ရွှီဖန်းကတော့ လူဆိုးပဲ
Vol. 13 Ch. 189
ရွှီဖန်း နာကျင်သွားရသည်။ သူ ချိုးဆုအာ အနားသို့ ကပ်၍ နှုတ်ခမ်းများကို လှုပ်ပြောလိုက်သည့်အခါ ချက်ချင်းပင် သူမ၏မျက်နှာသည် နီရဲသွားတော့သည်။ ခပ်တိုးတိုးပြောခဲ့သော်ငြား သူဆိုလိုတာကို သူမ နားလည်ပေသည်။
"ဒီည သင်ခန်းစာ တစ်ခု သင်ပေးရတော့မှာပဲ"
ချိုးဆုအာ၏ ထိုအပြုအမူကို မြင်မှ ရွှီဖန်း ကျေနပ်စွာ ပြုံးလိုက်သည်။
"တစ်ကယ်တော့ စားသောက်ဆိုင်ဖွင့်လို့မကောင်းတာ အကြောင်းအရင်း လေးချက်ရှိတယ်"
အကြောင်းအရင်းလေးချက်လား။ ကျန်းဖန်းယင်၏ ချယ်ရီရောင်နှုတ်ခမ်းများက ပွင့်ဟသွားကာ ရွှီဖန်းအား လေးစားသဘောကျစွာ ကြည့်လိုက်မိသည်။ သူမ တစ်ချက်ပဲ စဥ်းစားနိုင်ခဲ့သည့်အချိန် ရွှီဖန်းက လေးချက်တောင် ရှာတွေ့ခဲ့ပေသည်။
လူတိုင်းနားထောင်နေကြသည့်အခါ....
"ပထမအချက်က ကျန်းဖန်းယင်ပြောတဲ့ ပါဝင်ပစ္စည်းပြဿနာပဲ၊ ပါဝင်ပစ္စည်းတွေမကောင်းရင် စားဖိုမှူး ဘယ်လောက်ကောင်းနေပါစေ ဘာမှ ဆက်လုပ်လို့မရဘူး၊ ဒါဆိုရင် ဒုတိယတစ်ချက်အနေနဲ့ ဘယ်သူကမှ လာစားတော့မှာ မဟုတ်ဘူး၊ ပြီးရင် တတိယအချက်
အနေနဲ့ စားသုံးသူကို အန္တရာယ်ရှိစေလိမ့်မယ်"
ထိုသို့ပြောပြီးနောက် ရွှီဖန်း ခေတ္တရပ်လိုက်ကာ
"ဒါဆို ကျန်းဖန်းယင် မင်းရဲ့ ဟင်းချက်ကျွမ်းကျင်မှုကို ဘယ်လိုမြင်လဲ"
ကျန်းဖန်းယင်သည် တောင့်တင်းသွားပြီး ရှက်ရွံ့စွာပင် ခေါင်းငုံ့လိုက်မိသည်။ သူမ၏ ဟင်းချက်စွမ်းရည်က သူမအဖေထက်ကို ဆိုးရွားပေသည်။
သူမအဖေက ဆေးရုံမှာ အသက်ကယ်တင်ခံရဖို့ စောင့်နေရတုန်းပင်။ ဒါကြောင့် အသုံးမကျသည့် သူမကိုယ်သူမတွေးမိကာ သူမ၏ ဖြူစင်ကြင်နာတတ်သော မျက်လုံးများက နီရဲလာပြီး မျက်ရည်ဥကြီးများ ကျဆင်းလာတော့သည်။
သူမ ငိုသွားသည့်အခါ ရွှီရှို့ရှို့၏ မျက်လုံးများက နီရဲသွားပြီး ကျန်းလီမေလည်း မကြည့်နိုင်တော့ပေ။
"ဖန်အာ စကားကို ကောင်းကောင်းပြောပါကွယ်၊ သူများကို မစော်ကားမိစေနဲ့"
ချိုးဆုအာလည်း စိတ်ဆိုးသွားခဲ့သည်။ သူမသည် ရွှီဖန်းအား စားပွဲအောက်ကနေ ဆွဲ၍ သူ့နားထဲသို့ စကားတချို့ကို တီးတိုးပြောလိုက်သည်။
ရွှီဖန်း၏ မျက်လုံးများက ပြူးကျယ်သွားကာ သူမအား မယုံနိုင်စွာ ကြည့်လိုက်မိသည်။ ချိုးဆုအာ သူ့ကို ပြောခဲ့သည့်စကားက...
