← Chapters

တိုက်ပွဲ

Vol. 12 Ch. 171

တိုက်ပွဲ

Vol. 12 Ch. 171

လွတ်မြောက်ရန် မဖြစ်နိုင်တော့တာကြောင့် ရွှီဖန်းသည် ရွေးချယ်စရာမရှိဘဲ ကားထဲမှ ထွက်ကာ ထိုလူရမ်းကားများကို ရင်ဆိုင်လိုက်ရသည်။

ချက်ချင်းပင် ဓားကိုင်ထားသည့် လူရမ်းကား ဒါဇင်ကျော်လောက်က ရွှီဖန်းအား ဝိုင်းရံလာကြသည်။ စုစုပေါင်း အယောက် ၂၀ရှိပြီး ရွှီဖန်းကသာ တစ်ကိုယ်တည်းဖြစ်သည်။ ခွန်အားကွာခြားမှုက ကြီးမားလှ၏။ 

ရွှီဖန်း ကားပေါ်မှ ဆင်းလာသည်နှင့် အနက်ဝတ်အမျိုးသားသည် သူ့အား ရွှင်မြူးစွာ ကြည့်လာသည်။ 

"ကောင်လေး မင်းရဲ့ဒီခန္ဓာကိုယ်နဲ့ အလှလေးကို ကယ်တင်ပြီး သူရဲကောင်းလုပ်တမ်းကစားချင်

သေးတာလား၊ ငါ့ကို ရယ်အောင် လုပ်ဖို့များ ကြိုးစားနေတာလား"

အနက်ဝတ်အမျိုးသားက သူ့လက်ထဲမှ သံမဏိဓားကို ကိုင်လျက်...

"ဘာမဟုတ်တဲ့အရာအတွက် မင်း သေမင်းကို လက်ဖိတ်ခေါ်နေတာရော သိရဲ့လား"

ရွှီဖန်းသည် သူတို့အား အမူအရာမဲ့စွာ ကြည့်၍ ပြောလိုက်သည်။

"ယောကျ်ားတွေရဲ့ကိစ္စကြားမှာ အမျိုးသမီးတွေကို မဆွဲထည့်သင့်ဘူး၊ ငါ မင်းတို့နဲ့ ကစားပေးမှာမလို့ သူမကို လွှတ်ပေးလို့ရမလား"

"ဟဲဟဲ ငါ မလုပ်ပေးနိုင်ဘူး"

အနက်ရောင်ဝတ်အမျိုးသားက ရယ်၍...

"ငါရထားတဲ့အမိန့်က မင်းတို့နှစ်ယောက်စလုံးကို ငရဲမင်းဆီ ပို့ပေးရမှာ"

"မင်းကို သတ်ပြီးရင် ကားပေါ်က အဲ့ဒီမိန်းမအလှည့်ပဲ"

"အဲ့ဒီလိုလား"

ရွှီဖန်း ရယ်မောလိုက်သည်။ ရလဒ်ကတော့ ဆက်

ဆွေးနွေးစရာမရှိတော့ပေ။ တစ်ခုတည်းသော ရွေးချယ်စရာက တိုက်ခိုက်ရန်ပင်။

ရုတ်တရက်ဆိုသလို ရွှီဖန်း၏ မျက်လုံးများက ခန္ဓာကိုယ်အနှံ့ပျံ့နှံ့လာသည့် လူသတ်ငွေ့များကြောင့် နက်မှောင်သွားခဲ့သည်။

သူဟာ တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်စွာ အနက်ရောင်ဝတ်လူထံသို့ ခုန်ဝင်သွားခဲ့သည်။ 

အနက်ရောင်ဝတ်လူက အံ့အားသင့်သွားကာ မသိစိတ်မှ အလိုလိုပင် သူ့လက်ထဲမှ ဓားကို ဝှေ့ယမ်းလိုက်သည်။

သို့သော် ရွှီဖန်း၏အရှိန်က သူစိတ်ကူးထားသည်

ထက်ပင် ကျော်လွန်နေ၏။ သူ့ဘက်မှ တိုက်ခိုက်ရန်အခွင့်အရေး မရရှိသေးခင်မှာ ရွှီဖန်း၏ လက်သီးက သူ့ရင်ဘတ်အပေါ် ရောက်နေလေပြီ။

ဘုန်း!

