မမူးမချင်းမပြန်ရ
Vol. 13 Ch. 183
ဟိုတယ်သည် ကြယ်ငါးပွင့်ဟိုတယ်ဖြစ်ပြီး စားသောက်ဆိုင်ပါ ပါရှိလေသည်။ ကျောက်ဟွာအပါအဝင် သူတို့ငါးယောက်စလုံး စားသောက်ဆိုင်ထဲဝင်ပြီးနောက် စားပွဲအပြည့် ဟင်းပွဲများမှာယူလိုက်ကြသည်။
"စားပွဲထိုး နောက်ထပ် ဝိုင်နှစ်ပုလင်း"
ယနေ့ ရွှီဖန်းနှင့် လီထိုက်ကန်းသည် ပွဲမှ လက်ဗလာဖြင့် ပြန်လာခဲ့ခြင်းမဟုတ်တာကြောင့် လီထိုက်ကန်းက အလွန်ပျော်ရွှင်နေကာ ဝိုင်နှစ်ပုလင်းကို ထပ်၍ မှာယူခဲ့သည်။
ရွှီဖန်းသည် လေထုအခြေအနေကို မပျက်စီးစေချင်တာကြောင့် လီထိုက်ကန်း၊ ကျောက်ဟွာတို့နှင့်
အတူ လိုက်ပျော်ပေးသည်။ ဟင်းပွဲများစားသုံးပြီးနောက်မှာ ရွှီဖန်းက စားပွဲတစ်ခုလုံးစာကို ရှင်းခဲ့သည်။
ဒီတစ်ကြိမ်မှာတော့ လီထိုက်ကန်းရော ကျောက်ဟွာပါ မငြင်းကြတော့ပေ။ ရွှီဖန်းက ဒီတစ်ကြိမ် အကြီးမားဆုံး အနိုင်ရရှိသူဖြစ်ရာ စားပွဲတစ်ခုစာ ပေးချေခြင်းက ဘာမှမဟုတ်ပေ။
လီထိုက်ကန်းနှင့် ကျောက်ဟွာ၏မျက်နှာကတော့ နီရဲနေသည်။ သူတို့၏ ခြေလှမ်းများက မူးနေသကဲ့သို့ ယိုင်တိုင်တိုင်ဖြစ်နေသည်။
လီထိုက်ကန်းက ရယ်မော၍ သူ့လက်ကို ဝှေ့ယမ်းကာ
"ရွှီဖန်း သွားကြရအောင်၊ ဒီည ချန်ဟိုင်းရဲ့ ကျက်သရေရှိမှုအဖြာဖြာကို ခံစားရအောင် ခေါ်သွားပေးမယ်"
အတွင်းရေးမှူးက သူ့ကို မျက်စောင်းထိုးလေသည်။
"ရှင် အရမ်းမူးနေပြီကို အပြင်ထွက်ပြီး ပျော်ချင်သေးတာလား"
"ဘယ်သူက မူးလို့လဲ! ဒါက ယောကျ်ားတွေရဲ့ လုပ်ထုံးလုပ်စဥ်ပဲ၊ အမျိုးသမီးတွေ ဝင်မနှောင့်ယှက်ပါနဲ့"
ထုံးစံအတိုင်း လီထိုက်ကန်း၏ ယောကျ်ားသဘာဝက တစ်ရက်၊ နှစ်ရက်နှင့် ကုန်ဆုံးသွားသည်မဟုတ်ပေ။ ကံကောင်းသည်က လီထိုက်ကန်းသည် သူမအပေါ် ကောင်းခဲ့တာတွေရှိတာကြောင့် သူမ သည်းခံရုံသာ ကျန်တော့၏။
ကျောက်ဟွာက ရွှီဖန်း၏နံဘေးကို လျှောက်သွားကာ ပုခုံးတွေကို လက်ဖြင့်ဆုပ်ကိုင်ရင်း ပြုံးပြလာသည်။
"ဟီးဟီး ရွှီဖန်း မင်းက ဘာလို့ တုံ့ဆိုင်းနေတာလဲ၊ အစ်ကိုကြီးနဲ့လိုက်ခဲ့၊ မင်းကို ဒီည ကောင်းကောင်းပြုစုခိုင်းမယ်"
".........."
