← Chapters

မင်းဒီအကြောင်းကို ကြွားနိုင်တယ်

Vol. 12 Ch. 170

မင်းဒီအကြောင်းကို ကြွားနိုင်တယ်

Vol. 12 Ch. 170

ရွှီဖန်းသည် သူ့ခေါင်းကို ကူကယ်ရာမဲ့စွာ ခါယမ်း၍ ဘေးမှာ ရပ်နေသည့် ရှောင်းချောင်ကို ကြည့်လိုက်မိသည်။ သူမကလည်း သိချင်နေသည့် အကြည့်ဖြင့် သူ့ကို ကြည့်နေ၏။

ရွှီဖန်း မရယ်ဘဲ မနေနိုင်တော့ချေ။

"ဘာလဲ ရှောင်းချောင် သူ ဒီလောက်စွမ်းတာကို ဘာလို့ စောစောက မမြင်မိပါလိမ့်ဆိုပြီး တွေးနေတာလား"

"ဟမ့်!"

ရွှီဖန်းက သူမအတွေးကို ဖော်ထုတ်လိုက်တာကြောင့် ရှောင်းချောင်၏ မျက်နှာက နီရဲသွားသည်။ သူမ ရွှီဖန်းအား စိုက်ကြည့်ကာ...

"ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေပြီ"

"ကောင်းပြီ၊ ပြန်ရတော့မယ့်အချိန်ပဲ၊ သွားကြစို့"

လင်းရှောင်ကို အနိုင်ရသွားပြီ ဖြစ်တာကြောင့် ကာစီနိုမှာ ဆက်နေရန် အကြောင်းမရှိတော့ပေ။ ရွှီဖန်းလည်း သူအနိုင်ရရှိထားသော ချစ်ပြားများကို ယူ၍ ဂိတ်ပေါက်ဝကို လျှောက်သွားလိုက်သည်။ ဒီည သူ အနည်းဆုံး ယွမ်4သန်း ရရှိခဲ့ပေသည်။ ချစ်ပ်ပြားများကို လဲလှယ်ရန်အတွက် အသွားတွင် အံ့သြစရာတစ်ခုကို ကြုံခဲ့ရသည်။

ယုတ္တိရှိစွာ ပြောရလျှင် သူ့ချစ်ပ်ပြားများ၏တန်ဖိုးက ယွမ် ၄သန်းခန့်သာ ရှိသင့်သော်လည်း ပန်းတစ်ရာဂိုဏ်းက သူ့ဘဏ်အကောင့်ထဲသို့ ယွမ်5သန်းကို လွှဲပြောင်းပေးခဲ့သည်။ 

ရွှီဖန်းသည် သူ့ဖုန်းထဲမှ မက်ဆေ့ချ်ကို သေချာကြည့်ကာ...

"အာ...ခင်ဗျားတို့ မှားလွှဲတာလား"

ဝန်ထမ်းတွေက ပြုံးပြရင်း ခေါင်းခါလာသည်။

"လူကြီးမင်းက ကျွန်တော် ပန်းတစ်ရာဂိုဏ်းရဲ့ဂုဏ်

သတင်းကို ကာကွယ်ဖို့ ကူညီပေးခဲ့တာပဲ၊ အပိုတစ်သန်းက ဆုလာဘ်ပါ"

"ဒါ့အပြင် ကျွန်တော်တို့ သူဌေးက လူကြီးမင်းကို ဒီမှာ အလုပ်လုပ်ချင်လားလို့ မေးခိုင်းလိုက်ပါတယ်"

"လူကြီးမင်းဆန္ဒသာရှိရင် ကျွန်တော်တို့ရဲ့ ကမ်းလှမ်းမှုကို ကျေနပ်လိမ့်မယ်လို့ အာမခံပါတယ်"

"ဒါက"

