← Chapters

မြန်မြန် သွားကြရအောင်

Vol. 12 Ch. 172

မြန်မြန် သွားကြရအောင်

Vol. 12 Ch. 172

ရှောင်းချောင် ရှုံ့မဲ့သွားကာ သူမကိုယ်သူမ တွေးမိသည်။ ဒီကောင်တွေက ပင်ပန်းလို့ မြေပြင်ပေါ်မှ လှဲအိပ်နေကြတာတော့ မဖြစ်နိုင်ပေ။ 

"သွားကြရအောင်"

အန္တရာယ်မှ လွတ်မြောက်ရန်မှာ မလွယ်ကူသည့်အပြင် လင်းရှောင်ကလည်း ဘယ်သူတွေကို ထပ်လွှတ်ဦးမလဲ မသိပေ။ ရှောင်းချောင်သည် တတ်နိုင်သမျှ ကိုယ့်

နယ်မြေကို မြန်မြန် ပြန်တာ ပိုကောင်းသည်ဟု ခံစားရသည်။ 

ရွှီဖန်းနှင့် အတူ ကားထဲဝင်ပြီးနောက်မှာ ဟိုတယ်ကို မောင်းသွားလိုက်သည်။ သူမ ကားမောင်းနေမှန်းတောင် သတိမထားမိတော့ပေ။ သူမ လမ်းကို ကြည့်သည့်အရေအတွက်က ရွှီဖန်းကို ခိုးကြည့်သည့်အရေအတွက်နှင့် တူလုနီးပါး ဖြစ်နေတာကြောင့်ပင်။ 

ရှောင်းချောင်ထံမှ အကဲခတ်ခံနေရတာကြောင့် ရွှီဖန်းမှာ ရယ်ရခက် ငိုရခက်ပင်။ သူ ခေါင်းခါရမ်းလိုက်ကာ...

"ရှောင်းချောင် ငါက ရုပ်ချော၊ ခန့်ညားပြီး ယဥ်ကျေးသိမ်မွေ့တဲ့ သိုင်းပညာရှင်တစ်ယောက်ဆိုတာ ငါသိပြီးသားပါ၊ ငါက လှပတဲ့မိန်းကလေးတွေကို ဆွဲဆောင်နိုင်တယ်ဆိုပေမယ့်လည်း အခုလို တစ်မိနစ်အတွင်း သုံးခါ လေးခါလောက် ကြည့်စရာတော့ မလိုဘူးမလား"

"အရှေ့ကိုကြည့်ဖို့ပဲ ဒုက္ခပေးပါရစေ၊ ငါ ကားအက်စီးဒန့်မဖြစ်ချင်ဘူး"

"မင်း!"

ရွှီဖန်းမှ မထီမဲ့မြင် စနောက်လာတာကြောင့် ရှောင်းချောင်၏လှပသော မျက်နှာလေးသည် နီရဲလာပြီး ရွှီဖန်းကို ပြင်းပြင်းထန်ထန်စိုက်ကြည့်လာတော့သည်။ သူမစိတ်ထဲတွင် 'လူယုတ်မာ'ဟု ဆဲဆိုလိုက်သည်။ 

"ရွှီဖန်း"

"ဟမ်"

သို့သော် ကားထဲတွင် တိတ်ဆိတ်မှုက ကြာရှည်မခံပေ။ မကြာခင်မှာပင် ရှောင်းချောင်သည် သူမ၏ သိချင်

စိတ်ကို မထိန်းနိုင်တော့ဘဲ စကားစပြောလာသည်။ 

သူမ ရွှီဖန်းကို စူးစူးဝါးဝါးကြည့်လိုက်သည်။ သူမဘေးမှ ဤလူသည် တစ်ကယ်ကို သံသယဖြစ်စရာကောင်းသည်ဟု သူမခံစားရသည်။ 

အလွန်ကောင်းမွန်သော လောင်းကစားနည်းစနစ်၊ ကမ္ဘာပေါ်တွင် ပြိုင်ဘက်မရှိသော ကျွမ်းကျင်မှုပင်။ ဒီလိုစွမ်းရည်မျိုးက လယ်သမားတစ်ယောက်ဆီကနေ ထွက်လာ​တာကြောင့် အလွန်အံ့သြစရာကောင်းသည်ဟု သူမခံစားရသည်။ 

