← Chapters

ဘာကြောင့်လဲ

Vol. 12 Ch. 179

ဘာကြောင့်လဲ

Vol. 12 Ch. 179

"ဘာကြောင့်လဲ"

မာစန်းထင်သည် ခေတ္တစဥ်းစားပြီးနောက်မှာ ပြန်ပြောလိုက်သည်။ 

"အဲ့ဒီလို ချာတူးလံနေတဲ့ သားဖွားစက်က ကျုပ်ရဲ့စက်ကို ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ၊ ခင်ဗျားတို့က သခွားသီး၊ ပြောင်းဖူးနဲ့လုပ်ထားတဲ့ ကိတ်လေးတွေကြောင့် ပထမဆုကို ဒီအတိုင်းပဲ ပေးပစ်လိုက်

တယ်ပေါ့၊ ခင်ဗျားတို့အားလုံး ကျုပ်အပေါ် အခွင့်ကောင်းယူနေကြတာပဲ"

"ဟားဟား"

မာစန်းထင်သည် သူတို့အား သံသယဝင်နေတုန်း ဖြစ်တာကြောင့် ရှေ့ဆုံးမှ ဒိုင်လူကြီးက ရယ်မောလာသည်။ 

"မာစန်းထင် ငါတို့က မုန့်စားရင်းနဲ့ သူစိုက်ပျိုးထားတဲ့အသီးအနှံတွေ ကောင်း၊ မကောင်းပါ တစ်ခါတည်း အကဲဖြတ်ခဲ့ကြတာ၊ ဒါ့အပြင် သခွားသီးနဲ့ ပြောင်းဖူးလည်း လက်ယာထွက်ကုန်ပဲလေ၊ သူတို့က ဘာကြောင့် ပထမမယူနိုင်ရမှာလဲ"

"တစ်ဖက်မှာ မင်းကတော့ အဝတ်အစားလှစ်ဖော်ထားတဲ့ အမျိုးသမီးတွေကို ဒီခန်းမထဲ ခေါ်လာခဲ့တယ်၊ အဲ့ဒါက ဘယ်လောက် အောက်တန်းကျတဲ့လုပ်ရပ်ဆိုတာ မင်းသိရဲ့လား၊ ဒီတစ်ချက်နဲ့တင် မင်းကို အနိုင်မပေးဖို့ ငါ့ရဲ့ အခွင့်အာဏာကို သုံးလို့ရတယ်ဆိုတာ မင်းသိထားလိုက်ပါ"

ဒိုင်လူကြီးက သူတို့အစား အမှန်တရားဘက်မှာ ရပ်တည်ပေးလာသည်။ လီထိုက်ကန်းသည် အဆူအငေါက်ခံနေရသော မာစန်းထင်အား ကြည့်ကာ သူ့သွေးများ ဆူပွက်လာတော့သည်။ သူလည်း အော်ပြောလိုက်သည်။

"ဟုတ်တယ်၊ ဒီလိုမျိုး လတ်ဆတ်ပြီးကောင်းမွန်တဲ့ ကောက်ပဲသီးနှံတွေကရော ဆုရဖို့ မထိုက်တန်လို့လား!"

"မင်း! လီထိုက်ကန်း! မင်းအဖေငါက ဒီကိစ္စကို မှတ်ထားပြမယ်!"

မာစန်းထင်သည် ဒေါသထွက်နေသော်လည်း သူဆက်ပြီး ငြင်းခုံနေပါက ဒိုင်လူကြီးများကို အပြစ်ပြုမိတော့မည်ဆိုတာကို နားလည်သေး၏။ သူ၏ ယခင်

အတွေ့အကြုံများအရ ဤဒိုင်လူကြီး၏ တော်ရုံမဟုတ်ဘဲ လူတွေ အပြစ်မပြုရဲသည့် နောက်ခံရှိသူဖြစ်သည်။ 

ဒီဆုံးရှုံးမှုအား သူ မြိုချရုံသာ တတ်နိုင်ခဲ့သည်။ 

ဒိုင်လူကြီးသည် သူ၏ မပျော်ရွှင်သော မျက်နှာအား ကြည့်၍ မေးလာသည်။

"ကောင်းပြီ၊ ငါတော့ ရှင်းပြပြီးပြီ၊ မာစန်းထင် မင်းမှာ ငါတို့ဆုံးဖြတ်ချက်ကို ကန့်ကွက်ချင်တာ ရှိလား"

