← Chapters

လယ်ယာထွက်ကုန်များ ဖလှယ်ခြင်း

Vol. 12 Ch. 174

လယ်ယာထွက်ကုန်များ ဖလှယ်ခြင်း

Vol. 12 Ch. 174

အိမ်မှာနေပြီးသိပ်မကြာခင်မှာပင် လီထိုက်ကန်းက ရွှီဖန်းအား ဖုန်းခေါ်လာသည်။ ထို့နောက် လယ်ယာထွက်ကုန်များဖလှယ်ပွဲကို တက်ရောက်ရန်အတွက် ခရိုင်ကို တက်လာခိုင်းသည်။

ရွှီဖန်း ဇဝေဇဝါ ဖြစ်သွားရသည်။ လယ်ယာထွက်ကုန်များဖလှယ်ပွဲကို သူ မသိ၍မဟုတ်ဘဲ သူဟာ လူမသိသူမသိ အသစ်လေးဖြစ်တာကြောင့် ဒီလိုပွဲမျိုးမှာ ဘယ်လိုလုပ် ပါဝင်ဆင်နွှဲနိုင်မည်နည်း။

လီထိုက်ကန်းကို မေးမြန်းပြီးနောက်မှာ ချင်းလန်က သူ့အတွက် ဒီအခွင့်အရေးကို ပေးခဲ့တာမှန်း သိလိုက်ရသည်။ 

အခုအချိန် ချင်းလန်သည် ဟွားမန်ရှင်းဆိုင်ခွဲကို ဖွင့်ရန်အတွက် အလုပ်များနေရပြီး ထိုပွဲ၌ ပါဝင်ရန်အချိန်မရှိပေ။ ခဏတာစဥ်းစားခဲ့ပြီးနောက်မှာ ရွှီဖန်းအား သူမ သတိရခဲ့သည်။ ထိုပွဲ၌ မျက်နှာမပြလို့ကလည်း မကောင်းတာကြောင့် တစ်ပါးသူကို အခွင့်အရေးပေးမည့်အစား ရွှီဖန်းကို ပေးလိုက်တာက ပိုကောင်းသည်ဟု သူမ ခံစားခဲ့ရသည်။

ချင်းလန်၏ အကြံက မမှားဘူးဟု လီထိုက်ကန်းကလည်း ထင်သည်။ ရွှီဖန်းသည် သူမနှင့် ခိုင်မာသော ဆက်ဆံရေးရှိတာကြောင့် သဘာဝကျစွာ သူ့ကို ဦးစားပေးရမည်ပင်။

ရွှီဖန်းသည်လည်း ရွာတွင် အသီးအနှံ မြောက်မြားစွာ စိုက်ပျိုးထားတာကြောင့် ပြဿနာမဟုတ်ပေ။ သူသာ ထင်ပေါ်ကျော်ကြားလာလျှင် ဟွားမန်ရှင်း၏ စီးပွားရေးလည်း ပိုကောင်းလာလိမ့်မည်ဟု သူထင်သည်။ ဒါကြောင့် သူ မဆိုင်းမတွပင် သဘောတူလိုက်သည်။ 

လီထိုက်ကန်း၏ ဖုန်းကို ချပြီးနောက် ရွှီဖန်းသည် ချိုးဆုအာကို ဖုန်းခေါ်လိုက်သည်။ တချို့အရာတွေကို ပြင်ဆင်ခိုင်းပြီးနောက်မှာ သူတို့နှစ်ယောက် ခရိုင်သို့ မောင်းနှင်လာခဲ့သည်။ မကြာခင်မှာပင် လီထိုက်ကန်း၏ ကုမ္ပဏီသို့ ရောက်ရှိလာသည်။ 

လီထိုက်ကန်းနှင့် သူ့အတွင်းရေးမှူးက အောက်ထပ်မှာ အဆင်သင့်စောင့်နေကြသည်။ တစ်ယောက်ကိုတစ်ယောက် နွေးထွေးစွာ နှုတ်ဆက်ကြပြီးနောက် လီထိုက်ကန်း၏အကြည့်က ရွှီဖန်းလက်ထဲမှ အရာဝတ္ထုအပေါ် ကျရောက်လာသည်။

