← Chapters

မျက်နှာပျက်ရပြီ

Vol. 13 Ch. 186

မျက်နှာပျက်ရပြီ

Vol. 13 Ch. 186

ကျန်းယန်က အေးစက်စွာ ပြောလာသည်။ 

"ဘာလို့လဲလို့ နင့်မှာ မေးစရာ မျက်နှာ ကျန်နေသေးတာလား၊ ငါ နင်နဲ့ နှစ်အနည်းငယ် ကစားပေးခဲ့တာတောင်မှ ငါနဲ့ထိုက်တန်တဲ့လျော်ကြေးကို နင်ပေးခဲ့ဖူးလို့လား"

"လျော်ကြေး?"

ရွှီဖန်း ပြုံးလိုက်မိသည်။ သူ ကျန်းယန်ကို တစ်ကယ် မမြင်နိုင်သေးသည့်ပုံပင်။ သူမက သူထင်ထားသည်ထက် ပို၍ အရှက်မရှိပေ။

လျော်ကြေးတဲ့လား။

ထိုအချိန် သူအလုပ်လုပ်ခဲ့ရသည့် နှစ်တွေမှာ ခြိုးခြံချွေတာခဲ့ရသည်။ သူမကတော့ သူ့လစာတစ်ဝက်ကျော်လောက်ကို သုံးဖြုန်းခဲ့သော်ငြား ယခုအခါ လျော်ကြေးတောင်းလာပြန်သည်။ ဒါ ဟာသအကြီးကြီးတစ်ခုပင်။

"ကျန်းယန် မင်းရဲ့စိတ်ကူးတွေက ကြွယ်ဝနေပေမယ့် အဲ့ဒီအကြံတွေကို စွန့်လွှတ်လိုက်၊ မင်းကို လျော်ကြေးပေးဖို့ ငါ့မှာ တာဝန်မရှိဘူး၊ ငါတို့လမ်းခွဲခဲ့တာ ကြာပြီ"

"ရွှီဖန်း ငါ့ကို တွန်းအားမပေးနဲ့"

ကျန်းယန်သည် ရွှီဖန်းအား အေးစက်သော အမူအရာဖြင့် ကြည့်နေသည်။ ဒီအချိန်မှာ သူမက ရူးသွားသည့်ပုံပင်။ သူမ ရယ်မောလိုက်ကာ

"နင် ငါ့ကို မပေးရင် အဲ့ဒီအကျိုးဆက်ကို နင်မခံနိုင်အောင် ငါလုပ်ပစ်မယ်"

ရွှီဖန်း ပါးစပ်တွန့်သွားသည်။ ခြိမ်းခြောက်တာလား။

"ငါ မကြောက်ဘူး"

"ကောင်းပြီလေ"

ရွှီဖန်း စကား ဆုံးဆုံးချင်းမှာ ကျန်းယန်၏လက်က သူမအဝတ်အစားတွေဆီ ရောက်သွားပြီး ဘွင်းဘွင်းရှင်းရှင်းပင် သူမ၏ ဆက်စီဆန်သော အတွင်းခံဘောင်းဘီနှင့် အဖြူရောင် ဘရာကို ပြသလာသည်။

သူမ၏ အဆက်မပြတ်မျက်ရည်ကျနေသော အမူအရာကိုကြည့်ရင်း ရွှီဖန်း စိတ်ရှုပ်ထွေးသွားခဲ့သည်။ ကျန်းယန် ဘာလုပ်နေတာလဲ။

"ရွှီဖန်း ဘာပဲဖြစ်ဖြစ် နင်က အရွယ်ရောက်ပြီလေ၊ မုဒိမ်းကျင့်တဲ့လူတွေက ထောင်ဒဏ်ဘယ်လောက်ကျလဲဆိုတာ နင်သိပါတယ်"

"............"

