ပိုဆိုးလာ၏
Vol. 13 Ch. 188
ပိုဆိုးတာက အရပ်ကွာခြားမှုကြောင့် ရွှီဖန်းသည် သူမ၏ပွင့်ဟနေသော ကော်လာမှတဆင့် ဖြူဖွေးသော အသားအရည်တော်တော်များများကို မြင်တွေ့နေရသည်။
ငါ့ဘဝကတော့ မျဥ်းပေါ်ရောက်နေပြန်ပြီ။
ရွှီဖန်းမှာ နှာခေါင်းပူလာပြီး သွေးယိုကျတော့မလို ခံစားနေရသည်။
"ကဲ နောက်ကျနေပြီ၊ အရင်အိပ်လိုက်တော့၊ မနက်ဖြန်မှ ဆက်ပြောကြမယ်"
ဟုပြောကာ အမြန်ပြေးထွက်လာခဲ့သည်။
အနောက်မှာ ကျန်ခဲ့သော ကျန်းဖန်းယင်သည် ထွက်ပြေးသွားသော ရွှီဖန်းကို ကြည့်ရင်း သူမအင်္ကျီကို ငုံ့ကြည့်မိလိုက်သည်။ ရုတ်တရက်ပင် သူမ တစ်စုံတစ်ရာကို နားလည်ကာ မျက်နှာနီရဲသွားခဲ့သည်။
နောက်တစ်နေ့မနက် ရွှီဖန်း နိုးလာတော့ အပြင်မှာ စကားပြောနေသည့် အမျိုးသမီးတစ်ယောက်အသံကို ကြားလိုက်ရသည်။
"အန်တီကျန်း သမီးလုပ်ထားတဲ့ ခရမ်းချဥ်သီးကြက်ဥမွှေကြော်က ကောင်းလား"
"ကောင်းတယ် ယင်အာ...အရသာ ကောင်းတယ်"
"အန်တီကျန်း ဒီအာလူးကြော်ကရော အရသာရှိလား"
"ရှိပါ့ ယင်အာရေ၊ ဒါလည်း ကောင်းတယ်"
"ဒါဆို ဒီတစ်ခုကရော"
ထိုအသံတွေကြောင့် ကျန်းဖန်းယင်သည် သူမ၏ အချက်အပြုတ်စွမ်းရည်အား သူ၏မိခင်ထံ ပြသနေသည့်ပုံပင်။ သူ ခေါင်းခါယမ်းကာ ပြန်အိပ်ရန် ပြင်လိုက်သည်။ သို့သော် တစ်စုံတစ်ခုကို တွေးမိပြီးနောက် နဖူးပေါ်မှ ချွေးအေးများ ကျလာတော့သည်။
ကျန်းဖန်းယင်က သူ့အဝတ်အစားကို ဝတ်ထားတုန်းပဲလား။
ထိုအဝတ်အစားအောက်တွင် သူမ ဘာမှမဝတ်ထားဘဲ လေဟာနယ်ဖြစ်နေသည်ကို သူသိပေသည်။ အမေသာမြင်သွားလျှင် ဘယ်လိုတောင် ထင်သွားမည်နည်း။
သူ့အမေ နားလည်မှုလွဲသွား၊ မသွားကို တွေးမိရင်း အိပ်ငိုက်နေခြင်းပါ လုံးလုံး ပျောက်ကွယ်သွားတော့သည်။ သူ ဧည့်ခန်းထဲသို့ အမြန်ပြေးဝင်လာသည့်အခါ ပန်းကန်ပြားတချို့ကို သယ်ဆောင်ရင်း အမေနှင့် ပျော်ရွှင်စွာ စကားပြောနေသော ကျန်းဖန်းယင်ကို တွေ့လိုက်ရသည်။
သူ့အမေ ကျန်းလီမေကတော့ ကျန်းဖန်းယင်ကို ကြည့်ရင်း မျက်လုံးများမှိတ်သည်အထိ ပြုံးရယ်နေလေသည်။
(ဒီနေရာမှာ မြန်မာမှု 'ကျန်း' ကတူနေပေမယ့် တရုတ်ဘာသာမှာတော့ စာလုံးပေါင်းချင်း မတူပါဘူး)
သူ့အဖေ ရွှီအိုက်ကောနှင့် ရွှီရှို့ရှို့ကလည်း စားပွဲဘေးတွင်ထိုင်ကာ မနက်စာစားနေကြသည်။