"ရွှီဖန်း သူတို့ တစ်ခုခု မှားနေတာကို ဘယ်လိုသိလဲ"

အခုမှ ပြန်တွေးကြည့်တော့ ခုနက ကားတိုက်တုန်းကလည်း တစ်ဖက်အဖွဲ့က မလှုပ်ရှားခင်မှာ ရွှီဖန်းက အရင် သတိထားမိခဲ့သည့်ပုံပင်။ 

ဤကဲ့သို့ ထိုးထွင်းသိမြင်နိုင်မှုမျိုးသည် အသက်ကြီး၊ ဝါရင့်သော ကျွမ်းကျင်သူများထံ၌သာ ရှိနိုင်မည့် စွမ်းရည်မျိုးဖြစ်သည်။ ရွှီဖန်းသည် လယ်သမားတစ်ဦးသာဖြစ်ပြီး ထိုကဲ့သို့သော sense မျိုး ရှိနိုင်မည် မဟုတ်ပေ။ 

ရွှီဖန်းက...

"အနက်ဝတ်လူရဲ့ လူသတ်လိုစိတ်က ပြင်းထန်လွန်းတယ်"

"................"

"ဘာ!"

ရှောင်းချောင် မထိတ်လန့်ဘဲ မနေနိုင်ခဲ့ချေ။ 

ရွှီဖန်းက တစ်ကယ်ပဲ လူသတ်ရန်ရည်ရွယ်ချက်ရှိ၊ မရှိကို မြင်နိုင်တယ်ပေါ့။

ဒါက...

သူမဘေးနားရှိ ရွှီဖန်းအား သူမ မယုံနိုင်စွာ ကြည့်မိသည်။ သူ့စကားများအား သူမ ယုံကြည်စပြုလာသည်။ 

သို့သော် ရွှီဖန်း လျှောက်ပြောနေသည်ဆိုသည့်အချက်အား သူမ မသိခဲ့ပေ။ အချိန်မတိုင်ခင် အန္တရာယ်ကို သတိပြုမိခဲ့ခြင်းမှာ ထိုလူစုကို မြင်

နိုင်သော ထိုးဖောက်မျက်လုံးများကြောင့်ပင်။

မကြာခင်မှာပင် ရွှီဖန်း၏ ဟိုတယ်သို့ ကားဆိုက်ရောက်သွားခဲ့သည်။ ထိုအခါမှ ရှောင်းချောင် သက်ပြင်းချမိသည်။ ဒီနေရာမှာဆို သူ လုံခြုံလိမ့်မည်။

လင်းရှောင် ဘယ်လောက်ပဲ ထောင်လွှားနေပါစေ၊ အများရှေ့မှာတော့ လူတစ်ယောက်ကို ထိခိုက်အောင် မလုပ်ရဲပေ။ မဟုတ်လျှင် လင်းမိသားစုက ဒီကိစ္စကို ကိုင်တွယ်နိုင်မည်မဟုတ်ချေ။ 

ဟိုတယ်ခန်းထဲရောက်တော့ ရွှီဖန်း၏ အတွေးနက်နေသော ပုံစံကြောင့် ရှောင်းချောင် မျက်မှောင်ကြုတ်

လိုက်သည်။ 

"ရွှီဖန်း ဘာတွေ တွေးနေတာလဲ"

"ဟမ်"

ထိုအခါမှ ရွှီဖန်းက အသိဝင်လာသည်။ သူမအား သူပြုံးပြကာ ခေါင်းခါလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး"

".........."

ရှောင်းချောင် အော်ပြောလိုက်သည်။ ရွှီဖန်း တွေးနေတာကို သူမ မသိဘူးထင်လို့လား။

"ရွှီဖန်း ငါ မင်းကို ရူးရူးမိုက်မိုက်တွေမလုပ်ဖို့ သတိပေးထားမယ်နော်"