ရွှီဖန်းမှာ ရယ်ရမလား၊ ငိုရမလားတောင် မသိတော့ပေ။ ဤအရက်မူးနေသူနှစ်ဦး၏ ပြောစကားကို သူနားလည်ပေသည်။ သူတို့က ချန်ဟိုင်း၌ အတွေ့အကြုံရရန် သူ့ကို ခေါ်ဆောင်သွားလိုခြင်းပင်။
သူတို့နှစ်ယောက် ပျော်ရွှင်စွာ စကားပြောနေသည်ကို ကြည့်ခြင်းအားဖြင့် ထိုနေရာကို အကြိမ်ပေါင်းများစွာရောက်ဖူးတာ သေချာပေသည်။ သူတို့က ယုတ်မာသော မြေခွေးနှစ်ကောင်ဖြစ်နေပြီဖြစ်သော်လည်း သူကတော့ ဖြူစင်သော လူကောင်းလေးတစ်ယောက်ပဲရှိသေး၏။
ပြောစရာမလိုအောင် ချိုးဆုအာကလည်း သူ့ဘေးမှာ ရှိနေသေး၏။ သူမကို ပစ်ပြီး သူတို့နှစ်ယောက်
အနောက်ကိုလိုက်သွားရမည်ဆိုတာက သူတစ်ကယ် လုပ်နိုင်သော အရာမဟုတ်ပေ။
"ရွှီဖန်း အစ်မအတွက် စိတ်ပူစရာမလိုပါဘူး၊ အစ်မလည်း နည်းနည်းပင်ပန်းနေပြီမလို့ သွားအိပ်တော့မလို့"
ရွှီဖန်း တုံ့ဆိုင်းနေရသည့် အကြောင်းအရင်းက သူမကြောင့်ဆိုတာကို ချိုးဆုအာ သိပေသည်။ ရွှီဖန်းနှင့် လီထိုက်ကန်းတို့ ဘာလုပ်ကြမှာလဲ သူမ မသိသော်ငြား အခုလို သူမနှင့် သူ၏ ဆက်ဆံရေးက သူ့အနာဂါတ်အပေါ်ထိခိုက်စေမည်ကို သူမသိသည်။ ချိုးဆုအာသည် သူမ၏ ကိုယ်ရေးကိုယ်တာခံစားချက်ကြောင့် သူ့အနာဂါတ်ကို မထိခိုက်စေလိုပေ။
ရွှီဖန်းလည်း အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ ချိုးဆုအာလို ကြင်နာတတ်သည့်အမျိုးသမီးနှင့်တွေ့ဆုံခဲ့ရခြင်းသည် ယခင်ဘဝက သူရရှိခဲ့သော ကောင်းချီးတစ်ခုပင် ဖြစ်လိမ့်မည်။
ရွှီဖန်း ခေါင်းခါလိုက်ကာ
"အစ်ကိုထိုက်ကန်းတို့ပဲ သွားပါတော့၊ ကျွန်တော်လည်း ပင်ပန်းပြီမလို့ နားချင်နေပြီ"
ရွှီဖန်းသည် ဤကဲ့သို့ ငြင်းလိုက်ခြင်းက အခြေအနေကို ထိခိုက်သွားစေမည်ကို ဂရုမစိုက်နိုင်တော့ပေ။ လီထိုက်ကန်းနှင့် ကျောက်ဟွာလည်း ရွှီဖန်း မလိုက်နိုင်ကြောင်း ကြားသည့်အခါ ဝမ်းနည်းသွားကြသည်။ သူတို့ သက်ပြင်းချပြီးနောက်
"ဒါဆိုလည်း နောက်တစ်ခေါက်မှ သွားကြတာပေါ့"
"ဟဲဟဲ ဒါပေမယ့် ထိုက်ကန်း သူက မသွားရင်လည်း အထီးကျန်မှာ မဟုတ်ဘူးလေ၊ နောက်ဆုံးတော့ သူက တစ်ယောက်တည်းလာတာမဟုတ်ဘူးလေ"
ထိုအချိန် ကျောက်ဟွာက အပြုံးဖြင့် ဝင်ပြောလာသည်။ ရွှီဖန်း၏အနားမှာ ချိုးဆုအာရှိနေသည်ကို သူသိပေသည်။ အပြင်က မိန်းမတွေက ချိုးဆုအာလောက်တော့ ဘယ်တော်ပါ့မလဲ။
