ညီအစ်ကို
Vol. 13 Ch. 182
သူ့ခေါင်းကို ခါယမ်းရင်းဖြင့် ရွှီဖန်းသည် စိတ်ရှည်စွာ ရှင်းပြခဲ့သည်။
"အစ်ကိုထိုက်ကန်း အထင်လွဲနေပြီ၊ ကျွန်တော်ဘာမှ မဟုတ်ဘဲနဲ့ ဒီပိုက်ဆံကိုမပေးပါဘူး"
"ဟမ်"
လီထိုက်ကန်း အံ့သြသွားခဲ့သည်။
"ဒီငွေတွေကို အစ်ကို့ရဲ့ စက်အတွက် စပေါ်ငွေအဖြစ် သတ်မှတ်လိုက်ပါ ဟုတ်ပြီလား"
"ဒါက...ဟားဟား ရွှီဖန်း ငါမဆင်မခြင်ဖြစ်သွားရပြီ"
လီထိုက်ကန်းက ခေါင်းကုတ်၍ ရှက်ရွံ့စွာ ပြုံးလေသည်။ ဒီတစ်ကြိမ်မှာ ရွှီဖန်းက သူ့ကို များစွာ ကူညီပေးခဲ့သည်။ ပထမတစ်ခုက သူ တတိယရအောင် လုပ်ပေးခဲ့တာဖြစ်ပြီး ဒုတိယက သူ့ဒေါသများ ပြေပျောက်အောင် လုပ်ပေးခဲ့တာဖြစ်သည်။
လီထိုက်ကန်းသည် ရွှီဖန်းအား ပြန်ပေးဆပ်ရမည်ဟု ခံစားရပေသည်။ သူ အသက်ပြင်းပြင်းရှူသွင်းလိုက်ကာ
"ရွှီဖန်း မင်းကလည်း စက်ကိရိယာလိုတယ်၊ ငါကလည်း ပိုက်ဆံစုဆောင်းဖို့လိုတယ်၊ မဟုတ်ရင် မင်းအစ်ကိုကတော့ ငတ်သေမှာ ကြောက်ရတယ်၊ ဘယ်လိုလဲ ရွှီဖန်း ငါ့ကို တစ်သိန်းသာ ပေးပါ"
ရွှီဖန်းကို ပိုက်ဆံမပေးခိုင်းလျှင် တစ်ဖက်က ဆန္ဒရှိမည် မဟုတ်မှန်း လီထိုက်ကန်းသိလေသည်။ ဒါကြောင့် လျှော့တောင်းဖို့သာ ကြံခဲ့ရသည်။
ဈေးနှုန်းက နည်းလွန်းတာကြောင့် ရွှီဖန်းကတော့ မျက်မှောင်ကြုတ်နေသည်။
"အစ်ကိုထိုက်ကန်း ဈေးနှုန်းက...."
"ရွှီဖန်း ငါဈေးပြောပြီးပြီလေ! မင်း ငါနဲ့ ထပ်ပြီး မငြင်းခုံတာ အကောင်းဆုံးပဲ"
"............."
လီထိုက်ကန်းသည် ဒေါသအမျက်ထွက်နေပေသည်။ ရွှီဖန်းမှာ ရယ်ရခက်ငိုရခက်ပင်။ ထပ်ပြောလျှင် သူအရိုက်ခံရနိုင်သည်။ ဒါကြောင့် သူသဘောတူလိုက်ရသည်။
ယခု ဆုပေးပွဲလည်း ပြီးသွားပြီဖြစ်တာကြောင့် ရုံအသီးသီးမှလူများသည် ပစ္စည်းများထုတ်ပိုးကာ ထွက်ခွာရန် ပြင်ဆင်နေကြသည်။
ရွှီဖန်းနှင့် ချိုးဆုအာလည်း လီထိုက်ကန်းသယ်ဆောင်လာသည့် ပစ္စည်းများကို ကားပေါ် ပြန်တင်ပြီးသည့်အခါ ကောင်းကင်ပင် မှောင်နေပြီဖြစ်၏။
လီထိုက်ကန်းက ကားဘေးမှာရပ်ရင်း လက်ကိုမြှောက်၍ နာရီကြည့်လိုက်သည်။ အချိန်က ၆နာရီထိုးနေလေပြီ။
ပြည်နယ်မှ ခရိုင်သို့ ပြန်သွားရန် နာရီအနည်းငယ် ကြာဦးမည်ဖြစ်သည်။ ထို့အပြင် ကောင်းကင်ကလည်း မှောင်စပြုလာပြီဖြစ်ရာ ဒီမှာပဲ အချိန်ထပ်ဖြုန်းလိုက်တာ ပိုကောင်းမည်ဟု သူထင်သည်။
လီထိုက်ကန်းက သက်ပြင်းချ၍..
