူ့ပါးစပ်ထောင့်က ယုံကြည်ချက်အပြည့်ဖြင့် ကွေးတက်သွားသည်။ သူမ အံ့သြသွားတာကို ကြည့်ရင်း
"ငါ ရွှီဖန်းကရော ဒီလောက် ရိုးရှင်းမယ် ထင်လို့လား"
"ဒါက.."
ရှောင်းချောင် အံ့အားသင့်သွားတော့သည်။ တစ်
ကယ်ပဲ ယွမ်တစ်သောင်းမှ ယွမ်တစ်သန်းကျော်အထိ အောင်နိုင်ထားသည့် လူကရော ထင်သလောက်ရိုးရှင်းပါ့မလား။
သူမ ရွှီဖန်းကို စိုက်ကြည့်နေမိသည်။ သူမ တစ်ကယ်ပဲ သူ့ကို လျှော့တွက်ခဲ့မိတာ ဖြစ်နေမလား။ လောင်းကစားဘုရင်နှင့် သူ့ကြားမှာ အနိုင်ရဖို့ အခွင့်အရေးတော့ ရှိနေနိုင်သည်။
ရှောင်းချောင်၏ ပူပန်နေသော အမူအရာကြောင့် ရွှီဖန်း ပြုံး၍ ပြောလိုက်သည်။
"ကောင်းပြီ ရှောင်းချောင် မင်းအရမ်းစိတ်ပူနေစရာမလိုဘူး၊ ငါ လောင်းကစားဘုရင်နဲ့ လောင်းကြေးထပ်ဖို့ ငါ့မှာ ယုံကြည်ချက်က အတိုင်းအတာတစ်ခုထိ ရှိတယ်"
"ငါ သေချာပေါက် အနိုင်ရလိမ့်မယ်၊ မဟုတ်ရင် မင်းအနမ်းကိုယူပြီး ပျက်ကွက်သလို မဖြစ်သွားဘူးလား"
ထို့ကြောင့် ရွှီဖန်းသည် ချစ်ပ်ပြားကို ယူကာ လောင်းကစားဘုရင်ထံသို့ လျှောက်သွားခဲ့သည်။ ရှောင်းချောင်မှာတော့ နေရာတွင် ရပ်ကျန်ခဲ့သည်။ သူမ အသိပြန်ဝင်လာသည့်အခါ အဝတ်လဲခန်းထဲတွင် သူမကို အတင်းနမ်းခဲ့သည့် သူ့အနမ်းကို သတိရမိပြီး မျက်နှာတစ်ခုလုံး နီရဲသွားတော့သည်။
ရွှီဖန်း၏ ကျောပြင်အား ရှက်ရွံ့စွာ ကြည့်၍ အနောက်မှ လိုက်သွားခဲ့သည်။
ထိုအချိန်တွင် လင်းရှောင်နှင့် လောင်းကစားဘုရင်သည် ပျော်ရွှင်စွာဖြင့် အနိုင်ယူနေကြသည်။ ရွှီဖန်းနှင့် ရှောင်းချောင်က သူတို့ဆီ လမ်းလျှောက်လာတာမြင်တော့ ကစားတာကိုရပ်သွားကြသည်။
"အိုး ဘာလဲ ရှောင်းချောင်၊ ည ၁၂တောင် မထိုးသေးဘူး၊ မင်း တစ်သန်းလုံးရှုံးသွားပြီလို့ မပြောနဲ့"
ထိုစကားကို ပြောပြီးနောက် လင်းရှောင်သည် သူ့လက်ထဲမှ ချစ်ပ်ပြားများကို ပြ၍...
