← Chapters

ဗိုလ်ချုပ်ကြီး ရှန့်ဝူ

Vol. 13 Ch. 190

ဗိုလ်ချုပ်ကြီး ရှန့်ဝူ

Vol. 13 Ch. 190

ရှက်ရွံ့ရသည့်အချိန်ကာလကို ဖြတ်သန်းပြီးနောက်မှာ ချိုးဆုအာသည် သူမ၏ နှင်းဆီရောင်နှုတ်ခမ်းများအား ဖုံးထားကာ တောက်ပ၊ ကြည်လင်သော မျက်လုံးများဖြင့် ရွှီဖန်းကို ကြည့်၍ အပြစ်တင်လိုက်သည်။

"ရွှီဖန်းနော် နေ့ခင်းကြောင်တောင်ကြီး လူကို အနိုင်ကျင့်လွန်းတယ်၊ အဒေါ်ကျန်းသာ ဒီအကြောင်းသိသွားရင် နောက်ကျ အစ်မကို သူ ဘယ်လိုလုပ် ခေါ်တော့မှာလဲ"

ရွှီဖန်းကတော့ စိတ်ကျေနပ်မှုအပြည့်ဖြင့် အုတ်အိပ်ရာပေါ်၌ လဲလျောင်းနေသည်။ သူမပြောသည်ကို ကြားသည့်အခါ သူ ရယ်မောမိသည်။

"အခုထိ ရွှီဖန်းလို့ ခေါ်နေတုန်းပဲလား၊ ဘယ်လိုခေါ်ဖို့ ပြောထားလဲ"

"ဘာနာမည်ပါလိမ့်"

ချိုးဆုအာသည် အလွန်ရှက်ရွံ့နေသည်ဖြစ်ရာ မသိချင်ယောင်ဆောင်နေ၏။ 

"ဟေး ဟန်ဆောင်နေတုန်းလား၊ နောက်ထပ် သင်ခန်းစာတစ်ခုပေးမှာကို ယုံလား"

ရွှီဖန်း မျက်ခုံးပင့်ကာ သူမကို ဆွဲလိုက်သည်။

"ယား!"

ချိုးဆုအာက ကြောက်လန့်တကြားရှောင်သည်။ သို့သော်ငြား သူမ၏ခြေထောက်များက အားနည်းနေသည်ဖြစ်ရာ မရှောင်နိုင်ခဲ့ပေ။ ရွှီဖန်း၏ ကြီးမားသော လက်ဖဝါးက သူမ၏ ခန္ဓာကိုယ်ကို ထိတွေ့လာသည့်အခါ တစ်ကိုယ်လုံး ပျော့ခွေမလို ခံစားနေရသည်။

သို့သော်ငြား နေ့ခင်ကြောင်တောင်ကြီး နှစ်ကြိမ်လုပ်ပြီးတာတောင် ရှက်ရွံ့လှပြီ။ ဒါကို သူကထပ်လုပ်ချင်နေသေးလား။ အသက်မရှင်တော့ဘူးလား!

ရွှီဖန်းက အလျင်လိုနေစဥ်မှာ သူမ အော်ပြောလိုက်သည်။

"ရွှီဖန်း မလှုပ်နဲ့၊ ဒီနေ့ ဆွေးနွေးစရာ ကိစ္စရှိတယ်"

"အလုပ်ကိစ္စလား"

ရွှီဖန်း၏ လက်က ဆက်ပြီး မရွေ့လျားခင်မှာ တစ်စက္ကန့်လောက် ရပ်တန့်သွားခဲ့သည်။ သူ ပြုံးမိ၍...

"အဆိုးလေး...အာရုံလွဲအောင် လုပ်ရဲတယ်ပေါ့၊ ကျွန်တော် အစ်မကို ပြောမယ်...ဒီနေ့ သေချာပေါက် သင်ခန်းစာသင်ပေးဦးမှာ"

"တစ်ကယ်ပြောနေတာလို့!"

