← Chapters

ယောကျ်ားတွေကို မစော်ကားရဘူး

Vol. 12 Ch. 173

ယောကျ်ားတွေကို မစော်ကားရဘူး

Vol. 12 Ch. 173

ရွှီဖန်း၏ စကားများက မောက်မာလှသည်။ ရှောင်းချောင်မှာ ဒေါသထွက်လွန်း၍ ရင်ဘတ်များပါ တုန်လာသည်။ သူမလက်ကိုဆန့်ကာ ရွှီဖန်း၏ မျက်နှာကို ရိုက်လုနီးပါးပင်။ 

သို့သော် ရွှီဖန်းက သူမ၏ အဖြူရောင်လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လာသည်။ ရှောင်းချောင်သည် ခဏတာ ရုန်းကန်နေသော်လည်း ရုန်းကန်လို့ မရရုံတင်မကဘဲ ရွှီဖန်း၏ ရင်ခွင်ထဲပါ ဆွဲချခံလိုက်ရသည်။

"ရွှီဖန်း ဘာလိုချင်နေတာလဲ!"

ရွှီဖန်းသည် သူ့ရင်ခွင်ထဲ၌ ရှုပ်ရှုပ်ယှက်ယှက်တွေလုပ်နေသည့် ရှောင်းချောင်အား ကြည့်လိုက်သည်။ 

"ရှောင်းချောင် တခြားအရာတွေလိုမျိုး ယောကျ်ားတွေကို လွယ်လွယ်ကူကူနဲ့ စော်ကားလို့မရဘူးဆိုတာ မင်းသိထားသင့်တယ်"

ရှောင်းချောင်သည် ထိုစကားများကို ရည်ရွယ်

ချက်ကောင်းကောင်းဖြင့် ပြောခဲ့တာဖြစ်နိုင်

သော်လည်း မိမိကိုယ်ကို လေးစားသော ယောကျ်ားတိုင်းအတွက် သူမ၏ စကားကို နာခံရန်မဖြစ်နိုင်

ကြောင်း သူမ မသိပေ။ အကြောင်းအရင်းကတော့ ယောကျ်ားမာနမှ လုပ်ခွင့်မပြုတာကြောင့်ပင်။ 

"ဟမ် ရှောင်းချောင် မင်း ကြောက်နေတယ်လို့ မပြောနဲ့"

ဘာကြောင့်မှန်းမသိသော်ငြား ရွှီဖန်းမှ သူမကို စိုက်

ကြည့်လာသည့်အခါ တုန်လှုပ်သွားရသည်။ သူမ ရွှီဖန်းကို ဒေါသတကြီးစိုက်ကြည့်ကာ ကုတင်ပေါ်မှ ဆင်းလိုက်သည်။

"ဟမ့်! ရွှီဖန်း မင်းလို ငကြွားကြီးကို ငါက ဘာလို့ ကြောက်ရမှာလဲ"

ရှောင်းချောင်သည် ရယ်မောလျက် ရွှီဖန်းထိုင်နေသည့် ကုတင်ကို လက်ညှိုးထိုးကာ...

"ရွှီဖန်း ငါ ရှောင်းချောင်က အရည်အချင်းရှိတဲ့ ယောကျ်ားကိုပဲ ချစ်တယ်၊ မင်းသာ လင်းမိသားစုကို တက်

နင်းနိုင်ခဲ့ရင် ငါ ရှောင်းချောင်ကို မင်းအိပ်ရာပေါ်မှာ ဆန္ဒရှိတဲ့အတိုင်း လုပ်ချင်သလို လုပ်နိုင်တယ်"

"ကောင်းပြီလေ"

ရွှီဖန်း ပြုံးလိုက်ကာ

"ရှောင်းချောင် မင်းပြောခဲ့တာတွေကို မမေ့နဲ့နော်"

"ဟမ့်! စိတ်မပူစမ်းပါနဲ့၊ ငါ ရှောင်းချောင်က ထာဝရကတိတည်မယ်လို့ ကတိပေးတယ်"

"ကောင်းပြီ ဒါဆိုလည်း စီးပွားရေးအကြောင်း ပြောရအောင်"

ထိုအချိန် ရွှီဖန်းသည် ကုတင်ပေါ်မှ ထထိုင်၍ အပျင်းကြောဆန့်လိုက်သည်။

"ရှောင်းချောင် မင်းရဲ့လောင်းကြေးကိစ္စကို ငါ ကူညီပေးခဲ့ပြီးပြီဆိုတော့ မင်း ငါ့ကို ကတိပေးထားတဲ့ကိစ္စတွေကိုလည်း ဖြည်းဆည်းပေးရမယ်မဟုတ်လား"

"မင်းပဲ မင်းရဲ့ကတိတွေက ယုံကြည်စိတ်ချရတယ်ဆို"

"မင်း!"

