လောင်းကစားဘုရင်၏ ကျွမ်းကျင်မှု
Vol. 12 Ch. 169
လင်းရှောင်သည် မအံ့သြဘဲ မနေနိုင်ခဲ့ချေ။ AKQကနေ ဘယ်လိုဖြစ်လို့ ဘုရင်သုံးပါးကို ပြောင်းသွားတာလဲ။ ဒါ ဖြစ်နိုင်ရဲ့လား။ ဒီလို ဒဏ္ဍာရီဆန်ဆန် ပြောင်းလဲမှုကြီးကလေ။
လင်းရှောင်၏ မျက်နှာက ထိတ်လန့်မှု အပြည့်ပင်။ တစ်ချိန်လုံး သူ လောင်းကစားဘုရင်ကို ကြည့်
နေသည်ဖြစ်ရာ ကတ်လဲလိုက်သည့် အရိပ်အယောင်လည်း မတွေ့ခဲ့ပေ။
ဒီဟာက မှန်းဆလို့ မရအောင်ပေ။
ထို့နောက် သူ စိတ်လှုပ်ရှားလာတော့သည်။ လောင်းကစားဘုရင် ဘယ်လိုတွေ လှည့်စားထားလဲ သူ စိတ်မဝင်စားချေ။ သူ့အတွက် အနိုင်ရလျှင် ရလေပြီ။
လင်းရှောင်သည် ကျယ်လောင်စွာ ရယ်မော၍
"ဟားဟား ရွှီဖန်း မင်းရဲ့ ကံကောင်းတဲ့ ခွေးလို ကံကြမ္မာက လောင်းကစားဘုရင်နဲ့ ယှဥ်နိုင်မယ်ထင်လို့လား"
လင်းရှောင်သည် စားပွဲပေါ်မှ ချစ်ပ်ပြားအကုန်လုံးကို ပိုက်၍ သူ့ဘက်ကို ရွှေ့လိုက်သည်။
"ရှောင်းချောင် ၁၂လည်း ထိုးခါနီးပြီ၊ မင်းရဲ့ချစ်ပ်ပြားတွေ အကုန်လုံးလည်း ဆုံးရှုံးသွားပြီ"
"စာချုပ်က ငါ့အပိုင်ဖြစ်သွားပြီ"
"ပြီးတော့ ရွှီဖန်း မင်း ဟောင်ဖွာ ဟောင်ဖွာထပ်ပြောရဲရင် ငါ မင်းကို ဒုက္ခပေးရလိမ့်မယ်"
လင်းရှောင်က အနိုင်ရသူလို ပြုမူနေတာကြောင့် ရွှီဖန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီကောင် တစ်ကယ်ကြီး ကောင်းကင်ကိုတောင် လိမ်ရဲသေးတယ်လား။
"ရွှီဖန်း မေ့လိုက်ပါတော့၊ မင်း အစွမ်းကုန် ကြိုးစားပြီးပြီလေ၊ ငါ မင်းကို အပြစ်မတင်ပါဘူး"
ရှောင်းချောင်၏ မျက်နှာက မည်းမှောင်နေသည်။ သူမက အရှုံးကို လက်ခံ၍ ကိုယ့်ကိုယ့်ကို နှစ်သိမ့်နေသည့်ပုံပင်။ ရွှီဖန်း ပြုံးလိုက်ကာ
"ရှောင်းချောင် မစိုးရိမ်နဲ့၊ ဘယ်သူ အနိုင်ရမလဲ ဆိုတာက မသေချာဘူး"
"ဘာ"
ရှောင်းချောင်သည် ရွှီဖန်းအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်မိသည်။ သူ ဘာတွေ ပြောနေတာလဲ။ လောင်းကစားဘုရင်၏ ကတ်က ရွှီဖန်းထက် ပိုကြီးသည်ကို လူတိုင်းမြင်ပေသည်။ ဒါကို ဘာလို့ ဘယ်သူ အနိုင်ရမလဲ မသေချာကြောင်း ပြောနေမှန်း သူမ မသိတော့ပေ။