ရွှီဖန်း ခဏတာ ထိတ်လန့်သွားပြီးနောက် ကျယ်လောင်စွာ ရယ်မောမိသည်။

ကျန်းယန်သည် ငွေ၂သိန်းလောက်ဖြင့် သူမ၏ဂုဏ်သိက္ခာကိုတောင် ချနင်းရန် ဝန်မလေးပေ။ 

"ဟက်! ကျန်းယန် မင်းက ဒီလိုစက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့မိန်းမ ဖြစ်နေလိမ့်မယ်လို့ ငါတစ်ကယ် မထင်ထားဘူး"

"ဟားဟား ငါက စက်ဆုပ်ရွံရှာဖွယ်ဟုတ်လား၊ ဟုတ်တယ် ငါက အောက်တန်းကျတဲ့မိန်းမ ကျန်းယန်ပဲ၊ ရွှီဖန်း ငါ နင့်ကို မရရင် နင့်ကိုပါ ဖျက်ဆီးပစ်မှာ"

ကျန်းယန်၏ ရယ်သံက အလွန်ကျယ်လောင်သည်။ ဤသည်မှာ အပြန်အလှန် ပျက်စီးရသော နည်းလမ်းဖြစ်သော်ငြား သူမ ဂရုမစိုက်ပေ။ သူမက အရင်တစ်

ချိန်ကလို ဖြူစင်သော မိန်းကလေး မဟုတ်တော့ပေ။ သူမ မဆင်မခြင် ပြုမူတော့ရော ဘာဖြစ်လဲ။ သူမကို ဂရုမစိုက်တော့တဲ့လူကိုပါ ဆွဲချရတာ ထိုက်တန်ပေသည်။ 

"ဟားဟား ရွှီဖန်း နင့်ရဲ့ အတွင်းရေးမှူးကို အရမ်းကြိုက်တယ်မလား၊ အဲ့တော့ သေချာစဥ်းစားပါ၊ နင်က မုဒိမ်းကျင့်တဲ့လူဆိုပြီး သူသိသွားရင် နင့်ကို ဘယ်လိုထင်သွားမလဲ"

"မင်းနောင်တရဖို့ နောက်ကျသွားပြီ၊ ငါ့ကို နှစ်သိန်းပေးပါ၊ ပြီးရင် နင့်ကိစ္စတွေမှာ ဝင်မပါတော့ဘူး"

ကျန်းယန်၏ မျက်နှာက လှောင်ရယ်ဖွယ် အမူအရာများပြည့်နေသော်လည်း ရွှီဖန်း၏ မျက်နှာပေါ်၌ သူမတွေ့ချင်သည့် အကြောက်တရားမျိုး သူမ မတွေ့ခဲ့ရပေ။ 

"နင်မကြောက်ဘူးလား၊ ငါ အခု အော်လိုက်လို့ရတယ်နော်"

ရွှီဖန်းသည် ဂရုမစိုက်စွာ ပုခုံးတွန့်ပြပြီး ဆိုဖာပေါ်မှာ ဝင်ထိုင်လိုက်သည်။ သူ စားပွဲပေါ်မှ စီးကရက်တစ်

လိပ်ကိုထုတ်၍ မီးညှိကာ ပြုံးလိုက်သည်။ 

"ဘာလို့ ကြောက်ရမှာလဲ၊ အတုအယောင်ပဲကိစ္စ...အမှန်တရားက ပေါ်လာမှာပဲ"

"ငါတို့ နောက်မှ ကြည့်ကြသေးတာပေါ့"

ရွှီဖန်း လှောင်ရယ်လိုက်ကာ သူ့သောက်လိုက်သည့် စီးကရက်ကို မှုတ်ထုတ်လိုက်သည်။ သူ ပြုံးမိကာ...

