နောက်ဆက်တွဲလှိုင်းများ
Vol. 13 Ch. 181
လီထိုက်ကန်းသည် အနည်းငယ် အားကျနေမိသည်။ ရွှီဖန်း၏ ပင်ကိုအရည်အချင်းက ဒီလောက်ထိ မြင့်မားသွားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ရွှီဖန်းသာ ရှန့်
တင်းစိုက်ပျိုးရေးကုမ္ပဏီကို ဝင်ရောက်ပါက တစ်
နှစ်အတွင်း ဝန်ထမ်းတွေကြားထဲ ထိပ်ဆုံးကို ရောက်လိမ့်မည်။
ကျောက်ဟွာကလည်း ခေါင်းညိတ်သည်။ သို့သော် သူ အနည်းငယ် စပ်စုချင်နေသည်။ ရှန့်တင်းကုမ္ပဏီသည် ရွှီဖန်းကို ရရန်အတွက် ဘယ်လောက်ပေးမည်ဆိုတာကို သူ သိချင်နေ၏။ ကျောက်ဟွာ မေးလိုက်သည်။
"ဒီက ညီလေး မင်းတို့ဘက်က ငါ့ညီကို ဘယ်လောက်ပေးမှာလဲ သိချင်မိတယ်၊ လခနည်းနေရင် ငါ့ညီကို လွှတ်မှာမဟုတ်ဘူး"
ကျောက်ဟွာ အခုလို ဝင်ပြောရသည့် အကြောင်းအရင်းမှာ ရွှီဖန်းအား လစာကောင်းကောင်းရစေချင်သောကြောင့်ပင်။ ထိုစကားကို ကြားပြီးနောက် တစ်ဖက်သားက ပြုံးလာသည်။ သူက အလွန် ယုံကြည်ချက်ရှိနေသည့်ပုံပင်။
"စိတ်မပူပါနဲ့ဗျ၊ ကျွန်တော်တို့ ရှန့်တင်းကုမ္ပဏီက အလေးပေးဆုံး အရာနှစ်ခုရှိတယ်၊ ပထမက နည်းပညာ၊ ဒုတိယက အရည်အချင်းပဲ၊ မစ္စတာရွှီလို အရည်အချင်းရှိတဲ့လူမျိုးက ရှန့်တင်းမှာ ကောင်းကောင်းမွန်မွန်ဆက်ဆံခံရမှာတော့ အသေအချာပါပဲ၊ မဟုတ်ရင် အရည်အချင်းရှိတဲ့လူကို စော်ကားသလို မဖြစ်သွားဘူးလား"
"မစ္စတာရွှီဖန်း ကျွန်တော်တို့ ရှန့်တင်းစိုက်ပျိုးရေးကုမ္ပဏီက ခင်ဗျားကို စိုက်ပျိုးရေးနည်းပညာ အတိုင်ပင်ခံအဖြစ် ခန့်အပ်ချင်ပါတယ်၊ တစ်နှစ်ကို လစာနှစ်သန်း၊ ဘယ်လိုထင်လဲ"
"ဖာ့ခ်!"
ကျောက်ဟွာသည် ထိုလစာကို ကြားသည့်အခါ ထိတ်လန့်စွာ ထမခုန်ဘဲ မနေနိုင်ခဲ့ချေ။ ရှန့်တင်းက ကုမ္ပဏီကြီးတစ်ခုဖြစ်ရန် အမှန်တစ်ကယ်ကို ထိုက်တန်ပေသည်။
သာမန်လူတစ်ယောက်အတွက် ဆယ်စုနှစ်လောက် ပင်ပင်ပန်းပန်းအလုပ်လုပ်ရင်တောင်မှ ထိုမျှ ပမာဏကို ရှာရန် မဖြစ်နိုင်ချေ။ ကျောက်ဟွာသည် ရွှီဖန်းအား ဒီလစာနှုန်းကို လက်ခံလို့ရကြောင်း မျက်စိမှိတ် အချက်ပြလိုက်သည်။
သို့သော် ရွှီဖန်း ဘာမှ ပြန်မပြောခင်မှာ တစ်ခြားလူက လျှောက်လာသည်။
"ကျစ်! ကျစ်! ရှန့်တင်းကိုတော့ ယုံကြည်ချက်တွေ ပျောက်ဆုံးအောင် လုပ်မိတော့မှာပဲ၊ နှစ်သန်းက အရည်အချင်းကို လေးစားတာတဲ့လား၊ ဟဲဟဲ ရွှီဖန်း သူတို့က မင်းကို စော်ကားနေတာပဲ၊ ဟွားယောင်
ကုမ္ပဏီကလည်း မင်းကို စိုက်ပျိုးရေးနည်းပညာအတိုင်ပင်ခံအဖြစ် ခန့်အပ်ပြီး တစ်နှစ်ကို ယွမ်သုံးသန်းပေးဖို့ ဆန္ဒရှိတယ်၊ ဘယ်လိုလဲ"
"........."
