လီထိုက်ကန်း၏ရန်သူ
Vol. 12 Ch. 175
ရွှီဖန်း မမေးဘဲ မနေနိုင်ခဲ့ချေ။
"အစ်ကိုထိုက်ကန်း ထိပ်ဆုံးကို သိမ်းပိုက်မယ်ဆိုတာက ဘာကိုဆိုလိုတာလဲ"
"အိုး ဒါကလား"
ရွှီဖန်းမှ ထိုကဲ့သို့ မေးလာသည့်အခါ လီထိုက်ကန်းသည် မရယ်ဘဲ မနေနိုင်ခဲ့ချေ။
"ငါ မင်းကို ပြောဖို့ မေ့သွားပြန်ပြီ၊ ဒီလယ်ယာထွက်ကုန် ဖလှယ်ပွဲက တစ်ကယ်တော့ ယှဥ်ပြိုင်မှုပဲ"
"ပွဲစီစဥ်သူတွေက ယာယီပြပွဲရုံတစ်ခုဆီမှာ ရှိတဲ့ လယ်ယာထွက်ကုန်ကို စိစစ်ဖို့ အကဲဖြတ်အဖွဲ့ကို စေလွှတ်လိမ့်မယ်၊ အဲ့ဒီအချိန်ကျ သူတို့က အကောင်းဆုံး လယ်ယာထွက်ကုန်သုံးခုကို ရွေးချယ်ကြလိမ့်မယ်၊ ရွှီဖန်း ခန့်မှန်းကြည့်၊ ဒီတစ်ခေါက် ဆုလာဘ်က ဘာလို့ထင်လဲ"
"ဆုတောင် ရှိတာလား"
ရွှီဖန်း မအံ့သြဘဲ မနေနိုင်ခဲ့ပေ။ ဒီတစ်ခေါက်မှာ ပွဲစီစဥ်သူတွေက ရက်ရောကြပေသည်။
"ဟုတ်တယ်၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးချင်တာကြောင့်လေ"
ရွှီဖန်းသည် ဤကဲ့သို့ လယ်ယာထွက်ကုန်ဖလှယ်ပွဲမျိုး၌ အတွေ့အကြုံ မရှိခဲ့ဖူးတာကြောင့် နံပါတ်တစ်ခုကို ပြောလိုက်သည်။
"အစ်ကိုထိုက်ကန်း ပထမနေရာက ယွမ်၅သောင်းလောက် ရလောက်တယ်မလား"
"၅သောင်း ဟုတ်လား"
လီထိုက်ကန်း ပြုံးလိုက်ကာ
"ရွှီဖန်း မင်း မှားတယ်"
"တတိယဆုက ယွမ်၅သောင်း၊ ဒုတိယက ယွမ်၁သိန်းဖြစ်ပြီး ပထမဆုက ပိုတောင်များတယ်၊ ပွဲစီစဥ်သူတွေက ပထမနေရာအတွက် ယွမ်၂သိန်းကို ချီးမြှင့်မှာ"
"အဲ့လောက်တောင် များလား"
ရွှီဖန်း အံ့သြသွားသည်။ ပထမနေရာလေးရရုံဖြင့် ယွမ်၂သိန်းကို ရရှိလိမ့်မည်။ ဒီငွေရဖို့က အရမ်းလွယ်ကူနေတာ မဟုတ်ဘူးလား။
လီထိုက်ကန်းက ခေါင်းညိတ်လျက် ပြုံးသည်။
"ရွှီဖန်း အကယ်၍ ဒီနေရာမှာ မင်း ပထမရရင် ယွမ်၂သိန်းကို ရလိမ့်မယ်၊ ဒါက မင်းရဲ့ထုတ်ကုန်က တခြားလူတွေရဲ့ထုတ်ကုန်ထက် ပိုကောင်းတယ်ဆိုတာကို ပြသနေတာပဲ၊ ဒီကလူတွေက ပထမနေရာက ထုတ်ကုန်အတွက် တိုက်ပွဲဝင်ကြမှာပဲ စိုးမိတယ်"
လီထိုက်ကန်းပြောတာ မှန်ပေ၏။ ဒီကိုရောက်လာသည့်လူအများစုက အရည်အချင်းတူကြသည်။ တချို့သော ပစ္စည်းများသည် အလွန်ကောင်းမွန်ပါက လူအုပ်ကြီး၏ လုယူမှုကို ခံရနိုင်သည်။