ရွှီဖန်း၏ မျက်နှာပေါ်မှ နတ်ဆိုးလို အပြုံးကြောင့် ရှောင်းချောင် အံကြိတ်လိုက်မိသည်။ 

ယခုတစ်ကြိမ် ရွှီဖန်း၏ အကူအညီကြောင့် သူမ လင်းရှောင်ကို အနိုင်ရခဲ့သည်။ နောက်ပိုင်းမှာ သူ့ဘက်က ဘယ်လိုနည်းလမ်းတွေ ထုတ်သုံးလာဦးမလဲ မသိသော်ငြား ဒီသတင်းက ချန်ဟိုင်းတစ်ခုလုံးကိုတော့ ပျံ့နေလိမ့်မည်။ သူတို့၏ စီးပွားရေးလုပ်ဖော်ကိုင်ဖက်လည်း ဒီအကြောင်းကို သိသွားလိမ့်မည်။ သူမနှင့် လင်းရှောင်ကြားမှ ဘယ်သူ့ကိုရွေးရမလဲဆိုတာ သိလိမ့်မည်ဟု သူမ မျှော်လင့်သည်။

ဤတစ်ကြိမ်တွင် အရေးအကြီးဆုံး အကူအညီက ရွှီဖန်းပင်။ ရှောင်းချောင်သည် သူမ၏စကားများအား ရုတ်သိမ်းရန် ဘယ်တုန်းကမှ မစဥ်းစားခဲ့ပေ။ သူမ ရွှီဖန်းကို စိုက်ကြည့်၍

"ရွှီဖန်း ငါက မင်းထင်သလောက် စက်ဆုပ်စရာ မကောင်းနေဘူး၊ မနက်ဖြန်မှာပဲ မင်းကို စာချုပ်လွှဲပေးဖို့ ငါ တစ်ယောက်ယောက်ကို ခိုင်းလိုက်မယ်"

ရွှီဖန်းကလည်း ကျေးဇူးတင်ကြောင်းကို ခပ်ပြုံးပြုံး ပြန်ပြောလာသည်။

ရှောင်းချောင်ကလည်း အကြာကြီးမနေပေ။ သူမ မထွက်သွားခင်မှာ အခြေအနေများ ငြိမ်သက်သည်အထိ စောင့်ဆိုင်းခဲ့သည်။ 

ရွှီဖန်းသည်လည်း ဟိုတယ်၌ တစ်ညအနားယူခဲ့သည်။ ရှောင်လီရွာမှ မြေစာချုပ်များကို ရပြီးနောက် ဒုတိယနေ့မှာတင် ရှောင်လီရွာသို့ မောင်းနှင်လာခဲ့သည်။ အခု မြေယာစာချုပ်က ချုပ်ပြီးသွားပြီဖြစ်ကာ ရှောင်လီရွာမှ မြေကွက်များသည် သူ့အပိုင်ဖြစ်သွားလေပြီ။

ယခင်က ဝူယွီရွှမ်းမှ လိုက်ပို့ခဲ့ရသော်လည်း အခုဆိုလျှင် လမ်းများ ကျွမ်းကျင်သွားပြီဖြစ်တာကြောင့် သူကိုယ်တိုင် မောင်းနှင်လာခဲ့သည်။ မြန်မြန်ဆန်ဆန်ပင် ရှောင်လီရွာသို့ သူ ရောက်လာခဲ့သည်။

ကားပေါ်မှ ဆင်းပြီးနောက် တခြားလယ်ကွက်များကို မသွားဘဲ ရှောင်လီရွာ အပြင်ဘက်နားမှာ ရှိသည့်တောင်သို့ သွားလိုက်သည်။ စာချုပ်အရ ရှောင်လီရွာ၏ မြေကွက်များသည် အလွန်မြုံပြီး စိုက်ပျိုးရန် မသင့်တော်ချေ။ ရွာမှာ စိုက်ပျိုးနိုင်သည့် မြေက အများကြီးမရှိပေ။ 

ဤမြေများက ရွှီဖန်းအား စိတ်ကျေနပ်စေနိုင်မည့် အတိုင်းအတာအတွင်း၌ မရှိသော်လည်း ရှိယွင်၏ မိုးရေစက်အကူအညီဖြင့် ပြဿနာမဟုတ်တော့ချေ။

ထိုအချိန် ရွှီဖန်းလည်း တောင်ပေါ်သို့ တက်နေလေပြီ။ အပေါ်မှနေ၍ ရှောင်လီရွာ၏ လွင်ပြင်ကျယ်ကြီးအား ရှင်းရှင်းလင်းလင်းတွေ့ရပေသည်။ 

ထိုမြေကွက်များအားလုံးက ရွှီဖန်း၏ မျက်လုံးထဲ စွဲကပ်နေခဲ့၏။

"ဒါတွေအားလုံး ပိုက်ဆံတွေပဲ"

ရှိယွင်၏ မိုးတိမ်အဆောင်ကို အသုံးပြုနိုင်သရွေ့ ပြောင်းလဲနိုင်ပေသည်။

မိုးတိမ်အဆောင်မှ ဆင့်ခေါ်ထားသော မိုးတိမ်

များသည် သာမန်မိုးတိမ်များ မဟုတ်ပေ။ ထိုမှ ရရှိသော မိုးရေများက မြေကြီးကို ပြောင်းလဲစေနိုင်၏။ 