"မရှိပါဘူး"

မာစန်းထင်မှာ ဒေါသကြောင့် အသက်ရှူပါကြပ်လာသည်။ အခုလိုမျိုး ဖိနှိပ်နေတာကို ကန့်ကွက်ကြောင်း ဘယ်လိုလုပ် ပြောရဲမည်နည်း။ 

ယခင်က ညစ်ပတ်ယုတ်မာသော မာစန်းထင်သည် ယခု ဒေါသကို ထိန်းထားရကာ မြေးလေးကဲ့သို့ ငြိမ်နေရသည်။ အတွင်းရေးမှူးနှင့် ချိုးဆုအာသည် ဘေးမှာနေ၍ ပါးစပ်များ အုပ်ကာ တိတ်တခိုးရယ်နေကြသည်။

"ဒိုင်လူကြီးခင်ဗျ၊ ကျွန်တော့်မှာ ပြောစရာရှိပါတယ်"

ရွှီဖန်း၏ အကူအညီကြောင့် သူ ဒီနေ့ ပထမမရလျှင်ပင် ပျော်ရွှင်ရသည်ဟု လီထိုက်ကန်းခံစားရသည်။ 

ဒိုင်လူကြီးတချို့ ထွက်သွားတော့မည့်အချိန် လီထိုက်ကန်းမှာ ပြောစရာရှိသေးကြောင်း သတိထားမိသည်နှင့် ရပ်လိုက်ကြသည်။ 

"ဟမ် ဘာပြောစရာရှိလို့လဲ"

လီထိုက်ကန်းက ရွှီဖန်းအား ကြည့်ကာဖြင့်....

"ဒိုင်လူကြီးခင်ဗျ၊ တစ်ကယ်တော့ သခွားသီးနဲ့ပြောင်းဖူးကို ကျွန်တော်စိုက်ထားတာမဟုတ်ရပါဘူး၊ ဒီက ကျွန်တော့်ညီလေး ရွှီဖန်း စိုက်ထားတာပဲ၊ သူ့ကို ကြည့်ရင်တော့တာ ငယ်ရွယ်တာ၊ ဒါပေမယ့် သူစိုက်ထားတာအမှန်ပဲလို့ ကျွန်တော် ကျိန်ဆိုပါတယ်"

"ဘာ!"

လီထိုက်ကန်း၏ ဝန်ခံချက်ကို ကြားသည့်အခါ အနီးအနားရှိ လူအုပ်ကြီးသည် ထိတ်လန့်တကြား အော်လာကြသည်။

ဒီကိစ္စနောက်မှာ သခွားသီးနှင့် ပြောင်းဖူးကို စိုက်ပျိုးသည့်လူက သက်သက်ရှိနေခဲ့သည်။ လူတိုင်းကို ပို၍ အံ့သြစေသည်က ထိုလူမှာ ရွှီဖန်းဖြစ်နေခြင်းပင်။ 

ရွှီဖန်းသည် အသက်၂၀ကျော်ကျော်သာ ရှိဦးမည်ဖြစ်သော်လည်း အခုလို ကောင်းမွန်သည့် အသီးအနှံများကို စိုက်ပျိုးနိုင်လေပြီ။ နှစ်အနည်းငယ်ကြာ၍ အတွေ့အကြုံများ ပိုရလျှင် ကောင်းကင်ဘုံကိုတောင် တက်သွားမည်လားမသိနိုင်ပေ။ 

လီထိုက်ကန်းသည် ဆုငွေယွမ်၂သိန်းကို စွန့်ကာ ရွှီဖန်းအတွက် ရပ်တည်လာတာကြောင့် သူ၏ သတ္တိကိုလည်း သဘောကျသွားကြသည်။ 