ရွှီဖန်းမှာ သူတို့၏ စိတ်အားထက်သန်နေသော အကြည့်များကြောင့် ရယ်ရခက် ငိုရခက်ပင်။ ပြောစရာပင်မလိုအောင် သူ ယွမ်1သောင်းမှ စ၍ အနိုင်ရခဲ့သည်ကို သူတို့ဘက်မှ ရှာတွေ့ပြီးလေပြီ။ ဒါ့အပြင် လောင်းကစားဘုရင်၏ လှည့်ကွက်ကို ဖမ်းမိခဲ့သော သူ၏ လုပ်နိုင်စွမ်းက ပန်းတစ်ရာဂိုဏ်းကို ဖမ်းစားသွားခဲ့သည်။

သို့သော် ရွှီဖန်းသည် ဤအလုပ်ကိုလုပ်ရန် စိတ်မဝင်စားချေ။ 

ရွှီဖန်း ခေါင်းယမ်းလိုက်ကာ...

"မလိုတော့ပါဘူး၊ ကျွန်တော် ခဏခဏလည်း မဆော့ဖြစ်လို့ပါ၊ ခင်ဗျားတို့ရဲ့ သူဌေးကို ကျေးဇူးတင်ကြောင်း ပြန်ပြောပေးဖို့ အကူအညီတောင်းပါရစေ"

"ဟုတ်ကဲ့ သိပါပြီ လူကြီးမင်း၊ တစ်နေ့နေ့ စိတ်ပြောင်းသွားရင်လည်း ပန်းတစ်ရာဂိုဏ်းက အမြဲကြိုဆိုနေပါမယ်"

ချစ်ပ်ပြားများကို လဲလှယ်ပြီးနောက်မှာ ကာစီနိုရုံ၏ အပြင်ဘက်၊ ရှောင်းချောင်စောင့်နေသည့်နေရာသို့ ထွက်လာခဲ့သည်။ သူမသည် လင်းရှောင်ကို အနိုင်ယူနိုင်ခဲ့၍ စိတ်ကြည်နေလေ၏။ သူမက ညလေနုအေးကို ခံစားရင်း ထွက်လာသော ရွှီဖန်းကို ကြည့်လေသည်။ 

"ရွှီဖန်း ငါ မပြောချင်ပေမယ့် မင်းမှာ တစ်ကယ်ကို အရည်အချင်းရှိတယ်"

ရွှီဖန်းသည် စူပုတ်ပုတ်ဖြင့်...

"ငါ မင်းကို မနမ်းရသေးဘူးနော်၊ အခု နမ်းလို့ရလား"

"မင်း!"

ရွှီဖန်းဆိုသည့် ဒီကောင်လေးဟာ တစ်ကယ်ကို အရှက်မရှိပေ။ ထိုနေ့က အဖြစ်အပျက်ကို ထုတ်ပြောရန် မျက်နှာရှိနေသေး၏။ ရှောင်းချောင်သည် သူ့အား ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။

ရွှီဖန်းကတော့ စိတ်မဆိုးပေ။ ထိုအစား...

"ရှောင်းချောင် ငါ ဒီနေ့ ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့တယ်လေ၊ မင်း ငါ့ကို နောက်ထပ် အနမ်းနဲ့ ဆုချရင်ရော"

"ရွှီဖန်း သေချင်နေပြီလား"

ရှောင်းချောင် သူ့အား စိုက်ကြည့်လိုက်မိသည်။ ဒီကောင်လေးက သူမနှင့်အတူ ကျွန်းကို သွားခဲ့ဖူးတဲ့လူရော ဟုတ်ရဲ့လား။

"မနက်ဖြန် မြေတွေ လက်လွှဲပေးလိုက်မယ်၊ ဒီကိစ္စ ဆွေးနွေးစရာမလိုတော့ဘူး"

"ကောင်းပြီ၊ ကားပေါ် တက်တော့"

ညသန်းခေါင်ဖြစ်နေပြီဖြစ်၍ မြစ်အောက်ပိုင်းသို့ ပြန်

ရန် မရတော့ချေ။ ရှောင်းချောင်ကလည်း စိတ်ရှည်စွာဖြင့် ရွှီဖန်းတည်းခိုရာဟိုတယ်သို့ ပြန်လိုက်ပို့ပေးခဲ့သည်။ 