"ဟမ်"

"ရွှီဖန်း ဘာတွေ ကိုင်ထားတာလဲ"

"အိုး...အစ်ကိုထိုက်ကန်းပဲ လယ်ယာထွက်ကုန်ဖလှယ်ပွဲလို့ ပြောခဲ့တာမလား၊ ကျွန်တော့်မှာ ယူပြစရာမရှိဘူး၊ ဒါကြောင့် ကျွန်တော်နဲ့ အတူတူကြီးပြင်းလာတဲ့တချို့ကို ယူပြီး သူတို့နဲ့ အဆက်အသွယ်လုပ်မလို့"

"ဒါက...."

လီထိုက်ကန်း ပြုံးလိုက်မိသည်။ ရွှီဖန်းကို ရှင်းရှင်းလင်းလင်းမပြောပြခဲ့မိတာ သူ့အမှားပင်။ ယခုတစ်ကြိမ် လယ်ယာထွက်ကုန်ဖလှယ်ပွဲသည် အလွန်

အဆင့်မြင့်သည့်ပွဲဖြစ်သည်။ တခြားလူများအကုန်လုံးက တန်ဖိုးကြီးအရာတွေကြီး သယ်ဆောင်လာကြမှာဖြစ်သည်။ 

ထိုအိတ်ထဲမှတဆင့် ရွှီဖန်းသည် သာမန်လယ်သမားများ စိုက်ပျိုးနိုင်သော အသီးအရွက်များသာ ယူဆောင်လာကြောင်းကို သူ မြင်နိုင်ခဲ့ရသည်။ ပွဲမှာ တောက်ပဖို့အတွက် ခဲယဥ်းလိမ့်မည်။

သို့သော် လီထိုက်ကန်းသည် ရှင်းရှင်းလင်းလင်း မပြောပြတော့ပေ။ ရွှီဖန်း၏မာန ထိခိုက်သွားမှာကို သူ မမြင်ချင်ပေ။ ပိုအရေးကြီးသည်က ယခုတစ်ကြိမ်၌ ရွှီဖန်းသည် ပထမဆုံးအကြိမ် တက်ရောက်တာ ဖြစ်သည်။ ဒါကြောင့် အဓိကရည်ရွယ်ချက်က အတွေ့အကြုံများ စုဆောင်းရန်ပင်ဖြစ်သည်။

"ကောင်းပြီ၊ အချိန်မဖြုန်းတော့ဘဲ သွားကြရအောင်"

လီထိုက်ကန်းသည် ကားနောက်ခန်းမှာ ပစ္စည်းများထည့်ရန်ပြောပြီးနောက် သူ့အတွင်းရေးမှူးကို ခေါ်ကာ ကားထဲဝင်၏။ 

"ကောင်းပြီ ရွှီဖန်း ငါတို့အခု ထွက်လို့ရပြီ"

ခဏကြာတော့ ကားနှစ်စီးထွက်သွားခဲ့သည်။ 

ခရိုင်မှ ပြည်နယ်သို့ ခရီးလမ်းက ရှည်လျားသည်။ အနည်းဆုံး လေးနာရီမှ ငါးနာရီအထိ ကြာပေသည်။ 

ရွှီဖန်း၏ ဘေးနားတွင် ရှိသော ချိုးဆုအာသည် နည်းနည်းတော့ ထိတ်လန့်နေခဲ့သည်။ သူမသည် ပြည်နယ်သို့ လာရန် အခွင့်အရေးများစွာမရှိခဲ့ဘဲ အခုဆိုလျှင် အရေးကြီးတွေ့ဆုံပွဲအတွက် ရွှီဖန်းနှင့်အတူ သွားနေရသည်။ 

သူမစိုးရိမ်နေတာကို မြင်တော့ ရွှီဖန်းသည် သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ 

"မကြောက်ပါနဲ့ အစ်မဆုအာ၊ အကုန်လုံး ကျွန်တော့်လက်ထဲ အပ်ထားလိုက်ပါ"