ရှောင်းချောင် ခန့်မှန်းတာ မမှားလျှင် ရွှီဖန်းသည် ဘယ်လို လက်စားပြန်ချေရမလဲ စဥ်းစားနေခြင်းပင်။ ရွှီဖန်းသည်လည်း ယောကျ်ားတစ်ယောက်ဆိုတာ သံသယဖြစ်စရာမရှိပေ။ လင်းရှောင်က သူတို့ကို လမ်းပေါ်မှာ သတ်ဖို့ လူတွေကို စေလွှတ်ခဲ့တာကြောင့် ဒေါသမထွက်ဘူးဆိုလျှင် ရွှီဖန်း မပီသတော့ပေ။

ဒါကို ကြားတော့ ရွှီဖန်း ပြုံးလိုက်သည်။

"လင်းရှောင်က ငါ့ကိုသတ်ဖို့ လူတွေလွှတ်လိုက်တာကျ အဆင်ပြေတယ်၊ ငါက လက်စားပြန်ချေရင်ကျ အဆင်အခြင်မဲ့တယ်ပေါ့၊ ရှောင်းချောင် ဒီမှာ ဥပဒေရော ရှိရဲ့လား"

ရွှီဖန်း၏ ခံယူချက်ကတော့ တစ်စုံတစ်ယောက်က အနိုင်ကျင့်လာရင် ပြန်ပေးဆပ်အောင် လုပ်ရမည်။ မဟုတ်ဘဲ ငြိမ်ခံလျှင် သနားစရာကောင်းအောင် ပိုပြီး အနိုင်ကျင့်ခံရလိမ့်မည်။ 

လင်းရှောင်က ဒီနေ့ သူ့ကို သတ်ဖို့ လူတစ်စုကို လွှတ်လိုက်သည်။ သည်းခံလိုက်လျှင် နောက်ကျ ဒီထက် ကိုယ်ခံပညာကျွမ်းကျင်သူများ ရောက်လာလိမ့်မည်။

"ရွှီဖန်း နားကြားမကောင်းတာတစ်ခု ပြောပါရစေ၊ ချန်ဟိုင်းမှာ မင်းလို ဘာရာထူး၊ ဘာအာဏာမှမရှိတဲ့လူအတွက်တော့ လင်းမိသားစုက ဥပဒေပဲ"

သူမ ပြောလိုက်သော စကားများက ရွှီဖန်းအတွက် ကြီးမားသော ထိုးနှက်မှု ဖြစ်သော်လည်း အမှန်တရားပင်။ 

ရွှီဖန်းနှင့် အချိန်များစွာ အတူမရှိခဲ့ဖူးသော်ငြား သူ တော်တော်လေး ကောင်းမွန်သည့်လူဆိုတာ သူမ ခံစားမိသည်။ ကျောက်တုံးကို ကြက်ဥဖြင့် ရိုက်သလို လုပ်ရပ်မျိုး သူလုပ်တာကို သူမ မမြင်ချင်ပေ။ 

"ဟားဟား"

ထိုအချိန် ရွှီဖန်းက ရုတ်တရက် ရယ်မောလာသည်။

ရှောင်းချောင် မအံ့သြဘဲ မနေနိုင်တော့ချေ။ သူမ ရွှီဖန်းအား ထူးဆန်းသလို ကြည့်ကာ...

"ရွှီ ရွှီဖန်း ဘာလို့ရယ်တာလဲ"

ရွှီဖန်းက သူ့မျက်လုံးများကို ကျဥ်းထားကာ လုံးဝခြားနားသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူ့မျက်နှာက တင်းမာထက်ရှနေပြီး ရှောင်းချောင်မှာ စိတ်ထဲ ဗလာဖြစ်သွားသလို ခံစားလိုက်ရသည်။

"ရှောင်းချောင် ဇာတ်ပို့တစ်ယောက်က အမြဲတမ်းဇာတ်ပို့ပဲ လုပ်နေမယ် ထင်လို့လား"

"ဒါ.."

ရှောင်းချောင် ရှက်ရွံ့သွားသည်။ သူမ ပြောလိုက်သည့်စကားများက ယောကျ်ားတစ်ယောက်၏ မာနကို ထိခိုက်စေမှန်း သူမ သတိထားမိသွားခဲ့သည်။

ရွှီဖန်း ပြုံးလိုက်၍...

