← Chapters

မမျှော်လင့်ထားသည့်အဖြစ်အပျက်

Vol. 13 Ch. 185

မမျှော်လင့်ထားသည့်အဖြစ်အပျက်

Vol. 13 Ch. 185

ကျန်းယန် အနည်းငယ် အံ့သြသွားသည်။ သူမ ရွှီဖန်းကို မယုံနိုင်စွာ ကြည့်၍

"ရွှီဖန်း နင် မကြိုက်ဘူးလား"

ရွှီဖန်း ရယ်မောလိုက်သည်။ ယောကျ်ားတိုင်းက ဒီလိုခံစားရတာ သဘောကျပေသည်။ သို့သော်

ရွှီဖန်း ခေါင်းခါယမ်းလိုက်ကာ

"ကျန်းယန် ငါတို့က ပြီးသွားပြီ၊ မင်းရဲ့ရည်းစားက လင်းချီဆိုတာ မင်းနားလည်ရဲ့လား"

လက်ရှိအချိန်တွင် လင်းချီက ဘေးအခန်းမှာ အိပ်ပျော်နေသည်။ ရွှီဖန်းသည် သားရဲတိရိစ္ဆာန်မဟုတ်တာကြောင့် တခြားလူ၏ ချစ်သူဖြင့် အခုလိုလုပ်ရပ်တွေ မလုပ်နိုင်ပေ။

"ဟုတ်လား"

ကျန်းယန်က ရွှီဖန်း၏ ဆိုလိုရင်းကို နားလည်သလိုမျိုး ရယ်မောလေသည်။

သို့သော် နောက်တစ်စက္ကန့်အတွင်းမှာ သူမက ရွှီဖန်းကို ရုတ်တရက်ကြီး ထဖက်လာတာကြောင့် သူတို့နှစ်

ယောက်စလုံး ဘေးမှ ကုတင်ကြီးပေါ်သို့ လဲကျသွားခဲ့သည်။ 

ရွှီဖန်းသည် သူ့ဘေးနားရှိ ကျန်းယန်၏ ပူလောင်သော အသက်ရှူသံကို ခံစားမိကာ ထိတ်လန့်သွားရသည်။

"ကျန်းယန် ငါပြောတာကို မင်း နားမလည်ဘူးလို့ ငါ့ကို မပြောနဲ့"

"ငါသိပါတယ်၊ လင်းချီ ရုတ်တရက်နိုးလာပြီး မိသွားမှာကို ကြောက်နေတာမလား၊ စိတ်မပူပါနဲ့၊ သူက ဝက်သေတစ်ကောင်လိုပဲ အိပ်နေတာ၊ နိုးလာမှာ မဟုတ်ဘူး"

"..............."

ရွှီဖန်း ဆွံ့အသွားရသည်။ သူ ဘာပြန်ပြောရမှန်းတောင် မသိတော့ပေ။ 

ကျန်းယန်က စကားပြောပြီးနောက် ချစ်စဖွယ်ပြုံးကာ

"ရွှီဖန်း လင်းချီက နင်တို့အတွက် ခက်ခဲအောင် လုပ်ထားလို့ သူ့ကို မုန်းနေမှာမလား၊ အခု သူ့မိန်းမနဲ့ ကစားရမှာလေ၊ ဒီလိုခံစားချက်ကို သဘောမကျဘူးလား"

ကျန်းယန်က သူမ၏ အဝတ်အစားများကို ချွတ်ရင်း ပြောလေသည်။ တစ်ချိန်တည်းမှာပင် ရွှီဖန်း၏ အာရုံကို ဆွဲဆောင်ရန်မမေ့ပေ။

ယောကျ်ားတစ်ယောက်၏ အတွေးများကို သူမ ကောင်းစွာ နားလည်ပေသည်။ ဆိုရိုးအတိုင်း မယားကြီးသည် မယားငယ်လောက် မကောင်းပေ။ ယောကျ်ားတွေ ကြိုက်တာက ခိုးလုပ်ရသည့် ခံစားချက်၊ စိတ်လှုပ်ရှားမှုပင်။

ရွှီဖန်း၏အတွင်းရေးမှူးကလည်း ဘေးမှာရှိသည်ကို သိရပေမည်။ သူနှင့် ထိုအတွင်းရေးမှူးကြား ရင်းနှီးသော ဆက်ဆံရေးရှိကြောင်း သိသာပေသည်။ ဒီလိုအခြေအနေကို ယောကျ်ားတွေက ရင်ခုန်ကြလိမ့်မည်။

အိပ်ရာပေါ်မှထသွား...

