← Chapters

ထပ်မံတွေ့ဆုံခြင်း

Vol. 12 Ch. 176

ထပ်မံတွေ့ဆုံခြင်း

Vol. 12 Ch. 176

ကျန်းယန်သည်လည်း ရွှီဖန်းကို သတိထားမိသည်။ နောက်ဆုံးတစ်ကြိမ် သူ့ရှေ့၌ သူမ မျက်နှာကို ဆုံးရှုံးခဲ့ရတာကြောင့် အခုလို ပြန်ဆုံသည့်အခါ သူမ အနည်းငယ် ရှက်ရွံ့မိသည်။ 

သူမ၏ ချစ်သူအသစ် လင်းချီသည် မာစန်းထင်၏ နောက်လိုက်ဖြစ်ကြောင်းကို မသိခဲ့ပေ။ ဤ လယ်ယာထွက်ကုန်ဖလှယ်ပွဲတွင် ပါဝင်နိုင်ရန်အတွက် မာစန်းထင်နှင့်အတူ ကပ်လိုက်ခဲ့ရသည်။ 

ပြောရလျှင် သူမ၏ စိတ်အခြေအနေက မကောင်းပေ။ ကျောက်ယွင်ကျယ်နှင့် လမ်းခွဲပြီးနောက် သူမသည် ပိုမိုကောင်းမွန်သော ချစ်သူရည်းစားကို ရှာချင်ခဲ့သော်လည်း လက်ရှိ ချစ်သူအသစ်ကပင် ရွှီဖန်းလောက် အဆင်မပြေသေးပေ။ သူမချစ်သူနှင့် နှိုင်းယှဥ်ပါက ရွှီဖန်း၏ အဆင့်အတန်းက များစွာ ပိုမြင့်နေသေး၏။ 

သူမတို့မလာခင်မှာ ဒါရိုက်တာမာသည် ပထမဆုရယူရန်အတွက် ဒီနေ့ ဒီကို လာခဲ့တာဟု လူတိုင်းကို ပြောနေခဲ့သည်။ ဘာပဲဖြစ်ဖြစ် အချိန်ရောက်လာလျှင် ရွှီဖန်းနှင့် တခြားလူများသည် စင်အောက်မှာ နာနာခံခံနှင့် ရပ်နေရလိမ့်မည်။ 

မာစန်းထင်သည် လီထိုက်ကန်းအား ရန်စရန်အတွက် သူ့လူများနှင့်အတူ ရောက်လာခြင်းဖြစ်ပြီး ယခု လီထိုက်ကန်းမှ အလွန်စိတ်ဆိုးနေသည့်အခါ သူ့ရည်ရွယ်ချက်လည်း ပြီးမြောက်ခဲ့သည်။ သူ ပြုံးလျက်...

"လီထိုက်ကန်း ငါစင်ပေါ်တက်ရင် မင်းကို ကျေးဇူးတင်စကားပြောရမလား၊ ဟီးဟီး မင်းလို အားနည်းတဲ့ပြိုင်ဘက်သာ မရှိရင် ငါ အနိုင်ရဖို့ ခဲယဥ်းလိမ့်မယ်"

မာစန်းတင်မှ ထိုစကားပြောပြီးသည့်နောက်မှာ အနောက်မှ လူများသည် အကျယ်ကြီး မရယ်ဘဲ မနေနိုင်ခဲ့ချေ။ ဒါကို ကြားတော့ သူ ကျေနပ်သွားခဲ့သည်။ 

"ကောင်းပြီ၊ ဒီကောင်နဲ့ စကားပြောဖို့မလိုတော့ဘူး၊ အဓိပ္ပာယ်လည်းမရှိဘူးဆိုတော့...ငါတို့ရဲ့ ယာယီပြပွဲရုံကို ပြန်သွားရအောင်...ဒိုင်တွေ ရောက်နေပြီ"

မာစန်းထင်တို့အုပ်စု ထွက်သွားသည်နှင့် ရွှီဖန်းသည် လီထိုက်ကန်းဆီသို့ လျှောက်သွားကာ မေးလိုက်သည်။ 

"အစ်ကိုထိုက်ကန်း ဒီတစ်ခါ သူယူလာတဲ့ထုတ်ကုန်က ဘာလဲသိလား"

