← Chapters

ထောင်ချောက်မိပြီ

Vol. 12 Ch. 168

ထောင်ချောက်မိပြီ

Vol. 12 Ch. 168

ရွှီဖန်း၏ ကတ်က သူတို့ထက် ကြီးလိမ့်မည်ဟု လင်းရှောင် မယုံချေ။

"မလုပ်နဲ့ သခင်လေးလင်း မလုပ်နဲ့!"

ရွှီဖန်း၏ ရန်စမှုကြောင့် လင်းရှောင်သည် ချစ်ပ်ပြားများကို ယူ၍ ရင်ဆိုင်ချင်နေသည်။ ထိုအချိန် လောင်းကစားဘုရင်က သူ့လက်ကို ဆုပ်ကိုင်လာသည်။

လောင်းကစားဘုရင်သည် သူ့ဘဝတွင် လောင်းကစားပွဲများစွာကို အတွေ့အကြုံရှိခဲ့တာကြောင့် ရွှီဖန်း၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိပေသည်။ လောင်းကစားဘုရင်သည် လင်းရှောင်အား ဂရုတစိုက်ကြည့်ကာ

"သခင်လေးလင်း စိတ်အေးအေးထားပါ၊ သူ့မှာ တစ်ခုခုရှိလိမ့်မယ်၊ သူအခု မြှားဖို့ ကြိုးစားနေတာ သတိမထားမိဘူးလား"

"ဒါက"

လောင်းကစားဘုရင်၏ ဆွဲဆောင်မှုကြောင့် လင်းရှောင်လည်း ဂရုတစိုက်တွေးတောလာသည်။ အဆိုး၊ အကောင်းကို ချိန်ဆပြီးနောက်မှာ သူ့ချစ်ပ်ပြားများကို ပြန်သိမ်းလိုက်သည်။ 

"ဟမ့် ရွှီဖန်း ခဏစောင့်စမ်း၊ မင်းကို ဘယ်လိုသတ်ပြမလဲဆိုတာ  ကြည့်ထား"

ရွှီဖန်းလည်း သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။နှမြောစရာကောင်းသည်ဟု သူခံစားရသည်။ 

လောင်းကစားဘုရင်သည် တစ်ကယ်ကို မြေခွေးတစ်ကောင်ဖြစ်ပြီး သူ့ကို ကိုင်တွယ်ရန် မလွယ်ကူချေ။

မကြာခင်မှာ နောက်တစ်ချီစလာလေသည်။ 

အကြိမ်ရေအနည်းငယ် ကစားပြီးနောက်မှာ ရှောင်းချောင်သည် ရွှီဖန်းက လောင်းကစားမှာ အလွန်

ကောင်းကြောင်း သတိထားမိခဲ့သည်။ လောင်းကစားဘုရင်တောင်မှ သတိနှင့်ဆက်ဆံလာသည်။ ဒါကြောင့် ရွှီဖန်း၏ အတွေးများကို မနှောင့်ယှက်ရန်အတွက် သူမ စကားပြောခြင်းကို ရပ်တန့်လိုက်သည်။ 

ရွှီဖန်းသည် သူ့လက်ထဲ ရောက်လာသော ကတ်ကို ကြည့်ကာ သက်ပြင်းမရှိုက်ဘဲ မနေနိုင်ခဲ့ချေ။ ဒါဟာ သူရဖူးသမျှထဲမှာ အမြင့်ဆုံးကတ်ပင်။

ကျားသစ်သုံးကောင်။

ထို့နောက် ထိုးဖောက်မျက်လုံးကို အသုံးပြု၍ လောင်းကစားဘုရင်လက်ထဲမှ ကတ်ကို ကြည့်

လိုက်သည်။ 

Euphorbia၊ AKQ

၎င်းသည်လည်း အလွန်ကြီးမားသော ကတ်

ဖြစ်သော်ငြား သူ၏ ကျားသစ်နှင့် မယှဥ်နိုင်ပေ။ သူ အသက်ပြင်းပြင်းရှူသွင်းကာ မျက်နှာအမူအရာများကို ထိန်းချုပ်ထားလိုက်သည်။ လောင်းကစားဘုရင်မှ 

ကတ်စွန့်တာမျိုးကို သူ ထပ်မမြင်ချင်တော့ပေ။ အနိုင်ရဖို့အရေး အချိန်ကြာလွန်းသည်။ 

လောင်းကစားဘုရင်ကလည်း ရွှီဖန်းကို အကဲခတ်

နေသည်။ ရွှီဖန်းတစ်ယောက် စိတ်ထဲမှာ ပြုံးမိကာ ချစ်ပ်ပြားတစ်သိန်းကို စားပွဲပေါ် ပစ်တင်လိုက်သည်။ 

"တစ်သိန်းထည့်မယ်"