သို့သော်လည်း နောက်စက္ကန့်ပိုင်းအတွင်းမှာပင် ကျန်းယန်သည် သူမ၏ အတွေးများက တစ်ဖက်သက်သာ ဖြစ်နေခဲ့ကြောင်း သိလိုက်ရသည်။ ရွှီဖန်းက ကျန်းယန်ကို တွန်းထုတ်ကာ ကုတင်ပေါ်မှ ထသွားခဲ့သည်။

ကျန်းယန်သည် တစ်ဝက်တစ်ပျက်အဝတ်အစားများ

ဖြင့် ကုတင်ပေါ်လှဲနေသည်။ သူမကို ကြည့်ရတာ စိတ်ရှုပ်ထွေးသွားသည့်ပုံပင်။ ရွှီဖန်းသည် သူမကို တစ်ချက်ကြည့်၍ မျက်နှာလွှဲလိုက်သည်။

 "မင်း အဝတ်တွေ ပြန်ဝတ်လိုက်ပါ"

သူ့အသံက အေးစက်နေသဖြင့် ကျန်းယန် နားမလည်နိုင်တော့ပေ။ အခန်းတံခါးကို မခေါက်ခင်ကတည်းက ရွှီဖန်း၏ဘေးနား ပြန်ရောက်ဖို့ကို သူမ တွေးထားပြီးပြီဖြစ်သည်။ အဓိကလက်နက်မှာ သူမအမြဲဂုဏ်ယူနေရသည့် သူမ၏ ခန္ဓာကိုယ်ပင်။ အတိတ်တုန်းက ရွှီဖန်းက သူမ၏ ခန္ဓာကိုယ်နှင့် ပတ်သက်၍ ဘယ်လောက်ထိ ရူးသွပ်ခဲ့လဲဆိုတာကို သူမ မှတ်မိသေး၏။ ဒါကြောင့် ဒီလှုပ်ရှားမှုမှာ သူမ သေချာပေါက် မရှုံးနိုင်ဟု ထင်ခဲ့သည်။ 

ယခုအချိန်တွင် ရွှီဖန်းသည် ဖိနပ်ဟောင်းတစ်ရံကဲ့သို့ သူမဘယ်လိုပဲ ဆွဲဆောင်ပါစေ ဘာမှ မထူးခြားလာပေ။ ကျန်းယန်အတွက် ဤထိုးနှက်ချက်က လျှပ်စီးကြောင်းကဲ့သို့ပင်။ 

မဟုတ်ဘူး! မဖြစ်နိုင်ဘူး!

ကျန်းယန်သည် အချိန်ကြာကြာ စိတ်မပျက်ဘဲ ခေါင်းကို ခါရမ်းလိုက်သည်။ ရွှီဖန်းက သရုပ်ဆောင်နေတာပဲ ဖြစ်ရမည်ဟု သူမကိုယ်သူမ ပြန်ပြောလိုက်သည်။

သူက ယောကျ်ားလေးတစ်ယောက်ပင်။ သူမ၏ ခန္ဓာကိုယ်ကို မကြိုက်ရန် မဖြစ်နိုင်ချေ။ 

"ရွှီဖန်း ငါတစ်ကယ်ချစ်တဲ့လူက နင်ပဲသိလား၊ နင်နဲ့အတူ ရှိခဲ့တဲ့ ညတိုင်းကို ငါမှတ်မိနေတုန်းပဲ၊ ဘာမှထပ်မလိုချင်တော့ဘူး၊ နင့်အနားမှာပဲ နေချင်တော့တယ်၊ ရွှီဖန်း ငါ့ကို ပြန်ချစ်ပေးနိုင်မလားဟင်"