"အစ်ကိုထိုက်ကန်း ကြည့်ရတာတော့ အစ်ကိုက ဒီတစ်ကြိမ် ပထမနေရာကို ရဖို့ ယုံကြည်ချက်ရှိနေတဲ့ပုံပဲ"
လီထိုက်ကန်းက နှိမ့်ချစွာ ပြောလာသည်။
"မဟုတ်ရပါဘူး၊ ပထမနေရာတော့ မသိဘူး၊ ဒါပေမယ့် ကိစ္စတွေမှာ အဆိုးအကောင်းက ဒွန်တွဲနေတာဆိုတော့ ဒီတစ်ကြိမ် သူ့ကို အနိုင်ယူနိုင်ပါ့မလားမသိဘူး၊ ဒါပေမယ့် ငါ လီထိုက်ကန်းက ထိပ်ဆုံးသုံးယောက်ထဲ ပါရမယ်လို့တော့ ယုံကြည်တယ်"
ရွှီဖန်း ခေါင်းညိတ်လိုက်ကာ...
"ဒါဆို အစ်ကိုထိုက်ကန်းကို ကျွန်တော် ကြိုပြီး ဂုဏ်ပြုပေးရတော့မလား"
ရွှီဖန်းမှ သူ့ကို စနောက်လာတာကြောင့် လီထိုက်ကန်းသည် မျက်လုံးစောင်း၍ ကြည့်လိုက်သည်။
"မင်း လူညစ်ပတ်လေး၊ ငါ့ကို မြှောက်ပင့်ဖို့ ကြိုးစားနေတယ်ပေါ့"
ထို့နောက် ရွှီဖန်း၏ ပုခုံးကို ပုတ်လိုက်ကာ
"ရွှီဖန်း မင်းလည်း နောက်တစ်ကြိမ်ကျရင် ကြိုးကြိုးစားစားလုပ်ထားသင့်တယ်၊ နောက်နှစ်မှာလည်း လယ်ယာထွက်ကုန်ဖလှယ်ပွဲကို ငါ ခေါ်လာခဲ့ပေးမယ်၊ မင်းလည်း ထိပ်ဆုံးသုံးယောက်ထဲပါဖို့ တိုက်ပွဲဝင်သင့်တယ်"
ရွှီဖန်း ပြုံးလိုက်ကာ
"ကောင်းပါပြီ၊ အစ်ကို့ရဲ့ကောင်းမွန်တဲ့စကားအတွက် ကျေးဇူးပါပဲ"
"ဟုတ်ပြီ သွားကြရအောင်၊ အိုး ဟုတ်သား...ဒီတစ်ခါ အစ်ကိုကျောက်လည်း ရှိမှာ"
မကြာခင်မှာ သူတို့နှစ်ဦးစလုံး ခန်းမထဲ လှည့်ပတ်ခဲ့ကြသည်။ လီထိုက်ကန်း၏ မိတ်ဆက်ပေးမှုအောက်မှာ ရွှီဖန်းသည် လူအနည်းငယ်နှင့် သူမမြင်ဖူးသည့် ထုတ်ကုန်တချို့ကို သိခွင့်ရရှိခဲ့သည်။
ထို့နောက် လီထိုက်ကန်းက ရွှီဖန်းအား ယာယီပြပွဲရုံတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။
"ရွှီဖန်း သွားကြရအောင်၊ အဲ့ဒီမှာ ကျောက်ဟွာရှိတယ်"
"အစ်ကိုကျောက် ခင်ဗျား ဒီတစ်ခါ စောစောရောက်နေပါလား"
ကျောက်ဟွာသည်လည်း ဖလှယ်ပွဲ၌ ပါဝင်ရန် အရည်အချင်းပြည့်မီခဲ့သည်။ ထိုအချိန် သူတို့သုံးယောက်စလုံး နှုတ်ဆက်ကာ စိတ်လှုပ်တရှားပင် စကားစမြည်ပြောကြတော့သည်။
"အင်း ဒီတစ်ခါ ပြပွဲအတွက် ဘာယူလာလဲ"
ခဏတာ စကားစမြည်ပြောပြီးနောက် ကျောက်ဟွာကို လီထိုက်ကန်းက မေးလေသည်။ ကျောက်ဟွာမှ...
