← Chapters

ပြန်လှည့်လာခြင်း

Vol. 12 Ch. 178

ပြန်လှည့်လာခြင်း

Vol. 12 Ch. 178

ဒိုင်လူကြီးများသည် မတူညီသော ထင်မြင်ယူဆချက်များ ပေးကြသော်လည်း အများစုမှာ လီထိုက်ကန်း၏ သားဖွားစက်အား အန္တရာယ်ရှိသည်ဟု သတ်မှတ်ကြသည်။ မာစန်းထင်၏ ထုတ်ကုန်ထက် အနည်းငယ် ပိုညံ့သည်ဟု ထင်ကြသည်။ 

ဒီအတိုင်းဆိုလျှင် အဖြေကို အတည်ပြုနိုင်လေပြီ။

လီထိုက်ကန်းမှာ သက်ပြင်းကြီးစွာမချဘဲ မနေနိုင်ခဲ့ချေ။ မာစန်းတင်အား ရှုံးရမည်ကို သူကြောက်ပေသည်။ သူ မာစန်းတင်အား မကျေမနပ်ဖြင့် စိုက်ကြည့်မိ၏။

"ဒိုင်လူကြီးများရှင့် သရေစာ သုံးဆောင်ကြပါဦး"

ဒိုင်လူကြီးများ ငြင်းခုံနေကြသည့်အချိန် ချိုးဆုအာသည် သရေစာတချို့ကို သယ်၍ ရှေ့ထွက်လာသည်။ လီထိုက်ကန်းမှာ အံ့သြသွားရသည်။ ဒီသရေစာတွေက ဘယ်က ရောက်လာတာလဲ။

သူ ရွှီဖန်းအား ရှုပ်ထွေးစွာ ကြည့်လိုက်မိသည်။ ရွှီဖန်း ပြုံးလိုက်သည်။ ချိုးဆုအာယူလာသည့် သားရေစာများက သူနှင့်အတူ ယူလာခဲ့သောအရာဖြစ်သည်။

ဒါကို မာစန်းထင်မြင်သည့်အခါ မရယ်ဘဲ မနေနိုင်ခဲ့ချေ။ မင်းတို့က သရေစာလေးနဲ့ ဒိုင်လူကြီးတွေရဲ့စိတ်ကို ဆွဲဆောင်နိုင်မယ်ထင်နေတာလား။

မင်းတို့အတွေးလွန်ကြတာပဲ!

ဒိုင်လူကြီးများသည် သဘောတူညီမှုရရှိကာ ချန်ပီယံဆုကို မာစန်းထင်အားပေးရန် ဆုံးဖြတ်ထားပြီးလေပြီ။ ထိုအချိန် လီထိုက်ကန်း၏ လူများက မုန့်များကိုသယ်ဆောင်လာတာကြောင့် ရလဒ်ကို ခေတ္တရပ်ဆိုင်းလိုက်ကြသည်။

လီထိုက်ကန်းသည် သူတို့အတွက် အဆာပြေမုန့်များ ပြင်ဆင်ပေးထားသည်အထိ အကြင်နာရှိလှသည်။ ဒါ့အပြင် ဤမျှ ကြီးမားသော ခန်းမကြီးထဲ၌ လှည့်လည်ပြီးနောက်မှာ သူတို့လည်း ဆာလောင်နေလေပြီ။

ကျေးဇူးတင်ကြောင်း ပြောဆိုပြီးနောက်မှာ ဒိုင်လူကြီးများသည် သရေစာမုန့်များအား ပေါ့ပေါ့ပါးပါးကောက်ယူကာ ပါးစပ်ထဲ ထည့်လိုက်ကြသည်။

အစကတော့ အပြင်က သရေစာမုန့်တွေလိုမျိုး သာမန်အစားအစာဟုသာ ထင်ခဲ့သည်။ သို့သော်လည်း ဒိုင်လူကြီးများသည် ပါးစပ်ထဲထည့်လိုက်ပြီးနောက်မှာ မျက်လုံးများ တောက်ပလာ၏။ 

ဟမ်! ဒီသရေစာက မဆိုးဘူးလားလို့။

ပါးစပ်ထဲမှ အစားအစာများ ကုန်သွားသည်နှင့် ဒိုင်လူကြီးများသည် မထိန်းနိုင်တော့ဘဲ ပန်းကန်ပြားပေါ်မှ ထပ်ယူစားကြလေသည်။ 

ဒိုင်လူကြီးများ၏ ပူးပေါင်းမှုအောက်၌ မုန့်နှစ်ပန်းကန်သည် အမြန်ကုန်သွားခဲ့သည်။ 

"ဟေ့ ဒီသခွားမုန့်ကို ငါ ပိုင်တယ်၊ ငါနဲ့ ဘယ်သူ လာပြိုင်ရဲလဲ"

"ကောင်းပြီး ငါမင်းကို သခွားမုန့်ပေးလိုက်မယ်၊ ဒါပေမယ့် ဒီပြောင်းမုန့်ကတော့ ငါ့ဟာပဲ"

"ဘာလို့ပေးရမှာလဲ၊ မင်းတို့နှစ်ယောက်စလုံးအဲ့တာယူသွားရင် ငါတို့ကရော ... မပေးဘူး! ငါငြင်းတယ်!"