ယခုကျန်းယန်၏ ပုံစံက မသိလျှင် ဆေးစွဲနေသည့်အလားပင်။ သူမ၏ ပုံစံက ရွှီဖန်းကို အရူးအမူးချစ်နေပြီး သူမ၏ လက်မောင်းများက သစ်ပင်အမြစ်များကဲ့သို့ ရွှီဖန်းကို တင်းတင်းကြပ်ကြပ် ဖက်တွယ်လာသည်။ စက္ကန့်ပိုင်းအတွင်းမှာ အခန်းတွင်း၌ ပရမ်းပတာ အရောင်အဝါများ ထွက်လာတော့သည်။ ကျန်းယန်၏ ညည်းညူသံက ရံဖန်ရံခါ ထွက်လာသည်။

သို့သော် လက်ရှိရွှီဖန်းကတော့ တရားအားထုတ်နေသော ရဟန်းတစ်ပါးနှင့်တောင် တူနေ၏။ မလှုပ်မယှက်ဖြင့် ငြိမ်သက်နေသည်။ ကျန်းယန်

ဘယ်လောက်ပဲ ဆွဲဆောင်ပါစေ ဘာမှ ​တုံ့ပြန်မှု မရှိပေ။

ရလဒ်အနေဖြင့် ကျန်းယန်တစ်ယောက်တည်းလှုပ်ရှားနေရင်တောင်မှ မီးပွားများ ဖန်တီးနိုင်မည် မဟုတ်ပေ။ သူမ ဒေါသထွက်လွန်း၍ အံကိုကြိတ်ကာ ရွှီဖန်းကို တွန်းထုတ်လိုက်သည်။

"ဘာလို့လဲ! ငါက ဆွဲဆောင်မှုမရှိလို့လား!"

ကျန်းယန်က မျက်ရည်များဝဲလာတော့သည်။ သူမသည် ရွှီဖန်းအား စက်ဆုပ်ရွံရှာဖွယ်ရာအပြုအမူမျိုးစုံဖြင့် ဆွဲဆောင်ခဲ့သော်ငြား သူကတော့ မတုံ့ပြန်ခဲ့ပေ။ 

ရွှီဖန်း လှောင်ရယ်လိုက်ကာ

"ကျန်းယန် ငါပြောထားပြီးသား၊ ငါတို့က ပြီးသွားပြီလို့"

"မင်းရဲ့လက်ရှိချစ်သူက လင်းချီ၊ သူ့ကို ကောင်းကောင်းမြတ်နိုးမယ်လို့ ငါမျှော်လင့်တယ်၊ ဒီညဖြစ်ပျက်သမျှကိုလည်း ငါ ဘယ်သူ့ကိုမှ ပြန်မပြောဘူး စိတ်မပူနဲ့၊ အခု ထွက်သွားလို့ရပြီ၊ မင်းမှာ နောက်ဆုံးကျန်ရှိနေတဲ့ ကောင်းမွန်တဲ့ ခံယူချက်တွေကို မဖျက်ဆီးဖို့ ငါမျှော်လင့်တယ်"

ရွှီဖန်း၏ စကားများ၌ တွန့်ဆုတ်နေမှုမရှိပေ။ လက်ရှိတွင် သူ သူမအပေါ် အလွန်စိတ်ပျက်သွားသည်ကို ခံစားမိ၏။ သူမ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး မျက်ရည်များ ထိန်းမရအောင် စီးကျလာတော့သည်။ သူမ နောင်တရ၏။ သူမကိုယ်သူမ မုန်း၏။ အာဏာမက်သော အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့တာကို မုန်း၏။ ဘာကြောင့် သူမ ရွှီဖန်းကို ထားခဲ့မိတာပါလိမ့်။

ထိုအချိန်က စိုက်ပျိုးထားခဲ့သော မကောင်းသည့် အသီးအနှံများအား ယခု ရိတ်သိမ်းနေရပြီဖြစ်သည်။ ရွှီဖန်းသည် လက်ရှိ အောင်မြင်နေသော်လည်း သူမနှင့် လုံးလုံး မသက်ဆိုင်တော့ပေ။