"ဘာဖြစ်ရမလဲ၊ ငါ့ရဲ့ ဂေဟစနစ်ခြံပဲအားကိုးရမှာပေါ့၊ ဟင်း ငါကတော့ ဆုရဖို့ မစီစဥ်ထားပါဘူး၊ ဖိတ်ခေါ်လို့သာ ရောက်လာတာဆိုတော့ ကြုံရာကျပန်း ကြည့်ရှုရမှာပေါ့"
သူက ဆုရရန်အတွက် ယုံကြည်ချက်များစွာ မရှိပေ။ ထိုစကားကို ပြောပြီးနောက် ကျောက်ဟွာသည် လီထိုက်ကန်းအား လက်သီးဖြင့်ထိုးကာ...
"ကောင်းပြီ၊ မင်း ငါ့ကို ကြည့်နေလို့ ဘာမှ အသုံးမဝင်ဘူး၊ ထိုက်ကန်း ဒီတစ်ကြိမ်မှာ ချန်ပီယံဖြစ်ချင်လား"
ရွှီဖန်းလည်း အံ့အားသင့်နေသည်။ လီထိုက်ကန်းသည် အခုတစ်ကြိမ်အတွက် ယုံကြည်ချက်ပြည့်နေမှုကို ပြသခဲ့သော်လည်း ဘာပစ္စည်းယူလာတယ်ဆိုတာကို မပြောပြခဲ့ပေ။
"ဟုတ်တယ် အစ်ကိုထိုက်ကန်း ဘာယူခဲ့တာလဲ"
ထိုအချိန် ရွှီဖန်းကပါ မေးလာတာကြောင့် လီထိုက်ကန်းလည်း ရှင်းပြလိုက်သည်။
"အိုး ဒီတစ်ကြိမ် ငါယူလာတာက အပူချိန်နဲ့ စိုထိုင်းဆကို အဆက်မပြတ်ထိန်းညှိပေးတဲ့ သားဖောက်စက်
တစ်ခုပဲ"
ဤသည်မှာ လီထိုက်ကန်းသည် မကြာသေးခင်ကမှ ရရှိခဲ့သော နည်းပညာအသစ်တစ်မျိုးဖြစ်သည်။ ရွှီဖန်းလည်းပဲ လီထိုက်ကန်း၏ ဆွဲဆောင်မှုကို ခံခဲ့ရပြီး အချိန်တန်လျှင် သူ၏ ကိုယ်ပိုင်ကြက်ခြံအတွက်ပါ ထိုပစ္စည်းတစ်သုတ်ကို ဝယ်ရမည်ဟု တွေးနေမိသည်။
"အိုး ဒါ လီထိုက်ကန်းမလား၊ ဘာလဲ...ဒီတစ်ခါရော မင်း ငါ့ရဲ့အရှုံးသမား လုပ်ဦးမှာလား"
ရွှီဖန်းတို့ သုံးဦး ပျော်ရွှင်စွာ စကားပြောနေစဥ် လူသုံးယောက်က ဘေးမှာ ရုတ်တရက် ပေါ်လာသည်။ လီထိုက်ကန်းသည် သူ့နာမည်ခေါ်သံကိုကြားသည်နှင့် ဘယ်သူမှန်းသိကာ မျက်နှာတစ်ခုလုံး မည်းမှောင်သွားရသည်။
"ဟဲဟဲ မာစန်းထင် မင်းက ဒီတစ်ကြိမ် ငါ့ကို အနိုင်ယူနိုင်မယ် ထင်နေတာလား"
လီထိုက်ကန်းကလည်း ထိုလူတစ်စုကို ထိပ်တိုက် ရင်ဆိုင်သည်။ လေထုက ရုတ်တရက် တင်းမာလာပေသည်။
