ဗိုလ်ချုပ်ကြီးရှန့်ဝူ ပြန်လည်တက်ကြွလာခြင်း
Vol. 13 Ch. 195
"ရွှီဖန်း အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့၊ ငါက ဘာလို့ သခင်လေးဟိုင်ရဲ့ ကံကို ဖျက်ဆီးရမှာလဲ"
ရွှီဖန်းသည် အော်ဟစ်ရယ်ချင်စိတ်အား ဖိနှိပ်ထား၍ အလေးအနက်ပုံစံ ဟန်ဆောင်လိုက်သည်။
"တွေးကြည့်လေ သခင်လေးဟိုင်က ဒီတိုက်ပွဲအတွက် နတ်ဆိုးနီကို ရဖို့ ဘယ်လောက်တောင်မှ အကုန်ခံခဲ့ရလဲ၊ ဒီနေ့ ခင်ဗျားနဲ့လည်း တွေ့ရော နတ်ဆိုးနီက ကျွန်တော့်ကြက်ကို ရှုံးရော...ခင်ဗျားက သူ့ကံကို ဖျက်ဆီးတာ မဟုတ်လို့ ဘာလဲ"
လင်းရှောင်သည် ထိုစကားကိုကြားသည့်အခါ ရွှီဖန်း၏ မျက်နှာကို တံတွေးထွေး၍ အကြိမ်အနည်းငယ် ပါးရိုက်ချင်လာ၏။ ရွှီဖန်း၏ အမှားကို အမှန်လုပ်သည့် စွမ်းရည်က ပိုပိုကျွမ်းကျင်လာသည်။ သင်ပေးစရာတောင်မလိုပင်။ လင်းရှောင်မှာ ဒေါသထွက်လွန်း၍ အံကိုကြိတ်နေရသည်။
"ရွှီဖန်း ငါ့ခေါင်းအပေါ် လာပုံမချနဲ့၊ နတ်ဆိုးနီကို သတ်ခဲ့တဲ့သူက မင်းရဲ့ကြက်ပဲ!"
ရွှီဖန်းက သူ့ပုခုံးကို တွန့်လိုက်သည်။ သူ၏ ရုပ်
ဆိုးသော အပြုံးကို မြင်သည့်အခါ လင်းရှောင်သည် သူ့လူများအား ခေါ်ထုတ်ချင်လာသည်။ သို့သော် ဒီနေရာမှာ စွန်းဖုဟိုင်နှင့် ဟုန်ဖေးပါ ရှိနေတာကြောင့် သူမျက်နှာမပျက်ချင်သေးပေ။
သူ ဒေါသစိတ်အား တွန်းလှန်၍ စွန်းဖုဟိုင်အား...
"သခင်လေးဟိုင် ဒီကောင့်ရဲ့အရူးစကားတွေကို မယုံပါနဲ့၊ သူက ပါးစပ်နဲ့ပဲ လိုက်ပတ်နေတာ"
စွန်းဖုဟိုင်သည် လင်းရှောင်အား ထူးဆန်းသောအမူအရာဖြင့် ကြည့်လိုက်မိသည်။ ဒီလူသည် သူပထမဆုံးမြင်ခဲ့သည့်အချိန်နှင့် မတူတော့ပေ။ သူက ရွှီဖန်းကို မြင်လိုက်သည့်အချိန် လူနှစ်ယောက်ကြား၌ တစ်စုံတစ်ရာကိစ္စရှိနေသကဲ့သို့ သူမတူသော လူအဖြစ်ကို ပြောင်းလဲသွားခဲ့သည်။
တစ်ဖက်တွင် ရွှီဖန်းကတော့ သူတို့ပြဿနာတက်မှာကို မကြောက်ဘဲ ပြဇာတ်ကြည့်သလို ကြည့်နေ၏။
"လင်းရှောင် ဟန်မဆောင်နေနဲ့တော့၊ ခင်ဗျား ဘာလို့ သခင်လေးဟိုင်ကို ရွံမုန်းနေတာလဲ"