"ငါ အဆင်မပြေတာ တစ်ခုတော့ ပြောဦးမယ်၊ ကျန်းယန် မင်း ငါ့ကို တရားစွဲနိုင်မယ်လို့ ထင်နေလား"

"နင်"

ကျန်းယန်၏မျက်နှာက ဖြူလျော်သွားသည်။ သိသာစွာ ရွှီဖန်း၏ မောက်မာသော စကားများကြောင့် သူမ ဒေါသထွက်မိသော်လည်း သူမလုပ်နိုင်သည့်အရာမရှိပေ။ 

မှန်ပေသည်။ လက်ရှိ ရွှီဖန်းသည် ယခင်က ရွှီဖန်းမဟုတ်တော့ပေ။ သူဌေးတွေတောင်မှ သူ့ကို ညီတူမျှတူ ဆက်ဆံပေးနေရသည်။ သူမကဲ့သို့ သာမန်နိမ့်ကျသည့်လူက ထိုကဲ့သို့ပုဂ္ဂိုလ်အား ဘယ်လိုလုပ် တရားစွဲဆိုနိုင်မည်နည်း။

ရိုးရိုးသားသားဆိုရလျှင် ရွှီဖန်းသာ ပေါက်ကွဲလာပါက သူမနေရာမှာတင် သေလိမ့်မည်။ သူမ ရဲသွားတိုင်

ရင်တောင်မှ ရွှီဖန်းဘက်ကသာ အသာစီးရလိမ့်မည်။

ရွှီဖန်းသည် သူ့နှုတ်ခမ်းထောင့်ကို အသာမြှင့်၍ ပြုံးလိုက်သည်။

"မင်းသွားလို့ရပြီ၊ နောက်ဆုံးအနေနဲ့ အကြံတစ်ခုပေးလိုက်မယ်၊ မင်းမှာရှိနေတဲ့ ချစ်သူကိုပဲ သေချာဂရုစိုက်ပါ"

ရူးနေသည့်ကျန်းယန်ကို အသာထား၊ မိန်းမများသည် ကျိုးကြောင်းမဆီလျော်တတ်ကြပေ။ ရွှီဖန်းကို များစွာ မထိခိုက်စေမှန်း သူမသိသော်လည်း ခွေးရူးတစ်ကောင်ကဲ့သို့ မဆင်မခြင်လုပ်ရန် သူမ တွေးနေတုန်းပင်။ ရွှီဖန်းကို မသတ်နိုင်လျှင်တောင် သူ့အရေပြားတစ်လွှာကိုတော့ ဆုံးရှုံးအောင် လုပ်ရပေမည်။

"မုဒိမ်းကျင့်နေပါတယ်! ကယ်ကြပါ!"

ကျန်းယန်သည် ကြွက်စုတ်ကဲ့သို့ အော်ဟစ်လာတာကြောင့် ရွှီဖန်းအံ့သြသွားခဲ့သည်။ ကျန်းယန်က အခုလို ရူးသွပ်သွားမည်ဟု သူမထင်ခဲ့ပေ။

သူ ပြုံးကာ ဆိုဖာပေါ် ပြန်ထိုင်လိုက်သည်။ ကျန်းယန်မှ စိတ်ပါလက်ပါအော်ဟစ်နေသည်ကို ထိုင်ကြည့်နေလိုက်သည်။ သူမသည် တစ်ကယ်ကို အရှက်မရှိပေ။

ညဥ့်နက်နေပြီဖြစ်သည့်အပြင် စုံတွဲများ ပျော်ရွှင်စေရန်အတွက် အခန်းများက အသံလုံသင့်သလောက် လုံပေသည်။ ကျန်းယန်၏အသံက လူတွေ၏အာရုံကို မဆွဲဆောင်နိုင်ပေ။ 

ပိုပိုကျယ်လာသော သူမအသံကို ကြားသည့်အခါ ရွှီဖန်းပြုံးလိုက်သည်။

"ပြီးပြီလား၊ ပြီးရင်လည်း မြန်မြန်ထွက်သွား"

ကျန်းယန်က ရွှီဖန်းကို စိုက်ကြည့်နေသည်။ သူ့ကို ဆန့်ကျင်နိုင်သည့်တစ်ခုတည်းသောအရာမှာ အရှက်မဲ့ခြင်းပင်။ သူမက ဆက်လက်ပြီး အော်ဟစ်ကာ အကူအညီတောင်းခံနေခဲ့သည်။

ဒေါက်! ဒေါက်! ဒေါက်!

