← Chapters

တုံးအသော မိန်းကလေး

Vol. 13 Ch. 187

တုံးအသော မိန်းကလေး

Vol. 13 Ch. 187

ဒီနေ့ကို ထူးခြားသော နေ့တစ်နေ့ဟု သတ်မှတ်ရလိမ့်မည်။ ရွှီဖန်းတစ်ယောက် သူ့အိမ်ကို ကိုယ်ပိုင်ကားဖြင့် ဆယ်မိနစ်ကြာ မောင်းနေခဲ့သော်လည်း အဆင်မပြေမှုများ ကြုံတွေ့နေရတုန်းပင်။

ရွှီဖန်းသည် ရွာရှိရေကန်ငယ်ကို ဖြတ်ကျော်နေစဥ် အမျိုးသမီးတစ်ဦး၏ အော်ဟစ်သံကိုကြားလိုက်ရသည်။ အော်ဟစ်အကူအညီတောင်းနေသည့် အမျိုးသမီးက မြစ်အောက်ပိုင်းရွာမှ မဟုတ်တာ သေချာပေသည်။ 

ညနှောင်းပိုင်းလောက်မှ ဘာကြောင့် အပြင်လူတစ်ယောက်က ရေကန်ထဲ ပြုတ်ကျနေသနည်း။ သို့သော် အရေးပေါ် အခြေအနေဖြစ်တာကြောင့် ထိုကိစ္စကို သူသိပ်မစဥ်းစားခဲ့ပေ။ ထိုအစား ဘရိတ်ကို ဆောင့်နင်းပြီး ကားသေချာမရပ်ခင်မှာဘဲ ကားပေါ်မှ ခုန်ဆင်းလိုက်သည်။

ကံကောင်းစွာဖြင့် အခုအချိန် သူ့ခန္ဓာကိုယ်က မယုံနိုက်ဖွယ်ရာ သန်မာနေလေပြီ။ သာမန်လူတစ်ယောက်သာ ဒီလို ခုန်ဆင်းလျှင် ခြေချင်းဝတ်သေချာပေါက်လည်မှာပင်။

မျက်စိတစ်မှိတ်စာအတွင်းမှာပဲ ရေကန်အနားသို့ ရွှီဖန်း ရောက်ရှိလာသည်။ သူ ကောင်းကင်ကို မော့ကြည့်

လိုက်ရာ ပြည့်ပြည့်ဝဝမမှောင်သေးပေ။ 

ထိုအမျိုးသမီး ရောက်နေသည့်နေရာ၌ ရေသည် သူမ၏ ခါးအထိသာ ရောက်ရှိနေ၏။ သူမသည် မျက်လုံးကို လက်များဖြင့် တင်းတင်းကြပ်ကြပ်ပိတ်ထားကာ အော်ဟစ်နေတုန်းပင်။

"အဟွတ် အဟွတ်၊ တော်တော့...တော်တော့၊ ဒီမှာ ကယ်မယ့်လူက ရောက်နေပြီ"

ရွှီဖန်းမှာ ရယ်ချင်စိတ်ကို ထိန်းလိုက်ရပေသည်။ သူ သစ်ကိုင်းတစ်ကိုင်းကို တွေ့တာကြောင့် ယူလိုက်ကာ ကမ်းပေးလိုက်သည်။

"လာ လာ ဒီကိုင်းကို ဆွဲထား၊ ငါမင်းကို အပေါ်ဆွဲတင်ပေးမယ်"

ရွှီဖန်းတစ်ချက် ကြည့်လိုက်ရာ ထိုမိန်းကလေးက ၁၇၊ ၁၈အရွယ်မျှသာ ရှိဦးမည်။ သူမ၏ခေါင်းပေါ်၌ ကျစ်ဆံမြီးနှစ်ချောင်းကိုကျစ်ထားကာ မျက်နှာပေါ်၌လည်း အဆီအနည်းငယ်ရှိနေသေးသော မိန်းမငယ်လေးပင်။ ထိုအခိုက်အတန့်တွင် မိန်းကလေးက သူ့အား အပြစ်ကင်းစင်သည့် မျက်လုံးရွဲကြီးများဖြင့် ကြည့်လာသည်။