ထို့နောက် ရွှီဖန်းသည် ချိုးဆုအာ၏ပါးပြင်အား မနမ်းဘဲ မနေနိုင်ခဲ့ပေ။ ချိုးဆုအာ မျက်မှောင်ကြုတ်လိုက်သည်။ ရွှီဖန်းက နည်းနည်းတော့ မဆင်မခြင်ရာကျပေသည်။ တခြားလူများ မြင်သွားလျှင် ဘယ်လိုလုပ်မည်နည်း။

မကြာခင်မှာပင် သူတို့လေးယောက်စလုံး လယ်ယာထွက်ကုန်ဖလှယ်ပွဲခန်းမသို့ ရောက်ရှိလာသည်။ ကားပေါ်က ဆင်းပြီးနောက် လီထိုက်ကန်းက ဖုန်းခေါ်လေသည်။ သိပ်မကြာခင်မှာ ဝန်ထမ်းအနည်းငယ်က ခန်းမထဲမှ ထွက်လာကြသည်။ 

"မင်္ဂလာပါ၊ လူကြီးမင်းက မစ္စတာလီထိုက်ကန်း ဟုတ်မဟုတ် မေးလို့ရမလားဗျ"

လီထိုက်ကန်းက ခေါင်းညိတ်သည်။

"ဟုတ်တယ်၊ အခု ဝင်လို့ရပြီလား"

ဝန်ထမ်းက ခေါင်းညိတ်လျက်

"ဟုတ်ကဲ့ အခု ဝင်လို့ရပါပြီ၊ မစ္စတာရဲ့ ပြပွဲပစ္စည်းတွေက ဘယ်မှာလဲခင်ဗျ၊ ကျွန်တော်တို့ဘက်က ယူဆောင်သွားပေးရမလားခင်ဗျ"

လီထိုက်ကန်းက ကားနောက်ဖုံးကို ဖွင့်၍ 

"ဒါတွေ အကုန် ယူသွားလိုက်ပါ"

ဝန်ထမ်းအနည်းငယ်က ကားထဲမှ ပစ္စည်းများကို မြင်သည့်အခါ ရွှေ့ရန်အတွက် ပြင်ဆင်ကြလေသည်။ 

လီထိုက်ကန်းက စိုးရိမ်တကြီးကြည့်နေ၏။ ခရိုင်ကနေ ပြည်နယ်သို့ လာရသည့် အချိန်က အတော်ကြာခဲ့တာကြောင့် ပြပွဲအများစုက စနေလောက်ပြီဖြစ်သည်။ သူတို့ အထဲကို မဝင်ခင်မှာ ဝန်ထမ်းတွေ ပစ္စည်းရွှေ့ပြီးအောင်အထိ မစောင့်နေချင်ပေ။

"ညီလေး ပစ္စည်းတွေရွှေ့ပြီးရင် ပြန်ပိတ်ပေးဖို့ မင်းတို့ကိုပဲ ဒုက္ခပေးရတော့မယ်"

"ရပါတယ်၊ အရင် ဝင်နှင့်ပါ"

"ကောင်းပြီ၊ ရွှီဖန်း ငါတို့သွားကြမယ်"

လီထိုက်ကန်းက သူတို့အား ခန်းမထဲသို့ ခေါ်

ဆောင်သွားခဲ့သည်။ ရွှီဖန်းသည် လယ်ယာထွက်ကုန်ဖလှယ်ပွဲအကြောင်း သိထားသော်လည်း လက်တွေ့ကြုံခဲ့ဖူးခြင်းတော့မရှိပေ။ 

လုံခြုံရေးကို ကျော်ဖြတ်ပြီးနောက်မှာ ရွှီဖန်းမေးလိုက်သည်။

"အစ်ကိုထိုက်ကန်း လယ်ယာထွက်ကုန်ဖလှယ်ပွဲက ဘယ်လိုမျိုးလဲ၊ ကျွန်တော် သေချာမသိသေးဘူး"

လီထိုက်ကန်းက ပြုံး၍ ခေါင်းညိတ်လာသည်။ ရွှီဖန်းအား သေသေချာချာမရှင်းပြခဲ့ခြင်းမှာ သူ့အမှားပင်။