ရွှီဖန်းက ကတ်ကြီးရထားသည့်ပုံပင်။ သို့သော်ငြား လောင်းကစားဘုရင်သည် သူ့ကတ်များထက် အမြဲတမ်း ကြီးနိုင်မည်ဟု မယုံချေ။ ဒါ့အပြင် သူရထားသည့်ကတ်ကြောင့် ယုံကြည်ချက်ရှိနေ၏။ 

"နှစ်သိန်း"

"လိုက်မယ်"

ရွှီဖန်းကလည်း နောက်ထပ် ချစ်ပ်ပြားနှစ်သိန်းကို ချလိုက်သည်။ 

ခဏအကြာမှာ စားပွဲပေါ်၌ ယွမ်ခုနစ်သိန်းအထိ ရှိလာလေသည်။ လောင်းကစားဘုရင်က ပို၍ သတိထားလာသည်။ သူ ရွှီဖန်းကို ကြည့်လိုက်ရာ သူ့မျက်လုံးများကို ရှောင်နေမှန်း သတိထားမိမှ သူ စိတ်သက်သာရာ ရမိသည်။ ဤကောင်လေး၏ကတ်သည် သူ့ထက် ပိုမကောင်းနိုင်ပေ။

သူပြုံးကာ ချစ်ပ်ပြား၅သိန်းကို စားပွဲအလယ်သို့ တွန်းပို့လိုက်သည်။

"၅သိန်း ... ကောင်လေး မင်းမှာ အရည်အချင်းရှိရင် ဆက်လိုက်လာခဲ့"

လောင်းကစားဘုရင်က မောက်မာစွာ ပြောလာသည်။ ၅သိန်းထပ်ထည့်သည်ကို မြင်သည့်အခါ ရှောင်းချောင်သည်လည်း မျက်မှောင်ကြုတ်ရင်း စိတ်ပူလာသည်။ သူမ အနည်းငယ် ကြောက်လာသည်။ 

"ရွှီဖန်း လိုက်ဦးမှာလား"

ရှောင်းချောင်သည် သူမမှာ ဆုံးဖြတ်နိုင်စွမ်းမရှိတာကြောင့် သူ့ကိုသာ ခပ်တိုးတိုးမေးမိသည်။ ဒီတစ်ပွဲမှာ အနိုင်၊ အရှုံး ဆုံးဖြတ်နိုင်လိမ့်မည်။ 

ရွှီဖန်းသည် လောင်းကစားဘုရင်ပေါ်မှာ စိတ်ပိုင်းဆိုင်ရာ နည်းပရိယာယ်ကို အသုံးပြုခဲ့တာကြောင့် လောင်းကစားဘုရင်၏ လှည့်ကွက်များက သူ့အပေါ် မသက်ရောက်ပေ။ 

ဒါကြောင့် ချစ်ပ်ပြား၅သိန်းအား စားပွဲပေါ်တင်လိုက်

သည်။ အခုဆိုလျှင် စားပွဲပေါ်၌ ယွမ် 1.7 သန်းအထိ ရောက်လာလေပြီ။ ကြီးကြီးမားမားလောင်းကစားပွဲဟု မယူဆနိုင်သော်လည်း ကစားသမားတချို့က လာရောက် ကြည့်ရှူလာကြသည်။ 

"ဟမ် ဖာ့ခ် အဲဲ့ဒါ လောင်းကစားဘုရင်မလား"

"သူ လောင်းကစားလုပ်ဖို့ ဒီကို ရောက်လာသားပဲ၊ ဒါနဲ့ သူက ဘာလို့ ဒီကောင်လေးနဲ့ လောင်းကြေးထပ်ထားရတာလဲ"

"မသိဘူး၊ ဒါပေမယ့် သူ့ပုံကြည့်ရတာ လောင်းကစားဘုရင်ထက် မတော်ပါဘူး"

"သေချာတာပေါ့၊ လောင်းကစားဘုရင်က ဘယ်သူလဲ၊ အဲ့ဒီကောင်လေးက သူနဲ့ ဘယ်လိုလုပ်ပြီး ယှဥ်နိုင်မှာလဲ"

လူအုပ်ကြီး၏ ချီးမွမ်းသံကို ကြားသည့်အခါ လောင်းကစားဘုရင်က ကျေနပ်စွာ ရယ်မော၍...

"မင်းက ငါ့နောက်လိုက်ရဲတာလား၊ မင်းရဲ့ ဘောင်းဘီပါ ဆုံးရှုံးသွားရမှာ မကြောက်ဘူးလား"

"ဘောင်းဘီပါ ရှုံးရမယ့်လူက ငါ မဟုတ်ဘူး၊ အဓိပ္ပာယ်မရှိတာတွေကြီး ထိုင်မပြောနေနဲ့၊ နားထောင်ရတာ ပင်ပန်းလွန်းလို့"

"မင်း!"