"ဘယ်လိုလဲ ရှောင်းချောင်၊ ဒီည ငါနဲ့ အတူလိုက်ခဲ့၊ ဒီချစ်ပ်ပြားငါးသိန်းကို ပေးမယ်"
"လင်းရှောင်! မလွန်လာနဲ့"
ရှောင်းချောင်သည် သူမ၏ ချစ်ပ်ပြားများ ဆုံးရှုံးခဲ့ရတာကြောင့် အလွန် စိတ်မကောင်းဖြစ်နေမိသည်။ ယခု လင်းရှောင်ကပါ သူမကို အရှက်ခွဲလာတာကြောင့် ဒေါသတကြီး စိုက်ကြည့်နေမိသည်။
လင်းရှောင်ကတော့ ရွှီဖန်းကို ကြည့်မိပြီး အံ့သြနေသည်။ ရွှီဖန်း၏လက်ထဲ၌ ယွမ်တစ်သန်းကျော်
သည့် ချစ်ပြားများကို မြင်သည့်အခါ သူ မပြုံးနိုင်တော့ချေ။
လင်းရှောင်သည် အထင်အမြင်သေးစွာ နှာမှုတ်၍
"ဟမ့် မင်းရဲ့ကံက တော်တော်ကောင်းတဲ့ပုံပဲ အများကြီးနိုင်ထားတယ်ဆိုတော့"
ရွှီဖန်းက သူ့မျက်လုံးကို ကျဥ်းမြောင်း၍...
"ဒါက သာမန်ပါပဲ၊ နောက်ဆုံးမှာ ဒီည နိုင်ချင်ရင် ကံတရားကို အားကိုးလို့တော့ မရဘူးပေါ့"
"မင်းတို့က ငါ့ဆီ ကြိုတင်ပြီး လက်နက်လာချကြတာလား"
ရွှီဖန်းက လင်းရှောင်ကို ဂရုမစိုက်ပေ။ ထိုအစား လောင်းကစားဘုရင်ကို ကြည့်၍
"လောင်းကစားဘုရင် ငါ့မှာ အကြံတစ်ခု ရှိတယ်၊ နားထောင်ချင်ရဲ့လားမသိဘူး"
လောင်းကစားဘုရင်က မျက်မှောင်ကြုတ်၍
"ဘာအကြံပြုချင်တာလဲ၊ အရင်ပြောကြည့်"
ရွှီဖန်းပြုံးလိုက်ကာ...
"လောင်းကစားဘုရင် ဒီလိုလိုက်ပြီး ကစားနေတာ အချိန်ကုန်တယ်၊ ငါတို့နှစ်ယောက် ထိပ်တိုင်ယှဥ်ပြိုင်
ရင်ရော ဘယ်လိုလဲ၊ ငါတို့ အရင် ရှုံးသွားရင် အရှုံးကို လက်ခံမယ်၊ ဘယ်လိုထင်လဲ"
"ဘာ!"
ဘေးမှာရှိနေသည့် လင်းရှောင်မှာ မရယ်ဘဲ မနေနိုင်တော့ချေ။ သူက ချက်ချင်း လှောင်ပြောင်လာသည်။
"ရွှီဖန်း မင်းမသေနိုင်ဘူးထင်လို့ လောင်းကစားဘုရင်ကို စိန်ခေါ်ရဲတာလား"
ရွှီဖန်းက အပြုံးဖြင့်
"ဟုတ်ပါတယ်၊ ငါ မြန်မြန်သေရမှာကို မကြိုက်ဘူး၊ ဒါပေမယ့် လင်းရှောင်း မင်းမှာ ငါ့ကို သတ်နိုင်တဲ့ အရည်အချင်းရှိလို့လား"
"ဒါပေါ့ မင်း ငါနဲ့ လောင်းကြေးထပ်ဖို့ သတ္တိမရှိရင်
လည်း ငါ တွန်းအားပေးမှာ မဟုတ်ပါဘူး"
"မင်း!"
လင်းရှောင်မှာ ဒေါသထွက်လွန်းလို့ အဆုတ်များပင် ကွဲထွက်မတတ်ပင်။ သူ အံကိုကြိတ်ကာ ရယ်မောမိသည်။
"ကောင်းပြီလေ၊ မင်းသေချင်နေမှတော့ ဒီည မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့"
ထို့နောက် လင်းရှောင်သည် သူ့ချစ်ပ်ပြားအကုန်လုံးကိုပါ လောင်းကစားဘုရင်ထံ ပေးလိုက်သည်။
"လောင်းကစားဘုရင် ဒီလို မောက်မာနေတဲ့ကောင်လေးကို သင်ခန်းစာပေးသင့်တယ်"
************************