ကျောက်ဟွာ၏ စနောက်ခြင်းကြောင့် ချိုးဆုအာ ရှက်ရွံ့သွားသော်လည်း ရွှီဖန်းကြောင့် ဘာမှတော့ ပြန်မရှင်းပြခဲ့ပေ။
စားသောက်ဆိုင်မှ ထွက်လာပြီးနောက် ရွှီဖန်းသည် အရက်မူးသမားနှစ်ယောက်အား တက္ကစီပေါ်သို့ တင်ပေးခဲ့သည်။ ထို့နောက် ရွှီဖန်းတို့နှစ်ယောက်နှင့် အတွင်းရေးမှူးက ဆယ်ထပ်ကို ပြန်တက်လာခဲ့ကြသည်။
"သူဌေးရွှီ ကျွန်မ အရင်အနားယူနှင့်မယ်၊ ကောင်းသောညပါ"
အတွင်းရေးမှူးကို သူမအခန်းရှေ့သို့ ပို့ပေးပြီးနောက်မှာ ရွှီဖန်းနှင့် ချိုးဆုအာလည်း သူတို့အခန်းများ
ရှိရာသို့ ဆက်လျှောက်လာကြသည်။ သူတို့နှစ်ယောက်၏အခန်းက ဘေးချင်းကပ်ရပ်ရှိပေသည်။ မကြာခင် တံခါးနားသို့ ရောက်ရှိလာသည်။
ရွှီဖန်းသည် ဟိုနှစ်ယောက်လောက် မမူးသော်လည်း သောက်တော့သောက်ထားပေသည်။ အနက်ရောင်
ဝတ်စုံဖြင့် မက်မွန်သီးကို တင်းကြပ်စွာ ထုပ်ပိုးထားသော ချိုးဆုအာ၏ တင်ပါးကို ကြည့်မိရာ သူ့ခန္ဓာကိုယ်တစ်ခုလုံး ပူနွေးလာတော့သည်။
ချိုးဆုအာမှ သူမအခန်းတံခါးကို ဖွင့်နေစဥ် ရွှီဖန်းသည် သူ့လက်နှစ်ဖက်ကို ဖွင့်ကာ သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
ချိုးဆုအာသည် အရက်နံ့အနည်းငယ်ရောထွေးနေသော ရွှီဖန်း၏ ဝင်သက်ထွက်သက် ပူပူပြင်းပြင်းကို ခံစားလိုက်ရသည်။ သူမခန္ဓာကိုယ်တစ်လျှောက် ရွေ့လျားနေသော ရွှီဖန်း၏ လက်များကြောင့် သူမ မညည်းညူဘဲ မနေနိုင်ခဲ့ချေ။
"ရွှီဖန်း မဟုတ်ဘူး...မလုပ်နဲ့၊ တခြားလူတွေ မြင်ကုန်လိမ့်မယ်"
ချိုးဆုအာက တတ်နိုင်သမျှ ရုန်းကန်နေခဲ့သည်။ သူတို့က အခု စင်္ကြံမှာရှိနေပြီး ရွှီဖန်း၏ ရည်းစားဟောင်းမပြောနှင့် တစ်စုံတစ်ယောက်မှ မြင်သွားခဲ့လျှင် သူမ၏ ဖြူစင်သောပုံရိပ်က ပျက်စီးသွားလိမ့်မည်။
သို့သော် ရွှီဖန်းက အရက်မူးနေသည်။ သူမ ဘယ်လိုလုပ် တားနိုင်မည်နည်း။ သူမ၏ ရုန်းကန်မှုက သူ့ကို ပို၍ တက်ကြွစေခဲ့သည်။
"အစ်မ ကျွန် ကျွန်တော် မရတော့ဘူး"
ရွှီဖန်း၏ အမူအရာက အနည်းငယ် နာကျင်နေသည့်ပုံပင်။ ချိုးဆုအာသည် ထိုအရာကို မြင်သော်လည်း သူ့ကို ရပ်တန့်ရန်သာ စိတ်ရှိပေသည်။
"ရွှီဖန်း မောင်လေး မူးနေပြီ"
"အစ်မ မသွားနဲ့ဦး၊ ကျွန်တော့်ကို အချိန်ခဏပဲပေး ဟုတ်ပြီလား"