ရှောင်းချောင်၏ ပဟေဠိအကြည့်အောက်မှာ ရွှီဖန်းသည် ပွဲကိုယ်စားလှယ်ကို ကြည့်၍
"ပွဲကိုယ်စားလှယ်၊ ကစားသမားက လှည့်စားထားရင်ရောလို့ ကျွန်တော် မေးပါစေ၊ ဒါဆို ဘယ်လိုမျိုးကိုင်တွယ်မှာလဲ"
"ဟမ်"
ပွဲကိုယ်စားလှယ်က မျက်မှောင်ကြုတ်၍ ပြောလာသည်။
"ဒါပေါ့ သူ့အရှုံးလို့ သတ်မှတ်မယ်၊ ဒါ့အပြင် သူက ပန်းတစ်ရာဂိုဏ်းမှာ နာမည်ကြီးတဲ့လူဖြစ်နေခဲ့ရင် ငါတို့ သူ့ကို ကောင်းကောင်းကြီး ဂရုစိုက်ရလိမ့်မယ်"
ပွဲကိုယ်စားလှယ်၏ ရှင်းပြမှုကို နားထောင်ပြီးနောက် ရွှီဖန်း ခေါင်းညိတ်လိုက်သည်။
"ဒါဆို ကျွန်တော် စိတ်သက်သာရာရပါပြီ"
ထိုအချိန် လင်းရှောင်နှင့် လောင်းကစားဘုရင်အား ရွှီဖန်း ကြည့်လိုက်သည်။ ထိုနှစ်ယောက်လုံး၏ မျက်နှာက မတည်ငြိမ်နိုင်တော့ပေ။
လင်းရှောင်သည် တံတွေးမြိုချ၍...
"ရွှီဖန်း မင်း ရှုံးတာနဲ့ပဲ ငါတို့ကို လှည့်စားတယ်တဲ့လား၊ မင်း တစ်ကယ် အရှက်မရှိတာပဲ!"
ရွှီဖန်း နှာမှုတ်လိုက်သည်။
"ဘယ်သူက တစ်ကယ် အရှက်မရှိတာလဲ ဆိုတာ ငြင်းခုံရအောင် ငါ ပျင်းမိတယ်"
ထိုသို့ ပြောရင်း လောင်းကစားဘုရင်ဘက်ကို ကြည့်ကာ လှောင်ပြောင်လိုက်သည်။
"လောင်းကစားဘုရင် မင်းရဲ့ ကတ်တွေကို ပြောင်းတဲ့ အရှိန်က တော်တော်မြန်တာပဲ၊ ဒါပေမယ့် မင်းဘယ်လောက်ပဲ ကတ်တွေ ပြောင်းပြောင်း ငါ့ကို မဖုံးကွယ်ထားနိုင်ပါဘူး၊ မင်းကို လောင်းကစားဘုရင်လို့ သတ်မှတ်ရအောင် မင်းမှာ မျက်နှာကျန်သေးရဲ့လား"
"မင်း! အဓိပ္ပာယ်မရှိတာတွေ!"
လောင်းကစားဘုရင်က ရွှီဖန်းကို ဒေါသတကြီးကြည့်၍ အေးစက်စွာ ပြောလာသည်။
"ကောင်လေး မင်းစားချင်တာစားလို့ရပေမယ့် ပြောချင်တာ ပြောလို့မရဘူး၊ ငါက လှည့်စားတယ်တဲ့လား"
"ငါဆိုတဲ့ လောင်းကစားဘုရင်က ချန်ဟိုင်းတစ်ခုလုံး တုန်လှုပ်ရတဲ့အထိ နာမည်ကြီးတယ်၊ ငါက ဘာလို့ ဒီပိုက်ဆံလေးလောက်နဲ့ မင်းလို တောသားကို ဘာလို့လှည့်စားရမှာလဲ"
"ငါ့ကို ပြောစမ်းပါ၊ ဒီနေ့ မင်း သက်သေမထုတ်ပြနိုင်
ရင် ငါ မင်းကို သေချာပေါက် သတ်မယ်!"