ဒိုင်လူကြီးများသည် စိတ်လှုပ်ရှားစွာ စားသုံးနေကြပြီး ကျန်နေသေးသည့်မုန့်အတွက်ပါ တိုက်ပွဲဝင်နေကြသည်။ ပတ်ဝန်းကျင်မှ လူများသည် မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ချေ။ ဘာတွေဖြစ်ကုန်တာလဲ။

ဤဒိုင်လူကြီးများသည် သာမန်လူများမဟုတ်ကြောင်း သိထားရပေမည်။ ဒီလို သာမန်အဆာပြေစားစရာလေးအတွက် သူတို့ ဘယ်လိုလုပ် ပြင်းပြင်းထန်ထန်ရန်ဖြစ်နိုင်မည်နည်း။

လီထိုက်ကန်းသည်လည်း ဤမြင်ကွင်းကြောင့် အံ့အားသင့်နေသည်။ ရွှီဖန်းဘေးနားသို့ တိတ်တဆိတ်

လျှောက်သွားကာ 

"ရွှီဖန်း ဘယ်လိုဖြစ်တာလဲ၊ မင်းတို့ အဲ့ဒီထဲမှာ ဆေးတွေ ဘာတွေများ ထည့်ထားလား"

လီထိုက်ကန်း၏ စကားကြောင့် ရွှီဖန်းမှာ ရယ်ရခက်ငိုရခက်ပင်။ ဆေးထည့်ထားလားဆိုတာကရော ဘယ်လိုကြီးတုန်း။

ရွှီဖန်းအတွက်မူ ဒိုင်လူကြီးများ၏ အပြုအမူများက အံ့သြစရာမဟုတ်ခဲ့ပေ။ ဒါတွေအားလုံးမှာ သူစိုက်ပျိုးထားသည့် ပါဝင်ပစ္စည်းများနှင့် ပြုလုပ်ထားသည့် မုန့်က သူတို့အတွက် ပထမဆုံးအကြိမ် မြည်းစမ်းဖူးခြင်းဖြစ်ပြီး သူတို့ကိုယ်တိုင်လည်း ဗိုက်အရမ်းဆာနေတာကြောင့်ပင်။ 

ရွှီဖန်း သူ့နှာခေါင်းကို ထိကာ ပြောလိုက်သည်။

"ကျွန်တော်လည်း မသိဘူး၊ သူတို့ ဘာမှမစားရသေးလို့ ဟုတ်မှာပါ"

လီထိုက်ကန်းသည် ထိုစကားကို ကြားသည့်အခါ မျက်စောင်းမထိုးဘဲ မနေနိုင်ခဲ့ချေ။ ဒိုင်လူကြီးများ၏ အနေအထားအရ နေ့စဥ်နေ့တိုင်း အရသာရှိသော အစားအသောက်များနှင့် ဖြတ်သန်းခဲ့ရမှာပင်။ 

ထိုအခိုက်အတန့်တွင် ဒိုင်လူကြီးများသည်လည်း သူတို့ကို ကြည့်နေသည့် လူအုပ်ကြီးကို သတိထားသွားခဲ့သည်။ သူတို့သည် စားစရာအတွက် ရုန်းကန်နေရသော ကလေးသူငယ်များကဲ့သို့ ပြုမူနေခဲ့သည်ဖြစ်ရာ ရှက်ဖို့ ကောင်းလှသည်။ 

ရှေ့ဆုံးမှ ဒိုင်လူကြီးသည် ရှက်ရွံ့ကာ ချောင်းအနည်းငယ် ဆိုးလိုက်သည်။ 

"လီထိုက်ကန်း ဟုတ်တယ်မလား၊ ငါ မင်းကို အမှန်အတိုင်းပြောမယ်၊ မင်းရဲ့သားဖွားစက်က မာစန်းထင်ရဲ့ စက်နဲ့ ယှဥ်ရင် ကွာဟချက်ရှိနေသေးတယ်၊ ဒါကြောင့်လည်း မာစန်းထင်ကို ပထမနေရာပေးဖို့ ဆုံးဖြတ်ခဲ့တယ်"

ဒါကိုကြားမှသာ မာစန်းထင်သက်ပြင်းချမိသည်။ 

သရေစာ မုန့်စားနေစဥ် ဒိုင်လူကြီးများ၏ အမူအရာများကြောင့် ကွဲပြားမှုရှိလာမည်ဟု သူထင်ခဲ့သည်။ အခုကြည့်ရတာတော့ ချန်ပီယံက သူဖြစ်နေသေးသည့် ပုံပင်။ 

"ဒါပေမယ့်"