လင်းရှောင်၏မျက်နှာက ပို၍ အရုပ်ဆိုးလာသည်။ သူ ရွှီဖန်းအား ကျိန်ဆဲလိုက်မိသည်။
"ရွှီဖန်း မင်း ဒီလိုအမှိုက်စကားတွေ ဆက်ပြောနေမယ်ဆို ငါ မယဥ်ကျေးတော့ဘူးနော်"
ရွှီဖန်း ပြုံး၍ လက်ညှိုးကိုကွေးလိုက်သည်။
"လာလေ၊ ခင်ဗျား ကျွန်တော့်ကို ဘာလုပ်မှာလဲ၊ အနိုင်မရတိုင်း တိုက်ခိုက်တာက မဖြစ်သင့်ဘူး၊ ဆိုရိုးရှိသလိုပဲ ယောကျ်ားကောင်းတို့ မည်သည် စကားပြောဆိုရာ၌ လက်မပါတတ်တဲ့၊ တိုက်ခိုက်တာ မှားတဲ့ အပြုအမူနော်"
ဟုန်ဖေးလည်း ရယ်ချင်လာသည်။ သူ သခင်လေးဟိုင်နှင့် မျက်လုံးချင်း ဖလှယ်ကြည့်လိုက်တော့ သူတို့နှစ်ယောက်စလုံး သဘောထားကွဲလွဲမှုရှိနေမှန်း သိလိုက်ရသည်။ ဒါဟာ အတော်လေး စိတ်ဝင်စားဖို့ ကောင်းပေသည်။
"ကောင်းပြီ...ကောင်းပြီ"
လင်းရှောင်သည် ဆက်ပြီး ဆူငေါက်ချင်သော်လည်း စွန်းဖုဟိုင်က သူ့ကိုတားလာသည်။ သူတို့နှစ်
ယောက်ကြား သဘောထားကွဲလွဲမှုရှိနေတာကို သဘာဝကျစွာပင် သူမြင်နိုင်ခဲ့ပြီး လင်းရှောင်ကလည်း ရွှီဖန်းကို အနိုင်ရဖို့နေသာသာ မသေအောင်ပင် ရုန်းကန်နေသည်။ ဒါကြောင့် လင်းရှောင်၏ မျက်နှာ အနည်းငယ် အဖတ်ဆယ်နိုင်ရန် သူဝင်ပြောခဲ့သည်။
"ဘယ်လိုလဲ၊ ဟုန်ဖေး ငါတို့က မိတ်ဆွေတွေဆိုတော့ အတိတ်က ရန်ငြှိုးတွေအားလုံးကို ဖြေရှင်းလိုက်မယ်၊ ဒီည ငါ မင်းကို ဧည့်ခံမယ်၊ ဆိုင်ကို ရွေးလိုက် အဆင်ပြေတယ်မလား"
ဟုန်ဖေးလည်း ခေါင်းညိတ်ကာ သဘောတူခဲ့သည်။
"ကိစ္စမရှိပါဘူး၊ ဒါပေမယ့် မင်း ပိုက်ဆံမထုတ်သင့်
ဘူး၊ ဒီလိုလုပ်လိုက် ငါ ဧည့်ခံမယ်၊ မင်း ဆိုင်ရွေးလိုက်"
"ဟုန်ဖေး ဒါကို လုနေစရာမလိုပါဘူး၊ ငါက စပြီး အကြံပေးတဲ့လူပဲ၊ မင်း ငါ့စကားကို နားထောင်ရမယ်...ငါ ကျွေးမယ်"
စွန်းဖုဟိုင်မှ ဟုန်ဖေးအား ထမင်းစားဖိတ်နေသည့်အခါ လင်းရှောင် မျက်လုံးပြူးကျယ်သွားခဲ့သည်။ ရွှီဖန်းသည် ဒီနေ့အကူအညီများစွာ ပေးခဲ့တာကြောင့် ဟုန်ဖေးက သူ့ကိုပါ ခေါ်ဆောင်သွားလိမ့်မည်။
"သခင်လေးဟိုင်နဲ့ သခင်လေးဟုန်ရဲ့ ဆက်ဆံရေးက ဒီညစားသောက်ပွဲအပြီးမှာ ပြန်ပေါင်းစည်းကြမှာပဲ၊ မင်း မသွားချင်ရင် သွားဖို့မလိုပါဘူး"