"ရွှီဖန်း ဒီမှာပဲ တစ်ညအိပ်ပြီး မနက်ဖြန်ကျမှ ပြန်ရင်ရော ဘယ်လိုလဲ"
ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ သူလည်း နားလည်မှုရှိတာကြောင့် အခုအချိန် မြစ်အောက်ပိုင်းရွာကို ပြန်လျှင် ပို၍ ဒုက္ခရောက်မည်ကို သိ၏။
ထို့နောက် သူတို့လေးဦးစလုံး ကားပေါ်တက်ကာ ပြည်နယ်ရှိ ကြယ်ငါးလုံးဟိုတယ်သို့ မောင်းနှင်လာခဲ့ကြသည်။ ရွှီဖန်း ကားပေါ်မှ ဆင်းပြီးနောက် နောက်ခုံမှာ ရှက်ရွံ့နေသည့်ချိုးဆုအာကိုလည်း ကားပေါ်မှ ဆင်းရန် ကူညီပေးခဲ့သည်။ သူ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ရာ ကားများစွာကို တွေ့လိုက်ရသည်။ အဲ့ဒီထဲမှာ သူတွေ့ဖူးသည့် လူတွေကိုလည်း တွေ့လိုက်ရသည်။ အများစုက လယ်ယာထွက်ကုန်ဖလှယ်ပွဲ၌ ပါဝင်ခဲ့သောလူများပင်။
သေသေချာချာတွေးကြည့်လျှင် သိနိုင်ပေသည်။ အများစုမှာ မတူညီသောနယ်၊ မြို့များမှ စိုက်ပျိုးရေးပညာရှင်များဖြစ်ပြီး သူတို့သည်လည်း ရွှီဖန်းကဲ့သို့ အလားတူပြဿနာမျိုး ကြုံတွေ့နေရသည်။ သူတို့သည်လည်း ပြည်နယ်၌ တစ်ညနေရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။
"ရွှီဖန်း မြန်မြန်ဝင်ကြရအောင်၊ ငါတို့နောက်မှာ အခန်းယူမယ့်လူတွေ လာနေပြီ"
လီထိုက်ကန်းက သူ့အတွင်းရေးမှူးနှင့်အတူ ဟိုတယ်ထဲသို့ ပြေးသွားခဲ့သည်။ ရွှီဖန်းသည် ပါးစပ်ကိုတွန့်၍ ပြုံးလိုက်ကာ
"အခန်းနှစ်ခန်းဆို လုံလောက်ပါပြီ"
ဘေးမှာရပ်နေသော ချိုးဆုအာ - "............"