တံခါးခေါက်သံကြောင့် ရွှီဖန်း အံ့သြသွားခဲ့သည်။ ကျန်းယန်၏ ကြိုးပမ်းအားထုတ်မှုက လူတစ်ယောက်ကို ကြားစေခဲ့မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

သို့သော် ဒါကလည်း မဆိုးပေ။ မြန်မြန်ပြီးဆုံးပြီး ကျန်းယန်ကို အဝေးခေါ်ထုတ်ခိုင်းရမည်။ သူတစ်ကယ် ပင်ပန်းနေလေပြီ။

"ရွှီဖန်း အခန်းထဲမှာ ဘာဖြစ်နေတာလဲ"

သို့သော် အပြင်မှ နှုတ်ခွန်းဆက်သံကြောင့် ရွှီဖန်းအံ့သြသွားရပြန်သည်။ ရောက်လာသူက စားပွဲထိုးမဟုတ်ဘဲ ဘေးအခန်းတွင် တည်းနေသော ချိုးဆုအာဖြစ်နေသည်။ ဤအရူးမကျန်းယန်၏ အသံက ချိုးဆုအာကို နိုးသွားစေတာဖြစ်မည်။

ကျန်းယန်က ရွှီဖန်းအား အပြုံးဖြင့် ကြည့်နေသည်။ သူမ၏ ကြိုးစားအားထုတ်မှုက အလကားမဖြစ်သွားပေ။ 

"မုဒိမ်းကျင့်နေပါတယ်! ကူညီပါ! ကူညီကြပါ!"

အခန်းတွင်းမှ နောက်ထပ်အော်သံများကို ကြားလိုက်ရသည့်အခါ ချိုးဆုအာသည် မအံ့သြဘဲ မနေနိုင်ခဲ့ချေ။ 

"ရွှီဖန်း ဘာဖြစ်နေတာလဲ၊ အခန်းထဲမှာ ဘာလို့ မိန်းကလေးတစ်ယောက်ရဲ့အသံရှိနေတာလဲ"

ရွှီဖန်းမှာ ခေါင်းကိုက်လာတာကြောင့် သူ့နဖူးကို ပွတ်လိုက်မိသည်။ ကျန်းယန်ကလည်း ရုန်းရင်းဆန်ခတ်ပြုမူနေတာကြောင့် ချိုးဆုအာကိုသာ အရင်ဝင်ခွင့်ပြုလိုက်သည်။ 

သူမ တံခါးဖွင့်ဝင်ပြီးနောက် ကုတင်ဘေးမှာ အဝတ်အစားတွေ အကုန်ချွတ်ထားသည့် ကျန်းယန်ကို မြင်လိုက်ရသည်။ သူမ အံ့အားသင့်သွားကာ ရှုပ်ထွေးနေသည့် အမူအရာများ ပေါ်လာတော့သည်။

"ရွှီဖန်း ဒါက..."

အခြေအနေက ရှင်းလင်းနေသော်ငြား ရွှီဖန်း ရှင်းပြတာကို သူမ နားထောင်ချင်နေတုန်းပင်။ 

"ဟားဟား နင့်ယောကျ်ားက ငါနဲ့အိပ်နေတာ၊ ငါ့ကို မုဒိမ်းကျင့်နေတာပဲ! နင် သူ့ကို စိတ်ပျက်သွားရပြီမလား!"