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

လီထိုက်ကန်း၏ ဝန်ခံချက်ကို ကြားသည်နှင့် လင်းချီ အံ့အားသင့်သွားရသည်။ သူနှင့်ရွှီဖန်းကြား ကွာဟမှုက သိပ်မရှိဟု သူထင်ခဲ့သည်။ ရွှီဖန်းက သူ့လောက် မတော်ဘူးဟုပင် မှတ်ယူခဲ့သည်။ 

သူ ဒီဘဝတော့ ရွှီဖန်းနှင့် ယှဥ်နိုင်တော့မည် မဟုတ်

ပေ။ ဘေးမှာရပ်နေသည့် ကျန်းယန်ကလည်း ရွှီဖန်းအား မတူကွဲပြားသည့်အကြည့်ဖြင့် ကြည့်နေသည်။

ကျန်းယန်သည် သူမနှင့်ရွှီဖန်းကြားရှိ အကွာအဝေးက ပို၍ ပို၍ တိုးလာသည်ဟု ခံစားလိုက်ရသည်။ ရွှီဖန်းသည် ယခင်က သူမတွေ့ခဲ့သည့် တက္ကသိုလ်

ကျောင်းသားအရွယ် ကောင်လေး မဟုတ်တော့ပေ။

"ဒိုင်လူကြီး အဲ့ဒါကို ကြားတယ်မလား၊ အဲ့ဒါ သူ့အပိုင်မဟုတ်ဘူး! သူလှည့်စားခဲ့တာပဲ! ပထမနေရာက သူ့အတွက် မဖြစ်သင့်တော့ဘူးမလား"

မာစန်းထင်၏ အမြင်အရ လီထိုက်ကန်းသည် ဉာဏ်နုံ့ခြင်းပင်။ ယွမ်နှစ်သိန်းကို လက်လျှော့ပြီး သူ့ညီအစ်ကိုကို စင်တင်ပေးလိုက်သေး၏။ ရူးနေတာ မဟုတ်ဘူးလား။

ဒိုင်လူကြီးက အပြုံးဖြင့် ခေါင်းညိတ်ကာ ပြောလာသည်။

"အမှန်ပဲ၊ စည်းမျဥ်းတွေအရ သီးနှံတွေကို သူစိုက်ပျိုးထားတာ မဟုတ်လို့ ပထမနေရာက သူ့အပိုင် မဟုတ်တော့ဘူး"

"ဒါပေမယ့် အဲ့ဒီဆုက မင်းနဲ့ မသက်ဆိုင်တုန်းပဲ"

ဒိုင်လူကြီးသည် ရည်ရွယ်ချက်ရှိစွာ ထုတ်ပြောပြီး မာစန်းထင်နှင့်ပါ မသက်ဆိုင်ကြောင်း အသိပေးလာသည်။ မာစန်းထင်၏မျက်နှာက မျှော်လင့်ချက်

ကြောင့် နီမြန်းလာသည်ကို လူအများက တွေ့ခဲ့ရသည်။ ဒါကြောင့်လည်း ရယ်စရာကောင်းသည်ဟု ခံစားရကာ ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။

ဒိုင်လူကြီးကို စော်ကားခဲ့သော မာစန်းထင်၏ အပြုအမူများကြောင့် သူ့ထုတ်ကုန် ဘယ်လောက်ပဲ ကောင်းနေပါစေ၊ ထိပ်ဆုံးသုံးယောက်ထဲ မပါနိုင်တော့ဘူးဟု လူတိုင်း ခံစားရသည်။

"ကလေး မင်းက ရွှီဖန်းဟုတ်လား၊ သခွားသီးနဲ့ ပြောင်းဖူးကို မင်းစိုက်တာ သေချာလား"

ဒိုင်လူကြီး၏ အမေးကြောင့် ရွှီဖန်းမှာ ရယ်ရခက် ငိုရခက်ပင်။ 'အစ်ကိုထိုက်ကန်းကတော့ ဒုက္ခသပ်သပ်ရှာပြန်ပြီ'ဟု သူ့ကိုယ်သူ တွေးမိသည်။