ရွှီဖန်း၏ ရိုးရှင်းပုံရသော လက်သီးချက်က အနက်ရောင်ဝတ်လူ၏ရက်ဘတ်ပေါ်သို့ ကျရောက်သွားခဲ့သည်။ ရုတ်တရက်ပင် လက်သီးချက်မှ ကြီးမားသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ခရက်ဟူသော အသံနှင့်အတူ သူ့ ရင်ဘတ်ပေါ်ရှိ နံရိုးများ ကျိုးသွားကာ အဆုတ်ပင် ပေါက်သွားခဲ့သည်။

ဒီကောင်လေး တစ်ချက်ထိုးလိုက်ရုံဖြင့် သူ၏ တိုက်ပွဲဝင်စွမ်းရည်များ ဆုံးရှုံးကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

ဒါကို ဘေးပတ်ပတ်လည်မှ လူများ မြင်သည့်အခါ မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ချေ။ သူတို့က ချက်ချင်းပင် ဓားများကို ရွှီဖန်းထံ ဝေ့ယမ်းလိုက်ကြသည်။

သို့သော်ငြား ရွှီဖန်းက လိပ်ပြာတစ်ကောင်ကဲ့သို့ ဓားဖျားများကြားမှ မဆက်မပြတ်ရှောင်တိမ်းနေပြီး နောက်ကို ခုန်သွားခဲ့သည်။

"ဖာခ့် သူ့ကို သတ်စမ်း!"

ရွှီဖန်း၏ ရုတ်တရက်ဆန်သော ခိုးကြောင်ခိုးဝှက်

တိုက်ခိုက်မှုကြောင့် သူတို့၏ရဲဘော်မှာ ဒဏ်ရာရသွားခဲ့သည်။ သူတို့သည် ဒေါသ မထိန်းနိုင်ကြတော့ပေ။ လူဆယ်ယောက်ကျော်သည် သံမဏိဓားကို ဆွဲကိုင်လျက်  ရွှီဖန်းဆီ တက်လာကြသည်။

ထိုအရာကို မြင်သည့်အခါ ရွှီဖန်းက အေးစက်စွာဖြင့် နှာမှုတ်သည်။ ဒီကောင်တွေက တစ်ကယ်ကို သန်မာပေ၏။ သို့သော်ငြား သူနှင့်လာဆုံတာကတော့ အဆိုးရွားဆုံးအိမ်မက်ဆိုး ဖြစ်ရတော့မည်။

သံမဏိဓားကို ကိုင်ဆောင်ထားသည့် လူတစ်

ယောက်က သူ့အနားရောက်လာသည်နှင့် ခုန်၍ ရှောင်ကာ ထိုဓားကို လက်ဖြင့် ပုတ်ထုတ်လိုက်သည်။ 

ရွှီဖန်း၏ အင်အားက ဘယ်လောက်တောင်မှ ကြောက်စရာကောင်းလဲ မသိပေ။ သူ၏ လက်ဝါးရိုက်ချက်ကြောင့် လက်ထဲရှိဓားပင် ကွေးသွားရသည်။ ထိုလူမှာ ကြောက်ရွံ့ထိတ်လန့်ပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည်။ သူ့စိတ်ထဲမှာတော့ နောက်ပြန်ဆုတ်ရန် တွေးနေလေပြီ။ 

