← Chapters

ဒီအိတ်ထဲဟာတွေက ဘယ်သူ့ဟာလဲ

Vol. 12 Ch. 177

ဒီအိတ်ထဲဟာတွေက ဘယ်သူ့ဟာလဲ

Vol. 12 Ch. 177

အမှားအယွင်းသာ မရှိလျှင် ဒီတစ်ကြိမ်၌ ဆုကြေးနှစ်သိန်းက မာစန်းထင်အတွက်ပဲ ဖြစ်သင့်သည်။ များမကြာမီတွင် ဒိုင်လူကြီးများသည် လီထိုက်ကန်း၏ ရုံသို့ ရောက်လာကြသည်။ 

သို့သော်လည်း ယခုအချိန်၌ လီထိုက်ကန်းသည် စိတ်မပါတော့ပေ။ သူ၏ တိုက်ခိုက်လိုသော စိတ်ဓာတ်များလျှော့ကျနေသည်ကို ရွှီဖန်း မြင်သည့်အခါ စိတ်ထဲမတွန့်ဆုတ်ဘဲ မနေနိုင်ခဲ့ချေ။ 

လီထိုက်ကန်းသည် သူ့ကို များစွာ ကူညီပေးခဲ့သည့်

အပြင် အခုလိုမျိုး သူ စိတ်ဓာတ်ကျနေသည့်ပုံစံမျိုးကို မတွေ့ခဲ့ဖူးပေ။ 

"အစ်ကိုထိုက်ကန်း အခုလိုတွေကြောင့် သူ လှောင်ပြောင်တာကို ခံနေရတာမလား၊ အဲ့ဒီနှစ်တွေမှာ အကုန်ခံခဲ့ရပြီး ဒီတစ်ကြိမ်ရော အရှုံးပေးမလို့လား၊ ဒိုင်လူကြီးတွေက ကျွန်တော်တို့ ထုတ်ကုန်ကိုလာမကြည့်ရသေးဘူးနော်"

ထိုအကြောင်းကို ရွှီဖန်းပြောသည်နှင့် လီထိုက်ကန်းသည် တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် ခေါင်းမော့လာသည်။

မှန်တယ်! ဒီအတိုင်းသာ အရှုံးကို လက်ခံလိုက်ရင် လီထိုက်ကန်းရဲ့ စကားတွေအောက်မှာ ငါကျရှုံးသွားတာနဲ့ မတူနေဘူးလား။

ဒိုင်လူကြီးတွေက သူ့ထုတ်ကုန်ကို မမြင်ရသေးပေ။ သူ့မှာ အခွင့်အရေးရှိနေတုန်းပင်။ 

"မြန်မြန်ပြင်ဆင်ထားကြ၊ ဒိုင်လူကြီးတွေရောက်လာရင် သူတို့ကို ရှင်းရှင်းလင်းလင်းပြောပြပေးရမယ်၊ နားလည်တယ်နော်"

လီထိုက်ကန်းသည် သူ့ကိုယ်သူ ပြန်၍ အားတင်းကာ အတွင်းရေးမှူးကို ညွှန်ကြားခဲ့သည်။ အတွင်းရေးမှူးကလည်း ခေါင်းညိတ်ကာ စတင်ပြင်ဆင်လေသည်။ 

"ရွှီဖန်း ငါ့ကိုသတိပေးလို့ကျေးဇူးပါပဲ၊ မင်းငါ့ကို ထိန်းပေးလို့ မဟုတ်ရင် ငါတို့အခွင့်အရေးမရောက်လာခင်မှာ အဲ့ဒီကောင်ကို ရှုံးသွားနိုင်တယ်"

ရွှီဖန်းပြုံးလိုက်ကာ

"ကောင်းပြီ အစ်ကိုထိုက်ကန်း၊ ဒိုင်လူကြီးတွေ ရောက်လာနေပြီ"

ဒီတစ်ကြိမ် မာစန်းထင်ကို အနိုင်ရ၊ မရက လီထိုက်ကန်း၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသည်။ ဒိုင်လူကြီးများ သူတို့ဆီ လမ်းလျှောက်သွားသည်ကို မြင်သည့်

အခါ ကျောက်ဟွာသည်လည်း နည်းနည်းပါးပါး ကူညီရလိုငြားဟုတွေးကာ လိုက်သွားလိုက်သည်။

ဒိုင်လူကြီးများက လီထိုက်ကန်း၏ ရုံသို့ ရောက်ရှိလာကြသည်။ ချက်ချင်းဆိုသလိုပင် သူတို့၏ မျက်လုံးများက ကြက်ဥမှပေါက်ဖွားလာသည့် မျက်လုံးပြူးပြူးနှင့် ကြက်ပေါက်လေးဆီ ကျရောက်သွားသည်။ 

အခွံမှ ထွက်လာသည့် ကြက်များကို မြင်တော့ ဒိုင်လူကြီးတစ်ယောက်မှ...