"သတ်မယ်ဟုတ်လား"
ရွှီဖန်း နှာမှုတ်လိုက်သည်။ ဒီလူက တော်တော် အရေပြားထူပေသည်။ ဒီမှာ လူတွေ အကုန်ရှိနေတာတောင် အပြစ်မရှိသူလို ဆက်ပြီး ပြုမူရဲသေး၏။
"ကောင်းပြီလေ၊ ခင်ဗျားတို့က သက်သေလိုချင်တာမလား၊ အခုပဲ သက်သေပြမယ်"
လောင်းကစားဘုရင်က ကတ်နှစ်ကတ်ကို ပြောင်းထားတာကြောင့် သူ့မှာ ဝှက်ထားသော ကတ်တချို့ ရှိနေလိမ့်မည်။ ရွှီဖန်းသည် ချက်ချင်းပင် မြင်ကွင်းထိုးဖောက်အဆောင်ကို အသုံးပြု၍ လောင်းကစားဘုရင်ကို ဂရုတစိုက် ကြည့်လိုက်သည်။
ရွှီဖန်း၏ အကြည့်အောက်တွင် လောင်းကစားဘုရင်၏ အဝတ်အစားများက ပွင့်လာသည်။ သူ ဝှက်ထားသည့် အရာမှန်သမျှ ရွှီဖန်းရှေ့မှာ ပုန်းနေရန် မဖြစ်နိုင်ချေ။ သူ၏ အမြင်ကို အသုံးပြု၍ လောင်းကစားဘုရင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို စကန်ဖတ်ခဲ့သည်။ မကြာခင်မှာ လျှို့ဝှက်အိတ်ထဲ၌ ကတ်တစ်ကတ်ကို ရှာတွေ့ခဲ့သည်။
ရွှီဖန်း မရယ်ဘဲ မနေနိုင်တော့ချေ။ လောင်းကစားဘုရင်သည် အချိန်တိုအတွင်း ကတ်တွေကို အိတ်ထဲထည့်နိုင်စွမ်းရှိနေ၏။
"ကောင်းပြီလေ၊ မင်းကိုယ်တိုင် မထုတ်ပြချင်ဘူးလို့ ထင်ရမှတော့ ငါပဲ ထုတ်ပေးရတာပေါ့"
လောင်းကစားဘုရင် အံ့အားသင့်သွားရသည်။ ရွှီဖန်း၏ ပုံရိပ်က သူ့ဘေးနား အမြန်ရောက်လာသည်။
"မင်း မင်း ဘာလုပ်တာလဲ"
လောင်းကစားဘုရင်သည် ရုန်းကန်လိုသော်လည်း ရွှီဖန်း၏ ခွန်အားက သူ့ထက် ပိုကြီးနေသည်။
ရွှီဖန်းသည် လောင်းကစားဘုရင်ကို ချုပ်၍ အိတ်ကပ်ထဲ သူ့လက်ကို ထည့်ကာ ကတ်ကို ထုတ်
လိုက်သည်။ ထို့နောက် စားပွဲပေါ် ပစ်ချရင်း
"ပွဲကိုယ်စားလှယ် ခင်ဗျားရဲ့ လက်ထဲက ကတ်တွေမှာ ဘုရင်သုံးပါး ကျန်နေလား စစ်ဆေးပေးလို့ရမလား"
ပွဲကိုယ်စားလှယ်က ခေါင်းကို ညိတ်၍ သူ့လက်ထဲမှ ကတ်တွေကို စစ်လေသည်။ တစ်ကယ်ကို ဘုရင်
သုံးပါးက ကျန်သေး၏။
တစ်နည်းအားဖြင့် လောင်းကစားဘုရင်သည် ကတ်များကို တစ်ကယ်လဲခဲ့ခြင်းဖြစ်၏။
အကယ်၍ ရွှီဖန်းသာ မမြင်ခဲ့ပါက ပန်းတစ်ရာဂိုဏ်းလည်း သိခဲ့မည် မဟုတ်ပေ။ ဒီသတင်းသာ ထွက်သွားခဲ့ရင် ပန်းတစ်ရာဂိုဏ်း၏ ဂုဏ်သတင်းအတွက် မကောင်းပေ။ ပွဲကိုယ်စားလှယ်သည် ရွှီဖန်းအား ကျေးဇူးတင်စွာ ကြည့်၍...