ရွှီဖန်းက နာကျင်နေမှန်း ချိုးဆုအာသိသော်လည်း ဒါနှင့်ပတ်သက်၍ သူမ လုပ်နိုင်သောအရာမရှိပေ။ ရွှီဖန်း ခံစားနေရသည်ကို ကြည့်ရုံသာ တတ်နိုင်ခဲ့ပြီး သူမကိုယ်တိုင်လည်း ရင်ထဲ မကောင်းခဲ့ပေ။
ကံကောင်းစွာဖြင့် ရွှီဖန်းက ချိုးဆုအာ၏ သတိပေးမှုကို နားလည်ပေသည်။ ဒါ့အပြင် ရွှီဖန်းသည် လူသားဖြစ်ပြီး သားရဲမဟုတ်ချေ။ စည်းကျော်၍ မလုပ်နိုင်မှတော့ သူ့ကိုယ်သူ ထိန်းချုပ်ရန်သာ ရှိ၏။
သူ့ လျှာဖျားထိပ်အားကိုက်ကာ ခန္ဓာကိုယ်အတွင်းရှိ ဆန္ဒများကို လျော့ပါးအောင် သူလုပ်လိုက်သည်။
ချိုးဆုအာသည် ရွှီဖန်း၏ နာကျင်နေသော မျက်နှာကို ထိကာ မေးလာသည်။
"ရွှီဖန်း မသက်မသာ ခံစားနေရတုန်းလား"
ရွှီဖန်းတစ်ယောက် သက်ပြင်းချမိတော့သည်။ သူ့မှာ ရယ်ရခက် ငိုရခက်ပင်။ ဒီမေးခွန်းကို သူ ဘယ်လိုလုပ် ဖြေရမည်နည်း။ ယောကျ်ားတစ်ယောက်က အခုလိုအချိန်တွင် ဆိုးရွားစွာ ခံစားရသည်ကို သိထားရပေမည်။ သို့သော် သူ နာကျင်တယ်ဟု ပြောလိုက်ပါက ချိုးဆုအာကို စိတ်မသက်မသာ ဖြစ်စေလိမ့်မည်။
ရွှီဖန်း ပြုံးကာ ခေါင်းခါယမ်းလိုက်သည်။
"အဆင်ပြေပါတယ် အစ်မဆုအာ"
ချိုးဆုအာကလည်း ငြိမ်ငြိမ်လေးနေကာ ရွှီဖန်း၏ မငြိမ်မသက်ဖြစ်နေသော နှလုံးသားကို ငြိမ်သက်စေခဲ့သည်။
အချိန်အတော်ကြာပြီးနောက် နှစ်ယောက်စလုံး ငြိမ်သွားကြသည်။ ချိုးဆုအာသည် အသက်ပြင်းပြင်းရှူသွင်းပြီးနောက် ရွှီဖန်းကို လေးလေးနက်နက်ကြည့်ကာ
"ရွှီဖန်း နောက်တစ်ခါကျရင် အစ်မ မင်းကို ပေးပါ့မယ်"
ရွှီဖန်းသည် မသက်မသာပြုံး၍ ခေါင်းညိတ်ကာ
"ကဲ...အစ်မဆုအာ နောက်ကျနေပြီ၊ အခန်းထဲ ဝင်ပြီး အိပ်တော့"
"အင်း...ရွှီဖန်း မင်းလည်း စောစောအနားယူသင့်တယ်"
ချိုးဆုအာက အောက်နှုတ်ခမ်းကို ကိုက်ရင်း အခန်းထဲကို ဝင်လေသည်။
ထိုအချိန် ရွှီဖန်းတစ်ယောက် သက်ပြင်းအရှည်ကြီး ချလိုက်ရသည်။ သူသာ စောစောသိလျှင် လီထိုက်ကန်းတို့နှင့် လိုက်သွားပေမည်။ ဒါကြီးကို ထိန်းချုပ်ထားရတာက တစ်ကယ်ကို မကောင်းပေ။
ရွှီဖန်းတစ်ယောက် ခေါင်းခါယမ်းကာ သူ့အခန်းမှာ ပြန်နားရန် ပြင်လိုက်သည်။ သို့သော် သူတစ်ချက်
ကြည့်လိုက်ရာ အရက်မူးနေသော အမျိုးသားတစ်ယောက်ကို သယ်လာသည့် အမျိုးသမီးက သူ့ဆီလျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
"..................."
******************