သို့သော်ငြား သူထွက်မပြေးခင် ရွှီဖန်း၏ ဒုတိယလက်ဝါးက သူ့ရင်ဘတ်အပေါ် ကျရောက်လာသည်။ အနက်ဝတ်လူနှင့် ရလဒ်တူစွာပင် ထိုလူလည်း စူးရှသော ညည်းတွားသံနှင့်အတူ လေပေါ်ပျံတက်ကာ နောက်ပြန်လန်သွားခဲ့သည်။ ထို့နောက် မြေကြီးပေါ်သို့ အကြမ်းပတမ်းဆင်းသက်ကာ ဖုန်မှုန့်များပင် လွင့်

စက်လာခဲ့သည်။ သနားစရာကောင်းသော အော်သံနှင့်အတူ ဆန့်ငင်ဆန့်ငင်ဖြစ်ကာ မြေပြင်ပေါ်လဲကျသွားသည်နှင့် သတိမရှိတော့ပေ။

ရွှီဖန်း၏ ရိုးရှင်းသော တိုက်ခိုက်မှုနှစ်ခုက သူတို့၏ အကောင်းဆုံးသော တိုက်ခိုက်ရေးသမားနှစ်ဦးကို တိုက်ပွဲဝင်စွမ်းရည်များ ကျဆုံးစေခဲ့သည်။ အနောက်မှာ ကျန်ခဲ့သည့် လူများသည် တစ်ယောက်

နှင့် တစ်ယောက် တုန်လှုပ်ခြောက်ခြားစွာ ကြည့်လိုက်မိသည်။ 

ဒီကောင်က သူတို့ထင်ထားသည်ထက် ပိုကြောက်ဖို့ ကောင်းနေသည့်ပုံပင်။ သူတို့ဘက်မှ ဆိုးရွားစွာ ခံစားခဲ့ရသည်။ 

လရောင်အောက်၌ သူတို့၏ ကြောက်လန့်နေသော အမူအရာများကို ကြည့်ကာ ရွှီဖန်း ပြုံးလိုက်သည်။ 

"ငါ မင်းတို့ကို ပြေးဖို့ အခွင့်အရေးပေးထားပြီးသား၊ အဲ့ဒါကို မမြင်တဲ့လူတွေ အားလုံး ပြေးဖို့ နောက်ကျသွားပြီ"

ထိုအခိုက်အတန့်တွင် သူတို့၏ မျက်လုံးထဲ၌ ရွှီဖန်းသည် အလွန်ကြောက်စရာကောင်းသော သေမင်းအလားပင်။ 

ရွှီဖန်းက ပြောပြီးသည်နှင့် အနက်ရောင်အရိပ်တစ်ခုအဖြစ် ပြောင်းကာ လူအုပ်ကြီးထဲ ထိုးဖောက်ဝင်လာသည်။ သိုးအုပ်ထဲသို့ ဝင်ရောက်လာသော ကျားတစ်ကောင်ကဲ့သို့ သူ၏ ကိုယ်ရောင်ကိုယ်ဝါမှာ တောက်ပနေ၏။ 

လင်းရှောင်သည် ရွှီဖန်းကို အထင်မသေးရဲတာကြောင့် အခု လွှတ်လိုက်သော လူများသည် အမှန်တစ်ကယ်ကို အားကောင်းသော ကျွမ်းကျင်သူများ ဖြစ်သည်။ သို့သော်ငြား ရွှီဖန်း၏ ပြင်းထန်သော ထိုးစစ်

အောက်တွင် သူတို့၏ စိတ်ဓာတ်ခိုင်မာမှုများ ပျောက်ဆုံးကာ အလွန်ကြောက်လန့်လာကြသည်။ 

ရွှီဖန်း၏ တိုက်ခိုက်မှုအောက်တွင် တစ်ယောက်ပြီးတစ်ယောက်လဲကျနေသဖြင့် သူတို့ တွေးနိုင်သမျှက လွတ်မြောက်ရန်ပင်။ 