"သူ့ကို ကူညီပေးရင် ဒီည အစ်မကို လုပ်နိုင်တယ်"
ဖာ့ခ်!!!
တစ်ကယ်ကြီးလား!
လွန်ခဲ့သည့် ဟိုတယ်ညမှာတုန်းက သူ ကြည်နူးစရာကြုံခဲ့ရပေသည်။ မင်း တစ်ခါမှ မမြည်းစမ်းဘူးလျှင်တော့ အဆင်ပြေနေဦးမည်ဖြစ်သော်ငြား အလှလေးကို တစ်ခါမြည်းစမ်းမိပါက...ဟဲဟဲ...နေ့တိုင်း ထိုအကြောင်းကို တွေးနေမိလိမ့်မည်။
ပြီးခဲ့သည့် အကြိမ်ကို ပြန်တွေးသည့်အခါ ချိုးဆုအာသည် သိပ်ပြီး တရင်းတနှီးမရှိသော်ငြား တစ်ကယ်ကို ကြိုးကြိုးစားစားနေပေးခဲ့သည်။ ရွှီဖန်း၏ နှလုံးသားက မငြိမ်မသက်ဖြစ်လာပြီး ပြင်းပြစွာ ပူလောင်လာသည်။
အဟွတ်! အဟွတ်!
သူ မခံနိုင်တော့ပေ။
ထို့နောက် သူ့ကိုယ်ဟန်အနေအထားကို ညှိလိုက်ကာ..
"တစ်ကယ်တော့ မနေ့ညက သူမကို ကူညီမယ်လို့ ကတိပေးထားပြီးသားပါ၊ ဒါပေမယ့် ရှေ့ဆက်ရမယ့် ခရီးက ဘယ်လောက်ခက်ခဲကြောင်းကို အရင်ပြောပြထားချင်လို့၊ ဒါဆို ကျန်းဖန်းယင် ငါ ဒီနေ့ကစပြီး မင်းကို ရှောင်ယင်လို့ ခေါ်မယ်၊ စားသောက်ဆိုင်လိပ်စာကို ထားခဲ့ပြီး အရင်ပြန်နှင့်လိုက်ပါ၊ ငါ မနက်ဖြန်လာပြီး ဘယ်လို ကူညီနိုင်မလဲဆိုတာ လာကြည့်ပေးမယ်"
"တစ်ကယ်လား!"
ရွှီဖန်းမှ သဘောတူလာသည့်အခါ ကျန်းဖန်းယင်သည် အလွန်ပျော်သွားပြီး လေထဲသို့ ထခုန်ကာ ရွှီဖန်း၏လက်မောင်းထဲသို့ ပစ်ဝင်သွားသည်။ သူမက အချိန်အတော်ကြာသည်အထိ မထပေ။
"အိုး..."
ကျန်းဖန်းယင်၏ နူးညံ့သောရင်ဘက်က သူကိုယ်နှင့် ပွတ်တိုက်နေတာကြောင့် မငြိမ်မသက်ဖြစ်နေသော ရွှီဖန်းလေးမှာ ပို၍ပင် ပူလောင်လာတော့သည်။
ရွှီဖန်းမှာ ကျန်းဖန်းယင်အား အမြန်တွန်းထုတ်ပစ်၍ သူ့အိတ်ကပ်ထဲမှ ကတ်တစ်ကတ်ကို ထုတ်ပေးလိုက်သည်။
"ဒီထဲမှာ ယွမ်၂သိန်းရှိတယ်၊ password က သုညခြောက်လုံးဖြစ်ပြီး မင်းအဖေအတွက် အရင် ကုပေးလိုက်ပါ"
အာ....