"ရှောင်းချောင် မင်း အားနာစရာမလိုဘူး၊ မင်း ပြောတာ အဓိပ္ပာယ်ရှိတယ်၊ ချန်ဟိုင်းမှာရှိတဲ့ မိသားစုကြီးတွေနဲ့ ယှဥ်ရင် ငါက အရေးမပါတဲ့လူပဲ"

"ဒါပေမယ့် ငါ့မှာ ခိုင်မာတဲ့ အကြံအစည်ရှိတယ်"

"ဘာ ဘာလဲ"

ရွှီဖန်းကို ကြည့်နေရင်း ရှောင်းချောင်၏ မျက်နှာက နီရဲသွားခဲ့သည်။ ဘာကြောင့်မှန်းမသိသော်ငြား သူ့ရှေ့ကလူက သူမကို ဖော်မပြနိုင်သည့် မျှော်လင့်ချက်များ ပေးစွမ်းနိုင်သည်ဟု သူမ ခံစားရသည်။ 

"သေးငယ်တဲ့ ဇာတ်ကောင်လေးကလည်း တစ်နေ့မှာ ဇာတ်ဆောင်ဖြစ်လာမှာပဲ၊ အဲ့ဒီအချိန် လင်းရှောင်လို လူမျိုးတွေကို ကောင်းကောင်း ဆော့ကစားလို့ရတယ်"

တစ်နေ့ကျ လင်းရှောင်ကို သူ့ရှေ့မှာ ဒူးထောက်စေရမည်။ 

"ဒါက.."

ရှောင်းချောင်သည် ခါးသက်စွာ မပြုံးဘဲ မနေနိုင်ခဲ့ချေ။ အမှန်တိုင်းပြောရလျှင် သူမ ရွှီဖန်း၏စကားများကို မယုံကြည်ပေ။ 

ရွှီဖန်းသည် အလွန်ထူးချွန်သော်လည်း လင်းမိသားစုသည် ချန်ဟိုင်း၏ မိသားစုကြီးတစ်ခုဖြစ်သည်။ ရွှီဖန်းတစ်ယောက်တည်းဖြင့် ထိုကဲ့သို့အင်အားမျိုးကို ဘယ်လိုလုပ် တစ်ယောက်တည်း ရင်ဆိုင်နိုင်မည်နည်း။

"ရွှီဖန်း"

ရှောင်းချောင်သည် အသက်ပြင်းပြင်းရှူသွင်းကာ ရွှီဖန်းကို လေးလေးနက်နက်ကြည့်လိုက်သည်။ 

"ငါ ပြောရဦးမှာပဲ၊ ရွှီဖန်း လင်းရှောင်နဲ့ သွားမရှုပ်ပါနဲ့၊ သူ့ကိုသွားရှုပ်ရင် လင်းမိသားစုကို ရှုပ်တာနဲ့ တူတူပဲ၊ မင်းအတွက် အကျိုးမရှိဘူး"

"တစ်ကယ်တော့ လယ်သမားအဖြစ် အေးဆေးနေတာလည်း ကောင်းပါတယ်"

"ဟုတ်လား"

ရှောင်းချောင်၏စကားများကိုကြားသော ရွှီဖန်း မရယ်ဘဲ မနေနိုင်ခဲ့ချေ။ ဒီမိန်းမက သူ့ကို မယုံကြည်ပေ။ 

"ရှောင်းချောင် မင်းဘယ်လိုထင်လဲ...အလောင်းကစားလုပ်ရအောင်"

"ဟမ်"

ရှောင်းချောင်က ရွှီဖန်းအား စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။ ရွှီဖန်းပြောသည့် လောင်းကစားအား သူမ နားမလည်ချေ။ 

"ရွှီဖန်း ဘာလောင်းဖို့လဲ"

"ငါ့လို အရေးမပါတဲ့လူက လင်းမိသားစုလို ထူထဲတဲ့ သစ်ပင်ကြီးကို မကျော်တက်နိုင်ဘူးလို့ မင်း ထင်

တယ်မလား"

"ဒါဆို လောင်းကြေးထပ်ရအောင်၊ တစ်ချိန်ကျ လင်းမိသားစုကို ငါ့ခြေထောက်အောက်မှာ မြင်နေရပြီဆိုရင် မင်း ရှောင်းချောင်က ငါ့မိန်းမဖြစ်ပေးရမယ်၊ ဘာပြောချင်လဲ"

"ရွှီဖန်း!!"

********************

All Chapters