မိန်းမငယ်လေးက ရွှီဖန်းကိုကြည့်ပြီး သစ်ကိုင်းကိုကြည့်လိုက်ပေမယ့် မလှုပ်ရှားလာပေ။ သူမ ရှိုက်ကာ သနားစရာကောင်းစွာ ပြောလာသည်။

"ညီမခြေထောက်တွေ လှုပ်လို့မရတော့ဘူး"

ဤရေကန်သည် တစ်နှစ်ပတ်လုံး မသန့်ရှင်းရသေးတာကြောင့် ရွှံ့များ ထူထပ်နေသည်။ အကယ်၍ တစ်စုံတစ်ယောက်သာ မတော်မဆ နင်းမိပါက အကူမပါဘဲ ထွက်ဖို့ဆိုတာ မဖြစ်နိုင်ပေ။

ရွှီဖန်းလှည့်ပတ်ကြည့်သော်လည်း ဘယ်သူမှမရှိပေ။ သူ ကူကယ်ရာမဲ့စွာပင် ခေါင်းကိုခါယမ်းကာ ခုန်ဆင်းလိုက်ရသည်။ 

"လာ ငါ့လည်ပင်းကို ဖက်ထား၊ ငါမင်းကို ဆွဲထုတ်ပေးမယ်"

ဒါဟာ လှည့်စားမှုတစ်ခု ဟုတ်မဟုတ် သူမသိသော်လည်း ရွှီဖန်းသည် ထိုမိန်းကလေးကို ဖက်လိုက်သည့်အချိန် ထူးဆန်းသည့်အနံ့ကို ရရှိခဲ့သည်။

အယောက်တစ်သောင်းမှာ တစ်ယောက်က အခုလို မွှေးရနံ့မျိုးရှိရန် မဖြစ်နိုင်ချေ။ မိန်းကလေးတစ်ဦးက အမျိုးသမီးအဖြစ် ပြောင်းလဲသွားပါက ထိုရနံ့သည် ပျောက်ကွယ်သွားမည်ဖြစ်သည်။ အနှိုင်းမဲ့အဖိုးတန်သည်ဟု ပြော၍ရသည်။

ယခုအချိန်၌ မှောင်လုနီးပါးလည်း ဖြစ်နေလေပြီ။ ရွှီဖန်းသည် မိန်းကလေးအား ကမ်းပေါ်သို့ ခေါ်ဆောင်လာခဲ့သည်။ လေတစ်ချက်တိုက်ခတ်လာသည့်အခါ ရွှီဖန်းက အဆင်ပြေသော်ငြား မိန်းကလေးကတော့ တုန်တက်သွားသည်။ 

ရွှီဖန်းသည် ထိုမိန်းကလေး၏ အဝတ်အစားအောက်မှ လုံးကြီးပေါက်လှသော ခန္ဓာကိုယ်ကို မကြည့်မိအောင် နေရင်း မေးလိုက်သည်။

"အရမ်းနောက်ကျနေပြီ၊ မင်း သွားစရာနေရာရှိလား၊ လိုက်ပို့ပေးမယ်"

"အိုး...မလိုပါဘူး"

မိန်းကလေးက ခေါင်းကိုအသေငုံ့ထားကာ သူမ၏ ခြေချောင်းများကို ကြည့်နေပြီး လက်ချောင်းများကို လိမ်နေသည်။ 

"ဒါဆို ဘာလို့ ဒီရွာကို ရောက်လာပြီး ရေကန်ထဲ ပြုတ်ကျသွားတာလဲ"

"ညီမက"

မိန်းကလေးသည် ရွှီဖန်းအား မော့ကြည့်ပြီးနောက် အမြန်ခေါင်းငုံ့သွားပြန်သည်။

"ညီမ ရွှီဖန်းလို့ ခေါ်တဲ့လူကို ရှာဖို့ ရောက်လာတာ"

"ရွှီဖန်းကို ရှာနေတာလား"