ရွှီဖန်း အံ့သြသွားသည်။ လီထိုက်ကန်းသည် သူ့မှာ ရန်သူရှိကြောင်း ပြောပြခဲ့တာဖြစ်၍ ထိုလူက ရန်သူဆိုသည့်လူ ဖြစ်ပေလိမ့်မည်။
"အစ်ကိုကျောက် မာစန်းထင်ရဲ့ နောက်ခံကဘာလဲ"
ပြောပြရလျှင် မတရားမှု တစ်ခုပင်။ မာစန်းထင်နှင့် လီထိုက်ကန်းသည် တစ်ခါက ညီအစ်ကိုကောင်းများဖြစ်ခဲ့ကြသည်။ သူတို့နှစ်ဦးစလုံး ကိုယ်ပိုင်လုပ်ငန်းများကို စတင်ကာ ကိုယ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အတူတကွ လုပ်ဆောင်ခဲ့ကြသည်။ သို့သော်ငြား ခွေးမသား မာစန်းထင်သည် လီထိုက်
ကန်းအား လှည့်စားသွားတာကြောင့် အရှုံးပေါ်လုနီးပါး ဖြစ်ခဲ့သည်။ ကံကောင်းစွာဖြင့် လီထိုက်ကန်းကတော့ ပြင်းပြင်းထန်ထန်ရုန်းကန်ပြီး အပေါ်ကို ပြန်တက်လာခဲ့သည်။
"ဒါနဲ့ ပြောရရင် ထိုက်ကန်းသာ ပထမလိုချင်ရင် အဲ့ဒီကောင်ကို အရင်ဖြတ်ရလိမ့်မယ်"
လီထိုက်ကန်း၌ အခုလို အာဃာတဟောင်းကြီးတစ်ခု ရှိနေမည်ဟု ရွှီဖန်း မထင်ထားခဲ့ပေ။ အခြေအနေကို ကျောက်ဟွာထံမှာ မေးပြီးနောက် ထိုလူအုပ်စုကိုကြည့်မိရာ သူ အံ့သြသွားရသည်။ ထိုလူအုပ်စုထဲ၌ သူသိသောလူက ရှိနေသည်။
ကျန်းယန်သည် မာစန်းထင်၏နောက်မှာ ရှိနေခဲ့သည်။
ရှုချိုးယာနှင့် နောက်ဆုံးတစ်ခါ ကားဝယ်ပြီးကတည်းက သူမ သို့မဟုတ် ကျောက်ယွင်ကျယ်အား ထပ်မတွေ့ခဲ့ရပေ။
ယနေ့ ထပ်ဆုံရမည်ဟု မထင်မှတ်ထားခဲ့ပေ။
ရွှီဖန်းတစ်ယောက် ပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း ကျောက်ယွင်ကျယ်၏ ပုံရိပ်ကို မတွေ့ပေ။ သို့သော်ငြား ကျန်းယန်ကတော့ သူမဘေးနားရှိ အမျိုးသားနှင့် တရင်းတနှီးရှိနေလေသည်။
နောက်ဆုံးတစ်ခါ ကားကိစ္စပြီးကတည်းက ကျန်းယန်သည် ကျောက်ယွင်ကျယ်၏ အသုံးမဝင်မှုကို ရှာတွေ့ကာ ချစ်သူ ပြောင်းလိုက်ကြောင်း ကြည့်လိုက်ရုံဖြင့် သိနိုင်ပေသည်။
*******************