"ဒီလယ်ယာထွက်ကုန်ဖလှယ်ပွဲကို ငါတို့ပြည်နယ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပတာလေ၊ နာမည်ကြီး စိုက်ပျိုးရေးပညာရှင်တွေကို ဖိတ်ကြားထားပြီး အကုန်လုံးကလည်း သူတို့ရဲ့ထွက်ကုန်တွေကို ယူလာကြမှာ၊ ပထမတစ်ကြိမ်ကတော့ တစ်ဦးနဲ့တစ်ဦး နှုတ်ဆက်စကားပြောပြီး ဒုတိယတစ်ကြိမ်ကျရင်တော့ ရင်းနှီးလာကြတာပေါ့"

ရွှီဖန်း ခေါင်းညိတ်လိုက်ကာ ခန်းမထဲသို့ ကြည့်လိုက်သည်။ စိုက်ပျိုးရေးပညာရှင်အားလုံးနီးပါး ရောက်နေလေပြီ။ ခန်းမထဲ၌လည်း စားပွဲအမြောက်အများရှိပေသည်။ ခင်းကျင်းပြသထားသော စားပွဲများပေါ်၌ လယ်ယာထွက်ကုန်များ၊ လယ်ယာသုံး စက်ယန္တရားများနှင့် တခြားထုတ်ကုန်များကို ပြသထားကြသည်။

ထိုထဲကမှ အများစုကို ရွှီဖန်း ပထမဦးဆုံးမြင်ဖူးတာပင်။ တချို့ထွက်ကုန်တွေဆို မြင်တောင်မမြင်ဖူးလို့ နာမည်တောင် မသိပေ။ 

ရှုပ်ထွေးနေသော လေထုကြီးအား ခံစားရင်း ရွှီဖန်း သူ့ကိုယ်သူပြောမိသည်။

"လီထိုက်ကန်းနဲ့ လာခဲ့ရတဲ့ ခရီးစဥ်က ကောင်းသားပဲ၊ အနည်းဆုံးတော့ အတွေ့အကြုံအများကြီးရနိုင်တယ်"

"ရွှီဖန်း သွားကြရအောင်၊ တခြားလူတွေနဲ့ မိတ်ဆက်ပေးမယ်၊ ဒါမှ လူတွေနဲ့ ပိုရင်းနှီးလာမှာ"

ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ သူ လီထိုက်ကန်းနှင့် အတူ လိုက်သွားရင်း တခြား စိုက်ပျိုးရေးပညာရှင်များနှင့် သိကျွမ်းရပါက အနာဂါတ်တွင် သူ့အတွက် ကောင်းမွန်သော အရာဖြစ်လာလိမ့်မည်။

"ကောင်းပါပြီ၊ အစ်ကိုထိုက်ကန်း ကျေးဇူးတင်ပါတယ်"

ရိုးရိုးသားသားပြောရလျှင် ရွှီဖန်းလည်း အနည်းငယ် ထိတ်လန့်နေမိသည်။ လီထိုက်ကန်းကလည်း ပေါ့ပေါ့ပါးပါး ပြုမူနေသော်ငြား သူ့အတွက်ပင်ဖြစ်

လိမ့်မည်။ 

"မစ္စတာလီ ကျွန်တော်တို့ ဒါတွေကို ယာယီပြပွဲရုံထဲ သွားထားလိုက်ပါ့မယ်"

ထိုအချိန် လီထိုက်ကန်း၏ ပစ္စည်းများကို ဝိုင်းသယ်ပေးသည့် ဝန်ထမ်းများလည်း အထဲကို ဝင်လာသည်။ လီထိုက်ကန်း၏ ယာယီပြပွဲရုံက ခရိုင်ကို ကိုယ်စားပြုပေသည်။ သူ့အတွင်းရေးမှူးက လီထိုက်ကန်းကို နှုတ်ဆက်၍ ချိုးဆုအာကိုခေါ်သွားကာ ယာယီပြပွဲရုံကို ခင်းကျင်းရန် ပြင်ဆင်လေသည်။ 

အမျိုးသမီးနှစ်ယောက်စလုံးထွက်သွားပြီးနောက်မှာ လီထိုက်ကန်း ရယ်မောလိုက်သည်။

"ရွှီဖန်း ငါတို့ နောက်ကျရင်တော့ ထိပ်ဆုံးကို သိမ်းပိုက်နိုင်မှာပါ"

***********************

All Chapters