လီထိုက်ကန်းမှာ တုန်လှုပ်သွားပြီး စိတ်တစ်ခုလုံး ဗလာဖြစ်သွားတော့သည်။ တစ်နှစ်ကို သုံးသန်း။
ရှန့်တင်း ဒါမှမဟုတ် ဟွားယောင်။
ဟွားယောင်ကလည်း အသေးစား ကုမ္ပဏီ မဟုတ်
ပေ။ ထို့အပြင် ရှန့်တင်း၏ အဆိုးရွားဆုံးရန်သူဖြစ်သည်။ ယခုအချိန်တွင် သူတို့နှစ်ဖက်စလုံး ရွှီဖန်းကို လုနေကြပြီး ဈေးနှုန်းက တစ်သန်းမှ စတက်သွားခဲ့သည်။
ဒါကို ကြည့်ခြင်းအားဖြင့် ရွှီဖန်းအား ရတနာတစ်ပါးဟု ပင် သတ်မှတ်လို့ ရနေလေပြီ။
ရှန့်တင်းမှ အထွေထွေမန်နေဂျာ၏ မျက်နှာသည် ဟွားယောင်မှ လူကို မြင်သည့်အခါ အမူအရာမကောင်းတော့ပေ။ သူတို့နှစ်ဦး လုနေတုန်း တစ်စုံတစ်ယောက်မှ ဖြတ်လုသွားလျှင် ပို၍တောင် မကောင်းပေ။
ဟွားယောင်မှလူအား သူ အေးစက်စက်ကြည့်၍...
"ဘာလဲ! သုံးသန်းလောက်နဲ့ ငါတို့ ရှန့်တင်းက မင်းကို ကြောက်မယ်ထင်နေလား၊ ရွှီဖန်း ခုနက ပြောခဲ့တဲ့ နှစ်သန်းက အကျုံးမဝင်တော့ဘူး၊ သုံးသန်းနဲ့ငါးသိန်းဆိုရင်ရော ဘယ်လိုလဲ၊ မင်းအတွက် အိမ်နဲ့ကားပါ စီစဥ်ပေးဦးမှာ"
"မင်း!"
ဟွားယောင်မှ လူများသည် ထိုအဆိုပြုချက်ကို ကြားသည့်အခါ ဒေါသအလွန်ထွက်ပြီး မျက်နှာများပင် နီရဲကုန်ကြသည်။ ရွှီဖန်းအတွက် မြင့်သော လစာကို သူအဆိုပြုထားပြီးပြီဖြစ်သည်။ ထပ်ထည့်ချင်လျှင် ရုံးချုပ်၏ အတည်ပြုချက်လိုအပ်ပေသည်။
"ရွှီဖန်း ကျေးဇူးပြုပြီး ခဏလေးပဲစောင့်ပါ၊ ဖုန်းအရင် ဆက်သွယ်လိုက်ပါဦးမယ်"
သို့သော်လည်း သူဆက်ခါနီးတွင် ရွှီဖန်းက လက်ကို ခါယမ်းလာသည်။
"ခင်ဗျားတို့ရဲ့ကြင်နာတဲ့ ရည်ရွယ်ချက်တွေအတွက်
ကျေးဇူးတင်ပါတယ်"
ရွှီဖန်းစကား၏ နောက်ကွယ်မှ ဆိုလိုရင်းက ထင်ရှားပေသည်။ နှစ်ယောက်စလုံး အံ့အားသင့်သွားကာ ယုံတောင်မယုံနိုင်ကြပေ။
"ဘာ...ရွှီဖန်း ဘာဖြစ်လို့လဲ"
သူ ကမ်းလှမ်းခဲ့သည့်လစာက နှစ်သန်းမဟုတ်
တော့သည်ကို သိထားရပေမည်။ အိမ်နဲ့ကားပါ ပေါင်းလိုက်လျှင် လေးသန်းနီးပါး ရှိနေလေပြီ။
ထိုကဲ့သို့သော အရေးပေးမှုနှင့်သာဆိုလျှင် တခြားလူများက ချက်ချင်းသဘောတူလာကြလိမ့်မည်။ ဒါကို ရွှီဖန်းက ငြင်းလိုက်တာလား။ သူတို့ ထင်ယောင်ထင်မှား ဖြစ်နေတာပဲ ဖြစ်ရလိမ့်မည်။
ရွှီဖန်း ပြုံးကာ ခေါင်းယမ်းလိုက်သည်။
"ခင်ဗျားတို့ရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကုမ္ပဏီနှစ်ခုလုံးက လူတိုင်းတောင့်တတဲ့ လုပ်ငန်းခွင်ဆိုပေမယ့် ကျွန်တော့်အတွက်တော့ မသင့်တော်ပါဘူး၊ ဒါကြောင့် တောင်းပန်ပါတယ်"
"ဒါက...."