ယခုအချိန် သူ့အပိုင် မြုံနေသော မြေကွက်ကြီးကို မြင်လိုက်ရတာကြောင့် မိုးတိမ်အဆောင်ကို စတင်စမ်းသပ်ရန် အသုံးပြုခဲ့သည်။

ထို့နောက် ရွှီဖန်းသည် ရှိယွင်၏ မိုးတိမ်အဆောင်ကို အသက်သွင်းရင်း ရှိယွင်၏ နဂါးမျိုးနွယ်ဂါထာကို ရွတ်ဆိုခဲ့သည်။ ရွှီဖန်း၏ ဆက်တိုက်လုပ်ဆောင်မှုများ ပြီးသည်နှင့် ပတ်ဝန်းကျင်၏ အရောင်က ပြောင်းလဲလာသည်။

ပြာလွင်လွင်ကောင်းကင်သည် မှောင်စပြုလာပြီး တိမ်အနည်းငယ်သည်လည်း စုစည်းလာသည်။ 

ဝေါ!

မကြာခင်မှာပင် ကောင်းကင်ယံ၌ လျှပ်တစ်ပြက် လျှပ်စီးများလက်လာပြီး မိုးခြိမ်းသံများ ထွက်လာသည်။ ထို့နောက် မိုးရေစက်များက ပြတ်ထွက်လာသော ပုလဲလုံးများကဲ့သို့ မြုံနေသော မြေပြင်ပေါ်သို့ သည်းထည်စွာ ရွာသွန်းလာသည်။ 

ဤမြေကွက်မျက်နှာပြင်ပေါ်တွင် များစွာ ပြောင်းလဲသွားသည့်ပုံမပေါ်သော်လည်း ရွှီဖန်းကတော့ မြေပြင်ပေါ်မှ ပြောင်းလဲမှုများကို မြင်တွေ့ရပေသည်။ ဤမိုးရွာသွန်းပြီးနောက်မှာ စိုက်ပျိုးမြေအဖြစ် အသုံးပြုလို့ရမည်ဟု သူ ယုံကြည်ပေသည်။

သို့သော်ငြား မိုးတိမ်များ၏ အကျယ်အဝန်းက သိပ်မကြီးမားတာကြောင့် နှမြောစရာကောင်းသည်ဟု ရွှီဖန်း ခံစားလိုက်ရသည်။ မိုးရေချိန်စတုရန်းမီတာ ၅၀၀၀ဝန်းကျင်ရှိမည်ဟု ခန့်မှန်းရပေသည်။ 

မိုးတိမ်အဆောင်ကို အသုံးပြုရသည်မှာ အလွန်

အချိန်ကြာသည်ဟု မှတ်ယူရပေမည်။ 

မကြာခင်မှာပင် ရှိယွင်၏ မိုးတိမ်အဆောင်မှ ယူဆောင်လာသော မိုးရေများက ကျဆင်း၍ ပြီးဆုံးသွားလေပြီ။ ရွှီဖန်းလည်း သက်ပြင်းချကာ တောင်ပေါ်မှ ဆင်းလာခဲ့သည်။ 

ဟွားမန်ရှင်ဆိုင်ခွဲကို မကြာခင်မှာ ဖွင့်လှစ်တော့မည်

ဖြစ်တာကြောင့် လိုအပ်သော ပါဝင်ပစ္စည်းပမာဏက အလွန်များပြားလာမည်ဖြစ်သည်။ ရေထွက်ပစ္စည်းများနှင့် အသစ်တီထွင်ထားသော ပါဝင်ပစ္စည်းများအပြင် ၎င်းတို့ကို အဆာကျွေးရန်အတွက် Bidens bipinnataအပင်များ လိုအပ်လေသည်။

ဤမြေသစ်များတွင် ကောက်ပဲသီးနှံများကို တတ်နိုင်သမျှ အမြန်စိုက်ပျိုးရမည်။ ရွှီဖန်းသည် မိုးတိမ်အဆောင်ကို သုံးပြီးနောက်မှာ အကြာကြီးမနေနိုင်ခဲ့ဘဲ မြစ်အောက်ပိုင်းရွာမှ အိမ်ကို ပြန်လာကာ အမြန်ပင် အိပ်ပျော်သွားခဲ့သည်။ စွမ်းအင်အလွန်အကျွံ သုံးခဲ့ရတာကြောင့် နောက်တစ်နေ့အထိကို အိပ်ခဲ့ပေသည်။

သူ ခေါင်းငုံ့ကာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ မျှော်လင့်ထားသည့်အတိုင်း မိုးတိမ်အဆောင်ကို ခဏခဏ အသုံးပြုလို့ မရပေ။

နောက်တစ်ကြိမ်သာ ထပ်အသုံးပြုခဲ့မိပါက သူ ပြိုလဲပြီးသေဆုံးနိုင်ပေသည်။ ရွှီဖန်း ခေါင်းခါယမ်းမိသည်။ အခုတောင် တစ်ညအနားယူပြီးမှ ပြန်ကောင်းလာတာ ဖြစ်သည်။

**************************

All Chapters