"ငါထင်တာမမှားရင် မင်းရဲ့စက်က သားဖွားစက်မလား၊ ဒီစက်မှာ ဘယ်လိုအားသာချက်တွေ ရှိသလဲ"

ဒိုင်လူကြီး၏မေးခွန်းကိုကြားသည်နှင့် အတွင်းရေးမှူးသည် တည်ငြိမ်စွာ ပြုံးကာ သူမစိတ်ထဲ အလွတ်ရနေသည့် အကြောင်းအရာများကို စတင်ရှင်းပြခဲ့သည်။ 

လီထိုက်ကန်း၏ ထုတ်ကုန်များအပေါ် ဒိုင်လူကြီးများ၏ သဘောထားက မာစန်းထင်အနိုင်ရ၊ မရနှင့် သက်ဆိုင်နေတာကြောင့် မာစန်းထင်လည်း အနည်းငယ်ထိတ်လန့်နေမိသည်။ ဒိုင်လူကြီးများ၏ သဘောထားကို သိချင်စောဖြင့် သူလူများကို ခေါ်ဆောင်ကာ ထိုရုံသို့ လိုက်သွားခဲ့သည်။

မာစန်းထင်၏ဘေးတွင်ရှိသော လင်းချီသည် ဂုဏ်ယူစွာပြုံးနေလျက် နှစ်သိမ့်ပေးလာ၏။

"စိတ်မပူပါနဲ့ သူဌေး၊ သူတို့ရဲ့စက်က ကျွန်တော်တို့နဲ့ လုံးဝမသက်ဆိုင်ဘူး"

"ဒါ့အပြင် ကျွန်တော်တို့မှာ နောက်ထပ်လှုပ်ရှားလို့ရတာလေးရှိသေးတယ်"

အတွင်းရေးမှူး မိတ်ဆက်ပေးနေတာကို နားထောင်ရင်း လင်းချီသည် ဒိုင်လူကြီးများမှ လီထိုက်ကန်းအပေါ် ထားသည့် သဘောထားကို နိမ့်ကျစေနိုင်မည့် ခပ်ပေါပေါလှည့်ကွက်တစ်ခုကို တွေးလိုက်မိသည်။

ဒါကိုကြားတော့ မာစန်းထင်က ပြောသည်။

"မြန်မြန်ပြော၊ ငါတို့ ဘာလုပ်ကြမလဲ၊ ဒီကောင် ငါ့ကို အနိုင်ယူသွားလို့ မဖြစ်ဘူး"

လင်းချီသည် သူ့သူဌေးနားကို ကပ်၍...

"သူဌေး ကျွန်တော်တို့ အဲ့ဒါကို လုပ်ကြမယ်"

လင်းချီ၏ အကြံအစည်ကို ကြားပြီးနောက် မာစန်းထင်သည် မရယ်ဘဲ မနေနိုင်ခဲ့ချေ။ သူ လင်းချီ၏ ပုခုံးကိုပုတ်ကာ ရယ်မောလျက်

"သားလေး...မင်းက ငါ့ကို တစ်ကယ်ကောင်းတဲ့ အကြံပေးခဲ့တာပဲ၊ ငါ မကြာခင် ဆုငွေနှစ်သိန်းရဖို့က မင်းအကူအညီမပါဘဲ ဖြစ်လာမှာ မဟုတ်ဘူး"

"ဟီးဟီး ကျေးဇူးတင်ပါတယ် သူဌေး"

မာစန်းထင်၏ အသိအမှတ်ပြုတာကို ခံခဲ့ရတာကြောင့် လင်းချီက စိတ်လှုပ်ရှားနေသည်။ သူ့အကြည့်တွေက မနီးမဝေးမှ ရွှီဖန်းဆီ ကျရောက်သွားကာ တဖန်အေးစက်လာသည်။