ရွှီဖန်း၏ငြင်းဆိုမှုက သူတို့၏ သံသယအား အတည်ပြုပေးခဲ့သည်။
ရွှီဖန်းက သူတို့၏ ကမ်းလှမ်းချက်ကို တစ်ကယ် ငြင်းပစ်ခဲ့ပေသည်။ ဖာခ့်! ဒီကောင်လေး ရူးသွားတာလား။ ဒီလိုအရေးပေးမှုကို ဘယ်နားမှာ သွားရှာမလဲ။
သူ ပထမနေရာကို ရရှိခဲ့တာကြောင့် သူ့မျက်လုံးများက ခေါင်းထိသည်အထိ ရောင်ရမ်းသွားတာ ဖြစ်နိုင်ပေသည်။
ဟား...နောက်နှစ်အနည်းငယ်ရောက်လို့ ဒီလိုဆုံးရှုံးမှုကို မင်း နောင်တရမရ ငါကြည့်ဦးမယ်!
ရွှီဖန်းကတော့ သူ့ကိုယ်သူ ရူးမိုက်သည်ဟု မခံစားရပေ။
သူတို့နှစ်ယောက်စလုံး ကုမ္ပဏီကို ဖိတ်ခေါ်ရသည့် ရည်ရွယ်ချက်က သူ့ဆီမှ လျို့ဝှက်စိုက်ပျိုးရေးနည်းပညာကို ရယူလိုခြင်းမှလွဲ၍ တခြားဟာ မဖြစ်နိုင်ချေ။
ပထမဦးစွာ ဤလျို့ဝှက်ချက်အား ထုတ်ဖော်ပြရန်မဖြစ်နိုင်ချေ။ အကယ်၍ တခြားလူလက်ထဲ လွှဲပေးနိုင်လျှင်တောင်မှ ရွှီဖန်းက လုပ်မည်မဟုတ်ပေ။ သူ၏ လျို့ဝှက်ချက်များအကူအညီဖြင့် စည်းစိမ်ဥစ္စာအမြောက်အမြားကို သူ ရိတ်သိမ်းနိုင်ပေသည်။ ဒါကို တခြားလူများထံ ပေးလိုက်ပါက ကြက်ဥလေးရဖို့အတွက် ကြက်ကို သတ်ပစ်တာနှင့်ပင် တူပေ၏။ ဒါကမှ မိုက်မဲသော လုပ်ရပ်ပင်။
ဒါ့အပြင် သူ၏ နောက်ဆုံးပန်းတိုင်သည် ဤနယ်ပယ်တစ်ခုထက် ပို၍ ရှိသည်ဟု သူအမြဲ မှတ်ယူထားခဲ့သည်။
"ကောင်းပြီလေ၊ မင်းကို အတင်းအကြပ်မလုပ်ပါဘူး၊ မစ္စတာရွှီ စိတ်ပြောင်းသွားရင်တော့ ဆက်သွယ်
လိုက်ပါ"
ယခုအချိန်မှာ ရွှီဖန်း၏စိတ်ကို ပြောင်းလဲအောင်မလုပ်နိုင်သော်ငြား ကံကောင်းစွာဖြင့် သူကလည်း ဘယ်သူ့ဘက်ကိုမှ သဘောမတူခဲ့ပေ။ နာမည်ကတ်များကို ချန်ထားပြီးနောက်မှာ ထိုနှစ်ယောက်က ထွက်သွားလေသည်။
လီထိုက်ကန်းသည် ထိုနှစ်ယောက်ထွက်သွားသည်ကို ကြည့်ရင်း ရွှီဖန်းဘေးသို့ လျှောက်သွားကာ သက်ပြင်းချမိသည်။
ရွှီဖန်းက ပြုံးလျက်ပင် ဘေးတစ်စောင်းကြည့်၍ မေးလာသည်။
"အစ်ကိုထိုက်ကန်းကရော ကျွန်တော် ရူးသွားပြီလို့ထင်လား"
လီထိုက်ကန်းက ခေါင်းခါယမ်းရင်း ဒေါသတကြီး အော်လာသည်။