ရွှီဖန်းကို စိတ်သက်သာရာရစေသည့်အရာမှာ ကျန်းဖန်းယင်သည် သူ၏အဝတ်အစားများကို ဝတ်ဆင်ထားတုန်းဖြစ်သော်လည်း အတွင်းခံပါဝတ်ဆင်ထားမှန်း သိသာပေသည်။ အနည်းဆုံးတော့ မနေ့ညကလို အရိုင်းမဆန်တော့ပေ။
ရွှီရှို့ရှို့က သူ တိတ်တဆိတ်လျှောက်လာတာကို မြင်သွားသည့်ပုံပင်။
"ကောကော မရှက်ဘူးလား၊ မိန်းကလေးတစ်
ယောက်ကို ဒီလိုလုပ်ပြီး အိမ်ခေါ်လာတယ်ပေါ့၊ သူဝတ်ဖို့ အင်္ကျီတွေတောင် မပေးထားဘူး၊ ကံကောင်းလို့ ဒီမနက် ညီမလေး စောစောနိုးလာပြီး မမယင်အာကို ညီမလေးအဝတ်အစားတွေ ပေးလိုက်လို့ပေါ့၊ မဟုတ်
ရင် ကောကောတော့ အရှက်မရှိတွေ ဖြစ်ကုန်တော့မယ်"
ရှက်တာလား။
ရှက်ရအောင် ငါ ဘာမှ မလုပ်ထားဘူးလေ။
ဒီလို မဟုတ်ဘူးလေ။ ရွှီဖန်း ရှင်းပြချင်သော်လည်း ကျန်းလီမေသည် ရွှီဖန်းကို ထောင့်နားသို့ဆွဲကာ ပြောလာသည်။
"ကလေး အမေက မင်းအရွယ်ရောက်ရင် မိန်းကလေးတွေကို ကြိုက်မယ်ဆိုတာ သိပြီးသား၊ ဒါပေမယ့် သား မှတ်ထားရမှာက အမေ့ကို စိတ်ဆိုးအောင်တော့ မလုပ်နဲ့၊ ယင်အာက မိန်းမကောင်းလေးပါ"
ဖာခ့်!
ဘာတွေဖြစ်ကုန်တာလဲ။
ရွှီဖန်းသည် သူ့နဖူးပေါ်မှ ချွေးအေးများကို သုတ်ကာ ရှင်းပြရန် ကြိုးစားလိုက်သည်။
"အမေ အမေထင်နေသလိုမဟုတ်ဘူး၊ ကျွန်တော်ရှင်းပြတာ နားထောင်ပါဦး"
ကျန်းလီမေသည် အတွေ့အကြုံရှိသူတစ်ဦး၏ အမူအရာဖြင့် လက်ကို ဝှေ့ယမ်းလာသည်။
"သား ရှင်းပြဖို့မလိုဘူး၊ အမေက ခေါင်းမာပြီး ရှေးရိုးဆန်တဲ့လူမဟုတ်ပါဘူး၊ ဒီခေတ်ကြီးမှာ အိမ်ထောင်မကျခင် အတူနေကြတာက ဖြစ်ရိုးဖြစ်စဥ်ပါပဲ"
"အမေ ဘာမှ ထပ်မပြောတော့ဘူး၊ ဝဝကစ်ကစ်မြေးလေးကို အမြန်ဆုံး ယူပေးလာရင်တော့ အကောင်းဆုံးပေါ့လေ"
သောက်ကျိုးနည်း!
ရွှီဖန်း၏ မျက်နှာမှာ မျက်ရည်များဖြင့် ဖုံးလွှမ်းလုနီးပါးပင်။ အမေ...အမေ ထင်နေသလို မဟုတ်ပါဘူးဆိုဗျာ။
ဆယ်မိနစ်ကြာပြီးသော် ရွှီမိသားစုသည် ထမင်းစားစားပွဲဝိုင်း၌ ပတ်ပတ်လည်ထိုင်ကာ ကျန်းဖန်းယင် ရှင်းပြတာကို နားထောင်ရင်း နောက်ဆုံးမှာ အဖြစ်အပျက်ကို နားလည်သွားကြသည်။
သို့သော် ဘာကြောင့် သူ့မိဘများက အထူးသဖြင့် အမေက နောင်တရနေသည့်ပုံ ပေါက်နေရသနည်း။ ရွှီဖန်းအား သူ့အမေကြည့်နေသည့် ပုံစံကလည်း စိတ်ပျက်နေသည့် အရိပ်အမြွက်များ ပါဝင်နေသည်။
အဟွတ်! အဟွတ်!