မာစန်းထင် မရယ်နိုင်ခင်မှာ ဒိုင်လူကြီးက ခေါင်းစဥ်ပြောင်းလိုက်ပြန်သည်။

"ဒါပေမယ့် ဒီမုန့်တွေက အရသာရှိလွန်းတယ်၊ ဒါကြောင့် ဒီအဆာပြေမုန့်တွေက ချန်ပီယံဖြစ်ဖို့ အရည်အချင်းရှိတယ်လို့ ခံစားရတယ်၊ ဒီသခွားသီးနဲ့ ပြောင်းဖူးတွေကို ဘယ်လိုမျိုးစိုက်ပျိုးရမလဲဆိုတာ ပြောပြပေးလို့ အဆင်ပြေမလား"

"ဒါက"

လီထိုက်ကန်းမှာ အဆင်မပြေသလိုခံစားလိုက်ရသည်။ ဒိုင်လူကြီးများက သူ့ကို ပထမပေးချင်နေသည့်ပုံပင်။ သူ့မှာ ရယ်ရခက်ငိုရခက်ပင်။ အကြောင်းအရင်းမှာ ထိုမုန့်နှစ်မျိုးလုံးက သူနှင့်လုံးဝမသက်ဆိုင်

သောကြောင့်ပင်။ ထိုနှစ်မျိုးလုံးကို ရွှီဖန်းမှ စိုက်ပျိုးထားခြင်းဖြစ်သည်။

"ဘာဖြစ်လို့လဲ၊ အဲ့ဒီစိုက်ပျိုးရေးနည်းပညာကို လျို့ဝှက်ထားဖို့ လိုလို့များလား"

လီထိုက်ကန်းမှ စကားပြောရန် တုံ့ဆိုင်းနေသည်ကို မြင်သည့်အခါ ထိုစိုက်ပျိုးရေးနည်းပညာသည် လူအများကို ထုတ်ပြလို့မရသည့် လျို့ဝှက်နည်းဖြစ်

လိမ့်မည်ဟု ဒိုင်လူကြီးများက ယူဆသွားကြသည်။ 

"အိုး..."

လီထိုက်ကန်းသည် ရှက်ကိုးရှက်ကန်းဖြင့် ရွှီဖန်းကို ကြည့်လိုက်မိသည်။ ရွှီဖန်းမှ ခေါင်းညိတ်ပြလာသည့်အခါ သူ ပြောလိုက်သည်။

"ဟုတ်ကဲ့ မှန်ပါတယ်၊ ဒီပါဝင်ပစ္စည်းနှစ်မျိုးကို နိုင်ငံခြားနည်းပညာနဲ့ပေါင်းစပ်ပြီးစိုက်ပျိုးထားတာ၊ စီးပွားရေးလောကပြဿနာတချို့ကြောင့် လူသိထင်ရှားထုတ်ပြလို့မရလို့ပါ"

အရှေ့ဆုံးမှ ဒိုင်လူကြီးက နားလည်ကြောင်း ခေါင်းညိတ်လာသည်။ နောက်တစ်ခုက ဒီကိုလာသည့် လူအများစုသည် လယ်ယာစိုက်ပျိုးရေးနယ်ပယ်မှ ဖြစ်သည်။ သူတို့ပါ လိုက်နားထောင်ပါက လီထိုက်ကန်းအတွက် များစွာ ဆုံးရှုံးရလိမ့်မည်။ 

"လီထိုက်ကန်း ဂုဏ်ယူပါတယ်၊ ဒီလယ်ယာထွက်ကုန်

ဖလှယ်ပွဲမှာ ချန်ပီယံက မင်းပဲလို့ ကြိုပြောထားပါရစေ၊ ဆုတက်ယူဖို့ ကျေးဇူးတင်စကားကို ကြိုတင်

ပြင်ဆင်ထားလိုက်ပါ"

"အဟွတ် အဟွတ်! ဒါဆို အချိန်ကျလာရင် အဲ့ဒီမုန့်နှစ်မျိုးကို ဘယ်မှာ လာစားလို့ရမလဲ ပြောပြပေးလို့ရမလား"

လီထိုက်ကန်းမှာ မျက်ရည်ပါကျမတတ်ပင်။ ဖာ့ခ်! ဒါ အံ့သြစရာကြီး မဟုတ်လား။

"ဒါက မတရားဘူး! သူက ဘာလို့ ပထမရသွားရတာလဲ"

သူ၏ပထမနေရာကို လီထိုက်ကန်းအား ပေးခဲ့တာကြောင့် မာစန်းထင်သည် ဒိုင်လူကြီးများအား ဒေါသတကြီးအော်ဟောက်လာသည်။ 

မာစန်းထင်မှ အခုလို ရိုင်းရိုင်းစိုင်းစိုင်းပြုမူလာသည့်

အခါ အရှေ့မှဒိုင်လူကြီး၏ မျက်နှာက မဲမှောင်သွားခဲ့သည်။ သူ နှာမှုတ်လိုက်ကာ...

"အိုး မင်းက ဒိုင်လူကြီးရဲ့ ဆုံဖြတ်ချက်ကို သံသယဝင်နေတာလား"

"ဟမ့်! ငါတို့က မင်းကို အနိုင်ကျင့်တယ်လို့ မပြောခင်မှာ သူတို့ကို ဘာလို့ ပထမ မပေးသင့်လဲဆိုတဲ့ အကြောင်းကို ပြောစမ်းပါ"

********************

All Chapters