ဟမ့်! ရွှီဖန်း မကြာခင်မှာ ဒီလောင်ဇီက ရာထူးလည်းတိုး၊ လစာလည်းတိုးလာလိမ့်မယ်၊ အဲ့ဒီအခါကျ မင်းက ဒီလောင်ဇီကို မျှော်ကြည့်ရုံပဲ တတ်နိုင်တော့မယ်။

"အခုဆိုရင် ဒီစက်ရဲ့ သီးသန့်လုပ်ဆောင်ချက်တွေကို အသေးစိတ် မိတ်ဆက်ပြီးပါပြီ"

ထိုအချိန် အတွင်းရေးမှူးကလည်း ရှင်းပြလို့ ပြီးသွားလေပြီ။ ဒိုင်လူကြီးများသည်လည်း လီထိုက်ကန်း၏ သားဖွားစက်ကို ကျေနပ်နှစ်သက်နေကြ၏။ ကြက်ဥပေါက်ဖွားသည့် အရည်အသွေးနှင့် လီထိုက်

ကန်း၏အရည်အချင်းကို သူတို့အကဲဖြတ်နေစဥ် လင်းချီက ကြားဖြတ်ပြောလာသည်။ 

"ဟဲဟဲ အလှလေး မေးခွန်းတစ်ခုလောက် မေးချင်လို့ပါ၊ မင်းရဲ့စက်က ကြက်ဥပေါက်ဖွားနှုန်းကို မြန်ဆန်စေတဲ့ မိုက်ခရိုဝေ့ဖ်စနစ်ကို သုံးထားတယ်လို့ ပြောခဲ့တယ်မလား"

အတွင်းရေးမှူးကလည်း မာစန်းထင်၏ လူတွေ မေးခွန်းမေးလာလိမ့်မည်ဆိုတာ သိထားပေသည်။ ဒိုင်လူကြီးတွေရှေ့မှာ မေးခွန်းကို မဖြေလျှင် မကောင်းချေ။ မဟုတ်လျှင် သူတို့ဘက်မှ ယုံကြည်ချက်မရှိဘူးဟု ထင်သွားလိမ့်မည်။

"မှန်ပါတယ်၊ ဒီစက်က နိုင်ငံခြားမှာ တီထွင်ထားတဲ့ နောက်ဆုံးပေါ် မိုက်ခရိုဝေ့ဖ်စနစ်ကို အသုံးပြုထားတယ်၊ နိုင်ငံခြားမှာ စတင်ရေပန်းစားလာပြီဆိုပေမယ့် အဲ့ဒီနည်းပညာကို ဒီနိုင်ငံမှာတော့ မမိတ်ဆက်သေးရပါဘူး"

"အိုး"

လင်းချီသည် တစ်ဖက်လူမှ ဝန်ခံလာသည့်အခါ မပြုံးဘဲ မနေနိုင်ခဲ့ပေ။ နောက်ဆုံးတော့ သူ့ထောင်ချောက်ထဲ ဝင်လာလေပြီ။ 

"ဟဲဟဲ အလှလေး၊ ငါ သိရသလောက်ဆိုရင် မိုက်ခရိုဝေ့ဖ်လို နည်းပညာတစ်ခုက တိရိစ္ဆာန်တွေရဲ့ ဗီဇကို ပြောင်းဖို့ အခွင့်အရေးရှိတယ်တဲ့၊ မင်းရဲ့စက်က အန္တရာယ်ရှိနေမလား၊ ကြက်က ခြေသုံးချောင်း၊ ခေါင်းနှစ်လုံးပါတဲ့ဘီလူးတစ်ကောင်လို ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"

"ရှင်!"

တစ်ကယ်ကိုပင် လင်းချီပါးစပ်ဟလိုက်သည်နှင့် သူမအတွက် ခက်ခဲစေမည့်အရာတွေကို ပစ်သွင်းလိုက်တာပင်။ အတွင်းရေးမှူးသည် ဒေါသမထွက်ဘဲ မနေနိုင်ခဲ့ချေ။ ဒိုင်လူကြီးများသည်လည်း လင်းချီ၏စကားကြောင့် သံသယဝင်စပြုလာသည်။ သူတို့က ပြီးပြည့်စုံသော အဖြေကို မျှော်လင့်နေသည့်အလား အတွင်းရေးမှူးကို ကြည့်လာကြသည်။