သူပြောပြီးသည်နှင့် ရွှီဖန်းအား သူ အကြည့်တစ်
ချက်ပေးသွင်းလိုက်သည်။ သခင်လေးဟိုင်မှ ဘာမှမပြောလာခင် ရွှီဖန်းက အရင်စကားစလာလိမ့်မည်ဟု သူမထင်ခဲ့ပေ။
"မှန်တယ် မှန်တယ်...သခင်လေးဟိုင် ဒီည လင်းရှောင်က လိုက်စရာမလိုဘူးပဲ၊ သူက အပြင်လူဆိုတော့ သွားဖို့ မလိုအပ်ဘူး"
လင်းရှောင်မှာ ရုတ်ချည်းပင် စိုးရိမ်သွားခဲ့သည်။
"ရွှီဖန်း ငါ မင်းအကြောင်းကို ပြောနေတာ မကြားလို့လား၊ မင်း ဘာလို့ ဒီလောက်ထိ အရှက်မဲ့နေရတာလဲ၊ မင်းနဲ့ သခင်လေးဟုန်နဲ့က ဘယ်လိုဆက်ဆံရေးရှိလို့လဲ! မင်း ငါနဲ့ပဲ အတူ လိုက်စားသောက်သင့်တယ်"
ရွှီဖန်းက လုံးဝ လက်မလျှော့ပေ။
"ငါက ဘာလို့ အပြင်လူဖြစ်ရမှာလဲ၊ အစ်ကိုဟုန်ဖေးနဲ့ငါက သွေးသောက်ညီအစ်ကိုတွေဆိုတာ မသိဘူးလား၊ ဘာလဲ...မင်းက ငါနဲ့ အတူ စားချင်နေတာလား"
ဒါကိုကြားတော့ လင်းရှောင်သာမက စွန်းဖုဟိုင်ကပါ ဟုန်ဖေးကို အံ့အားသင့်စွာ ကြည့်လာသည်။ ရွှီဖန်းက မကျေမနပ်ဖြစ်၍ စကားနာထိုးနေသော်လည်း သူပြောတာတွေက မှန်ပေသည်။
တစ်ဖက်တွင် လင်းရှောင်သည် ရွှီဖန်းလို တောသားက သခင်လေးဟုန်လို လူနှင့် ဘယ်လိုတောင် သွေးသောက်ညီအစ်ကို ဖွဲ့နိုင်ခဲ့သလဲဆိုတာကို ခန့်မှန်း၍ မရခဲ့ချေ။
ဒါ့အပြင် ရွှီဖန်းက တစ်လုံးပြီးတစ်လုံး ပစ်သွင်းနေတာကြောင့် သူ့မှာ စကားပင် မပြန်နိုင်ခဲ့ချေ။ နောက်ဆုံးမှာ သူ့ကိုယ်သူ စွန်းဖုဟိုင်၏ သွေးသောက်ညီအစ်ကိုဟူ၍ ပြန်ချေပလို့လည်း မရနေပေ။ သူ ဘာပဲပြောပြော သူများထက် ခေါင်းနိမ့်နေလေပြီ။
"မဟုတ်ဘူး ရွှီဖန်း မင်းဘာလို့ ဒီလို ပြောရတာလဲ၊ စားသောက်ဖို့ဆိုတာက ဘာကိုဆိုလိုတာလဲ၊ ငါကဘာလို့ စားသောက်ရုံပဲ လုပ်ရမှာလဲ"
လင်းရှောင်သည် ခဏတာ စကားပျောက်ရှခဲ့ရတာကြောင့် အရှက်ကနေ ဒေါသအဖြစ်ကို ပြောင်းသွားသည်။ သူတို့ အစ်ကိုကြီး လှုပ်ရှားတော့မည်ကို မြင်သည်နှင့် နောက်က လက်ပါးစေများကလည်း ရွှီဖန်းအား စူးစိုက်ကြည့်လာကြသည်။
စွန်းဖုဟိုင် မျက်မှောင်ကြုတ်လိုက်မိသည်။ ခုနကတင် အတိုက်အခိုက်မလုပ်ကောင်းဟု ပြောခဲ့သေးသည်။ လင်းရှောင်က နားထိုင်းနေတာလား။