သိပ်မကြာခင်မှာပင် ထွက်ပြေးလွတ်မြောက်သွားသူများက လဲကျနေသော လူများနှင့်အတူ ရွှီဖန်းကို ထားခဲ့လေသည်။ မြေပြင်ပေါ်၌ ရှုပ်ပွပလဲနေသော လူအုပ်ကြီးကို ကြည့်၍ သူ့နှုတ်ခမ်းကို တွန့်လိုက်မိသည်။ 

ကောင်းကင်ဘုံစွမ်းအားအဆောင်ကို သူအဆင့်မြှင့်ခဲ့ခြင်းကြောင့် ခွန်အားတွေပဲ များစွာတိုးလာလို့လား၊ ဒီကောင်တွေက အားနည်းလွန်းတာလား သူမသိပေ။ ဒီတစ်ကြိမ် သူ များစွာ အားမထုတ်ခဲ့ရပေ။

သူ့လမ်းမှာ ပိတ်နေသည့် ကောင်ကို ကန်ထုတ်ပြီးနောက် ဘေးမှာ ရပ်ထားသည့် ကားရှိရာကို ပြန်သွားလိုက်သည်။ 

ရှောင်းချောင်က ဖုန်းပြောနေသည့်ပုံပင်။ ပုံမှန်အားဖြင့် သူမကားဖြင့် အဝေးကို မောင်းပြေးသွားနိုင်သော်ငြား သူမ မလုပ်ခဲ့ပေ။ ထိုအစား သူ့ကို စောင့်နေခဲ့သည်။ 

ဒါက ရွှီဖန်းအား အံ့အားသင့်စေခဲ့သည်။ ထိုအခိုက်အတန့်မှာ ရှောင်းချောင်ဟာ သူမဖုန်းဖြင့် အကူအညီတောင်းနေမှန်း သိလိုက်ရသည်။ ရွှီဖန်း မပြုံးဘဲ မနေနိုင်တော့ချေ။ အကူအညီရောက်လာမယ့်

အချိန်ထိသာ စောင့်နေလျှင် သူတို့ သေသွားလိမ့်မည်။

ဒေါက် ဒေါက် ဒေါက်

ရွှီဖန်းက ကားတံခါးကို ခေါက်လိုက်ရာ ရှောင်းချောင်၏ မျက်နှာက ဖြူလျော်သွားခဲ့သည်။ 

"မကြောက်ပါနဲ့၊ ငါပါ"

"ဘာ"

ကားတံခါးကို လာခေါက်သူက လင်းရှောင်၏ လူများဖြစ်လိမ့်မည်ဟု သူမထင်ခဲ့သည်။ သို့သော် ရွှီဖန်း ဖြစ်နေတာကြောင့် သူမ အံ့အားသင့်သွားခဲ့သည်။ 

သူ အသက်ရှင်သေးတာလား။

မကြာလိုက်ပေ၊ ရှောင်းချောင်က ကားမှန်တံခါးကို ဖွင့်လာသည်။ ရွှီဖန်းက ဘာဒဏ်ရာမှ မရဘဲ ရပ်နေသည်ကို သူမ မြင်သည့်အခါ မယုံနိုင်မှုများ ပြည့်

နှက်သွားခဲ့သည်။ 

ပြောရလျှင် ရွှီဖန်းသည် ထိုလူအုပ်ကြောင့် အပိုင်းပိုင်းဆွဲစုပ်ခံနိုင်ပေသည်။ သူမ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ရာ တစ်ယောက်ကိုမှ မတွေ့တော့တာကြောင့် ကားပေါ်မှ ဆင်းလာခဲ့သည်။ ထိုအခါမှ မြေပြင်ပေါ်မှာ လဲကျနေသည့် လူများကို မြင်ကာ သူမမျက်နှာပေါ်မှ အံ့အားသင့်မှုက ပို၍ ကြီးထွားလာခဲ့သည်။ 

သူမ သူတို့ကို အားပျော့စွာ လက်ညှိုးထိုး၍...

"မင်း လုပ်ထားတာလား"

"လုပ်သင့်တယ်လေ"

"လုပ်သင့်တယ်ဟုတ်လား"

*******************

All Chapters