ရွှီဖန်းမရှင်းပြခင်မှာ ကျန်းယန်က ဝင်ပြောလာတာကြောင့် ပို၍ ရှုပ်ထွေးကုန်သည်။

"အစ်မဆုအာ"

ကျန်းယန်သည် တစ်ကယ်ကို ခွေးမပင်။ သူမ၏ စကားကြောင့် ရွှီဖန်းက မိန်းမတွေနဲ့ကစားသော လူယုတ်မာတစ်ယောက်ဖြစ်လာရသည်။ ချိုးဆုအာ၏ ဝမ်းနည်းနေသော မျက်လုံးများကို ကြည့်ရင်း ဘယ်လိုရှင်းပြရမည်မှန်း မသိတော့ချေ။

တစ်ဖက်တွင် ကျန်းယန်ကတော့ စိတ်လှုပ်ရှားနေသည်။ ချိုးဆုအာက ရွှီဖန်းကို ပါးရိုက်လိုက်လျှင် မကောင်းဆုံးဖြစ်သည်။ ဒါဆို သူမအော်နေခဲ့ရတာ အလဟဿမဖြစ်တော့ချေ။ 

"ရွှီဖန်း တောင်းပန်ပါတယ်၊ အစ်မ အပြစ်ပါ"

ချိုးဆုအာ၏ တောင်းပန်မှုက မိုးခြိမ်းသံကဲ့သို့ ကျန်းယန်၏ခေါင်းထဲ၌ ရိုက်ခတ်သွားခဲ့သည်။ သူမ အံ့သြသွားရသည်။ ချိုးဆုအာက ဘာလို့ ဒေါသမထွက်တာလဲ။ အဲ့ဒီအစား တောင်းပန်နေတာလား။

ရွှီဖန်းလည်း အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။ သူ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ 

"အစ်မဆုအာ ဘာလို့ တောင်းပန်နေတာလဲ"

ချိုးဆုအာက သူ့အား အားနာစွာ ကြည့်လာ၍

"ဒါ အစ်မအပြစ်ပါ၊ အစ်မ မင်းကို စိတ်မကျေနပ်စေခဲ့လို့ မင်းက သူ သူမနဲ့..."

ချိုးဆုအာ၏ ရိုးသားသော စိတ်အခံက ရွှီဖန်းသည် သူမ၏ငြင်းဆိုမှုကြောင့် စိတ်မဖြေဖျောက်နိုင်ဘဲ သူ၏ ရည်းစားဟောင်းနှင့် နေလိုက်ရသည်ဟူ၍ပင်။ 

ရွှီဖန်း၏ နှလုံးသားထဲ၌ သူမ ရှိနေတာနှင့်ပင် လုံလောက်လေပြီ။ ရိုးရိုးသားသားပြောရလျှင် ရွှီဖန်း အခု တခြားမိန်းမနှင့်အတူရှိရခြင်းမှာ သူမကြောင့်ဟု တွေးမိပြီး အပြစ်ရှိသလို ခံစားနေရသည်။

"နင် နင်ရူးသွားပြီလား! သူက နင့်နောက်ကွယ်မှာ တခြားမိန်းမနဲ့ ကစားနေတာကို နင်က ဘာလို့ တောင်းပန်နေတာလဲ!"

ကျန်းယန်သည် ချိုးဆုအာ၏ အပြစ်ရှိသလိုခံစားနေရသည့် အမူအရာကို ကြည့်ကာ မထိန်းနိုင်ဘဲ ပေါက်ကွဲလာတော့သည်။ အခုလို စွန့်လွှတ်အနစ်နာခံသည့် အမျိုးသမီးကို ရထားသည့် ရွှီဖန်းက ဘာကြောင့် ဒီလောက်အထိ ကံကောင်းနေရသနည်း။

"ညီမလေး ရွှီဖန်းက စွမ်းရည်ရှိပြီး တော်တာကို၊ သူ့ကို အပြစ်တင်လို့မရဘူးလေ၊ အစ်မကသာ သူ့ကို စိတ်မကျေနပ်စေခဲ့တာ"