သို့သော် စွန်းဖုဟိုင် ဘာမှမပြောခင် တစ်စုံတစ်ခု၏ မကျေမနပ်အသံက အရင်ဆုံး ထွက်လာလေသည်။ ချိုးဆုအာ ပွေ့ထားသော ဗိုလ်ချုပ်ကြီးရှန့်ဝူထံမှ ဖြစ်သည်။ သူက တောင်ပံများကို မရင်း လင်းရှောင်း၏ ခေါင်းရှိရာသို့ ဦးတည်ပျံသန်းသွားခဲ့သည်။ ထို့နောက် လက်သည်းနှစ်ချောင်းဖြင့် လင်းရှောင်၏ ဆံပင်ကို ဆုပ်ကိုင်ထားကာ ခေါင်းငုံ့၍ ထိုးဆိတ်
လိုက်သည်။
"အိုး ဘုရားရေ...မြန်မြန်ဆင်း! ဒီမှာ...အိုး"
လင်းရှောင်သည် သူ့လက်ဖြင့် နဖူးကို ဖုံးအုပ်ထားသော်လည်း ဗိုလ်ချုပ်ကြီးရှန့်ဝူက ယခင်အတိုင်း ထိုးဆိတ်ဆဲပင်။ လင်းရှောင်မှာ နာကျင်လွန်း၍ မြေပြင်ပေါ် လူးလိမ့်ရုံကလွဲပြီး ကျန်တာ မလုပ်နိုင်ခဲ့ပေ။ သိပ်မကြာခင်မှာပင် လင်းရှောင်၏ မျက်နှာက အစိမ်းရောင် ပြောင်းသွားခဲ့သည်။
လက်ပါးစေများက ဒါကိုမြင်တော့ အမြန်ရောက်လာကြသည်။ သို့သော် ကြက်က လင်းရှောင်ကို နေရာပေါင်းစုံ လိုက်ထိုးနေတာကြောင့် မဖမ်းမိခဲ့ပေ။
"အစ်ကိုကြီး မလှုပ်နဲ့"
ထိုအချိန် လက်ပါးစေတစ်ယောက်က ကျယ်
လောင်စွာအော်၍ ကြက်ရှိရာကို လက်သီးတစ်လုံး ပစ်သွင်းခဲ့သည်။
ဒါကို မြင်သည့်အခါ ရွှီဖန်း ထိတ်လန့်သွားခဲ့သည်။
"ပြေး!"
ထိုအမိန့်ကို ကြားသည်နှင့် ဗိုလ်ချုပ်ကြီးရှန့်ဝူသည် လင်းရှောင်၏ ခေါင်းပေါ်မှ ခုန်ထွက်ကာ ချိုးဆုအာ၏ လက်မောင်းအပေါ် ပြန်ရောက်သွားလေသည်။ သူက ပါးပြင်များကို ဖောင်းကားလျက် ဘာမှမဖြစ်ခဲ့သကဲ့သို့ မျက်လုံးများကို မှိတ်ထားလေသည်။
လင်းရှောင်ဘက်မှ လက်ပါးစေကလည်း ဒီလို အရေးကြီးသည့် အချိန်ကျမှ ထပျံသွားမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ လင်းရှောင်၏ ဦးခေါင်းအား အားအပြည့်ဖြင့် ထိုးမိရာ လင်းရှောင်မှာ မြေပြင်ပေါ်၌ ငုတ်တုတ်မေ့သွားရသည်။
လင်းရှောင်၏ သပ်သပ်ရပ်ရပ် ပြင်ဆင်ထားသော ဆံပင်သည် ရှုပ်ပွနေသော ကြက်အသိုက်ကဲ့သို့ ပြောင်းလဲနေခဲ့သည်။ ဟုန်ဖေးမှာ ရွှီဖန်းအား လက်မ မထောင်ပြဘဲ မနေနိုင်ခဲ့ချေ။
**********************