သူတို့ထွက်သွားပြီး မကြာခင်မှာပင် လင်းရှောင်နှင့် လောင်းကစားဘုရင်လည်း ပန်းတစ်ရာဂိုဏ်းမှ ထွက်လာခွင့်ရခဲ့ကြသည်။

သူတို့နှစ်ယောက်စလုံး စိတ်မချမ်းမသာပုံစံဖြင့် ထွက်လာခဲ့ရသော်လည်း ထိခိုက်ဒဏ်ရာဘာညာတော့မရှိပေ။ 

လင်းရှောင်သည် လောင်းကစားဘုရင်အား စိုက်ကြည့်၍

"ဖာ့ခ်! မင်းက အသုံးမဝင်တဲ့အမှိုက်ပဲ၊ ငါ့မိသားစုရဲ့ နောက်ခံကောင်းကောင်းသာ မရှိနေရင် မင်းနဲ့အတူ ဆွဲချခံနေရလောက်ပြီ"

"သ သခင်လေးလင်း ဒီကိစ္စအတွက် ကျွန်တော့်ကို အပြစ်တင်လို့ မရပါဘူး"

လောင်းကစားဘုရင်မှာ မှားယွင်းစွပ်စွဲခံရသလို ခံစားရသည်။ သူပဲ မရှုံးချင်ဘူးလို့ ပြောခဲ့တာမလား။

ထို့ပြင် ရွှီဖန်း၏မျက်လုံးများက အမှန်တရားစစ်သော မျက်လုံးများကဲ့သို့ သူ့လက်၏အရှိန်ကို မြင်နိုင်လိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။

"သခင်လေးလင်း ဘာဆက်လုပ်ဖို့ စီစဥ်ထားလဲ"

"ငါတို့ ဘာလုပ်သင့်လဲ!"

လင်းရှောင်က အေးစက်စွာအော်လာသည်။ သူ့မျက်လုံးများက လူသတ်ချင်စိတ်များ ပြည့်နှက်

နေသည်။ 

"ငါ ဒီနေ့ မျက်နှာ ပျက်ခဲ့ရတာ၊ မင်းက ဘာလုပ်မလဲ မေးနိုင်သေးတာလား!"

မကြာခင်မှာပင် ရွာသားတစ်ဦးဆီမှ လှောင်ပြောင်ခြင်း ခံခဲ့ရသည့် သူ့သတင်းများက ပျံ့နှံ့လာတော့မည်။ 

*ငါ အခုလက်လျှော့လိုက်ရင် တခြားလူတွေကို အံသွားပြုတ်တဲ့အထိ ရယ်စေမှာ မဟုတ်ဘူးလား*

ဤရန်ငြိုးအတွက် သူ လက်စားချေရပေမည်။ 

"ဒီညတင် လက်စားချေရလည်း ကိစ္စမရှိဘူး၊ အဲ့ဒီခွေးမ ရှောင်းချောင်နဲ့ အဲ့ဒီကောင်ကို ငါ့ လာဆွခြင်းရဲ့ အကျိုးဆက်ကို သိအောင် ပြပေးရမယ်"

"သူတို့ထဲက တစ်ယောက်မှ ချန်ဟိုင်းမှာ အသက်ရှင်ကျန်ရစ်ဖို့ မစဥ်းစားနဲ့"

လင်းရှောင်သည် သူ့ဖုန်းအားထုတ်၍ နံပါတ်တစ်ခုကို ခေါ်လိုက်သည်။ အလွန်လျှင်မြန်စွာပင် ခေါ်ဆိုမှုက ချိတ်ဆက်သွားသည်။ 

"သခင်လေးလင်း ညွှန်ကြားချင်တာများရှိလား"

လင်းရှောင်သည် အေးစက်စွာဖြင့်

"လူနှစ်ယောက်ကို ဖယ်ရှားပေးပါလား"