ရွှီဖန်းက သူမကို ကတ်ပေးလာတာကြောင့် ကျန်းဖန်းယင် အံ့သြသွားရသည်။ ရွှီဖန်းသည် သူမကို ကူညီမည်ဟု ကတိပေးခဲ့ရုံသာမကဘဲ ပိုက်ဆံပါ ပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့သော်ငြား သူမ ခေါင်းခါယမ်းမိသည်။
"ဘာအကြောင်းပြချက်မှ မရှိဘဲ ဒီပိုက်ဆံကို မယူနိုင်ပါဘူး၊ ညီမအဖေ ဆေးကုဖို့ ကိုယ်တိုင် ပိုက်ဆံရှာပါ့မယ်"
ကျန်းဖန်းယင်မှ ပိုက်ဆံကို လက်မခံသည့်အခါ ရွှီဖန်း၏ မျက်ဝန်းများက ချီးကျူးမှုများ ပြည့်နှက်သွားသည်။ ဒီမိန်းကလေးက မဆိုးတော့ မဆိုးပေ။ သို့သော်ငြား သူပြုံး၍ ထပ်ပြောလိုက်သည်။
"ဒီပိုက်ဆံက မင်းကို အလကားပေးတာမဟုတ်ပါဘူး၊ မင်းရဲ့စားသောက်ဆိုင်မှာ ရှယ်ယာတွေဝယ်ဖို့ပဲ၊ ငါ ရှယ်ယာ ၃၀% လိုချင်တယ်"
ရွှီဖန်း၏စကားကိုကြားသော် ကျန်းလီမေ နားမလည်ခဲ့ပေ။ သူမ ရွှီဖန်းကို စိုက်ကြည့်ကာ
"ဖန်အာ ဒီအတိုင်းပဲ ကူညီလိုက်ပါ၊ သူတို့ရှယ်ယာကို ဘာလုပ်ဖို့ ယူဦးမှာလဲ"
ရှုရှို့ရှို့ကလည်း ရွှီဖန်းအား စိတ်ဆိုးစွာ ကြည့်နေသည်။ ရွှီအိုက်ကောကသာ ဘာတုံ့ပြန်မှုမှ မရှိပေ။
ရွှီဖန်း၏စကားကိုကြားပြီးနောက် ကျန်းဖန်းယင်ကတော့ ကတ်ကို ယူလိုက်ကာ
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီးရွှီဖန်း၊ အစ်ကိုကြီးက ညီမကို ကူညီပေးနေတာ သိပါတယ်၊ ဒါကြောင့် ဒေါ်ဒေါ်တို့လည်း အစ်ကိုကြီးကို အပြစ်မတင်ကြပါနဲ့၊ သမီးရဲ့စားသောက်ဆိုင်တစ်ခုလုံးကို ယွမ်၂သိန်းနဲ့ အပြီးဝယ်လိုက်လို့တောင် ရပါတယ်"
ထို့နောက် သူမသည် ရွှီဖန်းအား လေးလေးနက်နက် ဦးညွတ်လာလေသည်။
သောက်ကျိုးနည်း!
သူမသည် ရွှီဖန်း၏ အဝတ်အစားများကို ဝတ်ထားဆဲပင်။ ရွှီရှို့ရှို့၏ အတွင်းခံများအား ဝတ်ထားသော်လည်း လုံးဝမတော်နေပေ။ သူမ ငုံ့လိုက်သည့်အခါ မိန်းကလေးတစ်ယောက်၏ ပြီးပြည့်စုံသော ရင်သားပုံစံက ရွှီဖန်း၏အရှေ့၌ လုံးလုံးလျားလျားပေါ်နေခဲ့သည်။
ဒီတစ်ခါတော့ သူ အသက်ပါ ထွက်ချင်လာသည်။
"ကောင်းပြီ၊ ရပြီ ရပြီ...အခု ပြန်သွားလိုက်တော့၊ အာ...အစ်မဆုအာ ကျွန်တော်နဲ့ ဆွေးနွေးစရာရှိတယ်လို့ မနေ့က ပြောခဲ့တယ်မလား၊ လာ သွားပြောကြရအောင်"
ဆွေးနွေးစရာလား။
ချိုးဆုအာ အံ့သြသွားခဲ့သည်။ ငါ ဘယ်တုန်းက ပြောခဲ့တာလဲ။ ဘာလို့ မမှတ်မိတာပါလိမ့်။
အခြေအနေက အရေးတကြီးဖြစ်နေတာကြောင့် မိဘများနှင့် သူ့ညီမလေးထံမှ ထူးဆန်းသော အကြည့်များကိုလည်း သူ ဂရုမစိုက်နိုင်တော့ပေ။ သူ ချိုးဆုအာ၏ လက်ကို ဆွဲကာ သူ့အခန်းထဲသို့ ဆွဲခေါ်သွားလိုက်သည်။
"မေ့သွားပြီလို့ မပြောနဲ့၊ သွားကြစို့...ဒီမှာ ဆွေးနွေးရတာ အဆင်ပြေတယ်"
အိပ်ခန်းထဲ ရောက်ပြီးနောက် ရွှီဖန်း သော့ခတ်
နေသည်ကို မြင်သည့်အခါ ချိုးဆုအာ၏ မျက်နှာသည် သွေးများပေါက်ထွက်လုနီးပါး နီရဲလာတော့သည်။
"ရွှီ ရွှီဖန်း ဘာလုပ်နေတာလဲ"
ဘာအတွက်လဲ။
ရွှီဖန်း ရယ်မောလိုက်ကာ
"ဟန်ဆောင်နေတယ်ပေါ့၊ အစ်မပဲ ကတိပေးထားပြီး ကျွန်တော်ဘာလုပ်မယ်ဆိုတာ မသိဘူးလား...ဟမ်"
သိပေသည်၊ သို့သော်...