ရွှီဖန်း၏ လက်မောင်းက သူမ၏ ခါးတစ်ဝိုက် ရစ်ပတ်ထားတာကြောင့် သူမခန္ဓာကိုယ်၏ နူးညံ့မှုကို ခံစားရပေသည်။ ချိုးဆုအာသည် သူမ၏ ခွန်အားအားလုံးကို သုံး၍ အော်လာသည်။

"အစ်မ မင်းကို လိမ်မိရင် မင်း ဘာပဲလုပ်ချင်ပါစေ လုပ်ခွင့်ပေးမယ်"

အာ...ရွှီဖန်း သူမအား အပေါ်၊ အောက် ကြည့်လိုက်မိသည်။ ချိုးဆုအာ၏ 'တစ်ကယ်အလုပ်ရှိတာပါဆို' ဟူသည့်အမူအရာက အတုအယောင်မဖြစ်နိုင်ပေ။ သူ ချက်ချင်းပင် စိတ်ဓာတ်ကျသွားတော့သည်။

"မေ့လိုက်တော့ မေ့လိုက်တော့၊ ဒီနေ့ ကံကောင်းသွားတယ်မှတ်၊ နောက်တစ်ကြိမ်ဆို သေချာပေါက် သင်ခန်းစာပေးမှာ...လာ ထပြီး အပြင်သွားကြရအောင်"

ရွှီဖန်း အပြင်ကို လျှောက်သွားလိုက်သည်။ သို့သော် သူလမ်းတစ်ဝက်ရောက်လာသည်အထိ ချိုးဆုအာက မလှုပ်ရှားလာပေ။ 

"အာ...ဘာလို့ မထွက်လာတာလဲ"

ချိုးဆုအာ၏ ပုံစံက ငိုချတော့မည့်အတိုင်းပင်။

"လှုပ်လို့မရပါဘူးဆို"

ဆယ်မိနစ်အကြာမှာ ရွှီဖန်းသည် အနည်းငယ် အားနည်းနေသေးသည့် ချိုးဆုအာနှင့်အတူ အခန်းထဲမှ ထွက်လာခဲ့သည်။ အပြင်ထွက်လာသော်လည်း မိဘနှစ်ပါးနှင့် သူ့ညီမလေးအား ရှာမတွေ့ပေ။ သူ ချိုးဆုအာကို မျက်ခုံးပင့်ပြ၍ စနောက်လိုက်သည်။

"ဘယ်လိုလဲ၊ သူတို့ မနှောင့်ယှက်ပါဘူးလို့ ပြောခဲ့သားပဲ မလား"

ကြည့်ရတာ အသံတွေကြား၍ အိမ်ထဲမှ ထွက်ပြေးကုန်ကြသည့်ပုံပင်။

ချိုးဆုအာမှာ ငိုချင်သော်လည်း မျက်ရည်က မရှိတော့ပေ။ သူမ ရွှီဖန်းအား တိတ်တဆိတ် ထုရိုက်ကာ ရှက်

စရာအဖြစ်မှ လွတ်မြောက်ချင်နေပေသည်။

ရွှီဖန်း၏ လက်ရှိခွန်အားအရ ချိုးဆုအာ၏ ထုရိုက်မှုသည် ယားအောင် လာကုတ်ခြစ်နေသလိုပင် ခံစားရသည်။ 

ရွှီဖန်းသည် ကားကို မောင်း၍ ချိုးဆုအာနှင့်အတူ ကြက်ခြံသို့ သွားခဲ့သည်။ အဝေးကနေ၍ ခြံအဝမှာ ဝိုင်းရံနေကြသော လူတစ်စုကို တွေ့လိုက်ရပေသည်။ တချို့ဆို ရိုင်းစိုင်းစွာ အော်ဟစ်နေကြသည်။

ဘာတွေဖြစ်နေတာလဲ။

ရွှီဖန်း ချိုးဆုအာကို ကြည့်လိုက်တော့ သူမသည် ပုခုံးကို တွန့်ပြကာ ကိုယ့်ဘာသာထွက်ကြည့်တော့ ဟူ၍ တုံ့ပြန်၏။

ရွှီဖန်း မျက်မှောင်ကြုတ်လိုက်သည်။ သူ လှမ်းကြည့်လိုက်တော့ အဆုတ်ကွဲမလို အော်ဟစ်နေသည့်လူဟာ သူ့ကို ရန်ငြိုးထားနေသည့် ဝမ်ရှို့ချိုင်ဖြစ်နေတာကို တွေ့လိုက်ရသည်။

သူ အေးအေးဆေးဆေးလမ်းလျှောက်သွားလိုက်ကာ..