"ဟမ် သခင်လေးလင်း ခင်ဗျားကို ဘယ်သူကများ ရန်စဝံ့တာလဲ"

လင်းရှောင်၏ စကားကို ကြားသော် တစ်ဖက်လူ၏ အသံကလည်း လေးနက်လာသည်။ 

"အဲ့ဒါအတွက် စိတ်ပူစရာမလိုပါဘူး၊ ရှောင်းချောင်

အခု ယောကျ်ားတစ်ယောက်နဲ့အတူရှိနေတယ်၊ သူတို့နှစ်ယောက်ကို ရှာပြီး ကိုင်တွယ်လိုက်ပါ"

"သတိရပါ၊ လှလှပပလေးလုပ်နော်...မင်းရဲ့ခြေရာလက်ရာတွေ မကျန်ခဲ့အောင်လို့"

"ဟုတ်ပြီ သခင်လေးလင်း၊ အခုပဲ လုပ်လိုက်မယ်"

ပြီးတာနှင့် လင်းရှောင်က ဖုန်းချသွားသည်။ လောင်းကစားဘုရင်သည် ဘေးမှာနေ၍ ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။ ကံကောင်းစွာဖြင့် သူသည် လင်းရှောင်အား မစော်ကားခဲ့ပေ။ မဟုတ်လျှင် သူ ဒီကမ္ဘာမှာ ရှိတော့မည်မဟုတ်ချေ။

"အာ...သခင်လေး ခုနက သခင်လေး ခေါ်တဲ့လူက"

လောင်းကစားဘုရင်သည် မနေနိုင်တော့ဘဲ မေးမိတော့သည်။

လင်းရှောင် ရယ်မောမိသည်။ သူ လောင်းကစားဘုရင်အား ကြည့်၍....

"ဘာလဲ မင်း စမ်းကြည့်ချင်လို့လား"

"အာ...အဲ့ဒါက...မဝံ့ရဲပါဘူး!"

ထိုလူမှာ လင်းမိသားစုမှ မွေးမြူထားသော လူသတ်

သမား ဖြစ်နိုင်သည်။ လင်းရှောင်က အခုလို လျို့ဝှက်ချက်မျိုးကို အပြင်လူအား ဘယ်ပြောနိုင်မည်နည်း။

ဒီအကြောင်းကို သူ ပိုသိလေ၊ မြန်မြန်သေလေ ဖြစ်လာလိမ့်မည်။ သူ ချက်ချင်းပင် ပါးစပ်ကို ပိတ်ကာ ရွှီဖန်းအတွက် စိတ်မကောင်းဖြစ်သွားရသည်။ 

သန်းအနည်းငယ်ကို အနိုင်ရရန်က မလွယ်ကူတာကြောင့် ထိုပိုက်ဆံတွေဖြင့် သက်သောင့်သက်သာနေရတော့မည့်အချိန်မှာပင် သေရတော့မည်။ 

ပန်းတစ်ရာဂိုဏ်းမှ ဟိုတယ်သို့ တစ်နာရီ မောင်းရပေသည်။ ညဥ့်နက်နေပြီဖြစ်တာကြောင့် လမ်းပေါ်မှာ ကားသိပ်မရှိပေ။ 

ထိုအချိန်တွင် ရှောင်းချောင်သည် လမ်းကြားထဲသို့ ကွေ့ဝင်သွားခဲ့သည်။ ရုတ်တရက်ပင် ထောင့်တစ်ဝိုက်မှ ကားတစ်စီးထွက်လာပြီး ရှောင်းချောင်၏ကားနှင့် တိုက်သွားသည်။ 

ဘန်း!!!!

ကားနှစ်စီးက အပြန်အလှန်တိုက်ကာ ရှောင်းချောင်မှာလည်း ရှေ့သို့ လှန်ကျပြီးမှ ထိုင်ခုံပေါ်သို့ ပြန်လဲကျသွားခဲ့သည်။

**********************^

All Chapters