"ဘာတွေပြောနေတာလဲ၊ အခန်းနှစ်ခန်းက ဘယ်လိုလုပ် လောက်မှာလဲ"
အခန်းနှစ်ခန်းသာရှိ၍ သူက သူမနှင့်တစ်ခန်းထဲ လာအိပ်ရင်ဘယ်လိုလုပ်မလဲ။ အဲ့ဒီအခါကျ သူမ သေအောင် ဆော့ကစားခံရလိမ့်မည်။
ရွှီဖန်း ခေါင်းခါယမ်းကာ မရယ်ဘဲ မနေနိုင်ခဲ့ချေ။
"အခန်းနှစ်ခန်းဆိုရင် ကျွန်တော်နဲ့ အစ်ကိုထိုက်ကန်းက တစ်ခန်းအိပ်မယ်၊ အစ်မနဲ့ အတွင်းရေးမှူးက တစ်ခန်းလေ၊ ဒါ ပြီးပြည့်စုံတဲ့ အစီအစဥ်မဟုတ်ဘူးလား"
"ဟမ်"
ထိုစကားကို ကြားသည့်အခါ ချိုးဆုအာ အံ့အားသင့်သွားရသည်။ သူမကပဲ မှားတွေးခဲ့တာလား။ သို့သော်ငြား ရွှီဖန်းမျက်နှာပေါ်မှ ကျီစယ်သော အပြုံးကို မြင်သည့်အခါ ချိုးဆုအာသည် သူ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ ဟမ့်! ဒီလူဆိုးကောင်က အဲ့ဒီလိုမတွေးနေဘူးဆိုတာ သေချာပေါက်ပဲ။
"ရွှီဖန်း မင်းအရမ်းဆိုးတာပဲ"
ရွှီဖန်းနှင့် လီထိုက်ကန်းတို့ ကံကောင်းခဲ့သည်။ သူတို့ check inလုပ်တော့ အခန်းများစွာ ကျန်နေသေး၏။ လီထိုက်ကန်းက ပိုက်ဆံစုရန်အတွက် အခန်းနှစ်ခန်းသာ ငှားမည်ဟု ပြောသောအခါ အတွင်းရေးမှူးက သူ့ကိုထုထောင်းလာတော့သည်။
လီထိုက်ကန်း၏ ညစ်ညမ်းသောအမူအရာကို မြင်သည့်အခါ ရွှီဖန်းမှာ အဆင်မပြေသလို ခံစားခဲ့ရသည်။ သူကတော့ လီထိုက်ကန်း၏ အကြံကို သဘောတူလိုသော်လည်း ဘေးမှာရှိနေသည့် ချိုးဆုအာကတော့ သဘောမကျသည့်ပုံပင်။
သူမ၏လက်က သူ့ခါးကို ဆုပ်ကိုင်ထားလေသည်။ ဒါကြောင့် ရွှီဖန်းသည် သူ့လက်ကို ဝှေ့ယမ်းကာ
"မလိုပါဘူး အစ်ကိုထိုက်ကန်း၊ အစ်မဆုအာနဲ့ကျွန်တော်နဲ့က သာမန်လုပ်ဖော်ကိုင်ဖက်တွေဖြစ်လို့ အထင်မလွဲပါနဲ့"
ရွှီဖန်းကလည်း ငြင်းပယ်ခဲ့တာကြောင့် လီထိုက်ကန်းသည် အခန်းလေးခန်းကို ငှားခဲ့သည်။ သူတို့လေးယောက်၏ IDကတ်များကို ပေးခဲ့ပြီးနောက် အခန်းလေးခန်းကို အမြန်ရခဲ့သည်။
အပေါ်ထပ်ကို တက်ရန် တစ်ဖက်ကို လှည့်လိုက်သည့်အခါ ဟိုတယ်အဝင်ဝမှ လျှောက်လာသော လူတစ်စုကို တွေ့လိုက်ရသည်။ လီထိုက်ကန်းသည် ခေတ္တအံ့သြသွားပြီးနောက် ရယ်မောလိုက်သည်။
ရောက်လာသူများက မာစန်းထင်၏ အဖွဲ့ပင်။
"အိုး ဒါက သူဌေး မာစန်းထင်ပါလား၊ တိုက်ဆိုင်ပါရဲ့"