မာစန်းထင်၏ လှောင်ပြောင်မှုကို ခံခဲ့ရတာကြောင့် လီထိုက်ကန်း၏ မျက်နှာက သိပ်မကောင်းပေ။ သူ ခေါင်းခါယမ်း၍

"အဲ့ဒီကောင်က လျို့ဝှက်ထားတယ်၊ လောလောဆယ်တော့ မသိပေမယ့် သူယူလာတဲ့ပစ္စည်းက ဆိုးမှာတော့ မဟုတ်ဘူး"

ရွှီဖန်းသည် လီထိုက်ကန်း၏ ပုခုံးကို ပုတ်၍...

"အစ်ကိုထိုက်ကန်း အရမ်းကြီး အဆိုးဘက်ကို မတွေးပါနဲ့၊ အနိုင်အရှုံးက သူ့ပါးစပ်ပေါ်မှာ မူတည်နေတာမှမဟုတ်တာ၊ ဒိုင်လူကြီးတွေက ဆုံးဖြတ်မှာပါ"

"ကျေးဇူးတင်ပါတယ် ရွှီဖန်းရာ"

လီထိုက်ကန်းက ခက်ခက်ခဲခဲ ရယ်မောလာလေသည်။ ဤတစ်ကြိမ်တွင် မာစန်းထင်ကို ထပ်မံ ရှုံးနိမ့်ခဲ့ပါက သူ့ဘဝတစ်လျှောက်လုံး မာစန်းထင်ရှေ့၌ ခေါင်းမော့နိုင်မည် မဟုတ်တော့ချေ။ 

ယခုအခါ အိမ်ရှင်မှ တာဝန်ပေးထားသည့် ဒိုင်လူကြီးများလည်း နေရာယူထားပြီးပြီဖြစ်တာကြောင့် ရွှီဖန်းနှင့် လီထိုက်ကန်းလည်း ကျောက်ဟွာနှင့် စကားဆက်မပြောတော့ဘဲ လီထိုက်ကန်း၏ ယာယီပြပွဲရုံလေးသို့ ပြန်လာခဲ့ကြသည်။ 

ချိုးဆုအာ၏ အကူအညီဖြင့် လီထိုက်ကန်း၏ အတွင်းရေးမှူးသည်လည်း သူတို့၏ ယာယီပြပွဲရုံလေး၌ လာရောက်ကြည့်ရှုသူများကို မေးခွန်းများ ဖြေကြားပေးနေ၏။ 

ယုတ္တိရှိရှိပြောရလျှင် လီထိုက်ကန်း၏ လက်ရှိအခြေအနေဖြင့် အနိုင်ရရန် အခွင့်အရေးနည်းပါးသည်ဟု ရွှီဖန်းခံစားရသည်။ 

ရွှီဖန်းသည် မသိစိတ်မှအလိုလိုပင် မာစန်းထင်၏ ယာယီပြပွဲရုံကို ကြည့်မိရာ သူ့မျက်နှာပေါ်၌ အဆင်မပြေသော အမူအရာပေါ်လာတော့၏။ 

မာစန်းတင်၏ ယာယီပြပွဲရုံ၌ ကြည့်ရှုသူများက လီထိုက်ကန်းထက် သုံးဆ၊ လေးဆခန့်များပြားပေသည်။ 

လူအများစုသည် ပြပွဲအတွက် သူတို့၏ ကိုယ်ပိုင်

ထုတ်ကုန်၊ ထွက်ကုန်များကို ယူလာခဲ့ကြသည်။ မာစန်းထင်ကတော့ သူ့ထုတ်ကုန်အပြင် ရေကူးဝတ်စုံဝတ်ဆင်ထားသည့် အလှနှစ်ပါးကိုပါ ခေါ်ဆောင်လာခဲ့သည်။ 

ထိုအချိန် သူ၏ ယာယီပြပွဲရုံထဲ၌ စက်ကိရိယာတစ်ခုကို ပြသထားပြီး ရေကူးဝတ်စုံနှင့် အလှနှစ်ပါးကလည်း စက်ကိရိယာအပေါ် ကွေးညွှတ်ကာ ပရိတ်