"မင်းသာ အရူးဆိုရင် ဒီကမ္ဘာမှာ ဉာဏ်ရည်ထက်တဲ့လူ ရှိတော့မှာကို မဟုတ်ဘူး"
ရွှီဖန်း၏ စိတ်နှလုံးသားက ဤမျှသေးငယ်သောစင်မြင့်လေးအပေါ်မှာသာ မရှိကြောင်း လီထိုက်ကန်းက ရှင်းလင်းစွာ သိပေသည်။
"ဟုတ်သားပဲ အစ်ကိုထိုက်ကန်း"
ရုတ်တရက်ပင် ရွှီဖန်းက တစ်စုံတစ်ခုကို သတိရသွားခဲ့
သည်။ သူရလာခဲ့သည့် ချက်လတ်မှတ်၂သိန်းတန်
အားထုတ်ကာ လီထိုက်ကန်းကို ပြောလိုက်သည်။
"အစ်ကိုထိုက်ကန်း ပိုက်ဆံခွဲယူကြရအောင်၊ ဒီတစ်ခါ အစ်ကိုသာ မခေါ်လာခဲ့ရင် ကျွန်တော် တစ်ပြားမှ ရမှာမဟုတ်ဘူး"
လီထိုက်ကန်းသည် ခေတ္တအံ့သြသွားပြီးနောက် အပြုံးတစ်ခုအား အားထုတ်ပြုံးလာလေသည်။ ရွှီဖန်းကို ငတုံးဟု ခေါ်ရမည်လား၊ သစ္စာရှိသူဟု ခေါ်ရမည်လား မသိတော့ချေ။
တခြားလူသာဆိုလျှင် ငွေနှစ်သိန်းကို စွန့်နိုင်မည်မဟုတ်ချေ။
လီထိုက်ကန်း ခေါင်းခါယမ်းလိုက်ကာ
"ဟင့်အင်း ရွှီဖန်း၊ ငါသာ ပိုက်ဆံယူလိုက်ရင် တိရိစ္ဆာန် မဖြစ်သွားဘူးလား၊ မင်း ဒီဟာကို မင်းလက်မင်းခြေနဲ့ ရခဲ့တာလေ၊ မင်း ငါ့ကို ပေးလို့မရဘူး"
လီထိုက်ကန်းက လေးနက်သော အမူအရာဖြင့် ပိုက်ဆံအား ပြန်တွန်းပေးလာသည်။ ရွှီဖန်းမှာ သူ ထပ်ပေးလျှင် အစ်ကိုထိုက်ကန်းအတွက် ပူပန်စရာကိစ္စထပ်ဖြစ်လာလိမ့်မည်ဟု သူခံစားရသည်။
ချက်လတ်မှတ်ကို ပြန်ယူပြီးနောက် ရွှီဖန်းသည် ကူကယ်ရာမဲ့စွာပင် 'ကောင်းပြီ'ဟု ပြောခဲ့ရသည်။
"ဒါပေမယ့် အစ်ကိုထိုက်ကန်း ကျွန်တော်စဥ်းစားပြီးပြီ၊ အစ်ကို့ကို ပိုက်ဆံပေးဖို့ ကျန်သေးတယ်"
သို့သော် သိပ်မကြာခင်မှာပင် ရွှီဖန်းက ချက်လတ်
မှတ်ကို ပြန်ပေးပြန်သည်။ လီထိုက်ကန်းက စိုးရိမ်တကြီးကြည့်ကာ
"ရွှီဖန်း ဘာကိုဆိုလိုတာလဲ၊ ငါ ပြောတယ် မယူဘူးလို့ဆိုနေ၊ မင်း ငါ့ကို ညီအစ်ကိုအဖြစ် မသတ်မှတ်တာလား"
"......."
ရွှီဖန်းမှာ ရယ်ရခက် ငိုရခက်ပင်။ အစ်ကိုထိုက်
ကန်းသည် သူ့အပေါ် ရိုးသားသည်ဟု ဆိုရပေမည်။ သူအခု ပိုက်ဆံပြန်ပေးသည့်အခါ စိုးရိမ်နေပြန်သည်။
******************