အပြင်လူများရှေ့တွင်မလို့ ချိုးဆုအာ သတိထားနေမိသည်။ ရွှီဖန်းကို မျက်နှာမူရင်း သူမသည် ယုန်ဖြူလေးကဲ့သို့ နောက်ကို ပြန်ပြန်ဆုတ်သွားခဲ့သည်။ သူမ၏ အဝတ်ထောင့်ကို ဆုပ်ကိုင်ကာ ခေါင်းငုံ့ရင်း..
"ဒါပေမယ့် အဒေါ်ကျန်း၊ ဦးလေးရွှီနဲ့ ရှို့ရှို့က အပြင်မှာ ရှိနေတုန်းလေ"
ရွှီဖန်းကတော့ ပြုံးပြုံးရွှင်ရွှင်ပင် ခြေတစ်လှမ်းလှမ်းလိုက်ကာ
"ကျွန်တော်တို့ လောင်းကြေးထပ်ကြမလား၊ အသံကြားရင် တံခါးလာခေါက်မယ် မခေါက်ဘူးဆိုတဲ့ လောင်းကြေး"
အလောင်းအစားလား။
ဘာလို့ လောင်းရမှာလဲ။
ထောင့်တစ်နေရာသို့ အတင်းအကြပ်တွန်းပို့ခံနေရသော ချိုးဆုအာသည် ရုန်းကန်နေလျက်...
"ဘာလို့ ခဏလေးတောင် သည်းမခံနိုင်ရတာလဲ၊ ညရောက်တဲ့အထိ စောင့်ပါဦးလား"
စောင့်ရမှာလား။
ရွှီဖန်း ရှက်ရွံ့စွာ ရယ်မောမိကာ
"ကျွန်တော် မစောင့်နိုင်ဘူး"
ထိုစကားကိုပြောပြီးနောက် ဆာလောင်မွတ်သိပ်နေသော ကျားတစ်ကောင်က သားကောင်ကို ပုတ်ခတ်တော့မည့်အလားရှေ့ကို ခုန်အုပ်လိုက်သည်။
အား!!!
ချိုးဆုအာမှာ ရှက်ရွံ့စွာ ပြောရသည်။
"ရွှီဖန်း.....အရှိန်လျှော့ပါဦး...ဖြည်းဖြည်း"
အပြင်ဘက်မှာ နေ့လည်စာချက်ပြုတ်ရန် ပြင်ဆင်နေသည့် ကျန်းလီမေသည် ဘေးမှာ ကူညီပေးနေသော ရွှီအိုက်ကောအား ပြောလာသည်။
"အဘိုးကြီးရွှီ...ကျွန်မ ရုတ်တရက်ကြီး ဟင်းမချက်ရသေးတာ သတိရသွားပြီ၊ လာ အရွက်ခူးဖို့ ဥယျာဥ်ကို လိုက်ပေးပါဦး"
ရွှီအိုက်ကောကလည်း ဆို၏။
"မခူးရသေးရင် မြန်မြန်သွားမယ်လေ၊ အိုး...ကောင်းပါ့ ကောင်းပါ့ ဘာလို့ ဟင်းချက်ဖို့ မေ့နေနိုင်တာလဲ၊ လာ မြန်မြန်သွားကြမယ်"
လူအိုစုံတွဲသည် ဆက်ပြီး မချက်ပြုတ်တော့ဘဲ ခြံပြင်ကို ထွက်လာခဲ့ကြသည်။ သူတို့တင် ထွက်လာတာမဟုတ်ဘဲ တီဗီကြည့်နေသည့် ရွှီရှိူ့ရှို့ကိုပါ ခေါ်ထုတ်လာခဲ့သည်။
ရွှီရှို့ရှို့သည် အိမ်ထဲမှ ထွက်လာပြီးနောက် ရွှီဖန်း၏အခန်းသို့ ကြည့်ရင်း သူမ၏မျက်နှာကို လက်သည်းဖြင့် ကုတ်လိုက်မိသည်။ ထို့နောက် သူမကိုယ်သူမ တွေးလိုက်သည်။
"ကောကောကတော့ လူဆိုးပဲ"
*******************