သတ်များအား ဆွဲဆောင်နေခဲ့၏။ 

ထိုအခိုက်အတန့်တွင် တခြား ယာယီပြပွဲရုံလေးများတွင်ရှိနေသော ကြည့်ရှုသူများကလည်း ထိုနေရာ၌ လူတွေအုံနေတာကြောင့် စိတ်ဝင်တစားဖြစ်ကာ အပြေးသွားနေကြ၏။ 

လီထိုက်ကန်း၏ ယာယီပြပွဲရုံလေးလည်း အပါအဝင်

ပင်။ ရှိတဲ့ လူနှစ်ယောက်လေးက ချက်ချင်းပင် ထိုဘက်ကို ပြေးသွားလေသည်။ 

ဒီမြင်ကွင်းကို မြင်သည့်အခါ လီထိုက်ကန်း၏ အတွင်းရေးမှူးမှ ပြောလာသည်။

"ဒီလူက တော်တော် စက်ဆုပ်ဖို့ ကောင်းတာပဲ၊ အဲ့ဒီလို စက်ဆုပ်ဖို့ကောင်းတဲ့လူနဲ့ ပြိုင်ဖို့ လုပ်နေရတာလား"

ချိုးဆုအာကလည်း ခေါင်းညိတ်၍ သဘောတူလာသည်။

"အဟုတ်ပဲ၊ အဲ့ဒီလူက အောက်တန်းကျလွန်းတယ်"

ချိုးဆုအာသည် ခန္ဓာကိုယ်လှစ်ဟပြသထားသော အမျိုးသမီးကို ယောကျ်ားအများအပြားမှ ဝိုင်းကြည့်နေသည့် မြင်ကွင်းအား မြင်ဖူးသည်မှာ ပထမဆုံးပင်။ ဒါတင်မကသေးဘဲ ထိုအမျိုးသမီးများ လုပ်ပြနေသည့် ကိုယ်ဟန်အနေအထားများကလည်း မျက်စိထဲမြင်လို့မကောင်းပေ။ သူမလို ရှေးရိုးစွဲအမျိုးသမီးအတွက်ဆို ပိုလို့တောင်မှ သည်းမခံနိုင်စရာမြင်ကွင်းပင်။ 

လီထိုက်ကန်းသည် ခေါင်းယမ်းကာ သက်ပြင်းချမိသည်။

"ဒီကောင့်မှာ အကြံအစည်တွေ အများကြီးရှိတာပဲ"

လီထိုက်ကန်း၏ အမြင်အရ ယခုကဲ့သို့ အရှိန်မျိုးဖြင့် သူ့ဘက်မှ မာစန်းထင်အား ရှုံးနေပြီဖြစ်သည်။ 

သိပ်မကြာခင်မှာပင် ခန်းမထဲ လှည့်လည်သွားလာနေသည့် အကဲဖြတ်အဖွဲ့က မာစန်းထင်၏ ရုံလေးဆီ ရောက်လာသည်။ 

မာစန်းထင်ဟာ ဒါကိုမြင်တော့ မျက်လုံးဖြင့် အချက်ပြလိုက်သည်။ ရေကူးဝတ်စုံဝတ်ဆင်ထားသည့် အလှနှစ်ပါးသည် ချက်ချင်းပင် ဒိုင်လူကြီးများ၏ လက်များကို ဆွဲကိုင်ကာ စက်ကိရိယာဆီ ခေါ်လာကြသည်။ 

"လင်းချီ မင်းအလှည့်ပဲ"

မာစန်းထင်၏ ညွှန်ကြားချက်ကို ရသည်နှင့် လင်းချီသည် စိတ်မလှုပ်ရှားဘဲ မနေနိုင်ခဲ့ပေ။ သူ သက်ပြင်းတစ်ချက်ထုတ်ကာ ဤစက်၏ လုပ်ဆောင်ချက်နှင့် အားသာချက်များကို မိတ်ဆက်ရန်အတွက် ဒိုင်လူကြီးထံ လျှောက်သွားလိုက်သည်။ 

လင်းချီက သူ့တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်မှာ သိသာပေ၏။ သူ၏ ရှင်းပြမှုနှင့် ဘီကီနီဝတ်အလှနှစ်ပါး၏ ဆွဲဆောင်မှုအောက်မှာ ဒိုင်လူကြီးတချို့က ကျေနပ်စွာ ခေါင်းညိတ်လာကြသည်။ 