ကျန်းယန်မှာ လုံးလုံးအံ့သြနေရသည်။ အကယ်၍ သူမသာ သူတော်ကောင်းတရားလေးပါးကို ဆုပေးရမည်ဆိုပါက ချိုးဆုအာကို မဆိုင်းမတွ ပေးရမည်ပင်။ ဒီအမျိုးသမီးက အရမ်းကို နာခံလွန်းသည်။ 

"အရူး! နင်တို့အားလုံး အရူးတွေပဲ"

ကျန်းယန်သည် သူမ၏ အဝတ်များကို ကောက်ဝတ်ကာ အိပ်ယာပေါ်မှ ထလာသည်။ သူမ၏ ယခင်အတွေးများက ဟာသများဖြစ်နေခဲ့ကြောင်း သိရလေပြီ။

"ရွှီဖန်း နင်စောင့်နေလိုက်!"

မထွက်သွားခင်မှာ ကျန်းယန်သည် အေးစက်သော အကြည့်အား ရွှီဖန်းကို ပေးခဲ့သေးသည်။ တံခါးမှ ထွက်သွားသော ကျန်းယန်ကို ကြည့်ရင်း ချိုးဆုအာ စိတ်ရှုပ်ထွေးသွားသည်။

"ရွှီဖန်း ဘာတွေဖြစ်နေတာလဲ"

ချိုးဆုအာသည် သူမ အိပ်ရာပေါ်မှ ထလာခဲ့တာကြောင့် အဝတ်အစားများသည် အနည်းငယ်ကျေနေပြီး အနည်းငယ်ပျင်းရိကာ ဆွဲဆောင်မှုရှိသည့် ပုံရိပ်ကို ပေးစွမ်းနေသည်။

ရွှီဖန်းသည် သူတော်စင် မဟုတ်ပေ။ ကျန်းယန်ဆီမှ အချိန်အတော်ကြာ နှိုးဆွခံထားရတာကြောင့် ဖိနှိပ်ထားသော ခံစားချက်များသည် ချိုးဆုအာကြောင့် ပြန်လည် လောင်ကျွမ်းလာခဲ့သည်။

"အစ်မဆုအာ အဲ့ဒါကို နောက်မှ ပြောကြတာပေါ့၊ ဒါနဲ့ အစ်မ ကျွန်တော့်ကို ခွင့်မပြုဘူးလို့ ပြောခဲ့တယ်မလား ဟဲဟဲ"

လီထိုက်ကန်းနှင့် ကျောက်ဟွာသည် နောက်တစ်နေ့ နံနက်စောစောတွင် ဟိုတယ်သို့ ပြန်လာခဲ့ကြသည်။ သူတို့၏ မျက်နှာများက စိတ်လှုပ်ရှားမှုများကြောင့် နီရဲနေသည်။ သေချာသည်မှာ သူတို့နှစ်ဦးစလုံးသည် မနေ့ညက စိတ်ပျော်ရွှင်ခဲ့ကြပေလိမ့်မည်။ 

သူတို့နှစ်ယောက် ရွှီဖန်း၏ တံခါးကို ခေါက်လာသည့်အချိန် ချိုးဆုအာသည် သူမ၏ အဝတ်အစားများကို ဝတ်ထားပြီး ကုတင်ဘေးတွင် ကူကယ်ရာမဲ့စွာ ရပ်နေလေသည်။ 

ထိုနှစ်ယောက်၏ စပ်ဖြဲဖြဲအပြုံးများကြောင့် ချိုးဆုအာ ရှက်ရွံ့သွားရသည်။ 

"ဟဲဟဲ ညီလေး မနေ့ညက ဘယ်လိုလဲ"