မာစန်းထင်သည် ဒီနေ့ ဘာပိုက်ဆံမှ မရရှိခဲ့သော်လည်း လီထိုက်ကန်း၏ ရယ်ရွယ်ချက်ရှိရှိရန်စခြင်းကို ခံနေရတုန်းပင်။ သူ ဒေါသထွက်နေသော်လည်း စိုက်ကြည့်ရုံကလွဲပြီး ပြန်မတုံ့ပြန်ဝံ့ပေ။
လီထိုက်ကန်းသည် အေးစက်စွာဖြင့်
"မာစန်းထင် လူတွေလုပ်သမျှကို မိုးကောင်းကင်က စောင့်ကြည့်နေတယ်၊ မင်း မကောင်းတာတွေ အများကြီးလုပ်နေတာ အပြစ်မပေးခံရဘူးလို့ မင်းထင်နေလား၊ ငါပြောချင်တာကတော့ မင်းရဲ့အနာဂါတ်မှာ အများကြီးရှိလာမှာပဲ"
"ရွှီဖန်း သွားကြစို့"
လီထိုက်ကန်းသည် ထိုစကားကို ပြောပြီးနောက် ရွှီဖန်း
တို့ကို ခေါ်ဆောင်ကာ အပေါ်သို့ တက်သွားလေသည်။
မာစန်းထင်၏ အဖွဲ့ရှေ့ကနေ ဖြတ်သွားသောအခါ လူအုပ်ထဲ၌ သူ့ကို ကြည့်နေသူတစ်ဦးရှိသည်ဟု ရွှီဖန်း ခံစားလိုက်ရသည်။ သူ စိတ်ရှုပ်ထွေးသွားကာ ဘေးကို လှည့်ကြည့်မိတော့ လင်းချီဘေးနားမှာရှိနေသည့် ကျန်းယန်က သူ့ကို ချောင်းကြည့်နေသည်ကို တွေ့လိုက်ရသည်။ ကျန်းယန်၏မျက်နှာက ချက်ချင်းနီရဲသွားတော့သည်။ သူမ၏မျက်လုံးထဲ၌ သံသယဖြစ်ဖွယ်ရာအငွေ့အသက်များနှင့်ဆန္ဒတချို့ရှိနေသည်။ တစ်ကယ်ကို ထူးဆန်းလှသည်။
ထို့နောက် ရွှီဖန်းသည် ခေါင်းကို ခါယမ်းလျက် ဓာတ်လှေကားရှိရာကိုသာ လျှောက်သွားခဲ့သည်။ သူတို့လေးယောက်၏ အခန်းများက ဆယ်ထပ်မြောက်မှာဖြစ်သည်။ အခန်းထဲ၌ အိတ်များကို ချပြီးနောက် ညစာသုံးဆောင်ရန် အောက်ပြန်ဆင်းလာခဲ့ကြသည်။
ဓာတ်လှေကားသို့ရောက်သည့်အခါ ရွှီဖန်းသည် တော်တော်လေးကို အဆင်မပြေသည့် အခြေအနေတစ်ခုနှင့်ကြုံရပြန်သည်။ ကျန်းယန်နှင့် မာစန်းထင်တို့ကပါ ဆယ်ထပ်မြောက်မှာ အခန်းယူထားလိမ့်မည်ဟု မထင်ထားပေ။
လီထိုက်ကန်းက သူ့မျက်လုံးကို ကျဥ်းမြောင်းလျက် ဓာတ်လှေကားထဲက မာစန်းထင်ကို ကြည့်နေသည်။ သူ၏ နောက်ပြောင်လိုသော ရည်ရွယ်ချက်က သိသာပေသည်။ လူအုပ်ကြီးရှေ့၌ မလှုပ်ရှားနိုင်သည့်အတွက် မာစန်းထင် ဒေါသထွက်နေရသည်။ ဟိုတယ်ရှိဝန်ထမ်းများ၏ စောင့်ကြည့်မှုအောက်မှာ ရန်ပွဲက မစသေးပေ။
"ဟမ့် ရန်သူတွေက ခဏခဏ ငါ့လမ်းကြောင်းမှာလာလာဖြတ်တာပဲ"
လီထိုက်ကန်းကလည်း ရှောင်ရန်ရည်ရွယ်ချက်မရှိပေ။ ဒီတစ်ကြိမ်မှာ သူက အနိုင်ရရှိသူဖြစ်သည်။ အခု သူတို့ တစ်ထပ်တည်း အတူနေရတာကြောင့် မာစန်းထင်လည်း ဒေါသထွက်နေခဲ့သည်။
********************