"အို...ဒါ လူအိုကြီးဝမ်ပါလား ဘယ်လိုဖြစ်လို့ ဒီကို ရောက်လာရတာလဲ"

ဝမ်ရှို့ချိုင်သည် ရွှီဖန်းကို မြင်သည့်အခါ ချက်ချင်းဆိုသလို ဝမ်းနည်းနေသည့် အမူအရာဖြင့် 

"ရွှီဖန်း မင်းငါ့ကို အနိုင်ကျင့်တာကတော့ထား၊ ဒါပေမယ့် မင်းမိသားစုက ကြက်ကတောင် ငါ့ကို အနိုင်ကျင့်တယ်၊ ဒါလွန်လွန်းတယ်"

ကျစ် ကျစ်!

ရွှီဖန်း သူ့မေးစေ့ကို ပွတ်လိုက်ကာ

"ဘာကိစ္စလဲဆိုတာ ပြော"

"ကြည့်"

ဝမ်ရှို့ချိုင်က ပြေးထွက်သွားကာ ကြက်ဖတစ်ကောင်

နှင့် ပြန်ရောက်လာသည်။ ရွှီဖန်း ထိုကြက်ကို အရင်က မြင်ဖူးသည်။ ဝမ်ရှို့ချိုင်မိသားစု၏ ကောင်းမွန်သော အခြေအနေကြောင့် ထိုကြက်သည် ရှယ်မွေးမြူခံခဲ့ရပြီး ရွာရှိကြက်များ ယှဥ်နိုင်ခဲ့သည့်အရာမဟုတ်ခဲ့ပေ။

ပြီးတော့ ဒီကြက်က ထူးဆန်းသေးသည်။ ရွှီဖန်းတို့မွေးမြူထားသည့် ကြက်များကို အနိုင်လိုက်ကျင့်ရတာ နှစ်သက်ပေသည်။ ရွှီဖန်းမိသားစုမှ ကြက်များသည် ခေါင်းသွေးထွက်သည်အထိ ခဏခဏအကိုက်ခံရတာကြောင့် ရွှီရှို့ရှို့ကိုပင် ငိုစေခဲ့သည်။

သို့သော် လက်ရှိအချိန်၌ ထိုကြက်ဖဟာ ယခင်ကလို အံ့သြဖွယ်ရာ မကောင်းတော့ပေ။ သူ့အမွေး သုံးပုံတစ်ပုံလောက်က ကျွတ်ထားပြီး ခေါင်းပေါ်မှ အမောက်ကြီးကလည်း မကောင်းတော့ပေ။ အမြီးမှာဆိုလျှင် အမွေးတစ်မွေးတောင် မကျန်နေပေ။ ကြည့်ရတာ အလွန်စိတ်မချမ်းမြေ့စရာပင်။

"ဘာတွေဖြစ်နေတာလဲ"

ရွှီဖန်းသည် အူမြူးစွာပင် ချိုးဆုအာကို လှည့်ကြည့်

မိသည်။ 

သူမ စကားပြောတော့မည့်အချိန် ခြံထဲမှ ကြက်မတွန်သံ အကျယ်ကြီးက ထွက်လာသည်။ ထို့နောက် အနှိုင်းမဲ့ကြီးကျယ်ခန့်ညားသော ကြက်မကြီးက ခြံထဲမှ ထွက်လာလေသည်။

ဒီကြက်မကြီးသည် ဝမ်ရှို့ချိုင်မိသားစုမှ ကြက်ဖကြီးထက် အရွယ်အစား သုံးဆခန့်ပိုကြီးပေသည်။ ထို့ပြင်တောက်ပြောင်သော အမွေးများဖြင့် ဖုံးအုပ်ထားပြီး ခေါင်းပေါ်၌လည်း အနီရောင်သရဖူကို ပန်ဆင်ထားကာ ရဲရင့်စွာ လျှောက်လာနေသည်။

ဝမ်ရှို့ချိုင်လက်ထဲ၌ သေချင်ယောင်ဆောင်နေသော ကြက်ဖသည် ရွှီဖန်း၏ ကြက်မကို မြင်သည့်အခါ ချက်ချင်းအော်ဟစ်၍ ဝမ်ရှို့ချိုင်လက်ထဲမှ ခုန်ဆင်းကာ ထွက်ပြေးလေသည်။