ရွှီဖန်း ခေါင်းညိတ်လိုက်ကာ

"ဟုတ်တယ်၊ ကျွန်တော် ဒီနှစ်မျိုးကို စိုက်ပျိုးခဲ့တာဖြစ်ပြီး သီးနှံအမြောက်အမြားလည်း ရိတ်သိမ်းနိုင်ပါတယ်၊ ဒီလို ကောင်းမွန်တဲ့သီးနှံတွေ စိုက်ပျိုးနိုင်ဖို့အတွက် အစ်ကိုထိုက်ကန်းကလည်း အများကြီး အကူအညီပေးခဲ့တယ်"

ပထမဆုက သူ့အတွက်ဖြစ်လာသော်လည်း ရွှီဖန်းသည် လီထိုက်ကန်းကိုပါ ဆွဲထည့်ရန်မမေ့ပေ။ ပြီးတော့ လီထိုက်ကန်းသာ သူ့ကို မဆွဲခေါ်ပေးခဲ့လျှင် သူ့အတွက် အခုလို ပထမဆုရရန် မဖြစ်နိုင်ချေ။

ဒိုင်လူကြီးများသည် ထိုကောက်ပဲသီးနှံများ အမြောက်အမြား ရိတ်သိမ်းနိုင်သည်ကို ကြားသည့်

အခါ မျက်လုံးများ အရောင်တောက်သွားတော့သည်။

သူတို့ ရွှီဖန်း၏ မုန့်များကို နှစ်သက်ကြပေသည်။ သူတို့ ယခင်က နာမည်ကြီး ပုစွန်ထုပ်ကြီးကိုပင် စားဖူးခဲ့ကြသော်လည်း အကြောင်းအရင်းတချို့ကြောင့် ရွှီဖန်း၏ မုန့်များက ပို၍ အရသာရှိသည်ဟု ခံစားရသည်။

"ကလေး ငါတို့ မင်းကို မေးရလိမ့်မယ်၊ အလုပ်ကိစ္စဆွေးနွေးမှာတော့မဟုတ်ပါဘူး၊ ဒီအတိုင်း မေးခွန်းတစ်ခုမေးရုံပါပဲ"

"အဲ့ဒီသီးနှံတွေကို ဘယ်လိုရောင်းမှာလဲ"

"ဒါက.."

ဒီလောဘကြီးသော ကြောင်အိုကြီးများကြောင့် ရွှီဖန်းမှာ ပြောစရာပင် ပျောက်ရှသွားရသည်။ အခု လူတွေအများကြီး ကြည့်နေကြတာကို ခင်ဗျားတို့ ပုံရိပ်လေးတောင် မထိန်းနိုင်ကြတော့ဘူးလား။

ချင်းလန်နှင့် သူက ပူးပေါင်းဆောင်ရွက်နေတာကြောင့် သူမကိုကျော်၍ ဒီပါဝင်ပစ္စည်းများကို တခြားသူထံ ရောင်းချမည်မဟုတ်ပေ။

"ဒီလိုအစားအစာမျိုးကို ထပ်ပြီး မြည်းစမ်းချင်

တယ်ဆိုရင် ကျွန်တော်တို့ ခရိုင်က ဟွားမန်ရှင်းဟိုတယ်ကို လာနိုင်ပါတယ်၊ အဲ့ဒီအခါကျ တချို့ကိုလည်း ပြောပြပေးနိုင်ပါတယ်"

"ဟမ် တစ်ကယ်လား!"

ရွှီဖန်း ပြုံးကာ ခေါင်းညိတ်လိုက်သည်။ ချင်းလန်၏ ဆိုင်ခွဲအတွက် အခုလို ကြော်ညာရန်လည်း လိုအပ်ပေသည်။ ဒါကြောင့် ရွှီဖန်းသည် ဟွားမန်ရှင်းဟိုတယ်၏ အရောင်းမြှင့်တင်နိုင်ရေးအတွက် ကြိုးစားလိုက်သည်။ ဤလူများထဲ၌ ဆင်းရဲသည့်လူတစ်ယောက်မှ မပါချေ။ အချိုပွဲစားသုံးစဥ်က ဒိုင်လူကြီးများ၏ မူးဝေနေခဲ့သော အပြုအမူများကြောင့် အားလုံးကလည်း 

ရွှီဖန်းစိုက်ပျိုးထားသော ပါဝင်ပစ္စည်းများ၏ အစွမ်းကို သိချင်နေကြသည်။

********************

All Chapters