"ဟုတ်ပြီ၊ ငါလှည့်ပတ်ပြီး ကြည့်လာသမျှမှာ ဒီစက်က အကောင်းဆုံးလို့ ထင်တယ်"

"တစ်ကယ်တော့ ဈေးကွက်ထဲမှာ ရှိတဲ့ တခြားစက်တွေနဲ့ယှဥ်ရင် ဒီစက်က အားသာချက်တွေ အများကြီးရှိတယ်"

ဒိုင်လူကြီးများ၏ တီးတိုးသံကို ကြားသည့်အခါ လင်းချီသည် ဝမ်းမသာဘဲ မနေနိုင်ခဲ့ပေ။ သူအစကတည်းက စောင့်ကြည့်နေခဲ့တာကြောင့် ဒိုင်လူကြီးများသည် သူတို့၏ ရုံ၌ အချိန်အကြာဆုံးနေခဲ့သည်ကို သတိထားမိပေသည်။ 

ဒိုင်လူကြီးများ၏ ကျေနပ်သော မှတ်ချက်များကို ကြားသည့်အခါ လယ်ယာထွက်ကုန်ဖလှယ်ပွဲ၏ ချန်ပီယံက တခြားလူများမဖြစ်နိုင်တော့ဘူးဟု သူခံစားရသည်။

သေချာတာကတော့ သူ့သူဌေး၏ ပစ်မှတ်ပင်။ ဒါကိုတွေးရင်းဖြင့် လင်းချီသည် ရွှီဖန်းရှိရာသို့ ထောင်လွှားစွာ ကြည့်လိုက်သည်။

ကျန်းယန်ကို စစ်ဆေးမေးမြန်းပြီးနောက်မှာ အဲ့ဒီကောင်လေးက သူ့ရည်းစား၏ ရည်းစားဟောင်းမှန်း သိလိုက်ရသည်။ ဤအမှန်တရားကို သိရှိပြီးနောက် လင်းချီ၏ စိတ်အနေအထားက မကောင်းတော့ပေ။ သူ ရွှီဖန်းအား အေးစက်စွာ ကြည့်ရင်း စိတ်ထဲမှ နှာမှုတ်လိုက်သည်။

မင်းက ငါ့ဂွင်ထဲရောက်လာမှတော့ ငါတို့ဆုယူမှာကို စောင့်ကြည့်နေလိုက်! အောက်ခြေမှာနေရင်း ဆုံးရှုံးမှုကြောင့် ငိုနေရလိမ့်မယ်!

ဒိုင်လူကြီးများက မာစန်းတင်၏ ရုံ၌ ခဏနေပြီးနောက် ထွက်သွားခဲ့သည်။ မာစန်းတင်၏ ထုတ်ကုန်ကို ကြည့်ပြီးနောက် နောက်ထပ်ကြည့်သည့် ထုတ်ကုန်များအပေါ်မှာ သူတို့ မကျေနပ်ကြတော့ပေ။ အနည်းငယ်အကဲဖြတ်ပြီးနောက် ထွက်သွားကြလေသည်။ 

ကျောက်ဟွာ၏ ရုံလည်း အတူတူပင်။ ကျောက်ဟွာ ယူလာသည့် ထုတ်ကုန်များအပေါ် ဒိုင်လူကြီးများ မကျေနပ်ကြသည်ကို မာစန်းထင်တောင် မြင်နိုင်ပေသည်။ ဒါ့ကြောင့် သူသည်  ကျောက်ဟွာအား အဝေးမှနေ၍ လှမ်းစနေ၏။

ကျောက်ဟွာသည် စိတ်မြန်လက်မြန်သမားဖြစ်၍ ပြေးထိုးလုနီးပါးဖြစ်ခဲ့ရာ သူ့ဝန်ထမ်းများက မနည်းဆွဲထားရလေသည်။

လက်ရှိ အခြေအနေအရ ချန်ပီယံကို ဆုံးဖြတ်ပြီးလုနီးပါး ရှိနေပြီဟု ဆိုနိုင်ပေသည်။

********************

All Chapters