အလျင်က မြန်သော်လည်း ရွှီဖန်း၏ ကြက်မက ပိုမြန်ပေသည်။ ရှည်လျားသော ကြက်ခြေထောက်များကို လှမ်းချီလျက် အနောက်မှ ပြေးလိုက်၏။ ပေါ့ပေါ့ပါးပါးပုတ်ရိုက်မှုတချို့နှင့်တင် ဝမ်ရှို့ချိုင်၏ ကြက်သည် မြေပြင်ပေါ်၌ ပြားပြားဝပ်နေတော့သည်။ 

ထို့ပြင် ရွှီဖန်း၏ ကြက်က ဉာဏ်ရည်ထက်မြက်ပုံ ရသည်။ တိုက်ပွဲကို အနိုင်ရပြီးနောက် ရွှီဖန်း၏အရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာကာ မိဘထံမှ ဆုလာဒ်ကို လိုချင်နေသည့် ကလေးကဲ့သို့ ဂုဏ်ယူစွာ တွန်တီးနေလေသည်။

ကျစ်!

ဘယ်သူမှ မပြောသော်လည်း ရွှီဖန်းသည် အခြေအနေများကို နားလည်သွားခဲ့သည်။ ဝမ်ရှို့ချိုင်မှ သူ့အား စွပ်စွဲသလို ကြည့်နေသောအခါ ရွှီဖန်း ချောင်းဆိုး၍ ပြောလိုက်သည်။

"ကြက်အချင်းချင်းတိုက်ခိုက်တာ ဘယ်သူက ကြားဝင်ကူညီနိုင်မှာလဲ၊ ခင်ဗျားမိသားစုက ကြက်က ကျွန်တော့်ကြက်ကို မတိုက်နိုင်တာ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ"

ဒါက ရိုးရှင်းသော အမှန်တရားပင်။

ခွီး!

ရွှီဖန်း၏ နောက်တွင် ရပ်နေသော ချိုးဆုအာသည် မရယ်ဘဲ မနေနိုင်တော့ချေ။ ကြက်ခြံတစ်ဝိုက်မှ ရွာသူရွာသားများလည်း ကျိတ်ရယ်လာကြသည်။ သူတို့ခြံမှ ကြက်များကိုလည်း ဝမ်ရှို့ချိုင်၏ ကြက်က လာလာ အနိုင်ကျင့်ဖူးတာကြောင့် ယခု ဝမ်ရှို့ချိုင်၏ ကြက်ခံနေရသည်ကို မြင်သည့်အခါ စိတ်ပျော်ရွှင်လာကြသည်။

ဝမ်ရှို့ချိုင်ကတော့ အားမကျန်တော့သော သူ့ကြက်ကို ကြည့်ကာ နှလုံးသားထဲ၌ မျက်ရည်များ စီးကျနေလေသည်။

ထိုအချိန် ရွှီဖန်း၏ ဖုန်းက မြည်လာသည်။ သူ ကြည့်လိုက်တော့ ဒီရက်ပိုင်း အဆက်အသွယ် ပြတ်နေခဲ့သည့် ဟုန်ဖေးဆီမှ ဖြစ်သည်။ သူ ဖုန်းဖြေရန်အတွက် တခြားတစ်ဖက်ကို သွားခဲ့သည်။

"ရွှီဖန်း မင်းရွာမှာ သန်မာတဲ့ကြက်များ ရှိလား၊ မင်း အစ်ကို့ကို ငှားပေးရင် ကျေးဇူးတင်မိမှာပဲ"

အထူးသဖြင့် အပြင်းအထန်အတိုက်အခိုက်တော်သည့် ကြက်ပင်။

ရွှီဖန်းသည် သူ့ခြေရင်း၌ ဂုဏ်ယူဝင့်ကြွားနေသော ကြက်မကြီးအား ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

"ကျွန်တော်အိမ်မှာ တစ်ကောင်ရှိတယ်၊ အားလုံးက သူ့ကို ဗိုလ်ချုပ်ကြီး ရှန့်ဝူလို့ ခေါ်ကြတယ်"

***************

All Chapters