ထိုနှစ်ယောက်က ချိုးဆုအာ နားထောင်နေသည်ကို ဂရုမစိုက်ဘဲ ရွှီဖန်းကို စနောက်လာကြသည်။ ရှက်ရွံ့နေသော သူမအား သူကြည့်လိုက်သည်။ သူမ၏ပါးများကလည်း အနည်းငယ် ဖောင်းနေလေသည်။ သူ မထိန်းနိုင်ဘဲ မနေ့ညက သူပြုလုပ်ခဲ့သည့် ကိစ္စကို ပြန်တွေးမိပေ၏။ 

ရွှီဖန်းသည် သူ့နှာခေါင်းကို ပွတ်သပ်၍

"အစ်ကိုထိုက်ကန်း ပေါက်ကရတွေ မပြောပါနဲ့၊ ကျွန်တော်တို့က အလုပ်ကိစ္စဆွေးနွေးနေကြတာ"

"အိုး ငါတို့နှစ်ယောက်လုံး သိပါတယ်၊ အရေးကြီးတဲ့ အလုပ်ဆိုတာ၊ ငါတို့လည်း မနေ့ညက အရေးကြီးတာ လုပ်ဖို့ ထွက်သွားခဲ့တာပဲလေ"

".............."

ရွှီဖန်းမှာ ထိုလူဆိုးကြီးနှစ်ယောက်အား ရှင်းပြရန် မလိုတော့ဘူးဟု ခံစားရတာကြောင့် အချိန်ထပ်မဖြုန်းတော့ပေ။

သို့သော် သူတို့နှစ်ဦးစလုံးသည် တစ်ညလုံးမအိပ်ခဲ့ဘဲ စိတ်လှုပ်ရှားခဲ့ရပုံပင်။ ဒါကြောင့် အပြန်လမ်းမှာ တစ်ခုခုဖြစ်မှာစိုး၍ ဒီမနက်မှာ အနားယူပြီး နေ့ခင်းကျမှ ပြန်လာခဲ့ရန် ထိုနှစ်ယောက်ကို ပြောခဲ့သည်။ 

အခန်းတွေကို ပြန်အပ်ပြီးနောက် မာစန်းထင်အပါအဝင် လယ်ယာထွက်ကုန်ဖလှယ်ပွဲကို ရောက်လာသည့် လူများလည်း ထွက်ခွာသွားကြပြီဖြစ်သည်။ 

သူတို့အုပ်စုလည်း ကားပေါ်တက်ပြီးနောက် ခရိုင်သို့ ပြန်လာခဲ့ကြသည်။ ရွှီဖန်းကတော့ ခရိုင်မှာ အချိန်အကြာကြီး မနေခဲ့ပေ။ နောက်ကျနေပြီဖြစ်၍ ချိုးဆုအာနှင့်အတူ မြစ်အောက်ပိုင်းရွာသို့ ပြန်လာခဲ့ကြသည်။

"အစ်မဆုအာကို အိပ်ပြန်ပို့ပေးမယ်"

ရွှီဖန်းသည် ရွာထဲရောက်ပြီးနောက် ချိုးဆုအာ၏ အိမ်ကို မောင်းလေသည်။ 

"မလို မလိုပါဘူးရွှီဖန်း၊ အစ်မ ဘာသာပဲ ပြန်လိုက်ပါ့မယ်"

မနေ့ညက ပြည်နယ်မှာ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ပြန်မြင်ယောင်ပြီးနောက် ချိုးဆုအာသည် ကမန်းကတန်း ငြင်းဆိုမိသည်။ 

ကောင်းကင်က မှောင်နေ၍သာ ကံကောင်းပေ၏။ မဟုတ်လျှင် သူမ၏ ရှက်ရွံ့နေသော အမူအရာအား ရွှီဖန်း မြင်ရလိမ့်ပေမည်။