ရွှီဖန်း၏ နေရခက်နေမှုကို မြင်တော့ အဖေဖြစ်သူ ရွှီအိုက်ကောက မေးလာသည်။
"ကလေး ယင်အာရဲ့ကိစ္စကို ဘာဆက်လုပ်မှာလဲ"
"ဟုတ်တယ် မမယင်အာက သနားဖို့ကောင်းတယ်၊ ကောကော ကူညီပေးလိုက်ပါ"
ရွှီရှို့ရှို့ကလည်း ယုံကြည်မှုအပြည့်ဖြင့် သူ့အစ်ကိုအား အကူအညီတောင်းလာလေသည်။ သူမ၏ မျက်လုံးထဲ၌ အစ်ကိုဖြစ်သူသည် အသန်မာဆုံးလူ ဖြစ်သည်။ ကမ္ဘာပေါ်၌ ကောကော မလုပ်နိုင်သည့်အရာ မရှိပေ။ သူမအစ်ကိုကြီး အိမ်ပြန်ရောက်လာကတည်းက အကြွေးတွေစုနေသည့် မိသားစုဘဝလေးကနေ မြစ်အောက်ပိုင်းရွာ၏ အထွတ်အထိပ်ကို ရောက်နေသည့် မိသားစုကြီးဖြစ်လာခဲ့လေသည်။
ယခင်တုန်းက အပြင်ထွက်သည့်အခါ သူမမှာ ခေါင်းတောင် မဖော်ရဲခဲ့သည့်အပြင် ရွာထဲရှိ အမျိုးသမီးငယ်လေးများကလည်း သူမကို မခေါ်ကြပေ။ သို့သော် သူမ အခု အိမ်ပြင်ထွက်သွားသည်နှင့် သူတို့က သူမနှင့် ဝိုင်းဖွဲ့ကာ စကားပြောချင်ကြ၏။
ဒါတွေအားလုံးဟာ ကောကောမှ ယူဆောင်ပေးခဲ့ခြင်းဖြစ်၏။ ကောကောက အကောင်းဆုံးပင်။
သူ့ညီမ ရွှီရှို့ရှို့၏ အကူအညီတောင်းခံမှုကို ကြားသော်လည်း ရွှီဖန်းသည် ချက်ချင်းလက်မခံခဲ့ပေ။ ထိုအစား သူမ၏ ခေါင်းကို ပုတ်လိုက်ကာ...
"ဒီကိစ္စက မလွယ်ကူဘူး"
ရွှီဖန်း ပြောတာကို ကြားတော့ ကျန်းလီမေက စိတ်ပူသွားသည်။
"ကလေး ဒီမိန်းကလေးက အရမ်းသနားဖို့ကောင်းတယ်၊ သူလေး သေသွားမှာကို ထိုင်ကြည့်နေလို့ မဖြစ်ဘူးမလား"
ရွှီဖန်း ရယ်မော၍ စကားပြန်ပြောရန် ပြင်လိုက်စဥ်တွင် အပြင်မှ နူးညံ့လှပသော အသံတစ်သံထွက်လာသည်။
"အဒေါ်ကျန်း ရွှီဖန်း ပြန်ရောက်ပြီလား"
ချိုးဆုအာ ရောက်လာခြင်းပင်။ ချိုးဆုအာသည် ယခု ရွှီဖန်းနှင့်အတူ အလုပ်လုပ်ကိုင်နေပြီး သူကလည်း သူမကို ကောင်းမွန်စွာ ဆက်ဆံတာကြောင့် သူမ၏ဘဝက အရင်ကထက် ပို၍ ကောင်းမွန်လာသည်။ သူမ၏ နဂို လုံးကြီးပေါက်လှပြီး ကောင်းစွာ ဖွံ့ဖြိုးနေသော ခန္ဓာကိုယ်က ယခုဆိုလျှင် ပို၍ပင် ဆွဲဆောင်မှု ရှိလာပြီး ရွာရှိ လူငယ်၊ လူအိုများအား ဆွဲဆောင်နိုင်ပေသည်။