"လူကြီးမင်း ကျွန်တော့်ကို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ နောက်ကျရင် ကျေးဇူးဆပ်ပါဦးမယ်"
ထို့နောက် လင်းရှောင်နှင့် လောင်းကစားဘုရင်အား တင်းမာစွာ ကြည့်ကာ
"မင်းတို့က ပန်းတစ်ရာဂိုဏ်းကို လာပြီး လှည့်ကွက်တွေ လာလုပ်ရဲတယ်၊ ငါ့လူတွေနဲ့ လိုက်သွားဖို့ ဒုက္ခပေးရတော့မယ်"
ထိုအချိန် ခပ်ထွားထွား လူတချို့က အဝေးမှ ပြေးလာပြီး လောင်းကစားဘုရင်တို့ နှစ်ယောက်အား ဝိုင်းထားလေသည်။
ဘေးပတ်ဝန်းကျင်မှ လူများသည် တစ်ယောက်မျက်နှာ တစ်ယောက်မကြည့်ဘဲ မနေနိုင်တော့ချေ။ လောင်းကစားဘုရင်သည် ဒီတစ်ကြိမ်တော့ တစ်ကယ် ဒုက္ခရောက်လေပြီ။ သူ ဆက်လက်ပြီး ပန်းတစ်ရာဂိုဏ်းထဲ ဝင်ကစားနိုင်တော့မည် မဟုတ်ချေ။ တခြားကာစီနိုလောင်းကစားရုံများကပင် သူ့ကို နာမည်ပျက်စာရင်းထဲ သွင်းကြလိမ့်မည်။
"ကျစ် ကျစ် ဒါကြောင့်ကို၊ လောင်းကစားဘုရင်က ဒီနည်းနဲ့ အနိုင်ယူပြနေခဲ့တာပဲ"
"ငါ သူ့ကို အရမ်းသဘောကျခဲ့တာ ရှက်ဖို့ကောင်းလွန်းတယ်"
"ဟုတ်တယ် သူ့နာမည်ကို မထိန်းထားနိုင်တော့ဘူး"
လောင်းကစားဘုရင်နှင့် လင်းရှောင်တို့အား ဆွဲထုတ်သွားသည့်အခါ လူတစ်စုက စတင် ဆွေးနွေးလာကြသည်။
ထို့နောက် ရွှီဖန်းအား အကုန်လုံး စိုက်ကြည့်လာကြသည်။ လောင်းကစားဘုရင်ကို အနိုင်ယူခဲ့သူအကြောင်း သူတို့ သိချင်နေ၏။
"ချောလိုက်တာဟ၊ ငါ ဘာလို့ အခုမှ မြင်လိုက်ရတာလဲ"
"တော်လိုက်တာ၊ မင်းမျက်လုံးထဲမှာများ မွန်းစတားရှိနေတာလား၊ ဘယ်လိုလုပ်ပြီး မြင်နိုင်ရတာလဲ"
လူအများအပြား ရှိနေခဲ့သော်လည်း ရွှီဖန်းကသာ လောင်းကစားဘုရင်၏ လှည့်ကွက်ကို မြင်နိုင်ခဲ့သည်။ ထိုအချိန်မှာ ရွှီဖန်းသည် လူအများ၏ လေးစားသော အကြည့်များအား လက်ခံနေရသည်။
ဘာကြောင့်လဲ။
မြင်ကွင်းထိုးဖောက်အဆောင်အကြောင်းကို ပြောပြခဲ့ရင်တောင်မှ သူတို့ သင်ယူနိုင်မည် မဟုတ်ချေ။
********************