ရွှီဖန်းကို သူမအိမ်သို့ ခေါ်သွားပါက ဘာဖြစ်လာမည်

မှန်း မသိနိုင်ပေ။ မနေ့ညက ရင်ခုန်စရာကောင်းသော မြင်ကွင်းကို တွေးလိုက်ချိန်မှာ ချိုးဆုအာ၏ နှလုံးသားသည် သမင်ပေါက်လေးကဲ့သို့ ခုန်ပေါက်နေစဲပင်။ 

"အစ်မဆုအာ အခုလိုအခြေအနေပဲ ရောက်နေပြီကို ရွှီဖန်းလို့ ခေါ်နေတုန်းလား"

ရွှီဖန်းက ချိုးဆုအာကို ရုတ်တရက် စိုက်ကြည့်လာသည်။ ချိုးဆုအာ စိတ်ရှုပ်ထွေးသွားကာ

"အာ ရွှီဖန်းလို့ မခေါ်ရရင် ဘယ်လိုခေါ်ရမလဲ၊ သူဌေးလို့ ခေါ်ရမလား"

ရွှီဖန်း မျက်လုံးလှိမ့်မိတော့သည်။ ချိုးဆုအာသည် နေရာတိုင်းမှာ ထူးချွန်သလောက် ဒီလိုနေရာမှာ ရိုးအပေသည်။

"တွေးကြည့်လေ ဘယ်လိုခေါ်သင့်လဲလို့"

"အို...."

ချိုးဆုအာသည် ချက်ချင်းတုံ့ပြန်လာပြီး ရွှီဖန်းကို စိုက်ကြည့်ကာ ထုလာသည်။ သို့သော် ရွှီဖန်းက ချက်ချင်းဆိုသလို သူမအား သူ့ရင်ခွင်ထဲ ဆွဲသွင်းလေသည်။

"ဟေး ရွှီဖန်း မလုပ်နဲ့၊ သူများတွေ မြင်သွားရင် မကောင်းဘူး"

"မလုပ်နဲ့လို့...ရှုပ်နေတာ ရပ်လိုက်"

သို့သော် ရွှီဖန်းက အလွန်ရဲတင်းနေသည်။ သူက ချိုးဆုအာကို ပွတ်သပ်ကာ...

"ဘာကို ကြောက်နေတာလား၊ အစ်မက ကျွန်တော့်

မိန်းကလေးဆိုတာ သိသွားကြလည်း ကောင်းတာပဲ၊ ကြည့်...ရွှီဖန်းလို့ ထပ်ခေါ်ပြန်ပြီ"

"ယော ယောကျ်ား..."

ချိုးဆုအာသည် ရှက်ရွံ့နေသော်လည်း နာခံမှုရှိစွာ ခေါ်လာဆဲပင်။ 

ရွှီဖန်းက သူ့မျက်နှာကို အရှက်မရှိစွာ ညွှန်ပြ၍ နမ်းရန် ညွှန်ပြလာသည်။ ဒီကောင်လေးက သူမကို စနောက်ဖို့ဆို ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ရဲတင်းလှသည်။

ချိုးဆုအာက ရှက်ကိုးရှက်ကန်းဖြင့် ရွှီဖန်းညွှန်ပြသည့်နေရာကို နမ်းလာသည်။ ထို့နောက် သူမ နှုတ်ခမ်းကိုစူကာ ပြောလေသည်။

"ယောကျ်ား အခု နမ်းပြီးသွားပြီဆိုတော့ အစ်မကို အခုလွှတ်ပေးသင့်ပြီမလား"

ရွှီဖန်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူ ကားကို ရပ်ကာ ချိုးဆုအာ၏ တင်ပါးကို ကုတ်လိုက်သည်။ 

"ဟဲဟဲ လမ်းမှာ သတိထားနော်"

ချိုးဆုအာ တဖြည်းဖြည်းဝေးသွားသည်အထိ စောင့်ပြီးနောက်မှာ ရွှီဖန်းလည်း အိမ်သို့ အမြန်ပြန်လာခဲ့သည်။

********************

All Chapters