အတွင်းရေးမှူးက အံကိုကြိတ်လျက် လင်းချီကို စိုက်ကြည့်ကာ ရှင်းပြလာသည်။

"ဒိုင်လူကြီးများရှင့် သူ့ရဲ့အဓိပ္ပာယ်မရှိတဲ့စကားကို နားမယောင်သွားပါနဲ့၊ မိုက်ခရိုဝေ့ဖ်နည်းပညာကို လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက တီထွင်ခဲ့ကြတယ်၊ အဲ့ဒီတုန်းက မျိုးရိုးဗီဇပြောင်းလဲနိုင်ခြေ ဖြစ်ခဲ့တာတော့ အမှန်ပါပဲ၊ ဒါပေမယ့် တစ်သိန်းမှာ တစ်ခုလို့ ဆိုရလောက်အောင် ဖြစ်နိုင်ချေက နည်းခဲ့တယ်၊ အခုတစ်ကြိမ်ထွက်လာတဲ့ မိုက်ခရိုဝေ့ဖ်နည်းပညာနဲ့သာဆိုရင် ကြက်ဥ သန်း၅၀ပေါက်ဖွားမှုမှာ ဗီဇပြောင်းကြက်တစ်ကောင်ပါလာဖို့ကတောင် မဖြစ်နိုင်ဘူး"

အတွင်းရေးမှူးပြောတာ မှန်ကန်ပေသည်။ မိုက်ခရိုဝေ့ဖ်နည်းပညာသည် နိုင်ငံခြားမှာ ပို၍ ကျော်ကြားလာ၏။ နိုင်ငံခြားသားများသည် အစားအသောက် ဘေးကင်းရေးကို အလေးထားကြသည်။ အခုလို ဤနည်းပညာအား အသုံးပြုခွင့်ပေးထားတာကြောင့် ပြဿနာမရှိနိုင်ပေ။

ကံမကောင်းစွာပင် ထိုနည်းပညာအကြောင်းကို သိသောလူမှာ ဤနိုင်ငံ၌ လက်တစ်ဆုပ်စာတောင် မရှိသည့်အပြင် ဒိုင်လူကြီးတချို့ကလည်း ကြားတောင်မကြားခဲ့ဖူးပေ။ သူတို့က အတွင်းရေးမှူး၏ ရှင်းပြချက်အပေါ် သံသယဖြစ်နေကြသည်။ 

လင်းချီက ပြုံးလျက်...

"အိုး...ကြက်ဥသန်းငါးဆယ်ပေါက်ဖွားမှုမှာ မဖြစ်

နိုင်ဘူးဆိုတော့ သန်းခြောက်ဆယ်ဆိုရင် ဖြစ်နိုင်တယ်ပေါ့"

"ရှင် ဘာကိုဆိုလိုနေတာလဲ၊ ရှင်က အမှန်တရားကို ရှုပ်ထွေးအောင် လုပ်နေတာပဲ၊ ဒိုင်လူကြီးများရှင့် သူ့စကားကို နားမထောင်ပါနဲ့"

ဒိုင်လူကြီးတချို့က လက်ကိုဝှေ့ယမ်းကာ အတွင်းရေးမှူး ဆက်လက်ရှင်းပြမည်ကို နားထောင်ရန် ငြင်းဆိုလေသည်။

"မင်း ငါ့ကို ရှင်းပြစရာမလိုတော့ပါဘူး၊ ငါတို့က ဒိုင်လူကြီးဖြစ်လို့ အမှားအမှန်ကို သဘာဝကျကျဆုံးဖြတ်နိုင်တယ်၊ သူပြောခဲ့တာတွေ မှန်လား မှားလားဆိုတာကို ငါတို့ ဆုံးဖြတ်နိုင်သေးတယ်"

ဒိုင်လူကြီး၏စကားများက မျှတပုံပေါက်သော်လည်း ရွှီဖန်းသည် ထိုလူများ၏သဘောထားက လီထိုက်

ကန်း၏စက်မှ ပေါက်ဖွားထားသော ကြက်များအပေါ် သိပ်မကောင်းနိုင်တော့ဘူးဟု သူခံစားရသည်။

ဒိုင်လူကြီးတချို့က အချင်းချင်းဆွေးနွေးနေကြသည်။ သူတို့အသံကို အရမ်းကြီးမနိမ့်ထားတာကြောင့် ဂရုတစိုက်နားထောင်လျှင် ကြားရနိုင်သေး၏။

လီထိုက်ကန်းလည်း အတူတူပင်။

********************

All Chapters