"ဘယ်လိုတောင်မောင်မာတဲ့ ကောင်လေးလဲ"

လောင်းကစားဘုရင်သည် ဒေါသတကြီးဖြင့် သူ့လက်ထဲမှာ ရှိသမျှ ချစ်ပ်ပြားများအားလုံးကို တွန်းလာသည်။

"ငါ အကုန်လုံး လောင်းကြေးထပ်တယ်၊ ကောင်လေး 

မင်းက မိုက်မဲရဲတယ်မဟုတ်လား၊ မင်းမှာ သတ္တိရှိရင် ငါ့နောက် ဆက်လိုက်လာခဲ့"

ရွှီဖန်းသည် မျက်လုံးစောင်း၍ စားပွဲပေါ်မှ ချစ်ပ်ပြားများကို ကြည့်လိုက်သည်။ သူ မပြုံးဘဲ မနေနိုင်ခဲ့ချေ။ 

"ကောင်းပြီလေ၊ ခင်ဗျားက အကြီးကြီးလိုချင်မှတော့ လိုက်ကစားပေးရတာပေါ့"

ထို့နောက် ရွှီဖန်းသည်လည်း သူ့ချစ်ပ်ပြားများအားလုံးကို စားပွဲပေါ်သို့ တွန်းတင်လိုက်သည်။ ယခုဆိုလျှင် နှစ်ယောက်စလုံးရဲ့ချစ်ပ်ပြားအကုန်လုံးက စားပွဲပေါ်ရောက်နေလေသည်။ ကစားပွဲက ဘယ်သူ့ကတ်ပိုကြီးလဲ ဆိုသည့်အပေါ်မှာ မူတည်နေသည်။ 

ရှောင်းချောင်၏ နှလုံးခုန်နှုန်းက မြန်ဆန်နေသည်။ သူမက လောင်းကစားဘုရင်ကိုကြည့်ကာ ရွှီဖန်း၏ ကတ်ထက် မကြီးပါစေနှင့်ဟု ဆုတောင်းနေခဲ့သည်။ 

လောင်းကစားဘုရင်က သူ့ကတ်ကို တိုက်ရိုက်မဖွင့်ခဲ့ပေ။ ထိုအစား ရွှီဖန်းကို ကြည့်၍ 

"မင်း အရင်ဖွင့်လိုက်ပါ"

ရွှီဖန်းသည် လောင်းကစားဘုရင်နှင့် ငြင်းခုံရန် အလွန်ပျင်းရိတာကြောင့် ကတ်ကို ဖွင့်လိုက်သည်။ 

"ကျားသုံးကောင် စိတ်မကောင်းပါဘူး"

"ဘာ!"

လင်းရှောင်သည် ရွှီဖန်း၏ ကတ်ကို မြင်သည့်အခါ မျက်နှာက ပြောင်းလဲသွားသည်။ သူ့ AKQက ကတ်ကြီးဟု သူထင်ခဲ့သည်။ ရွှီဖန်း၏ ကျားသုံးကောင်က ပိုကြီးနေမည်ဟု ဘယ်သူက ထင်ထားမည်နည်း။ 

သူ လောင်းကစားဘုရင်အား စိတ်လှုပ်တရှားမကြည့်ဘဲ မနေနိုင်တော့ချေ။ သူ အလောင်းကစား မရှုံးချင်ပေ။  

ဤစာချုပ်နောက်ကွယ်၌ ရှိသည့် ကြီးမားသော စာချုပ်အရေအတွက်ဟာ ယွမ် သန်းဆယ်ဂဏန်းအထိ ရှိပေသည်။ တစ်ချိန်တည်းမှာပင် ရွှီဖန်းကို သူရှုံးသွားပါက မျက်နှာ ဖြတ်ရိုက်ခံရသလို ဖြစ်သွားလိမ့်မည်။

ထိုအခိုက်အတန့်တွင် လောင်းကစားဘုရင်ကလည်း သူ့ကို စိတ်ချစေအောင် ပြန်ကြည့်ပေးလာသည်။ လင်းရှောင် အံ့သြသွားခဲ့သည်။ ရွှီဖန်းကတ်က လောင်းကစားဘုရင်ထက် ပိုကောင်းနေတာ သိသာပေသည်။ လောင်းကစားဘုရင်မှာ ကတ်တွေကျန်သေးလို့လား။

"စိတ်မကောင်းပါဘူး၊ ဘုရင် သုံးပါး"

ဖတ်! အသံဖြင့် လောင်းကစားဘုရင်သည် စားပွဲပေါ်သို့ ကတ်ကို ပစ်ချလေသည်။

သူ ပြောသလို ဘုရင်သုံးပါးပင်။

*******************

All Chapters