ရွှီဖန်းမှာ သူမအား တအံ့တသြကြည့်မိကာ

"မင်း သူ့ကို သိလို့လား"

မိန်းကလေးက ခေါင်းခါပြသည်။

"ညီမသူ့ကို မသိပါဘူး၊ ဒါပေမယ့် သူက စိုက်ပျိုးရေးမှာ ကျွမ်းကျင်ပြီး ထွက်ကုန်ကောင်းကောင်းတွေ ထုတ်နိုင်တယ်လို့ ကြားထားတယ်"

"ဟုတ်ပြီ"

သူမ၏ နှုတ်ခမ်းများက အအေးဒဏ်ကြောင့် ခရမ်းရောင်ပင်သန်းနေပြီဖြစ်ရာ ဖျားသွားမည်ကို စိုးရိမ်ရသည်။

"ငါက မင်းရှာနေတဲ့ ရွှီဖန်းပဲ၊ ငါ့အိမ်က အရှေ့နားမှာပဲ၊ မင်း မကြောက်ဘူးဆိုရင် ငါနဲ့လိုက်ခဲ့လေ"

ထိုမိန်းကလေးကို အိမ်ပြန်ခေါ်လာရင်း မိဘတွေအခန်းနှင့် ညီမလေးအခန်းအား အပြစ်ရှိစွာ ချောင်းကြည့်

မိသည်။ အထူးသဖြင့် မိန်းကလေးတစ်ယောက်နှင့်

အတူ ညဘက်နောက်ကျမှ အိမ်ပြန်လာသည့်အပြင် နှစ်ယောက်လုံးကလည်း စိုစွတ်နေသည်။ 

ဒါကိုမြင်ရင် ဘယ်လိုထင်သွားကြမလဲ မသိနိုင်ပေ။ 

သူက မျက်နှာထူတာကြောင့် တစ်ခုခုဖြစ်ခဲ့လျှင်တောင် ဟုတ်သေးသည်။ အကယ်၍ သူတို့သာ အထင်လွဲသွားပါက သူ့အတွက် မမျှတပေ။

ကံကောင်းစွာဖြင့် မိဘများနှင့် ညီမလေး၏ အခန်းသည် မီးများမှိတ်သွားလေပြီ။ ရွှီဖန်း၏အမေ ကျန်းလီမေကသာ သူ့သားအသံကို ကြား၍ မေးလာသည်။

"ဖန်းအာ ဘာလို့ နောက်ကျမှ ပြန်လာတာတုန်း...အမေ မီးဖိုပေါ်မှာ ထမင်းကို အပူပေးထားခဲ့တယ်၊ အခုအေးနေပြီလားတောင်မသိဘူး၊ နေဦး...အမေ အခု ထပ်နွှေးပေးမယ်"

ရွှီဖန်း၏နဖူးပေါ်၌ ချွေးအေးများ ထွက်လာတော့သည်။ အမြန်ပင် သူစားပြီးကြောင်း၊ ထွက်လာဖို့မလိုတော့ကြောင်း အော်ပြောလိုက်ရသည်။

ထို့နောက် သူလှည့်ကြည့်လိုက်ရာ မိန်းကလေးသည် အဝတ်စိုများဖြင့် ဆိုဖာပေါ်မှာ အိပ်ပျော်နေလေသည်။ 

ရွှီဖန်း အံ့အားသင့်သွားတော့သည်။ ဒီမိန်းကလေးက တုံးအလွန်းတာ မဟုတ်ဘူးလား။ အအေးပတ်မှာ မကြောက်ဘူးလား။ သူ တစ်ခုခုလုပ်သွားမှာကိုရော မစိုးရိမ်ဘူးလား။

ဆယ်မိနစ်အကြာမှာ ထိုမိန်းကလေးက အပူပေါင်းထားသည့်အလား နိုးလာသည်။ သူမ၏ အသားအရေ ပုံမှန်ပြန်မဖြစ်ခင်မှာ ရွှီဖန်းက သူ့ရှပ်အင်္ကျီကို သွားယူခဲ့သည်။