ဒါကလည်း လက်စားချေနည်း တမျိုးပင်။

ကျန်းယန်မှ သည်းထန်စွာ ငိုကြွေးနေသော်လည်း ရွှီဖန်းက နှစ်သိမ့်ပေးခြင်း မရှိပေ။ 

သူမက သူ့ကို ထိန်းချုပ်ချင်နေတာလား။ 

အခန်းက တိတ်ဆိတ်နေပြီး ကျန်းယန် ငိုရှိုက်သည့်

အသံသာ ထွက်ပေါ်နေသည်။ ကုတင်ပေါ်၌ သူမ ထိုင်ငိုနေတာ အချိန်ဘယ်လောက် ကြာသွားပြီမှန်းတောင် ရွှီဖန်း မသိတော့ပေ။ 

ကျန်းယန်သည် အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမသည် သူ့ရင်ခွင်ထဲသို့ ပစ်ဝင်လာသော်လည်း သူ့ဘက်မှ မလှည့်ကြည့်ခဲ့ပေ။ ဒါက သူမအတွက် တော်တော်လေး ထိခိုက်စရာ ဖြစ်ခဲ့လိမ့်မည်။

"ကျန်းယန် ငါတို့အတူရှိဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး၊ ခုနက ငါ့အပြုအမူအတွက်တော့ ဆောရီးပါ၊ အခု နောက်ကျနေပြီ၊ ပြန်ပါတော့"

"ဟက်!"

ရွှီဖန်းမှ ရိုးရိုးသားသားတောင်းပန်လိုက်သော်ငြား တစ်ဖက်က လှောင်ရယ်လာမည်ဟု မထင်ခဲ့ပေ။

ကျန်းယန်က သူမ၏ မျက်ရည်များကို သုတ်၍ ရွှီဖန်းကို အေးစက်စက်ကြည့်လာသည်။ သူမ၏ နှုတ်ခမ်းထောင့်က အပေါ်တက်သွားကာ

"နင်က ငါ့ကို ထွက်သွားစေချင်တာလား၊ ရွှီဖန်း နင့်

မျက်လုံးထဲမှာ ငါက နိမ့်ကျတဲ့မိန်းမဖြစ်နေတယ်မလား"

"............"

ရွှီဖန်းမှာ ဆွံ့အ၍ ပြန်တောင်မဖြေနိုင်ခဲ့ပေ။ ငါ့အခန်းကို သူပဲ ဝင်ချလာတာ မဟုတ်ဘူးလား။

"ဘာလိုချင်လို့လဲ"

ရွှီဖန်း၏ တည်ငြိမ်သော အမူအရာကြောင့် ကျန်းယန် အံ့သြသွားသည်။ ထို့နောက် သူမ ပြုံးလိုက်သည်။ မှန်၏။ ရွှီဖန်း ပြောင်းလဲသွားခဲ့သည်။ ယခင်ကထက် ပို၍ ရင့်ကျက်ပြီး ဉာဏ်ရည်ထက်မြက်လာသည်။

ဒီလူကို သူမ ဘယ်တော့မှ ထပ်ပိုင်ဆိုင်ရတော့မည် မဟုတ်ပေ။ သို့သော် သူ့ထံမှ တစ်ခုခုကို မယူနိုင်ဟု မဆိုလိုပေ။

"ရွှီဖန်း နင်ဒီနေ့ရခဲ့တဲ့ ဆုကြေး နှစ်သိန်းကို ငါလိုချင်တယ်"

ကျန်းယန်၏ အသံက သဘာဝအတိုင်း တည်ငြိမ်

နေ၏။ ရွှီဖန်း မရယ်ဘဲ မနေနိုင်တော့ချေ။ 

"ဘာလို့ပေးရမှာလဲ"

ဒီဆုက သူရခဲ့တာဖြစ်၍ ဘာကြောင့် သူမကို ပေးရမည်နည်း။

*****************

All Chapters