ကံမကောင်းစွာပင် ချိုးဆုအာသည် သူတို့အား ယခင်ကကဲ့သို့ လျစ်လျူရှုထားဆဲဖြစ်၏။ သို့သော်ငြား သူမသည် ရွှီဖန်း၏အရှေ့မှာတော့ စကားတွေ အများကြီးပြောကာ ကလေးမလေးကဲ့သို့ နူးညံ့သိမ်မွေ့သော အမူအရာများကို ပြုလုပ်ပြလေ့ရှိပေသည်။ ရွှီဖန်းနှင့် ချိုးဆုအာကြားမှ ဆက်ဆံရေးက ရွာရှိ ယောကျ်ားသားများအား မျက်လုံးများနီရဲသည်
အထိ မနာလိုဖြစ်စေခဲ့သော်လည်း သူတို့ လုပ်နိုင်
သည့်အရာ မရှိပေ။
လက်ရှိရွှီဖန်းသည် ယခင်ကနှင့်မတူတော့ပေ။
ကျန်းလီမေသည် ချိုးဆုအာက ရွှီဖန်း၏ ညာလက်ရုံးအမျိုးသမီးဖြစ်ကာ သူမ၏စကားကို လျစ်လျူရှုလိမ့်မည်မဟုတ်မှန်း သိပေသည်။ ဒါကြောင့် အမြန်ပင် အထဲဝင်ရန်ဖိတ်ခေါ်၍ ကျန်းဖန်းယင်၏ လက်ရှိအခြေအနေနှင့် ရွှီဖန်းမှ ကူညီလိုစိတ်မရှိကြောင်းကို တိတိကျကျ ပြောပြလေသည်။
ချိုးဆုအာသည် ထိုအကြောင်းကြားသော်လည်း ရွှီဖန်းကို စိတ်မဆိုးပေ။ ထိုအစား အဒေါ်ကျန်းကို နှစ်သိမ့်ပေးလိုက်သည်။
"အဒေါ်ကျန်းက ရွှီဖန်းကို နားလည်မှုလွဲနေပါပြီ၊ သူ ဒီလိုပြောရတာ အကြောင်းအရင်း ရှိမှာပါ၊ သူရှင်းပြတာကို အရင်နားထောင်ကြည့်ကြတာပေါ့နော်"
ဒါကိုကြားသည့်အခါ ကျန်းလီမေသည် ရွှီဖန်းအား စိုက်ကြည့်လာသည်။
"ဆုအာက မင်းအတွက် စကားဝင်ပြောပေးတာ ကံကောင်းတယ်မှတ်၊ ကောင်းပြီ၊ အမေ့ကိုပြော အခု သား ဘာတွေတွေးနေလဲဆိုတာ"
အခန်းထဲရှိ လူတိုင်းက သူ့ကို ကြည့်နေကြသည့်အခါ ရွှီဖန်းမှာ ချောင်းအသာဆိုး၍ ကျန်းဖန်းယင်ကို မေးလိုက်သည်။
"မင်းအိမ်က စားသောက်ဆိုင်ကို ဖွင့်လို့မရဘူး၊ ဘာကြောင့်လဲသိလား"
အကြောင်းအရင်းလား။ ချစ်စဖွယ်ကျန်းဖန်းယင်မှာ ကြောင်အသွားပြီး သူမတွေးမိတာဆိုလို့ စားစရာကြောင့်ပင်။
ကျန်းဖန်းယင်မှ ထိုကဲ့သို့ ဖြစ်သွားသည့်အခါ ကျန်းလီမေသည် သည်းမခံနိုင်တော့ဘဲ ရွှီဖန်းကို စိုက်ကြည့်မိသည်။ ချိုးဆုအာလည်း ခုံအောက်မှနေ၍ သူ့ကို တို့ဆိတ်ကာ မြန်မြန်ပြောရန် တိုက်တွန်းလိုက်သည်။
*******************