ရွှီဖန်းလုပ်ပေးသည့် ဂျင်းလက်ဖက်ရည်ကို ကိုင်ထားရင်း ထိုမိန်းကလေးက စကားစပြောလာသည်။ ရွှီဖန်းလည်း သူမ သူ့ကို ဘာကြောင့်လာရှာမှန်း နားလည်သွားခဲ့သည်။

မိန်းကလေး၏ နာမည်က ကျန်းဖန်းယင် ဖြစ်ပြီး သူမသည် ငယ်စဥ်ကတည်းက ဆင်းရဲစွာ ကြီးပြင်းလာရသည်။ နောက်ဆုံးတွင် မြို့ထဲ၌ စားသောက်ဆိုင်အငယ်လေးတစ်ဆိုင်ဖွင့်ရန် ငွေအလုံအလောက် စုထားနိုင်ခဲ့သော်လည်း ဖခင်ဖြစ်သူမှာ အပြင်းအထန်ဖျားပြီး ဆေးရုံတင်ထားရလေသည်။ သူ့အမေကလည်း အဖေ့ကို ဆေးရုံမှာ ဂရုစိုက်ပေးနေရတာကြောင့် စားသောက်ဆိုင်ကို ထိန်းရန် လူမရှိတော့ပေ။ 

သို့သော် ထိုစားသောက်ဆိုင်လေးသည် သူမတို့မိသားစု၏ ဝင်ငွေအရင်းအမြစ်လေးဖြစ်သည်။ ဒါ့အပြင် ဖခင်၏ ဖျားနာမှုအတွက် ငွေများစွာ သုံးစွဲရတာကြောင့် ကျန်းဖန်းယင်သည် စားသောက်ဆိုင်ကို သူမကိုယ်တိုင် စီမံချင်ခဲ့သည်။

ပြဿနာမှာ ကျန်းဖန်းယင်သည် မိဘများထံမှ ဟင်းချက်ပညာကို သင်ယူခဲ့သော်လည်း သူမ၏ ကျွမ်းကျင်မှုက မလုံလောက်သေးပေ။ ရလဒ်အနေဖြင့် စားသောက်ဆိုင်သို့ လာရောက်သူနည်းပါးပြီး ပိတ်ရတော့မလိုပင် ဖြစ်နေ၏။ တခြားရွေးချယ်စရာမရှိတော့သော ကျန်းဖန်းယင်သည် ရွှီဖန်းရှိရာ မြစ်အောက်ပိုင်းရွာသို့သာ လာခဲ့ရတော့သည်။

ရွှီဖန်းသည် ဤရွာတစ်ရွာလုံး၌ အတော်ဆုံးလယ်သမားဖြစ်သည်ဟု သူမကြားခဲ့ဖူသည်။ ရွှီဖန်း၏ ပါဝင်ပစ္စည်းများဖြင့် သူမသည် အရသာရှိသော ဟင်းလျာများကို ချက်ပြုတ်နိုင်လိမ့်မည်။ စားသောက်ဆိုင် ကောင်းမွန်စွာ လည်ပတ်နေသ၍ အဖေ့ရောဂါကုသရန်အတွက် ပိုက်ဆံလည်း ရှိလာမည်ဖြစ်သည်။

"အစ်ကိုကြီးရွှီ ညီမကို ကူညီဖို့ ဆန္ဒရှိလားဟင်"

ထိုမိန်းကလေး၏ ကြည်လင်သော မျက်လုံးများကြောင့် ရွှီဖန်းသည် ဘာမှထပ်မပြောနိုင်တော့ဘဲ ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်ရသည်။

"ကောင်းပြီ၊ မနက်ဖြန်မှ ဆက်ဆွေးနွေးကြတာပေါ့"

"ရေး!!!!"

ရွှီဖန်း သဘောတူသည်ကို မြင်သည့်အခါ ကျန်းဖန်းယင်သည် ဝမ်းသားအားရ ခုန်ထလာသည်။ ထို့နောက် ရွှီဖန်း၏လည်ပင်းကို ဖက်ကာ ထပ်ကာထပ်ကာ ခုန်ပေါက်လေ၏။

*****************

All Chapters